အဝီးကမြက်ထက် ကိုယ်ရပ်နီရေ ခြီထောက်အောက်ကမြက် ပိုစိမ်းရေ
The grass isn't greener on the other side.
It is greener when YOU water it.
“အဝီးကမြက်ထက် ကိုယ်ရပ်နီရေ ခြီထောက်အောက်ကမြက် ပိုစိမ်းရေ”
Dr. ညိုထွန်းအောင်
၂၀၁၄ ဇူလိုင်လ (၁၃) ရက် ၊ တနင်္ဂနွီနိ။
ညဇာသား (၅) နာရီ (၁၀) မိနစ်။
ကျနော်ရို့တိရေ စကားပုံတိကြားမှာကြီးပြင်းခကတ်တေ။ အဘိုး၊ အဘောင်၊အဘာ၊ အမင်တိရဲ့ ဝတ္ထု၊ ပုံတို ပတ်စ၊ စကားပုံတိ နန့် သွန်သင်ဆုံးမမှုတိအောက်မှ လူလားမြောက်ခကတ်ရေပိုင် သူရို့တိရဲ့ပြောဆိုဆုံးမ သွန်သင်ပီးမှုတိရေ ကျနော်ရို့တိရဲ့ အတွေးအခေါ်၊ အယူအဆတိကို ရင့်သန်စီစွာကတော့အမှန်ရာ။ ယေကေလေ့ အချို့စကားပုံတိရေ ဒေနိန့်ဒေအချိန်မှာတော့ ဖက်တွယ်ထား ရဖို့အစား ခေတ်နန့််လျော်ညီမှု မဟိဆိုကေ ယင်းချင့်တိကိုတနားချေမိန့်ထား ပနာဝီးပစ်ရဖို့အချိန်ဖြစ်တေ။ ဝီးပစ်ဖို့ ကြောက်နီလို့လေ့မရ။ ဝီးပလိုက်ဖို့ကြောက်ရေ အချိန်ကြာလာစွာနန့်အမျှ ကိုယ့်ရို့ဒေသရေ ဗိုင်းရပ်စ်ကိုက်စွာထက် ဆိုးလားလီဖို့။
နှစ်ပေါင်းနှစ်ဆယ်နီးပါးကိုဖြတ်သန်းဖူးပနာ ဒေဂနိလက်ဟိအချိန်တိကို ပိုင်ဆိုင်ဖြတ်သန်းဖူး ထားကတ်တေ ရက္ခိုင်လူမျိုးတိအနီနန့်လေ့ ခေတ်ကာလ ရဲ့အထုအထောင်း၊ နိုင်ငံရီးသားကောင်အဖြစ်ကိုအနည်းနန့်အများခံဖူးကတ်ပြီးရာ။ ခံလေ့ခံနီရဆဲရာ။ ယင်းပိုင် အဖိနှိပ်ခံ၊ ကျွန်လို့ကိုယ့်စွာ ကိုယ်မပြောကေလေ့ ကျွန်ဖြစ်နီရေလူမျိုးတိ အနီနန့် အလုပ်အကိုင်ရှား ပါးမှု၊ စီးပွားရီးချွတ်ခြုံကျမှု၊ ပညာရီးဇောက်ထိုး ကျမှု၊ပြုသမျှနုနီရရေဘဝတိကိုထိုးကျွေးဖန်များ လာရေအခါ “ တစ်ရွာမပြောင်း လူကောင်းမဖြစ်” ၊ “ အဝီးက မြက်ပိုလို့စိမ်း” ဆိုရေစကားပုံအတိုင်း ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်ဒေသကိုစွန့်ပစ်ပနာ ထွက်လားခရေ လူတိရေ တစ်နိထက်တစ်နိပိုများ လာရေဆိုစွာ ကလွဲလို့ အပြောင်းအလဲဆိုစွာ ယင်းသူ ရို့ဘားမှာရာ။
“ကိုယ့်ဒေသကိုယ့်ရွာ ကိုမစွန့်ကေ ဇာလုပ်စား ကတ်ဖို့လေ့ဆိုရေ” မေးခွန်းရေ ကျနော်ရို့တိ အတွက် ခက်ခဲရေ မေးခွန်းတစ်ခုတော့ မဟုတ်လောက်။ Leech မျော့တစ်ကောင်ရဲ့သတ္တိ ၊ ပရွတ်ဆိတ်တစ်ကောင်ရဲ့လုပ်နှုန်း၊ ၊ ခြင်္သေ့ တစ်ကောင်ရဲ့မာန ၊ ကျားတစ်ကောင်ရဲ့မာန် တိထက်ပိုရေကျနော်ရို့ ရက္ခိုင်လူမျိုးတိအတွက် မချမ်းသာကေ တောင်မှထမင်းတစ်နပ်စားဖို့ ကိုရှာလို့ရရေ၊ လုပ်စားလို့ရရေနီရာတိ ကိုယ့်ရက္ခိုင်ဒေသထဲမှာကန်ကား မကန်ဟိပါရေ။ အလုပ်ဆိုစွာက ရှာတတ်ရေလူတိအတွက် လုပ်ချင်ရေစိတ်ဟိရေလူတိအတွက် ကတော့နီရာ တိုင်းမှာ ဟိမှာရေပိုင် ကိုယ့်မြီ၊ ကိုယ့်ရီ ကိုလက်တွိကျကျချစ်မြတ်နိုးကတ်တေ လူတိအတွက်တော့ အဂုကိုယ်နင်းထားရေ မြီကြီးထက်မှာတောင်ဟိရေ။
အထက်ကပြောခရေ “ တစ်ရွာမပြောင်း လူကောင်းမဖြစ်” ၊ “ အဝီးက မြက်ပိုလို့စိမ်း” ဆိုရေစကားပုံတိရဲ့ နောက်ဆက်တွဲက ရက္ခိုင်ဒေသမှာ ရက္ခိုင်လူဦးရေ တစ်ရက်ထက်တစ်ရက်နည်းလာပြီးကေ လူမျိုးခြားတိရဲ့ အန္တရာယ်၊ ခြိမ်းခြောက်မှုတိ ပိုများလာရေအဖြီရာထွက်လီရေ။
ပြဿနာတစ်ခုကိုဖြီယှင်းရေခါ နည်းမှန်လမ်းမှန်နန့်မဖြီယှင်းတတ်ကေ အချိန်ပိုကြာလားတတ်ရေပိုင်ရန်သူကိုအခွင့် အရီးပီးစွာနန့်တတူတူဖြစ်လားတတ်တေ။ ပြဿနာဆိုရေအမျိုးကလေ့ မဖြီယှင်းလို့ထား ရရေအမျိုးဂါးမဟုတ်။ ပြဿနာဟိကေ အဖြီ ဟိရေ။ ယေကေလေ့ အဖြီမှန်ကိုရှာတတ်ဖို့ ရာလိုရေ။ ပြဿနာ နန့် ပြဿနာကို ဖြီယှင်းရေ အဖြီရေ တတည့်မကျကေ အနာနန့်ဆီး တတည့်မကျစွာနန့်တတူတူရာ။
ယကေလေ့ ဒေဂနိထက်ထိ ရက္ခိုင်တိရေ ရက္ခိုင်ဒေသတွင်းစီးပွားရီးအဆင်မပြေမှု၊ အလုပ်အကိုင်ယှားပါးမှု တိကို ခေါင်းစဉ်တပ်ပနာကိုယ့်အိမ်ကိုယ့်ရွာ ကိုယ့်မိသားစု ဆွီမျိုး ပတ်ဝန်းကျင်ကို စွန့်လို့ထွက်ခွာလားနီကတ်စွာကတော့ နိစဉ်နိတိုင်းနီးပါးပိုင်ရာ။ အေဂုပိုင်ရပ်ရွာစွန့်ခွာ တစ်နယ်တစ်ကျေး ကိုစီးပွားဝမ်းစာရှာဖို့လား ခကေကောင်းမကြာ ရေနှစ်တိအတော အတွင်းမှာတော့ ကျနော်ရို့ ရက္ခိုင်ဒေသစွာ အဖုံးဖွင့်ထားရေ “အရက်ပြန်ပုလင်း” ပိုင် အငွိပျံလို့ တစ်ခုလေ့မကျန်ဆိုရေအဖြစ်မျိုး ရောက်လားလီဖို့စွာကတော့ နရတိရာ။
ယင်းအတွက် ကျနော်ရို့တိရေ “ တစ်ရွာမပြောင်း လူကောင်းမဖြစ်” ၊ “ အဝီးက မြက်ပိုလို့စိမ်း” ဆိုရေစကားပုံ တိကို အေနိန့်အေအချိန်ခါ မှာတော့ တနားတဗွီဝီးသတ်ထားဖို့ အရီးတကြီးလိုနီရေ။ ယပြီးကေ ကျနော်ရို့တိ အနီနန့် အဝီးကမြက်ထက် ကိုယ့်ခြီထောက် အောက်က နင်းထားရေမြက်ပိုစိမ်းရေဆိုစွာကို သတိထားဖို့လိုရေ။ အကယ်ဒန်ဒီး ကိုယ့်နင်းထား ရေမြက်မစိမ်းကေစိမ်းအောင်ရီ လောင်းဖို့ တာဝန်ကိုယ့်မှာ ဟိရေဆိုစွာကိုလေ့ မမိန့်ဖို့ လိုရေ။
အဝီးကမြက်စိမ်းစော်ထက်ကိုယ်နင်းထားရေခြီထောက်အောက်က မြက်တိစိမ်း အောင်လုပ်ရင်း ကိုယ်နိုင်ရေတာဝန်ကို ကိုယ်ကျီအောင်ထမ်းဖို့ ရာလိုရေ။
အဝီးကမြက်ပိုစိမ်းရေလို့ထင်ရေညီချေတိအတွက် အဝီးကမြက်ရေပိုလို့မစိမ်းဆိုစွာကို သိနားလည်ဖို့လိုရေ။ ကိုယ်တစ်ယောက်တည်း နားလည်ရုံနန့်လေ့မလုံလောက်။ ကိုယ့်ပတ်ဝန်းကျင်ကကိုယ်ရို့လူမျိုးတိနားလည် လက်ခံလာအောင်လေ့လုပ်ပီးဖို့လိုရေ။ ကိုယ့်ရီမြီဒေသကို အသက် ထက်တန်ဖိုး ထားချစ်ခင်မြတ်နိုးကတ်လို့ ကိုယ့်ဒေသမှာ လက်ဟိနီထိုင်ကတ်တေ ကျနော်ရို့ လူမျိုးတိကို ကိုယ့်မြီ၊ ကိုယ့်ရီထဲမှာ ဆက်လက်နီထိုင်ပီး ကတ်ဖို့ လေးစားစွာနန့် တိုက်တွန်းလိုပါရေ။ ကျနော်ရို့တိလည်း နိစဉ်နန့်အမျှ ကြိုးစားချီ တက်နီပါရေ။

![]() |
ဒေါက်တာ ညိုထွန်းအောင် (ဒု စစ်သီးစီးချုပ်- ရက္ခိုင့်တပ်မတော်) |

Leave a Comment