တိုက်ပွဲဝင်နီကတ်တေ ယင်းကလေချေတိ ကိုချစ်တယ်
တိုက်ပွဲဝင်နီကတ်တေ ယင်းကလေချေတိ ကိုချစ်တယ် (ကဗျာ)
Dr. ညိုထွန်းအောင်
2014 Sep 18
Edited :Jan 6 ,2015 ,Wednesday
တော်လှန်ရီးဆူးတံတိုင်းက
အကန့်အသတ်မရှိစည်းခြားထားရေခါ
အများအမြင်နန့်ထပ်တူမကျနိုင်မှန်းသိကေလေ့
နားလည်မှုတဝပီးနိုင်သူတစ်ယောက်
ဘဝအသိသီအိုရီကြားထဲမှာ
တက်ကနိုလော်ဂျီ(Technology)မပါရေအချစ်
ပလစ်စတစ်ဆာဂျယ်ရီလောင်းမထားရေအချစ်
အာတီဖီချယ်(Artificial)သုံးမထားရေအချစ်တိနန့်
ယင်းတိုက်ပွဲဝင်နီရေကလေချေကို
ချစ်တယ်။

တော်လှန်ရီးကာလရေ
ပြည်သူနန့်တိုက်ရိုက်အချိုးကျတေအတွက်
ဇာသူကဇာလောက်တာဝန်ယူလေ့ဆိုစော်ပြင်
တာဝန်ခံမှု၊တာဝန်သိမှု၊တာဝန်ကျီမှုတိကို
ဆိတ်သားရီနန့်ဖုံးဖို့ကြိုးစားကတ်ကေလေ့
လစ်လျူရှုမှုထက်မှာမမြင်ကွန်ဆောင်ဖို့မတတ်တေလူတိနန့်
ထွက်ပေါက်ကိုရောက်အောင်ဖောက်လို့ကြိုးစားယင်း
မင်းနန့်ငါနီးဖို့ကတော်လှန်ရီးအောင်မြင်မှ
မဖြစ်နိုင်စော်တိကိုဖြစ်နိုင်အောင်လုပ်ယင်း
အားငယ်မှုတိကိုပြောင်းပြန်လှန်ပီးတတ်သူ
ကောက်ကြောင်းလှတိနန့်တည်ဆောက်ထားရေ
တိုက်ပွဲဝင်နီကတ်တေယင်းကလေချေတိကို ချစ်တယ်။
တော်လှန်ရီးမိုင်ရှည်ခရီးကြမ်းထဲ
မအားမလပ်မှုတိနန့်
အနားမကပ်နီနိုင်မှုတိများကေလေ့
ဘောက်ဂျိုးကိုငရုတ်သီးသုပ်ပနာခွံကျွေးဖူးရေ
ပီးဆပ်မှုဆိုစော်လူတိုင်းနန့်ဆိုင်မှန်းသိရေ
ဇာကိစ္စမဆိုဘာခီရစော်မဟုတ်မှန်းသိရေ
တော်လှန်ရီးဆိုစော်တော်လှန်ရီးမှန်းသိရေ

Leave a Comment