နိုင်ငံရေးဆိုတာဘာလဲ?
နိုင်ငံရေးဆိုတာဘာလဲ?
Andrew
Heywood ၏ Politics ကိုတိုက်ရိုက်ပြန်ဆိုသည်။
Unknown translator
Unknown translator
“လူဆိုသည်မှာပင်ကိုသဘာဝအားဖြင့်နိုင်ငံရေးသတ္တ၀ါတစ်မျိုးဖြစ်သည်။”
အရစ္စတိုတယ်
လူတို့တစ်ဦးနှင့်တစ်ဦးအကြားသဘောထားကွဲလွဲကြသည့်အတွက်
နိုင်ငံရေးသည်စိတ်လှုပ်ရှားတက်ကြွဖွယ်ရာဖြစ်သည်။
လူသားတို
့သည်၎င်းတို့ အနေဖြင့်မည်သို့ နေထိုင်ကျင့်ကြံသင့်သည်၊ မည်သူကမည်သည့်အရာကိုရယူပိုင်ဆိုင်သင့်သည်၊
အာဏာနှင့်အခြားအရင်းအမြစ်များကို မည်သို့ ဝေငှခွဲခြမ်းသင့်သည်၊ လူ့ အဖွဲ့ အစည်းသည်
အတူတကွပူးပေါင်းဆောင်ရွက်ခြင်း (cooperation) သို့မဟုတ် ပဋ္ဋိပက္ခဖြစ်နေခြင်း
(conflict) စသည်တို့ တွင်အခြေတည်သင့်သည် စသည်စသည်ဖြင့် သဘောထားအယူအဆများ
ကွဲလွဲကြသည်။ အနှီကိစ္စရပ်များကိုမည်သို့ မည်ပုံ ကိုင်တွယ်ဖြေရှင်းသင့်သည်ကိုလည်း လူသားတို
့သဘောထားကွဲလွဲကြပြန်သည်။ မည်ကဲ့သို့ တစုတစည်း တည်းသော ဆုံးဖြတ်ချက်များကိုချမှတ်ကြမည်နည်း၊
မည်သူကပြောရေးဆိုခွင့်ရှိသင့်သနည်း၊ လူတိုင်းကိုယ်စီမည်မျှသြဇာရှိသင့်သနည်းစသည်ဖြင့်
သဘောထားကွဲလွဲကြသည်။ အရစ္စတိုတယ်အတွက်မှာမူနိုင်ငံရေးသည်သပ္ပံပညာရပ်၏ဆရာသခင် (master
science) ဖြစ်သည်။အဘယ်ကြောင့်ဆိုသော်လူသားတို့ ၏ဘ၀တိုးတက်ရာတိုးတက်ကြောင်းနှင့် ကောင်းမွန်မြင့်မြတ်သောလူ
့အဖွဲ့ အစည်း (Good Society) ကိုဖန်တီးရေးအတွက်ကြိုးပမ်းမှုဖြစ်သောလုပ် ရပ်မျှအရေးပါသော
အရာတခြားမရှိသောကြောင့်ဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာအခြားအရာ အားလုံးထက် အရေးအကြီးဆုံးဖြစ်သော
လူမှုပေါင်းဖော်ဆက်ဆံရေးဆိုင်ရာလုပ်ဆောင်မှု (social activity) တခုဖြစ်သည်။ နိုင်ငံရေးသည်
အစဉ်အမြဲအားဖြင့်နှစ်ဦးနှစ်ဖက်အပြန်အလှန် စကားပြောဆိုခြင်း (dialogue) ဖြစ်၍မည်သည့်အခါမှတစ်ဦးတည်း၊
တဖက်တည်းစကားပြောဆိုနေခြင်း (monologue) မဟုတ်ချေ။ တစ်ဦးတစ်ယောက်တည်းအထီးကျန်နေသော
သူများဥပမာ ရော်ဘင်ဆင်ကရူးဆိုး ကဲ့သို့ သောသူများ အနေဖြင့်မူရိုးရှင်းသော စီးပွားရေးစနစ်ကိုထူထောင်နိုင်ကောင်းထူထောင်နိုင်လိမ့်မည်၊အနုပညာစသည်တို
့ကို ဖန်တီး ထုတ်လုပ်နိုင်ကောင်းထုတ်လုပ်နိုင်မည်သို့ သော်ငြားလည်းထိုသူတို့  အနေဖြင့်နိုင်ငံရေးတွင်
ပါဝင်ပါတ်သက်နိုင်မည်မဟုတ်ချေ။ မောင်သောကြာသို့ မဟုတ်မယ်သောကြာစတင်ရောက်ရှိလာ ချိန်မှစ၍သာနိုင်ငံရေးပေါ်ထွန်းလာခြင်းဖြစ်သည်။
[စကားချပ်။။ဒဲနီယဲလ်ဒဲဖိုး၏ရော်ဘင်ဆင်ကရူးဆိုးဝတ္ထုမှသင်္ဘောပျက်၍ကျွန်းပေါ်တွင်
သောင်တင်နေသောအထီးကျန်ရော်ဘင်ဆင်ကရူးဆိုး၏တဦးတည်းသောကျွန်ယုံတပည့်ရင်းမောင်သောကြာ]
သို့ သော်ငြားလည်းနိုင်ငံရေး၏အလယ်ဗဟိုချက်တွင်တည်ရှိနေသော သဘောကွဲလွဲခြင်းသည်ကျယ်ဝန်းလာရာထိုအကြောင်းအရာ၊
ဘာသာရပ်၏သဘောသဘာဝ နှင့်ထိုဘာသာရပ်ကိုမည်ကဲ့သို့  လေ့လာသင့်သည်ဆိုသည်အထိပါကျယ်ပြန့် တိုးပွားလာသည်။လူတို
့သည်လူ့ ဘောင်လောကအတုံ့ အပြန်လှုပ်ရှားဆောင်ရွက်မှုများ ကိုနိုင်ငံရေးဆက်နွယ်လာအောင်
မည်သည့်အရာကဖန်တီးသနည်းဆိုသည်နှင့်နိုင်ငံရေးဆိုင်ရာလုပ်ဆောင်မှုကိုမည်ကဲ့  သို့ အကောင်းဆုံး
ဝေဖန်ပိုင်းခြားကာဖွင့်ဆိုရှင်းပြနိုင်မည်နည်းစသည်တို့ တွင်လည်းသဘောထားကွဲလွဲကြသည်။
နိုင်ငံရေးကိုအဓိပ္ပါယ်ဖွင့်ဆိုခြင်း
နိုင်ငံရေးကိုအရိုးရှင်းဆုံးအဓိပ္ပါယ်ဖွင့်ဆိုရမည်ဆိုလျှင်
နိုင်ငံရေးသည်လူသားတို
့၏ ၄င်းတို့ အသက်ရှင်နေထိုင်မှုဆိုင်ရာ အထွေထွေစည်းမျဉ်းတို့ကို ပြဋ္ဌာန်းခြင်း၊ထိုစည်းမျဉ်းတို့ကိုထိန်းသိမ်းခြင်း၊ပြုပြင်ခြင်းတို့ ဖြင့်သက်ဆိုင်သည့်လုပ်ဆောင်မှုတစ်ခုဖြစ်သည်။
နိုင်ငံရေး၏အဓိပ္ပါယ်ကိုဖွင့်ဆိုရှင်းလင်းရန်ကြိုးပမ်းမှုမှန်သမျှအဓိကပြဿနာနှစ်ရပ်ကိုဖြေရှင်းရသည်။
#ပထမပြဿနာမှာထိုစကားလုံးကိုနေ
့စဉ်သုံးစွဲကြရာတွင်အခြားအကြောင်းအရာများနှင့်မြောက်များစွာပေါင်းစပ်ကာအဓိပ္ပါယ်ချဲ
့ထွင်သုံးစွဲမှုဖြစ်သည်။တနည်းအားဖြင့်နိုင်ငံရေးဆိုသောစကားလုံးသည်မူရင်းအဓိပ္ပါယ်ကိုကျော်လွန်ကာအဓိပ္ပါယ်အမျိုးမျိုးချဲ
့ထွင်သုံးစွဲနိုင်သော ဝေါဟာရ (loaded term) ဖြစ်သည်။လူအများစုတို့  အနေဖြင့်ဘောဂဗေဒ၊ပထ၀ီ၊သမိုင်းနှင့်ဇီဝဗေဒစသည်တို
့ကိုလေ့လာသင်ကြားရာဘာသာရပ်များအဖြစ်လွယ်လွယ်ရှင်းရှင်းသိမြင်ကြသော်လည်းလူနည်းစုသာနိုင်ငံရေးကိုကြိုတင်တွေးမြင်ထားခြင်းမရှိပဲမည်ကဲ့သို
့သောဘာသာရပ်ဖြစ်သည်ကိုသဘောပေါက်နားလည်နိုင်သည်။ဥပမာ - နိုင်ငံရေးဘာသာရပ်ကိုလေ့လာသူကျောင်းသူ၊ကျောင်းသားများနှင့်သင်ကြားပေးသူဆရာများသည်တနည်းမဟုတ်တနည်းအားဖြင့်
(အတွေးအခေါ်၊အယူအဆ) ကွာဟမှုများသို့ မဟုတ်တဖက်စောင်းနင်းဖြစ်မှုများရှိကိုရှိရမည်ဟုလူအတော်များများကအလိုအလျောက်ယူဆကြပြီးနိုင်ငံရေးဘာသာရပ်သည်ဘက်လိုက်မှုမရှိပဲ၊မျှမျှတတနှင့်စိတ်ခံစားမှုကိုဦးစားမပေးပဲချဉ်းကပ်လေ့လာနိုင်သည့်ဘာသာတရပ်ဟုယုံကြည်ရန်ခက်ခဲကြသည်။ထို
့ထက်ဆိုးသည်ကနိုင်ငံရေးဟူသော ဝေါဟာရကိုများသောအားဖြင့်လူအများမကြားနိုင်သော၊စက်ဆုပ်ဖွယ်ကောင်းသောစကားလုံး
(dirty word) အဖြစ်ထင်မြင်ယူဆကြခြင်းဖြစ်သည်။နိုင်ငံရေးဟုဆိုလိုက်သည်နှင့်ပြဿနာ၊ဖရိုဖရဲဖြစ်ခြင်းနှင့်အကြမ်းဖက်မှုစသည့်ပုံရိပ်များကိုတဘက်၊လိမ်လည်လှည့်ဖြားခြင်း၊ပရိယာယ်နှင့်စီမံဆောင်ရွက်ခြင်းနှင့်လိမ်ညာမှုများစသည့်ပုံရိပ်များကိုတဘက်မြင်ယောင်မိစေသည်။ဤကဲ့သို
့နိုင်ငံရေး ဝေါဟာရကိုအခြားအကြောင်းအရာများနှင့်ပေါင်းစပ်အဓိပ္ပါယ်ဖွင့်ဆိုခြင်းမှာအသစ်အဆန်းမဟုတ်ပေ။၁၇၇၅ခုနှစ်တွင်ဗြိတိသျှစာရေးဆရာ၊ကဗျာဆရာဆန်မြူရယ်ဂျွန်ဆင်ကနိုင်ငံရေးသည်ကမ္ဘာပေါ်တွင်သြဇာအာဏာတိုးတက်လာနိုင်ရေးနည်းလမ်းတခုထက်ဘာမျှမပိုဟုရှုံ
့ချသတ်မှတ်ခဲ့သည်။တဖန်၁၉ရာစုနှစ်တွင်အမေရိကန်သမိုင်းပညာရှင်ဟင်နရီအဒမ်(စ) ကနိုင်ငံရေးဆိုသည်မှာ
‘ရန်ငြိုးများကိုစနစ်တကျပေါင်းစပ်ဖွဲ့ စည်းထားခြင်း’ဖြစ်သည်ဟုအနှစ်ချုပ်ဖွင့်ဆိုခဲ့သည်။ထို
့ကြောင့်နိုင်ငံရေးကိုအဓိပ္ပါယ်ဖွင့်ဆိုရန်ကြိုးပမ်းမှုမှန်သမျှထိုဝေါဟာရကိုအခြားသောအကြောင်းအရာများနှင့်ပေါင်းစပ်ခြင်းမှကြိုးစားခွဲထုတ်ရန်လိုအပ်လာသည်။ဆိုလိုသည်မှာနိုင်ငံရေးသည်ချီကျုးဖွယ်ကောင်းသော၊တန်ဖိုးရှိသောလုပ်ဆောင်မှုတခုဖြစ်ကြောင်းအခြေခိုင်စေခြင်းဖြင့်၎င်း၏နှစ်မြို
့ ဖွယ်မကောင်းသောကျော်ကြားမှုများမှကယ်တင်ရန်ကြိုးစားခြင်းဖြစ်သည်။
#ဒုတိယပြဿနာရပ်မှာပိုမို၍ဖြေရှင်းရန်မလွယ်ကူသောအခက်အခဲတခုဖြစ်သည့်နိုင်ငံရေးဆိုသည်မှာမည်သည့်အကြာင်းအရာ၊မည်ကဲ့သို
့သောလုပ်ဆောင်မှုကိုဆိုလိုသည်ကိုရိုသေလေးစားထိုက်သောပညာရှင်များပင်သဘောတူညီမှုမရရှိနိုင်ခြင်းဖြစ်သည်။နိုင်ငံရေးဆိုသည်မှာအာဏာကိုကျင့်သုံးမှ
ု(the exercise of power)၊အာဏာပိုင်၏လုပ်ဆောင်မှု(the exercise of authority)၊စုပေါင်းဆုံးဖြတ်ချက်များချမှတ်ခြင်း
(the making of collective decisions)၊ရှားပါးသောအရင်းအမြစ်များကိုခွဲဝေခြင်း (the
allocation of scarce resources)၊လှည့်ဖြားခြင်းနှင့်ပရိယာယ်နှင့်စီမံဆောင်ရွက်ခြင်းတို
့ကိုကျင့်သုံးမှု(the practice of deception and manipulation) စသည်ဖြင့်အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြသည်။ယခုစာအုပ်တွင်တိုးချဲ
့ဖွင့်ဆိုထားသောနိုင်ငံရေးအဓိပ္ပါယ်၏ကောင်းမွန်မှုမှာ (နိုင်ငံရေးဆိုသည်မှာ) ‘အထွေထွေလူမှုစည်းမျဉ်းများကိုပြဋ္ဌာန်းခြင်း၊ထိန်းသိမ်းခြင်းနှင့်ပြုပြင်ခြင်း’
(the making, preserving and amending of general social rules) ပင်ဖြစ်သည်။ဤဖွင့်ဆိုချက်သည်အခြားသောအမျိုးမျိုးအထွေထွေအဓိပ္ပါယ်ဖွံ
့ဆိုချက်အကုန်အစင်မဟုတ်လျှင်တောင်အများစုကိုခြုံငုံနိုင်လောက်အောင်ကျယ်ဝန်းသည်။သို
့သော်လည်းအဓိပ္ပါယ်ကိုအသေးစိတ်ရှင်းလင်းဖွင့်ဆိုသောအခါတွင်ဖြစ်စေပြန်လည်ပြင်ဆင်သုံးသပ်သောအခါတွင်ဖြစ်စေပြဿနာများပေါ်ပေါက်လာသည်။ဥပမာ
- နိုင်ငံရေးဆိုသည်မှာစည်းမျဉ်း၊စည်းကမ်းများကိုမည်သို့ မည်ပုံပြဋ္ဌာန်းသည်၊ထိန်းသိမ်းသည်၊ပြုပြင်သည်
(ဆိုလိုသည်မှာ - ငြိမ်းချမ်းစွာပြဋ္ဌာန်း၊ထိန်းသိမ်း၊ပြုပြင်သည် (peacefully)၊ (မူဝါဒများအား)
အပြိုင်အဆိုင်၊အပြန်အလှန်ဆွေးနွေးဖလှယ်ပြီးမှအတည်ပြုပြဋ္ဌာန်းခြင်း၊ထိန်းသိမ်းခြင်း၊ပြုပြင်၊ပြင်ဆင်ခြင်း
(by debate)) ကိုဆိုလိုသည်လောသို့ မဟုတ်ထိုကဲ့သို့ သောလုပ်ငန်းစဉ်များအားလုံးကိုရည်ညွှန်းသလောစသည့်ပြဿနာမျိုးဖြစ်သည်။အလားတူစွာပင်နိုင်ငံရေးသည်လူမှုရေးအခြေအနေများ၊အဖွဲ
့အစည်းများအားလုံးတွင်ကျင့်သုံးသလောသို့ မဟုတ်အချို့ သောအဖွဲ့ အစည်းများ၌သာ (အစိုးရ
(government) နှင့်ပြည်သူလူထုနှင့်ပတ်သက်ဆက်ဆံရသောလုပ်ငန်းဆောင်တာများ (public
life) တွင်သာနိုင်ငံရေးကိုကျင့်သုံးသလော (ဆိုလိုသည်မှာအစိုးရသို့ မဟုတ်အစိုးရဋ္ဌာနများ၊ရုံးများနှင့်ပါတ်သက်မှသာနိုင်ငံရေးဟုခေါ်ဆိုသလောဟူ၍ဖြစ်သည်)။
ထို့ ကြောင့်နိုင်ငံရေးကိုမဖြစ်မနေငြင်းခုံဆွေးနွေးနေရသောသဘောတရားတစ်ခုအဖြစ်မှတ်ယူကောင်းမှတ်ယူနိုင်သည်။ထိုကဲ့သို
့မှတ်ယူမည်ဆိုလျှင်နိုင်ငံရေးဟူသော ဝေါဟာရတွင်လက်ခံနိုင်သောသို့ မဟုတ်အကျိုးအကြောင်းသင့်သောအဓိပ္ပါယ်များစွာရှိသည်။တခြားတဘက်တွင်လည်းထိုကဲ့သို
့မတူညီသောရှုမြင်သုံးသပ်မှုများတွင်သဘောတရားတခုတည်း၏ (မထင်မရှားသာ) ကွဲပြားခြားနားသည့်အယူအဆများသာပါဝင်ကောင်းပါဝင်လိမ့်မည်။ကျွန်ုပ်တို
့အနေနှင့်ခေတ်ပြိုင်သဘောတရားများသို့ မဟုတ်အခြားထင်မြင်ယူဆချက်များနှင့်ပါတ်သက်သည့်အခါ
‘နိုင်ငံရေးဆိုတာဘာလဲ’ဆိုသည်ကိုငြင်းခုံဆွေးနွေးရကြိုးနပ်သည်။အဘယ်ကြောင့်ဆိုသော်ထိုကဲ့သို
့ငြင်းခုံဆွေးနွေးမှု သည်နိုင်ငံရေးကိုပညာရပ်တစ်ခုအဖြစ်လေ့လာရာတွင်အနက်ရှိုင်းဆုံးသောအသိပညာနှင့်ဝါဒရေးရာသဘောထားကွဲလွဲမှုများမှအချို
့ကိုဖော်ထုတ်နိုင်သောကြောင့်ဖြစ်သည်။ဤစာအုပ်တွင်လေ့လာဆန်းစစ်ထားသောနိုင်ငံရေး၏သဘောသဘာဝအပေါ်မတူညီသောရှုမြင်သုံးသပ်ချက်များမှာ
-
•နိုင်ငံရေးအားအုပ်ချုပ်မှုအတတ်ပညာအဖြစ် (politics as
the art of government)
•နိုင်ငံရေးအားတိုင်းသူပြည်သားတို့ ၏အရေးကိစ္စများအဖြစ်
(politics as public affairs)
•နိုင်ငံရေးအားနှစ်ဦးနှစ်ဘက်အပေးအယူ၊အလျှော့အတင်းပြုလုပ်ခြင်းနှင့်ဘုံသဘောတူညီမှုတည်ဆောက်ခြင်းအဖြစ်
(politics as compromise and consensus)
•နိုင်ငံရေးအားအာဏာနှင့်အရင်းအမြစ်များကို ဝေငှဖြန့် ဖြုးခြင်းအဖြစ်
(politics as power and the distribution of resources) စသည်တို့ ဖြစ်သည်။
Andrew
Heywood ၏ Politics ကိုတိုက်ရိုက်ပြန်ဆိုသည်။
Leave a Comment