ရိုးမနှစ်ခု၏ ခွဲခြားဆက်ဆံမှု
နှင်းနှင်းနွယ်(ရခိုင်သူ)
2/6/2016
မှတ်ချက်။ ။ စာရွီးဆရာ ရက္ခ ဆောင်းပါးကို
တမှုန့်ချေပြင်ပနာရွီးသားပါသည်။
ပဲခူးရိုးမ
••••••••
ရခိုင်ကိုမရောက်ခဲ့တာကြာခဲ့ပြီမို့ နှင်းနှင်းရယ်၊
နန်းဦးမွန်ရယ်၊ ဂျူလီအိုင်းရစ်ရယ်၊ ပေါ့..
လေယာဉ်မစီးတော့ဘဲကားဒရိုင်ဘာတစ်
ယောက်ငှားပြီးအတွေ့အကြုံဗဟုသုတရစေနိုင်
ဖို့ ကားစီးပြီးရခိုင်ကိုသွားခဲ့ကြသည်။
တခါတခါနှင်းနှင်းကကားမောင်းတယ်။
နန်းဦးမွန်လည်းမောင်းတယ်။
ဒရိုင်ဘာကလည်းတဖွဲ့လုံးနဲ့သိတော့ ခရီးသွား
ရတာသက်တောင့်သက်တာရှိပြီး ပျော်စရာ
ကောင်းပါတယ်။
ပြည်ကို ကျော်ခဲ့ပြီမို့ တချိန်ကရခိုင်လူမျိုးတွေတော်
တော်များများပိုင်ခဲ့သောပဲခူးရိုးမကို စပြီးတက်ရ
ပါတယ်။မတ်စောက်သောတောင်ကုန်းတွေက
ထွက်ပေါ်လာသောလေကိုမှန်တံခါးဖွင့်ပြီးတဝ
ကြီးရှူကြသည်။သဘာဝလေ၏အေးမြမှုတွေက
ပင်ပန်းမှုတွေကိုပြေပျောက်သွားသလိုခံစားရ
သည်။
ပဲခူးရိုးမကို ကျမ အကဲခတ်ကြည့်လိုက်တယ်။
တော တောင်တွေ တော်တော်များများက သစ်
ဝါးတွေနဲ့ သူ့တည်းသူ့ဟန်နဲ့သူ ပြည့်စုံနေကြ
သည်ကိုတွေ့ရသည်။တခါတခါ " တောမီးမရှို့ရ'
ဆိုင်းပုတ်တွေကို ပဲခူးရိုးမထဲမှာတွေ့ရသည်။
ကျမကတော့တော်တော်တိုးတက်လာပြီပဲလို့
ကောက်ချက်ချမိတယ်။ပဲခူးရိုးမထဲမှာ
ကျမမြင်ခဲ့တာကမီးလောင်နေရာတွေ၊သစ်ဝါးမရှိ
ဘဲတောင်ကတုန်းဖြစ်နေသောနေရာတွေကို
မတွေ့မမြင်ခဲ့ရတာပါပဲ။ပဲခူးရိုးမတော်တော်များ
များတို့သည်စိမ်စလန်းစိုပြေနေကြသည်။
သဘာဝရဲ့အလှကိုလည်းဖော်ပြနေသလိုခံစားခဲ့
ရသည်။
ကျမတို့တွေ ကားကိုတဖြည်းဖြည်းမောင်းပြီး
လမ်းတွင်လည်းစစ်ဆေးချက်ပေါင်းမျိုးစုံနဲ့
ပဲခူးရိုးရိုးမအလွန်ရခိုင်ရိုးမကိုဘီးလိမ့်ပြီးခြေချခဲ့
လေသည်။
ရခိုင်ရိုးမ
•••••••••
ခရစ် AD- ၁၅၇၁- ၁၅၉၃ ခုနှစ် ၊ ရခိုင်သက္ကရာဇ် ( ၉၃၃-၉၅၅ ) ၊ ရခိုင်ဘုရင် မင်းဖလောင်းလက်ထက် တော်ကာလက ဖြစ်ပါတယ် ။ ယိုးဒယားမင်း ပြသာတိရာဇ် ရဲ့အမတ်ကြီးညီအစ်ကိုနှစ်ဦးတို့ စစ်ရှောင်ဘ၀နဲ့ ရခိုင် ပြည်ထောင်သို့ တောကြမ်းတောင်ကြမ်းခရီးနှင်ပြီး ရောက်လာခဲ့ကြဖူးတယ် ။ အဲဒီနှစ်ဦးထဲကတစ်ဦးကတော့ ရခိုင်ရာဇ၀င်သမိုင်းတို့ထက်မှာ လူမျိုးခြားစာဆိုတော် ဘွန်စောမှိုင်း ဆိုတဲ့ဘွဲ့တော်နဲ့ နောင်အခါမှာ ထင်ရှား ကျော်ကြားသူဖြစ်လာခဲ့တယ် ။ မြန်မာမင်းတို့ရဲ့ ကျူးကျော်စစ်ကို မဟာတံတိုင်းကြီးသဖွယ်ကာရံထားတဲ့ ရခိုင် ရိုးမကြီးရဲ့ သဘာဝသျှိုမြောင်စိမ့်စမ်းတွေ ၊ တောင်စွယ်တောင်တန်းတွေ ၊ နေရောင်တိုးမဖောက်တဲ့သစ်ကြီးဝါး ကြီးရိပ်တွေနဲ့ တောနက်ပုံကို သူကိုယ်တိုင်ကြုံတွေ့ဖြတ် သန်းလာခဲ့ရသမို့ ခုလိုပဲ စပ်ဆိုခဲ့ဖူးသည်။
"".... တောဝနာ ၊ ဟေမာမြိုင်ခြံလမ်း ၊ ညှိုးငယ်စွာယေလေ ၊ မောင့်မှာမျှော်လို့မှန်း ၊ ရွှီဘုံရွှီနန်း ၊ တမ်းတ မြင်ယောင် ၊ တောသာခေါင် ၊ တောင်လေတိမ်လိုစူး ၊ မျိုးအံ့မူး ၊ ထူးကဲသေလာပယိန်းယိုင်ကာ ၊ ဂန္ဓစုံ ၊ ခြီလမ်း ၊ တောင်မွိန့်ကိုင်ဗျာလေ ၊ ယိမ်းယိုင်ကျော်ဖြတ်သန်း ၊ သားရောသမီးပါ ၊ လှမ်းပါလို့ ၊ ပင်ပန်းကြီးစွာ ၊ အိမ်သူကြင် ယာ ၊ လှကလျာကိုလေ ၊ စိတ်မှာကြံအထွေး ၊ ၊ မျက်ရည်လည်းယိုမစဲ ၊ ငိုမည်းငေးမှိုင် ၊ မကြံနိုင် ခွေယိုင်ကာနွမ်း ၊ စားအစာကိုလေ ၊ နောက်ပါလူရို့ထမ်း ၊ ရခိုင်ရိုးမတောင်တန်းကိုလ ၊ ဖြတ်သန်းကာ ၊ သက် ခန္ဒာ .... ""
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကို ပြန်လည် မျှော်ကြည့်မိတယ် ။ လွမ်းဆွတ်ဖွယ် တောတောင်ညို့မှိုင်းမှိုင်း တွေနဲ့ စိမ်းစိုလှပနေမယ့်ရိုးမကြီးဟာ ခုတော့
မီးလောင်ရာဏ်ရာဗလပွတွေနဲ့ကတုံးတွေဖြစ်
နေကြတာကိုအံ့သြဖွယ်မြင်ခဲ့သည်။
ကျမလုံးဝမထင်ခဲ့ပေ။
ရခိုင်တို့ရဲ့အသက်သွေးကြောတမျှတန်ဖိုးထား
ရာရိုးမကြီးသည်သည်လိုဖြစ်နေလိမ့်မည်ဟု
အိပ်မက်ပင်မမက်ခဲ့ပါ။ရခိုင်ရိုးမတစ်ခု
လုံးသည်မီးသွေးတုံးပမာဖြစ်နေသည်။
တော်မီးလောင်တာတွေကလည်းကြောကခမန်း
လိလိပါပဲ။
သစ်ဝါးတွေလည်းဘာဆိုဘာမှမရှိတော့ပေ။ကျန်
ရှိနေသောသစ်ဝါးတွေကိုခုတ်ထားကြာတာတွေ
ကလည်းမမြင်ရက်။
မီးမရှို့ရ ဆိုသော ဆိုင်းဘုတ်လည်းရခိုင်ရိုးမထဲမှာကျမတွေ့မလား ဆိုပြီးရှာကြည့်ခဲ့သေးတယ်။ဘာဆိုဘာမှမတွေ့ခဲ့ပေ။
ဒါဟာရိုးမနှစ်မခုရဲ့ခွဲခြားဆက်ဆံမှုပါ။ ဗမာတွေအပိုင်စီး
ထားသောပဲခူးရိုးမကစိမ်းလန်း
နေသလောက်ရခိုင်တွေပိုင်ဆိုင်သောရခိုင်ရိုးမကို
ဘာကြောင်ဖျက်ဆီးကတာလဲ။ဒါဟာရခိုင်လူမျိုး
ကိုသဘာဝဘေးအန္တရာယ်တွေကျရောက်စေပြး
အသေသတ်နေတာပါ။ရခိုင်ရိုးမဆိုတာရခိုင်လူမျိုး
တို့ရဲ့နွေ၊ မိုး၊ ဆောင်းပါ။
သဘာဝကြီးကိုဒီရခိုင်ရိုးမကြီးကဘဲထိမ်းညှိ့ပေး
တာပါ။ဒါကိုသိသိကြီးနဲ့ဗမာခေါင်းဆောင်တွေ
ဟာာအကွက်ချစီစဉ်ပြီးရခိုင်လူမျိးကိုသတ်နေတာ
ပါ။ဒါကိုဟကျမတို့ရခိုင်တွေကာကွယ်ရပါ့မယ်။
ရခိုင်ပြည်နယ်ဟာ မြောက်လတ္တီတွဒ် ( ၁၇(၂၁ံ-၂၇) နဲ့ အရှေ့လောင်ဂျီတွဒ် (၉၂ံ-၁၁) မှ ၉၄ံ-၅၅)အတွင်းကိုကျရောက်နေတဲ့ အပူပိုင်းဇုန်လို့ဆိုနိုင်ပါတယ် ။ပညာရှင်"ကိုပင်" ရဲ့ ရာသီဥတုသတ်မှတ်ချက်အရ ပင်လယ်စိုးရာသီ (ဆောင်းရာသီမှာခြောက်သွေ့ပြီး မိုးမရွာမီအချိန်ထိ အပူဆုံးလရှိတဲ့ အပူစိုး မုတ်သုန်ရာသီဥ တု) ကိုပိုင်ဆိုင်ထားပါတယ် ။ ဒါပေမယ့် ရခိုင့်နယ်မြေဟာ သက်တန်းရင့်တောင်တန်းတွေဖြစ်တဲ့ မယူတောင် ၊ ဗူးဓမော်တောင်(၁၂၇၄ ပေ) ၊ ဖရုံကာတောင်တန်း (၉၆၃-ပေ) ၊ ဝေလာတောင် (၁၀၄၁-ပေ)၊ စိုင်းတင်တောင် (၁၂၉၄ -ပေ)၊ မင်းကြီးတောင်(၃၀၃၅-ပေ)၊ ရိုးမရဲ့တောင်စွယ်ဖြစ်တဲ့ ကိုးလုံးတောင်(၄၇၄၄-ပေ)၊ ၀က်သတိုး တောင်(၂၀၀၀-ပေ) နဲ့ ရခိုင်ရိုးမတောင်တန်းပေါ်က စွန်တောင် (၆၅၀၀-ပေ)၊ မြင်းခတည်(မြင်မတိန် တောင်) (၄၈၄၈-ပေ)၊ စံဝင်းတောင်(၃၉၈၄-ပေ)၊ ခါးတောင်းငယ်တောင်(၄၃၇၃-ပေ)၊ မိုးထိတောင်(၃၈၂၈-ပေ)၊ ရန်ခေါ် တောင်(၂၃၄၆-ပေ)၊ ပန်းတောင်းတောင်(၄၁၄၇-ပေ)၊ တောင်နီတောင်(၄၀၀၅-ပေ)၊ စပါးပုံတောင်(၃၄၇၃-ပေ)၊ ဇီးဇောင်းတောင်(၁၈၆၈-ပေ) စတဲ့ သစ်ရိပ်ဝါးရိပ်ကြီးတွေနဲ့ တောင်တန်းတွေ ပေါကြွယ်ဝလှလို့ သိပ်ကိုမျှတတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားပါတယ် ။
မြစ်ချောင်တွေအနေနဲ့ဆိုရင်လည်း ရခိုင်တို့ရဲ့ ရာသီဥတုကိုပြုပြင်ဖန်တီးပေးနိုင်တဲ့ မြစ်ချောင်းတွေက နေရာဒေသမလွဲ ပေါများစွာဖြတ်သန်းစီးဆင်းနေတယ် ။ မယူမြစ်၊ ကုလားတန်မြစ်၊ နတ်မြစ်၊ လေးမြို့မြစ် ၊ ဒ လက်ချောင်း ၊ အမ်းချောင်း ၊ မအီချောင်း၊ လမူးချောင်း၊ ဆားပြင်ချောင်း၊ တန်းလွဲချောင်း၊ တောင်ကုတ်ချောင်း၊ သဌေးချောင်း၊ ကျိန္တလီချောင်း၊ သံတွဲမြစ်၊ ဂူချောင်း စတဲ့ နာမည်ကြီးမြစ်ချောင်းတွေနဲ့ မြစ်ချောင်းအစွယ် အ တက်တွေပေါလှတဲ့ နယ်မြေသာဖြစ်တယ် ။ ခုတော့ ကောတဲ့မြစ်ချောင်းတွေကော၊ ပြုန်းတဲ့တောတောင်တွေ ပြုန်းနေလို့ မမျှတတော့တဲ့ ရခိုင့်ရာသီဥတုဟာ
ဆိုးသထက်ဆိုးလာခဲ့ပါပြီ။
ရခိုင်လူမျိုးမှန်ရင် ခရီးသွားဖူးသူတိုင်းရိုးမကို ဖြတ်သန်းဖူးမှာပါ။ ဟိုအရင် အမ်း-စစ်တွေလမ်းမရှိခင်က အရှေ့ ဖက်ခရီးသွားတဲ့ အနောက်ကရခိုင်သားတွေ ရိုးမရဲ့အရိပ်မှာ နွေခေါင်ခေါင်ကို အနွေးထည်ဝတ်ခဲ့ကြလိမ့် မယ် ။ မိုး တွင်းကာလဆိုရင် တောင်ပေါ်မိုးကြီးချိန်တိုင်း လမ်းပေါ်ကို ကန့်လန့်ဖြတ်လဲကျနေတဲ့ သက်တန်းရင့် သစ်ပင်ကြီး တွေကြောင့် ခရီးကြံ့ကြာခဲ့ဖူးတာမျိုးကြုံဖူးကောင်းကြုံဖူးခဲ့ဖူးကြလမ့်မယ် ။ အဲဒီလိုပဲ နေရောင်တိုးမ ပေါက်အောင် လမ်းဘေး ၀ဲယာမှာ အုပ်ဆိုင်းစိမ်းစိုနေတဲ့သစ်ပင်ကြီးတွေ ရိုးမပေါ်မှာ ကြည့်ရာမြင်ရာတိုင်းကို ရှုမငြီးတမ်း တွေ့ရ ဖူးမှာပါ ။ အဲဒီသစ်ပင်တွေဟာ ဘယ်သူကမှတကူးတက စိုက်ပျိုးပေးခဲ့တာတွေမဟုတ်ပါဘူး ။ အမြဲစိမ်းတော တွေအဖြစ်အလေ့ကျထူထပ်စွာပေါက်ရောက်နေခဲ့ကြတဲ့ သစ်ပင်တွေပါ ။ ခုတော့ အဲဒီလိုလမ်း ဘေးဝဲယာက သစ်ပင်တွေမဆိုထားနဲ့ ရခိုင်ရိုးမတစ်ခုလုံး မြင်လေသမျှ ဂတုံးဆန်ထောက်နဲ့ ရုပ်လုံးပျောက်မ တတ်ဖြစ်နေခဲ့ပြီ ။ တစ်ချိန်က စိမ်းစိုမှိုင်းညို့နေတဲ့ သစ်ပင်တွေ၊ အေးစိမ့်နေတတ်တဲ့ရာသီဥတုတွေ ခုတော့ ဒဏ္ဍာရီတစ်ခုလိုဖြစ်နေခဲ့ပါပြီ။
ဒီနေ့ကမ္ဘာကြီးပူနွေးလာတာ
(ကြီးကြီးကျယ်ကျယ်ပြောရရင် ရခိုင့်နေရာဒေသတွေမှာ မိုးခေါင်ရေရှား တာ)
ရဲ့အခြေခံကျတဲ့အရင်းမြစ်ဟာ သဘာဝပတ်ဝန်းကျင်ဆုံးရှုံပြုန်းတီးမှုတွေကြောင့်ပါပဲ ။ တကယ်ပါပဲ ။ နား ပေါက်ကျယ်လို့ခေါ်တဲ့ တောင်ပေါ်မုဆိုးကြီးတွေတောင် တောမှောက်နိုင်တဲ့ထိ ထူထပ်စွာပေါက်ရောက်နေတဲ့ ရိုးမရဲ့အလှတန်ဆာသစ်ပင်တွေ ဘယ်ဆီကိုရောက်သွားခဲ့ကြပြီလဲ ။ ဘာကြောင့်များ ဆယ်စုနှစ်တိုတိုလေးအ တွင်းမှာ ခုလောက်ထိ ရှုရက်နိုင်စရာမရှိလောက်အောင် ရုပ်ပျက်ဆင်းပျက် ပျောက်ဆုံးပျက်စီးသွားခဲ့ရတာလဲ ။ ရခိုင့်ရာသီဥတုကကော ဘာကြောင့်များခုလောက်ထိတောင် ဆိုးသွန်းပက်စီးသွားခဲ့ရသလဲ ။
မြန်မာပြည်ရဲ့ မြို့ကြီးပြကြီးတွေအပါဝင် တိုင်းဒေသကြီးတို့ရဲ့ နေရာဒေသတိုင်းလိုလိုမှာ သစ်ပင်အသစ် စိုက်ပျိုးခြင်း ၊ ခုတ်လှဲသစ်ပင်တွေအတွက် ပြန်လည်အစားထိုးပေးခြင်းလုပ်ငန်းတွေကို အတော်ပဲ ကျယ်ကျယ်ပျံ့ ပျံ့လုပ်ဆောင်ထားကြတာ ကြာပါပြီ ။ ရခိုင်ကိုပြည်တော်ပြန်ရင် ဟိုက်ဝေးလမ်းတစ်လျှောက်ရဲ့ လက်ဝဲလက်ယာ တွေမှာ သဘာဝပေါက်ပင်ကြီးတွေနဲ့ယှဉ်ပြီး အရွက်ဖားဖားစိမ်းစိုနေကြတဲ့ ပျိုးထောင်သစ်ပင်ကြီးတွေကို မျက်စိ မလပ်တွေ့မြင်ကြရမှာပါ ။ ပန်းတောင်းမြို့ကိုဝင်လိုက်တာနဲ့ ပဲခူးရိုးမရဲ့ တောင်ပေါ်လမ်းလေးတွေဟာ ဟိုတုန်းကနဲ့ သိပ်မခြားနားပဲ ပကတိစိမ်းစိုနေတာကို မြင်တွေ့ကြရဆဲ ။ တချို့နေရာတွေမှာ နုပျိုလှပနေတဲ့ အစားထိုးကျွန်း ပင်ကြီးတွေက ဘယ်ညာအတန်းလိုက် ။ ဒါပေမယ့် ရခိုင်ပြည်မှကြိုဆိုပါ၏ ဆိုင်းပုဒ်ရဲ့တစ်ဖက်ခြမ်း ရခိုင့်နယ်နိ မိတ်ထဲမှာတော့ ဟိုအရင်ကတွေ့ခဲ့ဖူးတဲ့ သစ်ပင်ကြီးတွေ တစ္ဆေတောင် မခြောက်နိုင်ရှာဘူး ။ အစားထိုးပင်ဆို တာဝေလာဝေးလို့ ခြုံနွယ်အဆင့်ရှိတဲ့သစ်ပင်တွေတောင် နေ့မြင်ညပျောက် ။ ပတ်ချာလည်တောင်တန်းတွေမှာ ဟိုအရင်ကဆို တောင်တန်းတောအုပ်တွေဟာ အရှက်အကြောက်ကြီးတဲ့ အပျိုစင်တွေလို အတွင်းသားကိုမမြင်ရ အောင် လုံလုံခြုံခြုံ ။ ခုတော့ မြင်တွေ့ရတဲ့ ရခိုင်ရိုးမတစ်ခုလုံးဟာ နိုင်ငံခြားနိုက်ကလပ်ထဲက ခုနစ်လွှာအကမယ် တွေလို တိုးလျှိုပေါက် ၊ ဟောင်းလောင်းဖွင့် နိကက် (Niked) ။
အဲဒီလိုသစ်ပင်တွေမရှိတော့ပဲ လေပြေအေးမြမြတွေ ရှိဦးမှာလား ၊ အဲဒီလိုသစ်ပင်တွေမရှိတော့ပဲ မြူ စိုင်တွေ ၊ နှင်းငွေ့နဲ့ မိုးတိမ်တိုက်တွေ ပျော်ရွှင်ကြည်နူးနိုင်ဦးမှာလား ။ ကိုယ်ကိုယ်တိုင်တောင် အနိုင်နိုင်ကျား ကန်အသက်ရှူနေရတဲ့ ရိုးမနဲ့ ရခိုင်တောင်တန်းတောအုပ်တွေ ခုတော့ ရခိုင်လူထုအတွက် ဖြစ်သင့်သလောက် မလုပ်ပေးနိုင်ကြတော့ပါဘူး ။ ရခိုင့်ရာဇ၀င်ထက်က သဘာဝကျအချိန်မှန်တဲ့ ရာသီဥတုတွေ ရိုးမကိုကျော်ပြီး ရေကြည်ရာမြက်နုရာရှာလို့ ခရီးထွက်နေခဲ့ကြပါပြီ ။
တစ်ခုခုဖြစ်တိုင်း သက်ဆိုင်ရာအစိုးရကိုချည်းပဲ အပြစ်မဖို့ချင်တော့ပါဘူး ။ ဘယ်အရာမှာမဆို ပြုလုပ်ခံနဲ့ ပြုလုပ်သူဆိုတာရှိစတမ်းပါပဲ ။ ရခိုင်လူထုအနေနဲ့ကလည်း လိုသလောက်ကိုပေါပေါမျာများရနေတဲ့ သဘာဝအ ရင်းမြစ်တွေကို တန်ဖိုးထားတတ်ဖို့လိုပါတယ်။ ရခိုင်တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ (ဒါမှမဟုတ်) မြန်မာတစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ (ဒါမှမဟုတ်) တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ သဘာဝအရင်းမြစ်တွေ တစ်ဦးတစ်ယောက်အကျိုးအတွက် ဆုံးရှုံးပျက်စီးသွားဖို့ မသင့်ပါဘူး ။ Galobal Warming (ကမ္ဘာကြီးပူနွေးလာမှု) ရဲ့ဆိုးကျိုးတွေ ရခိုင်ပြည်ကို ကူး ဆက်လာနိုင်မှုက ကာကွယ်ဖို့ ရခိုင်ရိုးမနဲ့ ရခိုင့်တောတောင်သစ်ပင်တွေ ဆက်လက်ရှင်သန်နေဖို့ လိုအပ်ပါတယ် ။ တကယ်တော့ ရခိုင့်ဂေဟစနစ်တွေကို မျိုးသုဉ်းပျောက်ကွယ်မသွားစေဖို့ ရခိုင်သားတိုင်းမှာ တာဝန်ရှိနေပါ တယ် ။ "ဒိုင်းကျည်ရှိယင့် ရီရှိယင့်" ဆိုတဲ့ မြောက်ဦးခေတ် ရခိုင့်စကားပုံတစ်ခု ဒီနှစ်နွေရာသီမှာ ဆုံးရှုံးသွားခဲ့ရ တာ ရင်နင့်ဖွယ်ပါပဲ ။ လိုအပ်တဲ့ သမမျှတရာသီဥတုကို ဖန်တီးပေးနေတဲ့ ရခိုင့်တောင်စဉ်တောင်တန်းတွေဆုံး ရှုံးရမှုအကျိုးဆက်ကြောင့်ပဲ ဖြစ်ပါတယ် ။
ဒီလိုဆိုရင် ရှေ့ဆက်ပြီးတော့ရော ဒဏ္ဍာရီထဲမှာ ရခိုင်ရိုးမကိုထားခဲ့ရတော့မှာလား ။ မြစ်ချောင်းအင်းအိုင် တွေနဲ့ စိမ်းစိုလတ်ဆတ်နေတဲ့ တောင်တန်းတွေကိုထားခဲ့ရမှာလား ။ နွေ၊မိုး၊ဆောင်းရဲ့ ပကတိပီပြင်လေးနက်မှု တွေကိုထားခဲ့ရမှာလား ။ လွန်ခဲ့တဲ့နှစ်သက်တန်း သန်းပေါင်း ၁၃၀ ကနေ ခေတ်သစ်သမိုင်းဆီ ဂေဟစနစ်တစ်ခု အဖြစ်ရှင်သန်လာခဲ့ရတဲ့ရိုးမကြီး ထာဝရ စိမ်းစိုနေဖို့ လိုအပ်ပါတယ် ။ လိုအပ်မှုအရ မဖြစ်မနေသစ်ပင်ခုတ်ရသူ တွေကလည်း အစားထိုးသစ်ပင် ပြန်လည်စိုက်ပျိုးတတ်ဖို့ လိုအပ်ပါတယ် ။ အတတ်နိုင်ဆုံး ရခိုင်ရိုးမနဲ့ ရခိုင့် တောင်စွယ်တောင်တန်းတွေ၊ မြစ်ချောင်းအိုင်တွေကို ခုထက်ပိုပြီး မဖျက်ဆီးကြရင် အနာဂတ်အတွက် ကောင်း မွန်လာမှာသေချာပါတယ် ။ ခုအချိန်မှာတောင် အချိန်မှန်နေရာမှန်တဲ့ ရခိုင့်ရာသီဥတုက ရေကြည်ရာမြက်နုရာကို ခရီးထွက်နေခဲ့ကြပြီဆိုရင် ရာသီဒိုင်ယာစပိုရာကဗျာတွေရွတ်ပြီး လွမ်းချင်းတကြရမှာမလွဲ ။ ဒီတစ်ခေါက် ရိုးမခရီး သွားတစ်ဦးကတော့ ဒဏ္ဍာရီတောလားတစ်ပုဒ် အကြိုရွတ်ဖြစ်ခဲ့တာအမှန်ပါပဲ ။
Leave a Comment