လူငယ်များမက်သောအိမ်မက်များကိုခိုးနားထောင်ကြည့်ခြင်း (၁/၂/၃/)



လူငယ်များမက်သောအိမ်မက်များကိုခိုးနားထောင်ကြည့်ခြင်း (၁) 
 Dr. Nyo Twan Awng
Feb 23 , Sunday ,2014.( Crystal Palace 0 : 2 Manchester United) 15 mins left to finish

အိမ်မက်မက်တတ်သောသူများ
အသွေးအသားများဖြင့်တည်ဆောက်ထားကြသော သတ္တဝါတိုင်းသည် သိတတ်စအရွယ်မှစ၍ အိမ်မက်မက်ဖူးကြ ပေလိမ့်မည်။လူ့လောကကြီးတွင်သက်ရှိများကိုယျေဘုယျအားဖြင့်လူသားနှင့်တိရစ္ဆာန်ဟူ၍နှစ်မျိုးခွဲခြားနိုင် သည်။ အသက်(၁၈) နှစ်အရွယ်ရောက်ပြီးသော သက်ရှိလူသားအားလုံးနီပါးတို့သည် အိမ်မက်အနည်းဆုံးတစ်ခု ကို တော့ မက်ဖူးကြပေလိမ့် မည်။ ထို့အတူသက်ရှိတိရစ္ဆာန်များသည်ပင်လျှင်အိမ်မက်မက်တတ်ကြသည်။
Daniel Bedore နှင့် Matt Wilson တို့လေ့လာတွေ့ရှိထားသော တိရစ္ဆာန်များသည် အိမ်မက်မက်ကြောင်း အစီရင်ခံစာတစ်စောင် သည် ၂၀၀၁ ခုနှစ်တွင်ထွက်ပေါ်ခဲ့သည်။ထိုအစီရင်ခံစာမှာ ကြွက်များဖြင့်စမ်းသပ် လေ့လာတွေ့ရှိများသောလေ့လာတွေ့ရှိမှုများအပေါ်အခြေခံ၍ တိရစ္ဆာန် များသည် အိမ်မက်မက်တတ် ကြောင်းသက်သေပြ နိုင်ခဲ့သော အစီရင်ခံစာတစ်စောင်လည်းဖြစ်သည်။
၎င်းအစီရင်ခံစာအရတိရစ္ဆာန်များသည် သူတို့၏အရင်းနှီးဆုံးသောမိတ်ဆွေများနှင့်ဆက်စပ်၍သော်လည်း ကောင်း၊ အတူတူဆော့ကစားခဲ့ဖူးခြင်းများကိုသော်လည်းကောင်း၊ သူတို့စားသောက်ဖူးသော အစားအစာများနှင့် ပတ်သက်၍သော် လည်းကောင်း၊ အစားအစာများ၏အနံ့ကိုသော် လည်းကောင်း ၊ သူတို့အမှန်တကယ် ရင်ဆိုင် ဖြတ်သန်းခဲ့ရသော အကြောင်းအရာ ၊ အခြေအနေများအပေါ်အခြေခံ၍ အိမ်မက်များ မက်ကြကြောင်း စသည့် လေ့လာတွေ့ရှိချက်များကိုရေးသားထားခြင်းပင်ဖြစ်သည်။
လူသားတစ်ယောက်နှင့်တစ်ယောက်မက်သောအိမ်မက်တို့သည် မည်သည့်အခါတွင်မျှ တစ်ထပ်တည်း မကျနိုင်သည့်အပြင် ၎င်းအိမ်မက်ကိုဆက်ခါဆက်ခါမက်သောတစ်ယောက်တည်းသောသူပင်လျှင် အနည်းငယ် ကွဲလွဲမှု များရှိနိုင်ပြီးတစ်ထပ်တည်း မကျနိုင်ချေ။ ( ခြွင်းချက်အားဖြင့် ဗီဒီယို ၊ ရုပ်ရှင် ဇာတ်ဝင်ခန်းများမှလွဲ၍)
လူတစ်ဦးတစ်ယောက်၏အိမ်မက်သည် သူဖြတ်သန်းခဲ့သောမိသားစု၊ ပတ်ဝန်းကျင်၊ သင်ယူထားသောအသိသညာ၊ ရယူပိုင်ဆိုင်ထားသော အတွေးအခေါ်၊ အယူအဆ၊ ဖတ်ရှုလေ့လာဖူးသော စာအုပ်စာပေ ၊ပညာတို့အပြင် သူ/သူမ၏ရိုးသားမှုအပေါ်တွင်မူတည်၍ ကွဲပြားခြားနားပြီးလေးနက်မှုဒီဂရီအတိမ် အနက်တို့ကွာခြားကြပေလိမ့်မည်။


********************************************

လူငယ်များမက်သောအိမ်မက်များကိုခိုးနားထောင်ကြည့်ခြင်း(၂)

 Dr.ညိုထွန်းအောင်
ဖေဖော်ဝါရီ (၂၃) ရက်၊ ၂၀၁၆ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊
ရက္ခိုင်ရိုးရာရထားဆွဲပွဲနေ့ ၊ အင်္ဂါနေ့။

အိမ်မက်အမျိုးမျိုးရှိသည်
ကျနော်တို့သည်ဘဝတွင်အိမ်မက်များကိုအကြိမ်ကြိမ်မက်ဖူးခဲ့ကြပြီးဖြစ်သည်။ အိမ်မက် (၈) မျိုး မှ (၁၀) မျိုးကျော်အထိရှိသည်ဟုပညာရှင်များက အကြမ်းအားဖြင့်သတ်မှတ်ထားသည်။ ၎င်းတို့ မှာ (၁) Daydreams (၂) Lucid Dreams (၃) False Awakenings (၄) Nightmares (၅) Message Dreams (၆) Normal Dreams (၇) Precognitive Dreams (၈) Prophetic Dreams (၉) Recurring Dreams (၁၀) Prophetic Dreams (၁၁) Healing Dreams (၁၂) Signal Dreams (၁၃) Mutual Dreams (၁၄) Progressive Dreams (၁၅) Epic Dreams (၁၆) Wish-Fulfillment Dreams တို့ ဖြစ်ကြပြီး အချို့မှာအဓိပ္ပာယ်ဆင်တူသည်။
အချို့အိမ်မက်များသည် စိတ်ကူးယဉ်ဆန်ခြင်းကို အကောင်အထည်ဖော်သည့်အနေဖြင့် အိမ်မက် အဖြစ် မက်တတ်သည်။ အချို့အိမ်မက်များသည် အကြောင်းအရာ၊ အဖြစ်အပျက် တစ်ခုခုကို စွဲလန်း၍ မက်တတ်ပြီး ထပ်ကာတလဲလဲ အက်ကြောင်းထပ်မက် တတ်သည်။
အချို့အိမ်မက်များမှာ တစ်ခုခုကို ကြောက်လန့်၍မက်သောအိမ်မက်များဖြစ်သည်။ အချို့ မှာ ဖြတ်ခနဲတွေ့လိုက်ရသောအရာများ၊ ပုံရိပ်များ၊ရုပ်ရှင်၊ စာအုပ်၊ ဗီဒီယိုများကို ဖတ်ကြည့်ရှုပြီးနောက် မက်တတ်သည်။ မည်သို့ပင်ဆိုစေကာမူ အိမ်မက်များမှာ အိပ်စက်ခြင်းနှင့် နိုးထခြင်းအကြားတွင် အသိတရားရှိ သည့်အချိန်အခိုက်အတန့် များ တွင်သာမက်ကြသည်။ သေချာသည်မှာ ကျနော်တို့သည်အသက်ရှင်နေသမျှကာလပတ်လုံးအကြောင်း အရာမတူသောအိမ်မက်များကို မက်နေကြမည်အုံးသာဖြစ်သည်။
A dream you dream alone is only a dream.
A dream we dream together is reality.
(John Lennon.)
ဂျွန်လင်နွန်က အိမ်မက်နှင့်ပတ်သက်၍ ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်းမက် နေသောအိမ်မ က်မှာ အိမ်မက်သာလျှင် ဖြစ်သည်။ အိမ်မက်များကိုအတူတကွ မက်ခြင်းသည်သာလျှင်တကယ့် စစ်မှန်သော အိမ်မက်ဖြစ်သည်။ ဆိုလိုသည်မှာ ကျနော်တို့ သည် အချို့သောကိစ္စရပ်များတွင်အတူတကွ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်မှ သာလျှင် လိုချင်သောရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိနိုင်လိမ့် မည်ဖြစ်သည်။ ထို့ကြောင့် ကျနော် တို့သည် တူညီသောပန်းတိုင်ကိုလျှောက်လှမ်း ရောက်ရှိနိုင်ရန် အိမ်မက်များ ကိုအတူတကွမက်ကြရန် လိုအပ်ပေလိမ့်မည်။ အိမ်မက်များတူညီစွာ မက်နိုင်ရန်အတွက်အိမ်မက်ကြိုးများကိုကြိုးညှိုထားရန်လည်းလိုအပ်ပေလိမ့်မည်။
ကျနော်တို့အဖို့ ရက္ခ္ခိတလမ်းစဉ်မှာ ရခိုင်သားတိုင်း၏ရည်မှန်းရာပန်းတိုင်ဖြစ်သည်။ ထိုရည်မှန်းရာ ပန်းတိုင်ကို အရောက်ချီတက်ပြီးအကောင်အထည်ဖော်နိုင်ရန်အတွက် ကျနော်တို့သည် ရက္ခိတ လမ်းစဉ်အိမ်မက်များကို အတူတကွမက်ရန်လိုသည်။
ကဲ ညီလေးညီမလေးတို့ရေ …ဒီနေ့လပြည့်ညကစပြီး ရက္ခိတလမ်း စဉ်များကို အတူတကွ မက်ကြရင်းရက္ခိုင့်အိမ့်မက်ကို အကောင်အထည်ဖော်နိုင်ရန်အားလုံးတက်ညီလက်ညီ ကြိုးစားကြပါစို့။


**********************************************
လူငယ်များမက်သောအိမ်မက်များကိုခိုးနားထောင်ကြည့်ခြင်း (၃)

 Dr.ညိုထွန်းအောင်
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်၊ ကြာသပတေးနေ့။











အလုပ်ဖြစ်သော Arakan Dream ရက္ခိုင့်အိမ်မက်ကိုမက်ရန် သတ္တိတော့လိုသည်
လူမျိုးတိုင်း၊ နိုင်ငံတိုင်းတွင် အိမ်မက်ဟုခေါ်သော စီမံကိန်းရည်မှန်းချက်များရှိသည်။ American Dream . China Dream. England Dream အစရှိသဖြင့်။ အထက်ပါနိုင်ငံများမှ အထက်ပါနိုင်ငံသားများတွင် သူတို့၏ အနာဂတ်မျိုးဆက်များ၊အနာဂတ်အကျိုးစီးပွားများ၊ အနာဂတ်သာယာအေးချမ်းလုံခြုံ ဖွံ့ဖြိုး တိုးတက်စေရေး များအတွက် အနာဂတ်စီမံကိန်း Dreams များကိုချမှတ်ရေးဆွဲထားကြသည် ။ချမှတ်ရေးဆွဲ ပြီး တက်ညီ လက်ညီအကောင်အထည်လည်းဖော်ဆောင်ရွက်ကြသည်။ ထို့ကြောင့်၎င်းနိုင်ငံများမှလူများ သည် ကိုယ်လက်ကျန်းမာပြီး စိတ်ပျော်ရွှင်ကြသည်များကိုတွေ့မြင်ရပေမည်။
ကျနော်တို့ ရခိုင်လူမျိုးတွင်လည်း Arakan Dream ရှိသည်။ ရခိုင်လူမျိုးတိုင်း အိမ်မက်မက်နေကြသော်လည်း ရက္ခိုင့်အိမ်မက်ကိုမက်ရန်မေ့လျော့နေကြသည်။ သတ္တိမဲ့နေကြသည်။ မက်ရန်တာဝန်ရှိသည်၊ မလိုအပ်ဟု လည်းထင်နေကြသူများ ကများသည်။ ကျနော်တို့၏ရှေ့မျိုးဆက်များ မှတိကျ ပြတ်သားသော အိမ်မက်များကို ပြတ်သားစွာမချမှတ်နိုင်ခဲ့ သောကြောင့် ကျနော်တို့၏ ရက္ခိုင့်အိမ်မက်များ မှာ ဝေဝါးကာ တွေဝေနေရခြင်းဖြစ်သည်ဟု ကောက်ချက်ချ လိုသည်။
ထို့ကြောင့် ကျနော်တို့ခေတ်တွင် နောက်မျိုး ဆက်များအတွက် တိကျရေရာရှင်းလင်း ပြတ်သားသောအိမ်မက် မျိုးစေ့များချရန်လို အပ်သည်။ ယခုအချိန်တွင် ရက္ခိတလမ်းစဉ်မှာ ရခိုင်များအတွက် Arakan Dream ဖြစ်လာ လိမ့်မည်။ကျနော်တို့ အနေဖြင့်လည်း (ULA / AA ) ၏လမ်းညွန်မှု အောက်တွင် ရက္ခိတ လမ်းစဉ်များ ကိုချမှတ်ဆောင်ရွက်အကောင်အ ထည်ဖော်သွားမည်ဖြစ်သည်။ (ရက္ခိတလမ်းစဉ်များ ကိုလည်းချပြသွားမည်)
လက်ရှိအချိန်တပြိုင်နက်တည်းတွင်လုပ်ငန်းစဉ်များကိုလည်းတစိုက်မတ်မတ် ဆောင်ရွက်လျှက်ရှိ သည်။ တိုးချဲ့ပြီး ဆောင်ရွက်သွားမည့် အစီအစဉ်များလည်းရှိသည်။ လက်တွဲပြီး အလုပ်လုပ်မည့်သူများကိုလည်း စောင့်မျှော်လျှက် လုပ်သင့်လုပ်ထိုက်သည်များကို မရပ်မနားဆောင်ရွက်လျှက်ရှိသည်။ အမှန်တကယ်ရိုး သားပြီးစေတနာရှိပြီး အနစ်နာခံလိုသည့်ပါဝင်ချင်သောသူများအတွက် နေရာများပေးလျှက် ဆောင်ရွက် နေသည်။ အရည်အချင်းရှိပြီး အနစ်နာခံ စိတ်ဓာတ်ပိုင်ရှင် များကိုလည်း စောင့်မျှော်လျှက်ရှိသည်။
To accomplish great things , we must dream as well as act. ( Anatole France)
ကြီးကျယ်ခမ်းနားသောအရာများကိုပြီးမြောက်အောင်မြင်ရန်အတွက် အလုပ်လုပ်ရန်လိုအပ်သ လို အလုပ်နှင့် ထပ်တူကျသောအိမ်မက်များ ကိုမဖြစ်မနေမက်ရန်လိုသည်ဟု Anatole France ကဆိုထားသည်။ ထို့ပြင် အလုပ်ပြီးမြောက်ရန်အတွက် ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်စီမံချက်၊ စီမံမှုများ အပြင် အလုပ်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု တို့သည်လည်း Anatole France ပြောသော အလုပ်နှင့် အိမ်မက် (Act and Dream) ထဲတွင်ပါဝင်သည်ဟုကျနော် ယူဆသည်။
ကျနော်ကတော့ ကြီးကျယ်ခမ်းနားပြီး အလုပ် ဖြစ်သော Arakan Dream ရက္ခိုင့်အိမ်မက်ကို မက်ရန်"သတ္တိ"(Courage)နှင့်"ရိုးသားမှု" (Honesty) သာလိုသည်ဟုဆိုချင်သည်။

No comments

Powered by Blogger.