အစ္စရေးလိုအမျိုးသားရေးသွေးနဲ့ ရဟူဒီလူမျိုးစိတ်မွေးနေကြသော ရခိုင်

နှင်းနှင်းနွယ်(ရခိုင်သူ)
7.May.2016









ရခိုင်လူမျိုးတွေဟာ ကမ္ဘာမှာအမျိုးသားရေးစိတ်ဓာတ် အပြင်းပြဆုံးသော အစ္စရေးလူမျိုးလို
စိတ်ဓာတ် တွေရှိကြတယ်။ ဒါပေမယ့် အစ္စရေးလိုအမျိုးသားရေးသွးမရှိဘဲ
ရဟူဒီ လူမျိုးတွေရဲ့ စိတ်ဓာတ်ကိုအတုယူပြီး မွေးမြူနေကြသည်။

အဘယ်ကြောင့်နည်း ?
ခရစ်တော်မပေါ်မီအချိန်မြောက်မြားစွာက ရဟူဒီ လူမျိုးဆိုတာကမ္ဘာမှာ ရှိခဲ့တယ်။
ဒါကို ခရစ်ယံတို့သမ္မာကျမ်းစာမှာ ကျမ လေ့လာဖူးတယ်။ ကရင်သူ ဂျူလီထွန်း အကူအညီနဲ့
ခရစ်ယံ အကြောင်းကိုဖတ်ဖူးတယ်။ ခရစ်တော်ဟာ ရဟူဒီ လူမျိုးဖြစ်တယ်။
တကယ်တော့ ရဟူဒီလူမျိုးတွေဟာ ကမ္ဘာမှာ အံ့သြဖို့တော်တော်ကောင်းတဲ့လူမျိုးဖြစ်တယ်။
လုံးလဥဿဟနှင့်ပြည့်စုံတဲ့လူမျိုးဖြစ်တယ်။ ရဟူဒီလူမျိုးတွေဟာ ကျမ တို့ရခိုင်လူမျိုးလို
သမိုင်းတွေမကြီးကျယ်ခဲ့ဘူး။ ဘုရင်တွေမထွန်းကားခဲ့ဘူး။ သူတို့လူမျိုးတွေရဲ့ဘဝကို တခေတ်
တခါပုံဖော်ပေးခဲ့တဲ့ သူတွေနည်းပါးတယ်။ ဒါပေမယ့် သူတို့တွေဟာ အဲဒီခေတ်တစ်ခေတ်
ပုံဖော်ပေးခဲ့တဲ့ ဘုရင်တွေကို အထူးအလေးထားပြီး ကမ္ဘာတည်သရွေ့ အလေးထားအားကိုးပြီး
မျှော်လင်ချက်တွေထား ကြိုးစားခဲ့ကြတယ်။ ရဟူဒီ လူမျိုးကို ကောင်းသော ခေတ် တစ်ခတ်
ပုံဖော်ပေးခဲ့သူကတော့ ဒေးဗစ် နဲ့ ဆော်လမွန် ဘုရင် တွေရဲ့ ခေတ် အနည်းငယ်လေးပါပဲ။

 ဒေးဗစ်နဲ့ ဆော်လမွန်ဘုရင် တွေ အုပ်ချုပ်ခဲ့တဲ့အချိန်အနည်းငယ်မှာသာ ရဟူဒီလူမျိုးတွေဟာ
လူတစ်လုံးသူတစ်လုံးဖြစ်ခဲ့တယ်။ အချိန်အဝါထွန်းတောက်ခဲ့ကြတယ်။
ကြီးကျယ်တဲ့ သမိုင်းရယ်လို့ မရှိခဲ့ပါဘူ။ ဒါပေမယ့် ရဟူဒီလူမျိုးတွေဟာ အဲဒီလို အချိန်အဝါ
အနည်းငယ်ကို အမြဲပြောပြီးဖိနှိုပ်သမျှကိုကြံကြံ ခံရင်း သူတို့တစ်နေ့ပြန်လည် တောက်ပလာမယ်
ဆိုတဲ့စိတ်နဲ့ အံကြိုက်ခံကြတယ်။ရဟူဒီလူမျိုး တွေဟာ နှစ်ပေါင်း နှစ်ထောင်ကျော်ထိ စည်းစည်း
လုံးလုံး နဲ့ ရောမ သားတွေရဲ့ရက်စက်မှု၊ သတ်ဖြတ်မှု၊ တွေကို အံကြိုက်ခံရင်း တစ်နေ့သူတို့
လူမျိုးဘဝတွေဟာ ဒေးဗစ်နဲ့ ဆော်လမွန်ဘုရင်တွေ ဦးဆောင်ခဲ့တဲ့ခေတ်ကိုပြန်ရလိမ့်မယ် ဆိုတဲ့
မျှော်လင့်ချက်နဲ့ အသက်ရှင်စည်းလုံးခဲ့ကြတယ်။ ရဟူဒီလူမျိုးဟာ တကယ်ကို ရဲဝံ့သတ္တိနဲ့
သူတပါးရဲ့ရစက်မှုကို အံ့ကြိုက်ခံနိုင်တာကတော့ ကျမ တို့ရခိုင်လူမျိုးတွေလိုပါပဲ။
နောက်ဆုံး သူတို့ရဟူဒီလူမျိုးဟာ ခေတ်ကောင်းကိုမျှော်လင့် ခဲ့ကြပေမယ့်
အတိတ်ကို ပဲ ပြောနေ ၊ သာယာနေ ကြတော့ဒေးဗစ်နဲ့ဆော်လမွန်ဘုရင်တွေခေတ်ကလွဲပြီး
ဘယ်ခေတ်မှာမှ လူလုံးမလှခဲ့ကြပါဘူး။ ရှေးခေတ်မှာဖြစ်ပျက်ခဲ့တာတွေကိုပဲ တွေးပြီး
ပြောနေကြတယ်။ လက်တွေ့မှာ တော်လှန်ဖို့ ဆိုတာမေ့နေကြတော့ ရဟူဒီလူမျိုးဟာ
လူမျိုးသာတုန်းသွားတယ်. ဒေးဗစ်နဲ့ဆော်လမွန်ဘုရင်ခေတ်ကအနည်းငယ်
လူလုံးလှခဲ့တာကို မကျော်နိုင်ဘဲ ကျွန်ဘဝနဲသာအသတ်ခံရပြီးဘဝဆုံးသွားခဲ့ကြရတယ်။
ဒီအကြောင်းဖတ်ရတော့ ကျမ တွေးလာမိတယ်။

ကျမ တို့ ရခိုင်လူမျိုးတွေလည်း ရဟူဒီလူမျိုးလို
စိတ်ဓာတ်များရှိနေကြပြီလား ဆိုတာပေါ့။ ရဟူဒီလူမျိုးတွေဟာ အတိတ်မှာ ကြီးကျယ်
ခန်းနားခဲ့တာကိုပဲပြောပြီးလက်တွေ့မှာ ဘာမှမလုပ်ခဲ့ကြဘူး။ မတော်လှန်ခဲ့ကြဘူး။
ကျမ တို့ ရခိုင်လူမျိုးတွေလည်း ယခုအချိန်မှာ ရဟူဒီလူမျိုးလို စိတ်ဓာတ် ရှိနေကြပြီထင်ပါရဲ့။
အတိတ်မှာကြီးကျယ်ခဲ့တဲ့ ရခိုင်သမိုင်းကြောင်း တွေကိုပဲ ပြောပြီးသာယာနေကြတယ်။
လက်တွေ့မှာတော့ ဘာတစ်ခုမှ ဖြစ်မလာခဲ့ပေ။ ထိထိရောက်ရောက် မလုပ်ကြသေးပေ။
အမှန်က ကျမ တို့ရခိုင်လူမျိုးတွေရဲ့ စိတ်ဓာတ်ဟာ အစ္စရေး လို စိတ်ဓာတ်အပြည့်ရှိကြတယ်။
မိမိတို့ရဲ့ စိတ်ဓာတ်ကို မပြုပြင်သေးလို့သာ ရဟူဒီလူမျိုးတွေလို အတိတ်ကိုတမ်းတ ပြောပြ
နေကြတာပါ။
အတိတ်ဆိုတာ မမေ့ကောင်းပေမယ့် မခြောက်လှန့်ဖို့လိုတယ်မဟုတ်လားရှင်။

ကျမ တို့ ရခိုင်လူမျိုးကို အတိတ်က ခြောက်လှန့်နေပြီလား?
အမျိုးသားရေးနဲ့ပတ်သက်လာလျှင် ရခိုင်လူမျိုးတွေဟာ အစ္စရေးလို စိတ်ဓာတ် အပြည့်ဖြစ်သွား
ကြတယ်ဆိုတာ အမျိုးသားရေး အလုပ်၊ အမျိုးသားရေးပွဲစတဲ့ သိသာနိုင်တဲ့ အရာတွေကအများ
ကြီးပါ။ အစ္စရေးဟာ အစ္စလာမ်ကမ္ဘာတွေ ဝိုင်းနေပေမယ့်
ယခုအချိန်ထိ ဘယ်အစ္စလာမ်မှ ရဲရဲမတိုက်ရဲတာ အမျိုးသားရေးသွေးကြောင့်ပဲ။
ကျမ တို့ ရခိုင်လူမျိုးတွေဟာလည်း ခေတ်အဆက်ဆက် သတ်ဖြတ် မုဒိန်းကျင့်
ကုလားနဲ့ရန်တိုက် ၊ သမိုင်းခိုးခံရ၊ ဘုရားခိုး ခံရ၊ လူမျိုးတုန်းသတ်ဖြတ်ခံရပေမယ့်
ယခုအချိန်ထိ ဒါဟာ ရခိုင်လူမျိုးဟု လက်မထောင်နိုင်တာ အစ္စရေးလို အမျိုးသားရေး
သွေးကြောင့်ပါ။သကျသွေးကြောင့်ပဲ ဆိုရင်ပိုပြီးမှန်ပါတယ်။

ကျမ တို့ရခိုင်လူမျိုးတွေဟာ အစ္စရေးလူမျိုးနဲ့ တော်တော်များများ အမျိုးသားရေးသွေးမှာ
တူကြတယ်။ ဒါဟာ တကယ်ဂုဏ်ယူစရာပါ။ ဒါကြောင့် ကျမ တို့ရခိုင်လူမျိုးတွေ
ရဟူဒီလူမျိုးလို အတိတ်ကိုပဲ ပြောမနေပဲ  မျိုးမပြုတ်ခင် အစ္စရေးစိတ်ဓာတ်တွေကို
ပြန်ဖော်ပြီး အမျိုးသားရေးသွေး ရဲရဲတောက်ပြီး ဖြစ်လာသမျှ အနာတရတွေကို ရင်ဆိုင်ရင်း
ရခိုင်မြေလွတ်လက်ရေးကို အရယူတိုက်ထုတ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။ ။

No comments

Powered by Blogger.