ရခိုင်မလေးမျက်ရည် ခိုဝေဝေ (သို့) စောသန္တာ'နှလုံးသားအားနှင်းနှင်း ခိုဝင်ကြည့်ခြင်း (၂)


 
နှင်းနှင်းနွယ်(ရခိုင်သူ)
5/4/2016
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ကျမ ရန်သူတွေရှိရာ စစ်ကွင်းထဲကိုဘယ်လို့ဝင်ရ
မလဲ။
နေမင်းကြီးကလည်းကမ္ဘာကြီးထဲမှလူတွေကို
ခဏတာနားခိုစေဖို့ လောကကြီးကိုနှုတ်ဆက်သွား
ပြီ။ ကျမ အရမ်းပင်ပန်းနေပြီ။ရွှေပုံမှာစံနေခဲ့သော
ဘဝကဘဝခရီးရဲ့ပင်လယ်ပြင်ကိုထွက်လာတော့မှ
လောကကြီးဆိုတာ တော်တော်ကြမ်းတာပဲဆို
တာပို၍သဘောက်ပေါက်နားလည်လာခဲ့သည်။
မြင်းကလေးလည်း တစ်နေ့လုံးကျမရဲ့မောင်းနှင်မှု
ကြောင့်ပင်ပန်းနေပြီ။ ခါးထဲ၌ပါလာသောရေဗူးကို
ဖောက်သောက်လိုက်တယ်။ခဏလေးနားမယ်ဆို
ပြီးကျမ ရန်သူ့နယ်စပ်မှာ နားလိုက်တယ်။

နှုပျိုမှုတွေနဲ့ခရီးကြမ်းကိုမနှင်ဖူးသော ကျမ
ခဏလေးမှေးလိုက်တယ်။

ဒီအချိန်မှာဘဲ...

ဒုန်း ..ဒုန်း .. ဒုန်း ..

ကျမ လန့်နိုးသွားတယ်။
လုံးဝမထင်မှတ်ထားတော့ အဖြစ်အပျက်ကို ကျမ
ကြုံတွေ့နေရပြီ။ ရန်သူ စစ်သားတွေ ကျမ ကိုဝိုင်း
ထားပြီ။
ကျမ ထရပ်လိုက်တယ်။

ဒီအချိန်မှာဘဲ စစ်သားတစ်ယောက်ကမေးတယ်။

ဒီမှာကောင်လေး!
မင်းကို ငါတို့ခဏလေးဖမ်းရလိမ့်မယ်။
ငါတို့လိုက်ခဲ့ပါ။ မင်းကိုစစ်ဆေးစရာရှိတယ်။

(ကျမ ယောကျာ်းလေးတစ်ယောက်လိုဝတ်ဆင်
လာခဲ့သည်။ ဒါကရှေးပထပိုင်း၌မေ့လျှော့ခဲ့လို့
ယခုမှအသိပေးတာပါရှင့်။)))

ဆိုပြီး ကျမ ကို ခေါ်သွားခဲ့ကြသည်။

ကျမ မဲ့ပြုံးပြုံးလိုက်တယ်။

ကျမကို သူတို့စစ်သေနာပတိချုပ်ဆီခေါ်သွားခဲ့
ကြသည်။ စစ်သေနာပတိချုပ်သည်ကျမကို
အကဲခပ်ကြည့်သည်။ပြီးတော့ မေးသည်။

ကောင်လေး-မင်းဘယ်ကလဲ?
ဘယ်ကလာသလဲ?
စသည်ဖြင့်မေးသည်။

ကျမကလည်း ..
တိုင်းမဟိံ သက္က၊ မြို့မြောက်ဦးက၊
အာရီယန်နွယ်ဖွား၊ အညတရရခိုင်သား'
ဟု ပြန်ပြောလိုက်သည်။

စစ်သူကြီးသည် ကျမ ကိုပြုံးကြည့်နေသည်။
ကျမကယောကျာ်းလေးဟန်ဆောင်ထားတာဆို
တော့ မိမိကိုယ်ကိုမလုံဘူးဖြစ်နေသည်။
စစ်သူကြီးကိုကျမမသိမသာအကဲခတ်ကြည့်လိုက်
တယ်။ စွဲမက်ဖွယ်ရုပ်ရည်၊ မို့မောက်သောရင်သား၊
တည်ကြည်သောရုပ်သွင်၊ အရာရာကိုအလေးအနက်
ထားစဉ်းစားတွေးခေါ်နိုင်သောဥာဏ်၊
ပြုံးနေရင် ကြည့်ကောင်းသောမျက်နှာ စသော
ယောကျာ်းရူပကာယမြင်ရတော့ ကျမ နည်းနည်း
ရင်ခုန်မိသွားတယ်။ယောကျာ်းသားတွေနဲ့
အနီးမနေဖနေဖူးတော့ ကျမ ရင်ခုန်မိသွားတာ
အမှန်ပါပဲ။
ကျမခန္ဓာကိုယ်ကိုတည့်တည့်မတ်မတ်
ရပ်လိုက်သည်။
စစ်သူကြီးပြုံးကြည့်နေသည်။

နောက် ..
မင်းနဲ့စကားပြောချင်တယ်။ ငါ့ ထဲကိုကြွပါ။
ဆိုတော့ ကျမ ပိုပြီး ရင်တုန်သွားသည်။

အတိုချုံးပြောရရင် ကျမ နှင့် စစ်သူကြီးသည်
တဲထဲတွင်စကားတော်တော်များများပြေကြသည်။
စစ်သူကြီးသည် ပျူငှာသည်။နှလုံးလှသည်။
နှုညံ့သောစိတ်ထားရှိသည်ဆိုတာ ကျမ သိလာ
ရတော့ မိကလေးအတိုင်း ရန်ခုန်မိတာတော့အမှန်
ပါပဲ။

စစ်သူကြီးသည် ဘာစိတ်ကူးပေါက်သည်မသိ
ကျမ ကိုတဲထဲက ခေါ်ထုတ်ပြီး စစ်သူကွင်းထဲကို
ခေါ်လာခဲ့တယ်။

ပြီးတော့ ..

စစ်သားအပေါင်း တို့ ငါစစ်သူကြီးသည်
ဤသူငယ်ကိုသဘောကျသည်။ ထို့ကြောင့်
ဤသူငယ်ကို ငါမသတ်လို့။ သူဟာငါ့တို့ရန်သူ
မဟုတ်။ မြောက်ဦးမြို့က ပြည်သူတစ်ယောက်သာ
ဖြစ်သည်။ ထို့ကြောင့် သည်သူငယ်လည်း အသက်
ရှင်ရအောင် ငါတို့လည်း မေတ္တာနှလုံးပြည်စုံ
ကြောင်းပြသရာရောက်အောင် ဤသူငယ်ကို
ငါ၏ ကိုယ်နားမှာ အလုပ်အကြွေးပြုခန့်အပ်မယ်။
ငါ၏ဝေရာဝစ္စတွေကို လုပ်ဆောင်ဖို့ ငါ့၏အမှုန့်
ဆောင်အဖြစ်ခန့်အပ်မည်။

ဆိုပြီးတော့ သူ့ရဲ့စစ်သားတွေကို ကျေညာချက်
ထုတ်လိုက်သည်။

ကျမ အရမ်းဝမ်းသာသွားသည်။ ကျမလိုချင်သော
အရာကိုရခဲ့ပြီ။ ကျမ ရန်သူ၏ယုံကြည်မှုကို ရခဲ့
ပြီ။ ဒါဟာ ကျမ ချစ်တဲ့ နန်းတော်နှင့် ကျမပြည်သူ
တွေကို ကူညီနိုင်မယ့် အခွင့်အလန်းပဲ ဆိုပြီးကျမ
အတွေးနယ်ချဲ့ကာပျော်ရွှင်သွားခဲ့သည်။

_____________________

ကျမ စစ်သူကြီး၏ စစ်ရေးပြကွက်၊ စစ်တိုက်မယ့်
ရက်၊ စစ်သားဘယ်လောက်ရှိတယ် ဆိုတာရယ်၊
ဘယ်လိုတိုက်ခိုက်မယ် ဆိုတာ တော်တော်များများ
သိခွင့်ရခဲ့သည်။
ကျမ စစ်သူကြီးနဲ့လည်း ပို၍ ခင်မင်လာခဲ့သည်။
စစ်သူကြီး၏ နှုညံ့သော နှလုံးသားကိုလည်း ပို၍
ခင်မင်လာခဲ့သည်။ ကျမ စစ်သူကြီးကို တိတ်တိတ်
ကလေးချစ်လာခဲ့တယ် ဆိုရင်ပိုပြီးမှန်ကန်တယ်။

ကျမ မြောက်ဦးရွှေမြို့တော်ကို ရန်သူ့စစ်ကွင်း
အကြောင်း၊ ရန်သူဘယ်လိုက်တိုက်မယ်ဆိုတဲ
အကြောင်း၊ ရန်သူကို ဘယ်လို ခံတိုက်ရင်နိုင်
နိုင်တယ် ဆိုတဲ့အကြောင်း စသောအကြောင်း
အရာတော်တော်များများကို လျှော့ဝှက်လူနဲ့
သတင်းစကားပါး လိုက်သည်။

စစ်တိုက်ဖို့ရက်နီးလာခဲ့ပြီ။ ကျမ၏သတင်းစကား
ပေးပို့မှုကြောင့်လည်းမြောက်ဦးတပ်မတော်သည်
ဒီလောက်ဆိုရင် အနိုင်ရဖို့သေချာနေပြီဆိုပြီး
ကျမ တွေးပြုံးလိုက်မိသည်။

စစ်တိုက်ဖို့သုံးရက်အလို တစ်နေ့...

ကျမ အရမ်းပူအိုက်တယ် ဆိုပြီးတိတ်ဆိပ်သော
ညကလေးမှာ လရောက်အောက်၌တစ်ယောက်
တည်းရေချိုးနေသည်။

ဒီအချိန်မှာဘဲ ...

ဟာ ... သွားပြီ။ ကျမ ရေရွက်မိလိုက်သည်။

အဘယ်ကြောင့် ဆိုသော် ကျမ ရေချိုးနေတာကို
စစ်သူကြီးရပ်ကြည့်နေသောကြာင့်ပါပဲ။

ကျမ ကြောက်ဒူးတုန်သွားသည်။
ကျမဘာဆက်လုပ်ရမလဲ။ ယောကျာ်းလေးဟု
ထင်နေသော ကျမ ကို အခုတော့ မိကလေးဟု
သိလိုက်ရတော့ ကျမ ကို သတ်မလား ဆို့အတွေးနဲ့
ရေချိုးနေတာ ခန္ဓာကိုယ်မအေးနိုင်လဲ အာတွေ
ခြောက် ဇောချွေးတွေပြန်လာခဲ့သည်။

စစ်သူကြီးကို ကျမ ည၏လရောင်အောက်မှာ
သဲ့သဲ့လေးမြင်ရတယ်။
ကျမ လည်းမထူးတော့ပါဘူးလေ ဆိုပြီး အဝတ်
တွေဝတ်ပြီးစစ်သူကြီးအနားသွားလိုက်တယ်။

စစ်သူကြီးသည် ကျမ ကိုပြုံးကြည့်နေသည်။

ကျမ စိတ်ထဲ၌နည်းနည်းသက်သာရာရသွားသည်။

စစ်သူကြီး က ပြောသည်။

မင်းမိကလေးတစ်ယောက် ဆိုတာ ငါမင်းကို
မြင်ကတည်းကသိခဲ့တယ်။ မြင်မြင်ချင်းပဲ
မင်းလေးကို ငါ စွဲမက်သွားခဲ့သည်။
ငါ မင်းလေးကို သတ်ဖို့အကြိမ်ကြိမ်ကြိုးစား
ခဲ့တယ် မိကလေး။ ဒါပေမယ့် ငါ့ နှလုံးသားက
ခွင့်မပြုခဲ့ဘူး။ ဒါကြောင့် ငါ့ရဲ့အနီးမှာနေဖို့
မင်းကိုခွင့်ပြုလိုက်တယ်။ မင်းလေးဘယ်လောက်
ပဲ ယောကျာ်းလေးလိုဟန်ဆောင်ပါစေ ငါကမင်း
လေးဟာ မိကလေးဆိုတာ မင်းရဲ့ အပြုအမှု၊
အပြောအဆို၊ တခါတခါ ငါ့အပေါ်နွဲ့ဆိုးဆိုး
ဂျီကျတာတွေကသိတယ်။
မင်းလေးကို ငါအရမ်းချစ်တယ် မိကလေး။
ငါဟာစစ်သူကြီးတစ်ယောက်ပါ။ ဘယ်သူမဆို
ပြုမှုချင်သလိုပြုမူလို့ရတယ်။ ဒါပေမယ့် မင်းလေး
ကို ငါ တစ်ခ်ါမှအခွင့်အရေးမယူခဲ့ဘူး။
ကြမ်းတမ်းတဲ့ငါ့စိတ်ကဖြူစင်တဲ့ငါ့ရဲ့နှလုံးသား
ကိုမတော်လှန်နိုင်ခဲ့ဘူး။မင်းလေးဟာ မြောက်ဦး
သူ ၊ ရန်သူ မြို့နယ် က ဆိုပေမယ့် ငါအရမ်းတိတ်
တခိုးချစ်ခဲ့တယ်။
ဆိုပြီး ကျမ ကို ပြောဆိုပါလေတော့သည်။

ကျမလည်း ပျော်ရွှင်ရမလား၊ဝမ်းနည်းရမလား
မသိတော့ဘူး။ ကျမ တိတ်တခိုးချစ်နေတဲ့ ရန်သူစစ်သူကြီးက
 ကျမ ကိုလည်းချစ်နေပါသတဲ့။
ကျမ ဘာလုပ်ရမလဲ။ ကျမ ဘာမှမပြောထွက်တော့
ဘူး။ စစ်သူကြီးရဲ့ ရင်ခွင်ထဲကိုပဲ တိုးဝင်ပြီး ငိုရှိုက်
လိုက်တော့သည်။
စစ်သူကြီးသည် ကျမ ကို ဖွဖွလေးဖက်ထားသည်။
ကျမ ရင်တွေနွေးနေသည်။
ကျမကလည်း ယောကျာ်းပီသသော
ထိုစစ်သူကြီးကို မြင်ခဲ့ရကတည်းက ချစ်နေခဲ့
တာပါ။

ကျမ နဲ့စစ်သူကြီးသသည် ထိုညက တစ်ညလုံး
စကား ပြောခဲ့ကြသည်။ စစ်သူကြီးသည် ကျမကို
လုံးဝအခွင့်အရေးမယူခဲ့ပေ။ နောက်ဆုံး
အနမ်းလေး တစ်ပွင့်တောင်မချွေခဲ့ပါ။
စစ်သူကြီးသည် ကျမ ကို ပြောသည်။
မြောက်ဦးမြို့ကို တိုက်ခိုက်ပြီးရင် မင်းလေးကို
မိဖရားမြောက်စားမယ် ဆိုတဲ့အကြောင်း
သူရဲ့ အနာဂတ်တော်တော်များများကို ပြောပြခဲ့
သည်။

(((တော်သေးသည်။ စစ်သူကြီးသည် ကျမကို
မိကလေးဟုသိခဲ့သော် လည်း မြောက်ဦးပြည့်ရှင့်
ဘုရင်ကြီး၏ သမီးတော် စောသန္တာ ဆိုတာမသိ
ခဲ့ပေ။ ဒီအတွက် ကျမ ကံကောင်းခဲ့သည်။))))

စစ်တိုက် ခဲ့ကြလေပြီ။

ကျမသည်စစ်မတိုက်ခင်တစ်ရက်အလိုက
တည်းကစစ်သူကြီးကိုမာယာပရိယယ်ဆင်ပြီး
မြောက်ဦးမြို့ကိုသွားလိုကြောင်း၊ဖေဖေ၊မေမေတို့
ကိုပြောထားမယ်ဆိုတဲ့မကြောင်း၊
စစ်တိုက်ပြီးရင်ကျမလာခဲ့မယ်ဆိုတဲ့အကြောင်း၊
မောင်တော်ကိုလည်းကျမဘဝမှာတစ်ခါမှမချစ်ဖူးတဲ့ချစ်နဲ့
ချစ်ပါကြောင်း၊စသောအကြောင်းအရာ
တော်တော်များများကိုပြောခဲ့ပြီးမိကလေးမာယာ
ကိုသုံးပြီးရန်သူ့စစ်ကွင်းထဲကစစ်သူကြီး
ကိုတိုင်လိုက်ပို့ပြီးမြောက်ဦးရွှေမြို့တော်ကိုပြန်ခဲ့
လေသည်။

စစ်ပွဲစတင်ခဲ့လေပြီ။

ရန်သူ့စစ်ကြောင်း၏တိုက်ခိုက်ပုံ၊ရန်သူ့စစ်
ကြောင်းဆင်ပုံကို၊ဘယ်ကနေဘယ်လိုထိုး
စစ်ဆင်နိုင်ပုံကိုကျမ၏သတင်းစကားပေးပို့မှု
ကြောင့်ရန်သူအခြေအနေကိုသိထားတော့
ကျမတို့မြောက်ဦးရခိုင်တပ်မတော်သည်ရန်သူကို
ခုံခံနိုင်ခဲ့သည်။
အတိုချုံးပြောရလျှင်နောက်ဆုံးကျမတို့ရခိုင်တပ်မ
တော်သည်အနိုင်ရခဲ့လေသည်။ကျမချစ်ရသော
စစ်သူကြီးကိုလည်းလက်ရဖမ်းမိခဲ့သည်။

ကျမကိုဖခမည်းတော်မင်းကြီးနှင့်တကွစစ်သေနာ
ပတိမူးမတ်၊ပညာရှိကဝိများသည်ကျေးဇူးတင်
စကားဆိုပြီးချီးမြှောက်ကြသည်။
တိုင်းသူပြည်သားတွေလည်းပျှော်ရွှင်နေကြသည်။
ကျမတို့ရခိုင်နိုင်ငံသည်အရင်အတိုင်းပြန်ပြီးအေး
ချမ်းခဲ့လေပြီ။ရန်သူစစ်ဗိုလ်ကိုလည်းဖမ်းမိခဲ့ပြီ။

ကျမ ပျော်ရွှင်ပါတယ်။
ကျမရခိုင်နိုင်ငံတော်နဲ့ကျမမွေးဖွားရာမြောက်ဦး
နန်းတော်ကိုကျမကယ်တင်ခဲ့ပြီ
ကျမတကယ်ပျော်ပါတယ်။ကျမရင်ထဲမှာအထပ်
ထပ်တိတ်တဆိပြောနေပ်တယ်။ဒါပေမယ့်ကျမ
အချစ်နှလုံးသားကတော့သေခဲ့ပါပြီ။
ဒီစစ်ပွဲမှရခိုင်တပ်မတော်အနိုင်ရခဲ့ပေမယ့်ကျမ
နှလုံးသားစစ်ရှုံးခဲ့သည်။ကျမမငိုပါဘူး။
ကျမနှလုံးသားကိုတိုင်းပြည်အတွက်ပေးဆပ်တာ
ပဲလို့သာခံယူခဲ့သည်။
ကျမရန်သူ့စစ်သူကြီးကိုချစ်ခဲ့သည်။
တစ်ခါမှမချစ်ဖူးသောအချစ်နဲ့ချစ်ခဲ့သည်။
ဒါပေမယ့်ကျမရခိုင်နိုင်ငံကိုပိုပြီးချစ်ရမယ်လေ။

ရန်သူ့စစ်သူကြီးကိုကျမထွက်မတွေ့ခဲ့ပါဘူး။
နောက်ဆုံးသတင်းကြားတာကရန်သူစစ်သူကြီး
ကိုဖခမည်းတော်နှင့်တကွကဝိပညာရှိအမတ်များ
သည်ရန်သူစစ်သူကြီးကိုသစ္စာရေတိုက်ပြီးတိုင်း
ပြည်ကနှင်ထိုက်လိုက်ကြသည်ဟုသိရသည်။

ကျမပျော်ပါသည်။မေတ္တာတရားနဲ့ပြည့်စုံသော
ဖခမည်းတော်ကခွင့်လွှတ်ပြီးရန်သူ့စစ်ဗိုလ်ကြီးကို
အသက်ချမ်းသာပေးခဲ့သည်။

ကျမတို့ရခိုင်နိုင်ငံအနိုင်ရခဲ့ပေမယ့်ကျမအချစ်
နှလုံးသားကိုအများကြီးကုစားရအုံးမှာပါ။
ကျမချစ်သောရန်သူစစ်ဗိုလ်ကိုလည်းမေတ္တာပိုပြီး
နောင်ဘဝမှာဆုံကြဖို့မြောက်ဦးဘုရားတော်တော်
များများမှာဆုတောင်နေမှာပါ။
ဆုတောင်းနေမှာပါ မောင်တော်ရန်သူစစ်သူကြီး
ရယ် ။ ။


မှတ်ချက် ။ သမိုင်းမဟုတ်သောကျမ၏
နှလုံးသားခံစားမှုများသာဖြစ်သောကြောင့်သမိုင်း
အမြင်နှင့်မဖတ်ရှုပဲနှင်းနှင်းနွယ်ခံစားမှုဟုသာ
ဖတ်ပေးကြပါရန် တောင်းဆိုပါသည်။

No comments

Powered by Blogger.