ချင်းလူမျိုးနှင့်နေထိုင်ရာဒေသဖြစ်ပေါ်လာပုံ အဆင့်ဆင့်
ချင်းလူမျိုးနှင့်နေထိုင်ရာဒေသဖြစ်ပေါ်လာပုံ
အဆင့်ဆင့်
•••••••••••••••••••••••••••••••••••••
မြန်မာနိုင်ငံ၌ လူမျိုး ပေါင်းစုံ နေထိုင်ကြသည်။
ယင်း လူမျိုးများအနက် ယခု "ချင်း"လူမျိုး
အကြောင်းကိုလေ့လာတွေ့ရှိသလောက်ဖော်ပြ
ပေးလိုက်ပါသည်။အမှားတစ်စုံတရာ ပါခဲ့သော်
ကျမ "နှင်းနှင်းနွယ်(ရခိုင်သူ) " ၏လေ့လာမှု
အားနည်းချက်သာဖြစ်ကြောင်း ရိုးသားစွာ
ဝန်ခံအပ်ပါသည်။
နေထိုင်ရာဒေသ
•••••••••••••••••
အကြမ်းအားဖြင့် ဖော်ပြရသော် မြန်မာနိုင်ငံအနောက်မြောက်ဘက်စုံမရ တောင်တန်းဒေသ၊ နာဂတောင်နှင့် မဏိပူရ ပြည်နယ်တို့မှ တောင် ဖက်မော်တင် စွန်းရောက်လုနီး ဒေသစပ်ကြားနှင့် အရှေ့ဖက် ချင်းတွင်းမြစ်၏ လက် တက်ဖြစ် သော မြစ်သာမြစ်နှင့် အနောက်ဖက် ဘင်္ဂလားအော်ရောက်လု နီး ဒေသစပ်ကြား တောင်မြင့်ကုန်းတန်း လျှိုမြောင်တို့ မှာ ချင်းလူမျိုးတို့နေ ထိုင်ရာ အချက်အခြာဒေသဖြစ်ပေသည်။
ချင်းလူမျိုးတို့နေထိုင် ရာ မြောက်ဖက်အစွန်ဆုံးဒေသ၌ကား ပေ ၁၂၅၀၀ မြင့်သော စာရာမေ တိတောင်ရှိရာ စုံမရ တောင်တန်းဒေသဖြစ်၏ ။ ယင်း၏ အနောက်တောင် ဖက် မဏိပူရမြေပြန့်မှာ ကသည်းခေါ် မေထေးချင်းလူမျိုး တမျိုး ၏ ဒေသဖြစ်၏ ။ ထိုဒေသ၏ တောင်ဖက်၌သော် ချင်းတောင်စစ်စစ်ဟုဆိုရ မည့် တီးတိန်၊ ဖလမ်းနှင့် ဟားခါးနယ်များ ရှိပေသည်။ ယင်း၏ တောင်ဖက် ၌သော် ပေ ၁၀၄၀၀ မြင့်သော ဝိတိုရိယတောင်တဝိုက် ဖြစ်သည့် ပခုက္ကူ တောင်တန်းဒေသ (ကန်ပက်လက်) ရှိသည်။
အနောက်ဖက်၌သော် ကား မြောက်ပိုင်းရခိုင်နိုင်ငံတောင်တန်းဒေသ (ပလက်ဝ) နှင့် ကုလားတန်မြစ် ဝှမ်း၏ မြောက်ဖက်ဒေသတို့ ရှိကြသည်။ ထိုဒေသများ၌ ချင်းလူမျိုးတို့ ကို တွေ့ရပေ သေးသည်။
ထိုမျှမကသေး၊ ချင်းလူမျိုးများကို ရခိုင်ရိုးမတောင် ၏ တောင်ဖက်ပိုင်းတစ်လျှောက်နှင့် အရှေ့ဖက် မင်းဘူး၊ သရက်မြို့၊ ပြည် ခရိုင်များတွင် တွေ့ရသေး၏ ။ ထိုဒေသတို့နှင့် တဆက်ထည်းဖြစ်သော ပဲခူး ရိုးမ တောင်စွယ်တို့၌ပင် ချင်းရွာအချို့ရှိနေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ ၏အပ အရှေ့ပါကစ္စတန်ပြည်နယ်နှင့် အာသံပြည်နယ်တို့၌လည်း ချင်းလူမျိုး များရှိပေသေးသည်။
တိဗက်မြန်မာအစုဝင် ဘာသာစကားကို ပြောဆိုသူလူမျိုး အချို့ တို့ မြန်မာနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက် ကြရာတွင် ချင်းလူမျိုးတို့မှာ အရှေ့မြောက်ဖက်ဆီမှ ခပ်စောစောကပင် ဝင်ရောက်လာကြ ၍ နောက်ဝင် လာသူတို့ကို နေရာဖယ်ပေးခြင်းအားဖြင့် အနောက်ရိုးမတလျှောက်တွင် အခြေစိုက်လာခဲ့ကြဟန်တူပေသည်။ ထိုမှတဆင့် အနောက်ဖက်အာသံပြည် နယ် မဏိပူရပြည်နယ်နှင့် အနောက်ပါကစ္စတန်ဖက်သို့ တဖြည်းဖြည်းရွေ့ပြောင်းနေထိုင် ခဲ့ကြ၏ ။ လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်းခန့်တွင် ချင်းလူမျိုးအများပင် အရှေ့ဖက် ဧရာဝတီမြစ် ဝှမ်းမြေပြန့် ဒေသသို့၎င်း၊ ရခိုင်နိုင်ငံဒေသများသို့၎င်း ပျံ့နှံ့နေထိုင်လာကြ သည်ကို တွေ့ရသည်။
ဘာသာစကားအလိုက် ချင်းလူမျိုးကွဲပြားခြင်း ချင်းလူမျိုးတို့ပြောဆိုသော ဘာသာစကားများကိုလိုက်၍ ကသည်းခေါ်မေထေးအမျိုးနှင့် ချင်းရိုးရိုးဟု အမျိုးခွဲခြား သတ်မှတ်ထား၏ ။
ချင်းအမျိုးကို တဖန် ရှေးကုကီ၊
မြောက်ပိုင်း ချင်း၊ အလယ်ပိုင်းချင်း၊
တောင်ပိုင်းချင်းဟု ခွဲခြားပြန် သည်။
ပြောဆိုသော ဘာသာစကားတို့မှာ
ဘာသာတူအသံကွဲ
စကားမျိုးသာပါဝင်သည်သာမက
အခြေခံ၌သာတူ၍ သီးခြားဘာသာစကားများ
ကွဲပြားနေသည်လည်းရှိသည်။ ထို့ကြောင့်
နိုင်ငံအတွင်း၌ပင် ချင်းဘာသာစကား
၄၄မျိုးမျှ ကွဲပြားနေပေ သည်။
၁၉၄၁ ခုမြန်မာနိုင်ငံ သန်ကောင်စာရင်းအရ
ချင်းလူမျိုးဦးရေမှာ ၃၅၀,၀၀၀ ခန့်ရှိ၏။
ယင်းသို့ အမျိုးထွေပြားလှသော ချင်းလူမျိုးတို့
အကြောင်းကို သိသာထင်ရှားအောင် ရေးသားရန်မှာ ဘာသာစကား လိုက် ခွဲခြားသတ်မှတ်၍ ဖေါ်ပြမှသာလျှင် လေ့လာသူတို့အတွက် ပိုမိုလွယ်ကူပေလိမ့်မည်။
"ကသည်း"ချင်းများ
•••••••••••••••••••••
ချင်းလူမျိုးကို ၂ စားခွဲခြားထားရာတွင် ပထမအမျိုးဖြစ်သော ကသည်း ချင်းခေါ် မေထေးချင်းတို့၏ အကြောင်းကို ကသည်းလူမျိုးတွင် စုံလင် စွာ ဖေါ်ပြထားသည်။
ချင်းရိုးရိုးများ
•••••••••••••••
ချင်းရိုးရိုးများတွင် ရှေးကုကီချင်း၊ မြောက်ပိုင်းချင်း၊အလယ်ပိုင်းချင်း၊ တောင်ပိုင်းချင်းတို့ ပါဝင်သည်။
ရှေးကုကီချင်းများရှေးကုကီချင်းတို့သည် လွန်ခဲ့သော ၁၂၅ နှစ်လောက် ကတည်းကပင် အာသံနယ် လူရှေတောင်တန်းဒေသ၌ အခြေစိုက်လာခဲ့ဟန် တူသော်လည်း သာဒိုးချင်းများ ဝင်ရောက်နေထိုင်မှုကြောင့် မြောက်ဖက်သို့ ရွေ့ပြောင်းပေးကြရာ လူရှေတောင်တန်းဒေသမြောက်ဖျားနှင့် မဏိပူရနယ် တို့တွင် ယခုတွေ့ရသည်။
ရှေးကုကီတို့၏ ဘာသာစကားမှာ အလယ်ပိုင်းချင်း တို့၏ ဘာသာစကားနှင့် နီးစပ်သည်ဟုဆို၏။ ဤချင်းမျိုးတွင် ပါဝင်သူတို့မှာ ကချာနယ်မြောက်ပိုင်း တိပါရတောင်၊ စီလဟက်တွင် အများဆုံးတွေ့ရသည်။ ထို့အပြင် ရန်ခေါနှင့် ဟာလမ်များ၊ မဏိပူရပြည်နယ်ရှိ အနာလများ၊ ရခိုင်တောင်တန်းနယ်၊ ကုလားတန်မြစ်တဝိုက်ရှိ ကျော သို့မဟုတ် ချောများ လည်းပါဝင်သည်။
(ယင်းချောလူမျိုးများကား လွန်ခဲ့သော နှစ် ၃၀၀ ကျော် အထက်က ရခိုင်နိုင်ငံဘုရင်
ဖုရားစောမဲကြီ သည် ဘုရားလုပ်သားအဖြစ်
လှူဒါန်းခဲ့၍ ထိုအရပ်ဒေသသို့၍ ရောက်လာသည်ဟု သက်ကြီးစကားသက်ငယ် ကြား ရှေးသူဟောင်းတို့၏စကားတွင် ဖေါ်ပြထားသော လူမျိုးများဖြစ်သည်။)
(ပြောစကားများသာဖြစ်သည်။
အတိအကျမသိရ သေးပေ။)
မြောက်ပိုင်းချင်းများ
•••••••••••••••••••••
မြောက်ပိုင်းချင်းလူမျိုးတို့တွင်လည်း နီးစပ်ရာ ဘာသာစကားအလိုက် (က) သာဒိုးချင်းများနှင့် (ခ) စုတ်တေးကမ်ဟောင်နှင့် စိယင်ချင်းများဟု ၂ စုခွဲထားသည်။သာဒိုး(၆၀၀၀) နှင့် ယိုး(၁၄၀၀)တို့မှာ ယခင်က မြန်မာပြည်မ တွင် နေခဲ့ကြဟန်တူ၏ ။ နှစ်ပေါင်း ၃၀၀၊ ၄၀၀ လောက်က နာဂတို့ဒေသဖြစ်သော စုံမရတောင်တန်းဒေသသို့ ဝင်ရောက်နေထိုင်လာကြ သည်။ ယခုအခါတွင် တီးတိန်နယ်၏ မြောက်ဖက် အစွန်ဒေသနှင့် မဏိပူရပြည်နယ်တို့တွင် တွေ့ရသည်။
၁၉၃၁ ခုသန်ကောင်စာရင်းအရ စုတ်တေးချင်းဦးရေမှာ ၁၇,၀၀၀ ကျော်၊ ကမ်ဟောင်ချင်း ၂၀,၀၀၀ကျော်နှင့် စိယင်ချင်း ၃၅၀၀ ကျော် ရှိကြောင်း သိရ၏ ။ယင်းတို့မှာ အကြမ်းအားဖြင့် တီးတိန်နယ်တွင်နေကြ၍ တီးတိန်ချင်း ဟုလည်း ခေါ်ကြသည်။ စုတ်တေးချင်းတို့သည် တီးတိန်နယ်မြောက်ပိုင်း မဏိပူရမြစ်ကမ်းများပေါ်တွင် နေကြသည်။ အထက်မြန်မာပြည်ကို သိမ်းပိုက်စဉ်က ဗြိတိသျှတို့ အကျိတ်အနယ် တိုက်ယူရသော ချင်းတို့မှာ စိယင်ချင်းများဖြစ်၏ ။ အမည်ရင်းမှာ ရှီယန်တေးဖြစ်၏။ မြန်မာတို့က သူတို့ကို စိယင်ဟုခေါ်ကြသည်။
(အမှန်ခေါ်သင့်ပေသည်။)
ရှီယန်ချင်းတို့မှာ လူဦးရေနည်း၍ ရွာကြီးတစ်ရွာလောက်သာနေလင့်ကစား
စစ်မှုထမ်းခြင်းတွင် လက်ဦးဖြစ်ခြင်း၊ အသိဥာဏ်ကောင်းခြင်း၊ တိုးတက် လိုခြင်းတို့ကြောင့် အရေးပါလှသူများဖြစ်၏။ ဒေသအနှံ့အပြားသို့ ရောင်း ဝယ်ဖောက်ကားလေ့ ရှိကြသဖြင့် နေရာအနှံ့အပြားသို့ ရောက်သည့်အတိုင်း သူတို့၏ စကားကို တီးတိန်နယ်တွင် အများပြောဆိုနိုင်၍ ထိုနယ်၏ရုံးသုံး စကားပင် ဖြစ်ခဲ့ပေသည်။ ရှီယန်ချင်းတို့သည် တီးတိန်၊ စုတ်တေးတို့၏ အရှေ့ဖက်ဒေသတွင် နေထိုင်ကြသည်။ပင်ပန်းခံကာ ကြိုးစားလုပ်ကိုင်၍ တတ်သိလိုစိတ်ရှိကြသည်။ ယောက်ျားတို့သည် အမဲလိုက်ခြင်းနှင့် စစ် တိုက်ခြင်း၌ ဝါသနာပါသည်။ အလုပ်ကြမ်းမှာမူ မိန်းမနှင့် ကျွန်တို့၏ အလုပ်ဖြစ်သည်ဟု ရှီယန်ချင်းတို့ ဆိုရိုးစကားရှိသည်။
တီးတိန်နယ်ချင်းတို့သည် ဖလမ်းချင်း(ဝှန်လငိုတို့မှတပါး) တို့နှင့်မတူဘဲ ဆံနောက်တွဲထုံးကြသည်။ မဏိပူရပြည်နယ်သို့ သွားရာလမ်းမှာ ထိုချင်းတို့၏ဒေသကို ဖြတ်သန်းသွား သဖြင့် ယဉ်ကျေးမှုတွင် များစွာတိုးတက်လျက်ရှိကြသည်။
အလယ်ပိုင်းချင်းများ
•••••••••••••••••••••
ဖလမ်းနှင့် ဟားခါးနယ်များတွင် နေကြသောချင်းများသည် အလယ်ပိုင်း ချင်းဖြစ်၏ ။ ဖလမ်းနယ်ရှိ ချင်းတို့တွင်ရှုန်က္လ သို့မဟုတ် တရှုံချင်းများ (၃၀၀၀)၊ ဇယောင် သို့မဟုတ် ယဟောင်ချင်းများ (၉၅၀၀)၊ လိုင်ဇို သို့မဟုတ် လွန်စီအိုချင်းများ (၆၅၀၀)၊ ကွန်လီချင်းများ (၃၅၀၀)၊ ငွန် သို့မဟုတ် တပေါင်ချင်းများ (၆၀၀၀)၊ လူရှေ့ သို့မဟုတ် ငင်တေချင်းများ (၄၀၀၀)၊ ဝှန်လငိုချင်းများ (၃၅၀၀) နှင့် ဇင်ဂျက်ချင်းများ(၆၀၀၀) တို့ပါဝင်သည်။ ဤဒေသတွင် လိုင်ဇိုစကားကို အသုံးများသည်။
လူရှေ နှင့်လခါ အမည်ရှိချင်းများ
•••••••••••••••••••••••••••••••••••
အလယ်ပိုင်းချင်းတို့တွင် လူရှေနှင့် လခါချင်းတို့ကိုပါ ထည့်သွင်းပေးရပေ မည်။ မြန်မာနိုင်ငံမှအာသံပြည်နယ်ဖက်သို့ ရွှေ့ပြောင်းခဲ့ကြသဖြင့် မြန်မာနိုင်ငံအတွင်းမှာ ထိုလူများကို အနည်းငယ်သာတွေ့နိုင်ပေသည်။ လူများစုမှာ မူ နိုင်ငံပ၌ နေထိုင်ကြ၏ ။ ရခိုင်နိုင်ငံတောင်တန်းနယ် မြောက်ပိုင်းတွင် လခါများ ရှိသေးရာ ထိုဒေသ၌ ယင်းတို့ကို ရခိုင်တို့က ရှမ်းတုဟု ခေါ်ကြသည်။
တောင်ပိုင်းချင်းများ
••••••••••••••••••••
တောင်ပိုင်းချင်းများတွင် ပါဝင်သူတို့မှာ ပခုက္ကူတောင်တန်းဒေသ၊ ချင်းတောင်နှင့်ရခိုင်တောင်တန်းဒေသတို့ဆုံရာ ခေါင်လှသည့် ဒေသတွင်နေထိုင်ကြသည်။ ဝေလောင်ချင်းများ၊ တမန်း(ဂ) များ (၈၀၀၀)၊ မိရမ်များ (၅၀၀၀)၊ ဇိုလမ်နီများ (၂၅၀၀) နှင့် မဂန်ခေါ် ကြိမ်ပတ်ချင်းများ(၃၀၀၀) တို့ အပြင် ပခုက္ကူတောင်တန်းဒေသနေ ချင်းများ၊ မင်းဘူး၊ သရက်မြို့၊ ပြည် ခရိုင်များနှင့် ရခိုင်တိုင်းနေချင်းများပါဝင်ကြသည်။
ပခုက္ကူတောင်တန်းဒေသရှိချင်းများ
••••••••••••••••••••••••••••••••••••••••
(ချင်းပုတ်၊ ချင်းပုန်းနှင့် ယင်ဒူးများ)
ပခုက္ကူတောင်တန်းဒေသတွင် ချောင်း ၁၀ ချောင်းရှိရာ ထိုချောင်းတို့ အနက် မြောက်ဖက်ပိုင်း ၇ ချောင်းတွင် ချင်းပုတ်ခေါ် ကန်ပက်လက်ချင်းတို့ (၂၀၀၀၀) နေထိုင်၍ တောင်ဖက်ကန်ပက်လက်အထက် စလင်းနှင့် အခြားအချောင်းတွင် ယင်ဒူးတို့ (၄၅၀၀) နေထိုင်ကြ၏ ။ မုန်းချောင်းနှင့် ထိုချောင်း၏ မြောက်ဖက်နှင့် ဆောမြို့၏တောင်ဖက်တွင် ချင်းပုန်း(၈၀၀၀) တို့ကို တွေ့ရ၏။ထိုမှသည် တောင်ဖက်မင်းဘူးခရိုင်သို့ ပျံ့နှံ့ နေထိုင်ကြသည်။
တောင်ပိုင်းချင်းအချို့သည် များသောအားဖြင့် မျက်နှာတွင် ပယဲထိုးကြ သည်။ ထိုးသည့်ပုံစံမှာ လူမျိုးစုကိုလိုက်၍ ကွဲပြား၏။ အသက် ၇နှစ် ၈နှစ်လောက်မှစ၍ နှစ်စဉ်နှစ်တိုင်း မျက်နှာပြည့်သည့်တိုင်အောင် ထိုးကြ သည်။ ပယဲထိုးရသည့် အကြောင်းမှာ အခြားလူမျိုးက ဖမ်းဆီးသွားသော် လွယ်ကူစွာရှာဖွေနိုင်ရန်အတွက် ဖြစ်သည်ဟုဆို ၏ ။ ချင်းပုန်းတို့မှာ ဗုဒ္ဓ အယူဝါဒကို အများအပြား သက်ဝင်ယုံကြည်ကြသည်။
ခမီချင်း(သို့)ရခိုင်တိုင်းခမွီအကြောင်း

သည်အကြောင်းကိုလေ့လာမှုအနည်းနေသေး
ပေသည်။ချင်းလူမျိုးထဲတွင်ခမီလူမျိုးရှိသလို
ရခိုင်လူမျိုးထဲတွင်လည်းခမီ(ခမွီ)ဟုရှိသည်။
ယင်းလူမျိုးတို့သည်အတူတူပင်လော့။
သေချာမသိသေးသဖြင့်အလျင်းသင့်သောအခါ
လေ့လာတင်ပြပေးပါမည်။
ရခိုင်လူမျိုးထဲတွင်ခမီ(ခမွီ)သည်လူနည်းစုဖြစ်
သော်လည်းချစ်စရာဓလေ့တွေနဲ့ရိုးရာဓလေ့ကို
တန်ဖိုးထားကြသောလူမျိုးဖြစ်သည်။ခမီ နှင့် ခမွီ
အကြောင်းကိုလေ့လာပြီးလျှင်တင်ပြပေးပါမည်။
မှတ်ချက်။မြန်မာ့စွယ်စုံကျမ်းဦးဘရှင်နှင့်
သမိုင်းဆရာများအား Creditပေးပါသည်။

Leave a Comment