ရခိုင်ခေတ်ဦးသာသနာတော်အား လေ့လာချက်စာတမ်း အပိုင်း(၁)


 လဲ့လဲ့နှင်း(နန်းမူရာစိုး)
2.March.2016



























 ဤစာတမ်းသည် ရခိုင်သမိုင်းနှင့် ရခိုင်ပြည် ဝေသာလီခေတ်ထေရဝါဒဗုဒ္ဓသာသနာတော်အားမဟာယာနဗုဒ္ဓဘာသာ၊ဟိန္ဒူဗြဟ္မဏဝါဒသာသနာ၊ဝေသာလီခေတ်ရခိုင်မင်းဆက်အားလုံးသည်ဟိန္ဒူဘာသာဝင်၊မဟာယာနဗုဒ္ဓဘာသာဝင်များဖြစ်သည်ဟု လူမျိုးရေးအရ မုန်းတီးရုံမကသမိုင်းနှင့်သာသနာအပေါ်တွင်ပါ မနာလိုမရှုစိမ့်ဖြစ်နေသော ဖေ့ဘုတ်ပေါ်မှ
အလုပ်မရှိအကိုင်မရှိအောက်တန်းစားကလေကဝများသို့ရည်ရွယ်ကာ တင်ပြလိုက်သည်။
ရခိုင်တို့၏ ခေတ်ဦးဗုဒ္ဓသာသနာတော်အား
မတင်ပြခင် ရခိုင်သမိုင်းကို အနည်းငယ်
တင်ပြပါမည်။ရခိုင်သမိုင်းတွင်ခေတ်ကြီးလေးခေတ်ရှိပြီးထိုအထဲမှဓညဝတီခေတ်မင်းဆက်
များသည်သူရိယဘွဲ့ကိုခံယူကာဝေသာလီခေတ်မင်းဆက်များသည်စန္ဒြားဘွဲ့ကိုခံယူခဲ့ကြ
သည်။တစ်နည်းအားဖြင့် ဓညဝတီမင်းဆက်များသည်
သူရိယမင်းဆက်များဖြစ်ပြီးဝေသာလီမင်းဆက်များသည် စန္ဒြားမင်းဆက်များဖြစ်သည်။
နေ(သူရိယ)နှင့်လ(စန္ဒြ)တို့သည် ရခိုင်အမျိုးသားများ၏အမှတ်သင်္ကေတဖြစ်သကဲ့သို့ရခိုင်ဘုရင်များ၏အမည်နာမများကို
လည်းအမျိုးသားအမှတ်သင်္ကေတဖြစ်သည့်
နေ(သူရိယ)နှင့်လ(စန္ဒြ)အမည်နာမများဖြင့်
မှည့်ခေါ်ခဲ့ကြသည်။

ရခိုင်အမျိုးသားအမှတ်သင်္ကေတ
နေနှင့်လအမှတ်တံဆိပ်
•••••••••••••••••••••••••••••••••••••••
ရခိုင်ဘုရင်များ၊ရခိုင်လူမျိုးများ သည် နေနှင့်လကို အလေးအနက်ပြုကာ
အမြတ်တနိုးရှိကြောင်းကို ခေတ်အဆက်ဆက်
ထုတ်ဝေသုံးစွဲခဲ့သော နေလအမှတ်တံဆိပ်ပါ
ရခိုင်ဒင်္ဂါးများက သက်သေခံနေသည်။
ယနေ့ရခိုင်အမျိုးသား Logo တွင်လည်း
ထိုနေနှင့်လ အမှတ်တံဆိပ်ပါနေဆဲပင်
ဖြစ်သည်။
ဤသို့ နေနှင့်လကို ရခိုင်ဘုရင်များ၊
ရခိုင်လူမျိုးများ အလေးအနက်ပြု အမြတ်တနိုးထားရှိကြသည့်အကြောင်း
ကိုကြည့်လျှင်ဓည၀တီခေတ်ကပင်ဖြစ်ကြောင်း တွေ့ရပါသည်။အမျုသားအမှတ်တံဆိပ်
နေနှင့်လနှင့်ပတ်သက်၍ရခိုင်ရာဇ၀င်ကျမ်း၌ဆိုသည်မှာ -သီရိရာဇာမင်းကြီး သည်တစ်နေ့အိပ်စက်သောအခါ နေနှင့်လ
နှစ်ပါးစုံကို ဆွတ်ယူရရှိပြီး မိဖုရားခေါင်ကြီးသို့ ပေးအပ်ရသည်ဟု အိပ်မက်တော်
မြင်မက်လေသည်။ ထိုအကြောင်းကို အမတ်ပညာရှိတို့ထံ ပြန်ကြားပြီး အိပ်မက်၏အကျိုးမည်သို့ရှိမည်ကို လျှောက်ထားစေခဲ့သည်။ ထို့ကြောင့် အမတ်တော်ထဲမှဝိမလမတ်ကြီးနှင့် ပြောင်းပြာစား အမတ် ဒေ၀ကျော်ထင်တို့က
ပြန်လည်လျှောက်တင်ခဲ့ကြသည်။
အမတ်ကြီးနှစ်ဦး လျှောက်တင်ချက်တွင် "အရှင်မင်းကြီး၊ နေကိုသာ ဆွတ်ယူရရှိပြီး မိဖုရားကြီးအား ပေးအပ် ရကြောင်း မြင်ပါမူကား အရှင်မင်းကြီးတို့၌ လောကတွင် အလွန်လျှင် ဘုန်းတန်ခိုးတေဇာ အာဏာသြဇာ ကြီးမားသော သားတော်ကို ရရှိပါမည်။ ထိုသားတော်သည် စကြာဝတေးမင်းကဲ့သို့ ဘုန်းမီးနေလ တောက် ပပေလိမ့်မည်။ လကိုသာ ဆွတ်ယူရလျှင်မူကား အဆင်းလက္ခဏာ ကြန်အင်ပြည့်စုံစွာဖြင့် မိန်းမတကာတို့ ထက်မြတ်သော သမီးတော်ကို ရရှိပါမည်။ ယခုမူကား အရှင်မင်းကြီး၌ မြင်မက်တော်မူသော အိပ်မက်တော် သည် နေနှင့်လ နှစ်ပါးစုံကိုပင် တစ်ပြိုင်နက်တည်း ဆွတ်ယူရရှိကာ မိဖုရားကြီးအား ပေးအပ်ရသည်ဟု မြင် မက်ခြင်းသည် အလွန်ကောင်းမြတ်သော မင်္ဂလာအိပ်မက်တော်ပင် ဖြစ်ပါသည်။ အကြောင်းသောကား ဘုန်းတန်ခိုး အလွန်ကြီးတော်မူမည့် သားတော်ကိုလည်း ရရှိမည်အမှန် ဖြစ်ပါသည်။ ထိုသားတော် လက်ထက် တိုင်းပြည်နိုင်ငံ တိုးတက်ထွန်းကားကြီးကျယ်သောအားဖြင့် ငြိမ်းချမ်းသာယာရှိပါမည်။ ထိုသားတော်သည် ပွင့်တော်မူမည့် မြတ်စွာဘုရားရှင်အား ဖူးတွေ့ရပြီး သာသနာတော် တည်ထွန်းပါလိမ့် မည်”ဟု လျှောက်ထားလေသည်။
မင်းကြီးလည်း အမတ်တော် လျှောက်ထားသော အိပ်မက်စကား အကျိုးသွားကို ကြားသိရလေရာ ၀မ်းသာနှစ်သက်တော်မူသည် ဖြစ်နေသောကြောင့် ၀ိမလအမတ်နှင့်အတူ လျှောက်တင် ဖက်ဖြစ်သော ပြောင်းပြားကျွန်းစား ဒေ၀ကျော်ထင်တို့ကို ပတ္တမြားလက်စွပ်တစ်ကွင်းစီနှင့် အဿပြာတစ်ထောင်စီ ချီးမြှင့်တော်မူသည်။
၎င်းသားတော်မှာ နေနှင့်လကို အကြောင်းပြု နိမိတ်ရသောကြောင့် "စန္ဒသူရိယ"ဟု ဖြစ်လာသည်။ သို့ကြောင့် ထိုမင်းကြီး စန္ဒသူရိယမှစပြီး ဖြစ်ထွန်းလာသော မျိုးဆက်မင်းများသည် သူရိယဟူသောအမည်ကို ရှေ့ကထားကာ မင်းပြုခဲ့ကြလေသည်။ ဥပမာ- သူရိယဓိပတိ၊ သူရိယစက္ကစသည်ဖြင့် မင်း(၂၅)ပါးလုံးပင် သူရိယဘွဲ့ကို အမြတ်ပြုခံယူခဲ့ကြကြောင်း တွေ့ရသည်။
နေနှင့်လ အလေးအမြတ်ပြုသည်မှာ မြတ်ဗုဒ္ဓသည်ပင်လျှင် အာဒိစ္စ၀ံသ နေမျိုးနွယ်ဖြစ်သည်ဟူသော ဗုဒ္ဓ၏ဟောတော်မူချက် ဗုဒ္ဓ၀င်ပင်ဖြစ်ပါသည်။ အရှင်သာရိပုတ္တရာတောင်းပန်လျှောက်ထားတော်မူ သဖြင့် မြတ်ဗုဒ္ဓသည် မိမိ၏မျိုးနွယ်ရင်းမြစ်မှာ နေမျိုးနွယ်ဖြစ်ကြောင်း ဟောကြားတော်မူသည်ကို တွေ့ရှိလေ့ လာရပါသည်။ ရခိုင်မင်း၊ ရခိုင်လူမျိုးတို့မှာ ဗုဒ္ဓဘာသာများ ဖြစ်ကြသည့်အားလျော်စွာ မြတ်ဗုဒ္ဓအား အလွန်ပင်ကြည်ညိုသဒ္ဓါအား ထက်သန်ကြကာ နေကိုလည်း အလေးအမြတ် ပြုကြခြင်းပင် ဖြစ်ပါသည်။
မြောက်ဦးမြို့၊ သျှစ်သောင်းဘုရားရှိ အာနန္ဒစန္ဒြကျောက်စာ ဂါထာအပိုဒ်-၂၆၊ ၃၂၊ ၄၂၊ ၄၅ တို့တွင် မင်းတို့၏ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်းကို ဆိုရာ၌ "ကမ္ဘာမြေပေါ်တွင် ထွန်းလင်းတောက်ပသော နေမင်းကဲ့ သို့"ဟု ဖော်ပြပါရှိပါသည်။ နောက် တင့်တယ်ခြင်း၊ ကြည်လင်အေးမြခြင်း၊ မွေ့လျော်ဖွယ်ရှိခြင်းတို့ ကို ဖော်ပြရာ၌ "ကမ္ဘာမြေပြင်အထက်၌ ထွန်းလင်းသော လမင်းကဲ့သို့"ဟု ဖော်ပြပါရှိပါသည်။
ထို့ပြင် ရခိုင်လူမျိုးတို့သည် "အာရိယန်"အနွယ် အာရိယန်သွေးနှောသောလူမျိုးဖြစ်သည်ကိုလည်း သမိုင်းကျမ်းဂန်များရှိသည့်အတိုင်း မနုဿဗေဒလူ့သမိုင်းသုတေသီများစွာကလည်း ရခိုင်လူမျိုးသည် အာရိယန်သွေး၊ အာရိယန်မျိုးဆက်ဖြစ်ကြောင်း ဆိုကြလေသည်။ သို့ဆိုသည့်အတိုင်း ရခိုင်လူမျိုးတို့ကလည်း မိမိတို့သည်၊ ငါတို့သည် အာရိယန်မျိုးဆက်များ ဖြစ်ကြသည်ဟူ၍ပင် ယုံမှတ်ကြပါသည်။ သို့ ယုံမှတ်ကြသည့် အတိုင်း နေသည် အာရိယန်လူမျိုးတို့၏ အမှတ်သင်္ကေတတစ်ခု ဖြစ်နေရပါသည်။ ထို့ကြောင့်ပင်လျှင် ရခိုင်လူမျိုးတို့သည် ဝေသာလီခေတ်စဦးကပင် နေကို လူမျိုး၏ အမှတ်လက္ခဏာအဖြစ် အသိအမှတ်ပြုလာ ကြကြောင်း ဒင်္ဂါးများက သက်သေတည်ပြနေကြသည်။
ရခိုင်ဝေသာလီမင်းတို့သည် ပြည်သုံးဒင်္ဂါးများကို များစွာပင် ခတ်နှိပ်ခဲ့ကြပါသည်။ ထိုသို့ ခတ်နှိပ်ကြသော အခါ ဘုန်းတန်ခိုးကြီးမှု တိုးတက်ထွန်းကားမှု၊ ဂုဏ်ရည်မြင့်မားတို့နှင့် မိမိတို့ရခိုင်လူမျိုးသည် အာရိယန်လူမျိုးအာဒိစ္စ၀ံသအနွယ်ဝင်မျိုးဖြစ်သည်ကို နေအမှတ်တံဆိပ်ဖြင့် ပြသကြပြီး၊ ငြိမ်းချမ်းသာယာရှိမှု၊မွေ့လျော်နေဖွယ်ကောင်းသော အရပ်ဒေသဖြစ်မှုကို လခြမ်း၊ လဆန်းပုံသဏ္ဍာန်ဖြင့် တံဆိပ် ခတ်နှိပ် ဖော်ပြခဲ့ကြသည်ကို သမိုင်းဆိုင်ရာ
အထောက်အထားများနှင့် ကျောက်စာများက အခိုင်အမာ သက်သေခံနေ ကြသည်။ဤသည်မှာနေနှင့်လအမှတ်သညာအားသူရိယ၊စန္ဒြမင်းဆက်ရခိုင်ဘုရင်
များနှင့်ရခိုင်လူမျိုးများ၏အမျိုးသားသင်္ကေတအဖြစ်သတ်မှတ်ခဲ့ခြင်း၏သမိုင်းအကျဉ်းဖြစ်
သည်။
အာနန္ဒစန္ဒြ ကျောက်စာ
•••••••••••••••••••••••••••••••
သျှစ်သောင်းဘုရား အနီးတွင် တွေ့သောကြောင့် သျှစ်သောင်းဘုရား ကျောက်စာ ဟုလည်း ခေါ်ဝေါ်ခဲ့ကြသည်။ ဤကျောက်စာကို ရခိုင်ဘုရင် မင်းဗာကြီး (၁၅၃၁-၁၅၅၃) လက်ထက်တွင် ဝေသာလီမြို့ နန်းတော်ရာကုန်း အနီးမှ မြောက်ဦးမြို့ သျှစ်သောင်းဘုရား အနီးသို့ ပြောင်းရွှေ့ထားခဲ့ခြင်း ဖြစ်သည်။ အာနန္ဒစန္ဒြ ကျောက်စာအရရခိုင်ဝေသာလီမြို့ဟောင်း
သည် မြန်မာ့(ဗမာ့)သမိုင်းတွင် အစောဆုံး မြို့ပြနိုင်ငံများဟု ယူဆသော ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာတို့နှင့် ခေတ်ပြိုင်ဟု ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။
ထိုကျောက်စာတွင် ရခိုင် မင်းဆက်များကို ဂါထာ ၆၅ ဂါထာဖြင့် ရေးထိုးထားသည်။ ထိုသို့ မင်းစဉ်မင်းဆက်များကို အစအဆုံးမှတ်တမ်း တင်ထားသည့် ကျောက်စာမျိုးမှာ မြန်မာပြည်တွင်သာမက အိန္ဒိယပြည်တွင်ပါ အစောဆုံးဟု သိရသည်။
ကျောက်စာပါအကြောင်းအရာမှာ-
အာနန္ဒစန္ဒြမင်း၏ ဘေးတော်၊ ဘိုးတော်မင်းများ
ဖြစ်သောသူရိယမင်းဆက်၊စန္ဒြားမင်းဆက်များ
အကြောင်းနှင့် သူ့အကြောင်းကို ဂါထာစီကုံး၍ မော်ကွန်းထိုးထားသည့်ကျောက်စာသာဖြစ်
သည်။အာနန္ဒစန္ဒြကျောက်စာ ဂါထာအပုဒ်(၆၁)တွင် ``အာနန္ဒစန္ဒြမင်း အလှူဒါနပြုရာ၌ ဂီလာမေဃတိုင်းသို့ တရားဟောပလ္လင်တစ်ခု၊ ဆင်မယဉ်သာ တစ်ကောင်နှင့် ပိုးသင်္ကန်းတို့ကို ပို့လွှတ်လှူသည်´´ဟုပါရှိသည်။ ဂီလာမေဃမှာ သီဟိုဠ်ကျွန်းဖြစ်၏။ ထို့အပြင် “ကျွန်ုပ်၏ ဒါနပါရမီသည် သတ္တဝါတို့အပေါ်၌ မချို့တဲ့စေသတည်း”ဟုပါရှိသဖြင့် သတ္တဝါအားလုံးအပေါ်၌ စေတနာထားတတ်သောအနန္ဒစန္ဒြမင်းကြီး၏
မွန်မြတ်သောစိတ်ထားနှင့်အလှူအတန်း
ရက်ရောမှုကို ခန့်မှန်းနိုင်သည်။
ဂါထာအပိုဒ်-၂၆၊ ၃၂၊ ၄၂၊ ၄၅ တို့တွင် မင်းတို့၏ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်းကို ဆိုရာ၌ "ကမ္ဘာမြေပေါ်တွင် ထွန်းလင်းတောက်ပသော နေမင်းကဲ့ သို့”ဟု ဖော်ပြပါရှိပါသည်။ နောက် တင့်တယ်ခြင်း၊ ကြည်လင်အေးမြခြင်း၊ မွေ့လျော်ဖွယ်ရှိခြင်းတို့ ကို ဖော်ပြရာ၌ "ကမ္ဘာမြေပြင်အထက်၌ ထွန်းလင်းသော လမင်းကဲ့သို့”ဟု ဖော်ပြပါရှိသည်။``မိမိသည်
သူရိယမင်းဆက်(နေမင်း)၏အနွယ်တော်၊
စန္ဒြမင်းဆက်(လမင်း)၏အနွယ်တော်ဖြစ်သည်''ဟုလည်းဖော်ပြထားသည်။ဤသည်ကိုမနာလိုသူလူမျိုးခြားများမှ သီဝနတ်မင်း၏ အနွယ်တော်ဖြစ်သည်ဟု ရခိုင်သမိုင်းအား
အကြည်အညိုပျက်စေရန်လံကြုတ်သမိုင်းများ
ဖြင့် ဝါဒဖြန့်နေကြသည်။ထေရဝါဒ
ဗုဒ္ဓဘာသာမင်းတစ်ပါးဖြစ်သည့်အာနန္ဒစန္ဒြမင်းကျောက်စာတွင် သီဝ၏အနွယ်တော်ဟု ရေးထိုးပါရှိသည်ဟုစွပ်စွဲနေကြသူများမှာ လူမျိုးရေးအရအပုတ်ချစော်ကားလိုစိတ်ဖြင့် လုပ်ကြံရေးသားနေခြင်းသာဖြစ်သည်။
ထို့အပြင်ဓညဝတီခေတ်
စန္ဒသူရိယမင်းလက်ထက်(BC- ၆ရာစု)ကတည်းကမြတ်စွာဘုရား၏ကိုယ်ပွားတော်မဟာမြတ်မုနိဆင်းတုတော်အပါအဝင်မုနိလေးဆူ၊သူရိယစက္ကမင်းလက်ထက်
မဟာကျန်မုနိငါးဆူနှင့်ဆံတော်ဓါတ်၊အံတော်
ဓါတ်၊လည်ရိုးတော်ဓါတ်၊သင်းကျစ်တော်ဓါတ်
တို့ကိုသွန်းလုပ်တည်ထားကာထေရဝါဒစစ်စစ်ကိုကိုးကွယ်နေလာခဲ့သူများက
ဝေသာလီခေတ်ရောက်မှ သီဝနတ်မင်း
ကိုးကွယ်စရာအကြောင်းလုံးဝမရှိပေ။
ထိုသို့မဖြစ်နိုင်သည်ကိုယေဓမ္မာဂါထာပါဝေသာလီခေတ်ကျောက်စာများနှင့်ထိုခေတ်တွင်ပင်တည်ထားခဲ့သည့်ဘုရားပုထိုးစေတီများ၊ဆင်းတုတော်များ၊ကြေးဆီမီးခွက်များ ခေါင်းလောင်းစာများနှင့် သိမ်ရာများက သက်သေခံနေသည်။တတိယဓညဝတီခေတ်(BC-၆ရာစု)ကတည်းက ထေရဝါစစ်စစ်ကို
ကိုးကွယ်လာခဲ့သော ရခိုင်များအနေဖြင့် ဝေသာလီခေတ်ရောက်မှ သီဝနတ်မင်းကို
ကိုးကွယ်သည် ဟုစွပ်စွဲထားသည်မှာ
မည်သို့မျှ မဖြစ်နိုင်ဘဲ လူမျိုးတစ်မျိုးအပေါ် တမင်အပုတ်ချစော်ကားထားမှန်း
သိသာထင်ရှားလွန်းနေသည်။ဝေသာလီခေတ်အစောပိုင်းကျောက်စာများကို
ပါဠိဘာသာ၊ဂုပ္တအက္ခရာဖြင့်ရေးထိုးခဲ့ပြီး
ဝေသာလီနှောင်းပိုင်းအာနန္ဒစန္ဒြကျောက်စာ
သည် နာဂရီအက္ခရာကိုအသုံးပြု၍ သက္ကဋဘာသာဖြင့် ရေးသားထားသည့်
ကျောက်စာဖြစ်သည်။
သက္ကဋဘာသာဖြင့်ရေးတိုင်း မဟာယာနလော
••••••••••••••••••••••••••••••••••••••••••••••••••••
ကျောက်စာတွင် ဂုပ္တအက္ခရာ၊ နာဂရီအက္ခရာများကိုသက္ကဋဘာသာဖြင့်
ရေးထိုးတိုင်းသာ မဟာယာနဟုပြောစတမ်း
ဆိုလျှင်ဂုပ္တအက္ခရာနှင့်နာဂရီအက္ခရာများကို ပျူခေတ်ကနေအေဒီ ၁၂ ရာစုအထိရေးထိုးခဲ့သော ဗမာဘုရင်အားလုံးသည်လည်း ဗြဟ္မဏဘာသာဝင်၊မဟာယာနဗုဒ္ဓဘာသာဝင်ဟု ဝန်ခံလိုက်သလို ဖြစ်နေသည်။
ဗမာဘုရင်ဟုခံယူနေကြသော အနော်ရထာ၏
နာမည်မှာသက္ကဋဘာသာစကားစစ်စစ်ဖြစ်
သည်။ထိုမင်း၏ သက္ကဋအမည်မှာ
သျှရီအနုရန္ဓဒေဝဟု အနော်ရထာမင်း
အုတ်ခွက်စာတွင် ဖော်ပြပါရှိသည်။
ကျန်စစ်သားရေးထိုးသည့်ကျောက်စာများတွင်လည်း သက္ကဋဘာသာစကားများ
အများအပြားပါဝင်နေသည်။သို့ဖြစ်၍
ပျူခေတ်ကနေ ပုဂံခေတ်အထိ
ထွန်းကားခဲ့သော ဗမာတို့၏ ဗုဒ္ဓဘာသာမှာ
မဟာယာနသာလျှင်ဖြစ်သည်။အမှန်လည်း
ဗမာဒေသတွင် မဟာယာနတန္ဒရဂိုဏ်းသား
အရည်းကြီးများထွန်းကားခဲ့ပေသည်မှာ
သမိုင်းအခိုင်မာရှိပြီးသားဖြစ်သည်။
ရက္ခိုင်တတိယဓညဝတီခေတ်များနှင့်
ဝေသာလီအစပိုင်းတွင်ရေးထိုးခဲ့သည့်ကျောက်စာများသည်ပါဠိဘာသာကိုဗြဟ္မီအက္ခရာ(ဓညဝတီ)၊ဂုပ္တအက္ခရာ(ဝေသာလီအစောပိုင်း)
များဖြင့်ရေးထိုးခဲ့သည်။ထို ကျောက်စာများတွင်
ဗုဒ္ဓဘာသာ၏ အဆီအနှစ်ဖြစ်သော
ယေဓမ္မာဂါထာများကို ရေးဖွဲ့ထားသည်။
သက္ကဋဘာသာဖြင့်ရေးထိုးသော
ကျောက်စာများမှာဝေသာလီနှောင်းပိုင်း
မင်းဆက်များတွင်သာ တွေ့ရသည်။
ဓညဝတီခေတ်ကျောက်စာ၊ဝေသာလီခေတ်
အစောပိုင်းကျောက်စာများကို မလေ့လာဖူးဘဲ
သန်းထွန်း၏အပုတ်ချရမ်းတုတ်ထားသော
အာနန္ဒစန္ဒြားကျောက်စာတစ်ခုကို ဖတ်ဖူးရုံဖြင့်
နှုတ်သီးခေါင်းလျှာပါး မိုက်ကြေးခွဲပြနေသည်
မှာမပြည့်သည့်အိုးဟု ဝန်ခံသလိုဖြစ်နေသည်။
သန်းထွန်းအပါအဝင်သန်းထွန်း၏အပုတ်ချစာကိုဖတ်ပြီး ဟောင်ဖွာဟောင်ဖွာလုပ်နေသူ
အစွမ်းရောက်ကလေကချေတစ်စုမှာ
အက္ခရာ၊ဘာသာစကားနှင့်ဗုဒ္ဓသာသနာတော်ကို ကွဲကွဲပြားပြားမသိဘဲပတ်လည်ရိုက်နေပုံရ
သည်။ဗုဒ္ဓသာသနာတော်ပါဠိတော်အား
နာဂရီအက္ခရာ၊သက္ကဋဘာသာဖြင့်ရေးထိုးတိုင်း
မဟာယာနဗုဒ္ဓဘာသာ၊ဟိန္ဒူဗြဟ္မဏဘာသာပါဟုစွပ်စွဲနေကြသည်မှာ ရယ်စရာတော့
ကောင်းသည်။အမှန်စင်စစ်တွင်
ဗုဒ္ဓပါဠိတော်ကို သက္ကဋဘာသာ၊မြန်မာဘာသာ
၊အင်္ဂလိပ်ဘာသာ၊တရုတ်ဘာသာဖြင့်ရေးထိုး
သည်ကအဓိကမကျပေ။ရေးထိုးထားသည့်
အကြောင်းအရာအဓိပ္ပာယ်ကသာလျှင်
အခရာကျသည်။ပါဠိတော်ကို နာဂရီအက္ခရာ သက္ကဋဘာသာဖြင့်ရေးထိုးတိုင်း မဟာယာနဘာသာဝင်၊ဗြဟ္မဏဘာသာဝင်
ဟုတစ်ထစ်ချစွပ်စွဲလိုက်သည်မှာ မိစ္ဆာဒိဌိအယူဝါဒသာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ပါဠိဒေသနာတော်ကို
ဘာသာစကားမျိုးစုံ၊အက္ခရာမျိုးစုံဖြင့် မှတ်တမ်းတင်၍ရသည်မဟုတ်ပါလော။
ဥပမာပါဠိတော်ကိုအင်္ဂလိပ်အက္ခရာ၊အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုရေးသား၍
ရသည်။ထို့အတူ တရုတ်၊မြန်မာ
ဂျပန်၊ထိုင်းစသည့်အက္ခရာ၊ဘာသာစကား
များဖြင့်လည်းရေးသားပြန်ဆို၍ရသည်။
သို့ဆိုလျှင် ပါဠိတရားတော်ကို အင်္ဂလိပ်အက္ခရာ၊အင်္ဂလိပ်ဘာသာဖြင့်
ရေးသားထား၍ ဗုဒ္ဓဒေသနာတော်ကို
ခရစ်ယန်ဘာသာဟုပြော၍ရနိုင်ပါမည်လော။
ထို့အတူ ပါဠိတော်ကို မြန်မာအက္ခရာဖြင့်
ရေးထိုးတိုင်း ပါဠိစာပေကို မြန်မာစာပေဟု
ပြော၍ရမည်လော။လုံးဝမရပါ။
ပါဠိစာပေကို မည်သည့်အက္ခရာ မည်သည့်
ဘာသာဖြင့်မဆို ပြန်ဆိုရေးသား၍ရသည်။
သို့သော် ပါဠိတော်ကို တရုတ်၊မြန်မာ
၊သက္ကဋဘာသာ၊အက္ခရာများဖြင့် ရေးသားပြန်ဆိုလိုက်ရုံမျှဖြင့် ဗုဒ္ဓ၏ အနှစ်သာရများမှာပြောင်းလဲသွားစရာ
အကြောင်းမရှိပေ။ယခုအာနန္ဒစန္ဒြကျောက်စာသည်လည်းသက္ကဋဘာသာဖြင့်ရေးထိုးထား
လင့်ကစား ကျောက်စာပါအကြောင်းအရာ
များမှာထေရဝါဒဗုဒ္ဓဘာသာဝင်မင်းတစ်ပါး၏
အလှူအတန်းများနှင့်ထေရဝါဒမင်းဆက်များအကြောင်းကိုမှတ်တမ်းတင်ထားခြင်းသာဖြစ်သည်။
မြန်မာနိုင်ငံကို ဗမာလူမျိုးများအုပ်ချုပ်ကျွန်ပြု
ထားသောကြောင့် ရုံးသုံးဘာသာစကားမှာ
ဗမာဘာသာစကားဖြစ်၍အစ္စလာမ်သာသနာ၊
ခရစ်ယာန်သာသနာတို့ကိုအများနားလည်စေ
မည့်မြန်မာအက္ခရာ၊ဗမာဘာသာစကားဖြင့်ရေးသားမှတ်တမ်းတင်လိုက်ရုံဖြင့်အစ္စလာမ်၊ခရစ်ယာန်သာသနာတို့ကနေဗုဒ္ဓဘာသာဖြစ်သွားစရာအကြောင်းမရှိပေ။ထိုနည်းအတူ ပါဠိဒေသနာတော်အားသက္ကဋဘာသာဖြင့်ရေးသားလိုက်ရုံဖြင့်ထေရဝါဒကနေမဟာယာနဖြစ်သွားစရာအကြောင်းလုံးဝမရှိပါ။ဘာသာစကားအသုံးအနှုံးသာပြောင်းလဲသွားမည်။
အတွင်းအနှစ်သာရမှာပြောင်းလဲသွားစရာ
အကြောင်းမရှိ။ဤအကြောင်းအရာ
နှင့်ပတ်သက်၍သီဟိုဠ်နှင့်အိန္ဒိယပြည်
တို့တွင်လည်းပါဠိဒေသနာတော်အား သက္ကဋဘာသာဖြင့်ရေးသားမှတ်တမ်းတင်
ခဲ့သည့်သမိုင်းရှိဖူးသည်။
အိန္ဒိယပြည်တွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံ၍
နှစ် ၁၀၀၀ အေဒီ ငါးရာစုတွင် အိန္ဒိယစာရေးဆရာများမှ သက္ကတစာပေ
ရှေ့တန်းရောက်အောင်ရေးသားခဲ့ကြသည်။
သာသနာနှစ်လေးရာစု သုင်္ဂခေတ်တွင်
သဗ္ဗတ္ထိဝါဒဂိုဏ်း၊မဟာသံဃိကဂိုဏ်းတို့ကား
ဗုဒ္ဓ၏မိန့်မှာချက်ကို ဖီဆန်လျက် အုပ်ချုပ်သူတို့၏ အကြိုက်လိုက်၍ ပါဠိတော်ကို
သက္ကဋဖြင့် ရေးကြကုန်၏။
သက္ကဋဘာသာသည် မြောက်ပိုင်းသာသနာ
ကိုသာလွှမ်းမိုးသည်မဟုတ်။တောင်ပိုင်း
သာသနာတော်၌လည်း နောင်ပိုင်းကျသော
ဋီကာများ၊အလင်္ကာများအပြင် ပါဠိဘာသာဖြင့်
ပြုစုသည့် သီဟိုဠ်သမိုင်း ကျမ်းများဖြစ်သော
ဒီပဝံသကျမ်း(AD-4 ရာစု)နှင့် မဟာဝံသကျမ်း
(AD-5 ရာစု)တို့တွင် သက္ကတအသုံးအနှုံးများ
ရောနှောပါဝင်နေသည်။ထိုမှစ၍ ထေရဝါဒရဟန်းအချို့သည် သက္ကတဘာသာတတ်ကျွမ်းခြင်းကို ဂုဏ်ထူးတစ်ခုဟုယူဆကာ သက္ကတပုဒ်များ
သက္ကတအသုံးအနှုံးများကို ပါဠိမာဂဓထဲတွင်
ထည့်သွင်း၍ အသုံးပြုလာခဲ့ကြသည်။
သို့ဆိုလျှင် ဋီကာကျမ်းများ၊အလင်္ကင်္ာများနှင့်
ပါဠိတော်ထဲတွင် သက္ကတဘာသာများ ထည့်သွင်းအသုံးပြုခဲ့ကြသဖြင့် သီဟိုဠ်နှင့်
အိန္ဒယတောင်ပိုင်းသာသနာများအား
မဟာယာဟု ပြော၍ရပါ၏လော။
ဤမျှဆိုလျှင် အာနန္ဒစန္ဒြကျောက်စာတွင်
သက္ကတဘာသာဖြင့် ထိုးထားရုံမျှဖြင့်
အာနန္ဒစန္ဒြမင်းမှာ မဟာယာနဗုဒ္ဓဘာသာဝင်
မဟုတ်ကြောင်းခိုင်လုံနေပေပြီ။သက္ကတဘာသာဖြင့်ရေးထိုးတိုင်း မဟာယာနဟု စွပ်စွဲ၍
မရလျှင်ယေဓမ္မာဂါထာပါ ကျောက်စာများကို
ပါဠိလာသာဖြင့်ရေးထိုးခဲ့ကြသည့်ဝေသာလီအစောပိုင်းမင်းများမှာ သာ၍ပင် ထေရဝါဒစစ်စစ်ဖြစ်ကြောင်း ခိုင်မာသော
သမိုင်းအထောက်အထားများမှ သက်သေ
ပြနေသည်။
ဝေသာလီရက္ခိုင်ပြည်၏ နယ်နိမိတ်သည်
ယခုခေတ်ဧရိယာထက်များစွာကျယ်ဝန်းသည်။
ရခိုင်ပြည်အပါအဝင်၊ဘင်္ဂါ ၁၂ မြို့နှင့် အာသံ၊
တြိပူရအထိ၊တောင်ဘက်တွင်
ဧရာဝတီတိုင်းနဂါးရစ်အငူထိဖြစ်သည်။
ကုန်သွယ်ရေး၊လူမှုရေး၊ဘာသာရေးကဏ္ဍတွင်
အိန္ဒိယ၊သီဟိုဠ်စသည့် ပြည်ပနိုင်ငံများနှင့်
ဆက်သွယ်ရေးများရှိနေခဲ့ရုံမက
ဘင်္ဂါ၁၂မြို့ကိုပါအုပ်ချုပ်စိုးမိုးနေရသော
ကြောင့်ယင်းတို့၏ဘာသာစကားကိုကျွမ်းကျင်တတ်မြောက်မှသာစီးပွားရေး၊နိုင်ငံရေးတို့တွင်
အဆင်ပြေချောမွေ့နိုင်ပေမည်။ထိုအချိန်က
သက္ကတဘာသာသုံးစွဲခြင်းမှာ ယခုခေတ်တွင်
ကမ္ဘာသုံးအနေအားဖြင့် အင်္ဂလိပ်စာသုံးစွဲရသကဲ့သို့ဖြစ်ချိမ့်မည်။
ယင်းသို့သောပြည်ပနိုင်ငံများနှင့် ကုန်သွယ်ရေး၊နိုင်ငံရေးနှင့်ယဉ်ကျေးမှုများ
ပြန့်နှံ့လာမှုများကြောင့် သက္ကတဘာသာကို နောက်ပိုင်းတွင်သုံးစွဲခဲ့သော်လည်း
ဘာသာရေးအနေအားဖြင့် ထေရဝါဒစစ်စ်ဖြစ်နေကြာင်း ယေဓမ္မာဂါထာပါ
ကျောက်စာများက သက်သေခံနေသည်။
ရခိုင်ခေတ်ဦးသာသနာများကို စော်ကားနေသူများအား ပြောကြားလိုသည်မှာ
`မဟာယာနကိုးကွယ်ပါတယ်ဟု စွပ်စွဲခံနေရသော ရခိုင်ပြည်က ဘုရားများဖြစ်တဲ့ မန္တလေးမဟာမုနိ၊ရွှေဘုံသာ
မုနိ၊ရှင်ကျော်မုနိ(ပန်းတောင်း)၊မာရ်အောင်မြင်
မုနိ(ဇလွန်ပြည်တော်ပြန်ဘုရား)တို့ကို ကိုးကွယ်နေတဲ့ တစ်တိုင်းပြည်လုံးက ပြည်စူများမှာလည်း မဟာယနဗုဒ္ဓဘာသာဝင်များသာဖြစ်တယ်ဆိုတာမရိပ်မိလိုက်ဘူး၊သတိမထားလိုက်ဘူးမလား။သူယုတ်များအနေဖြင့်ရခိုင်ခေတ်ဦးသာသနာတော်အားဟိန္ဒူသာသနာ၊မဟာယာနသာသနာဟုဆက်လက်စွပ်စွဲနေပါက ရခိုင်ပြည်က
သိမ်းသွားသည့် မုနိလေးဆူကို ပြန်သာပို့လိုက်ပါတော့''ဟု အကြံပြုလိုက်သည်။
အပိုင်း(၂)အား ဆက်ရန်။ ။

No comments

Powered by Blogger.