အိုင်ဒီယာကြီးသုံးခုနန့် ရခိုင့်အနာဂတ်
ခိုင်အောင်အောင်
၁၆၊၆၊ ၂၀၁၆
ဒေကမ္ဘာမြီထက်မှာ ရီနံနန့် သဘာဝဓါတ်ငွိတိကို ပိုင်ဆိုင်ထားကတ်တေ တိုင်းပြည်နိုင်ငံတိုင်းစွာ ချမ်းသာကြွယ်ဝဖွံ့ ဖြိုး တိုးတက်ကတ်တေ။ ရီနံနန့် သဘာဝဓါတ်ငွိစွာ ကမ္ဘာ့လူ့ ဘောင်နန့် စီးပွါးရီးကို မောင်းနှင်လည်ပတ်ဖို့ မဟိမဖြစ်လိုအပ်တေ စွမ်းအင်ဖြစ်နိန်ရေပိုင် ဒေသဘာဝရင်းမြစ်တိက လက်မူလယ်ယာကနိန် စက်မှုလယ်ယာ… လက်လုပ်ထုတ်ကုန်ကနိန် စက်မှုထုတ်ကုန် …. ရှိရိုးစိုင်လာ ပညာရီးကနိန် ကွန်ပျူတာအခြီခံပညာရီးတိကို ပြောင်းလဲပီးနိုင်ရေ ဆတိုးတန်ဖိုး ဟိနိန်ရေခါ ရီနံနိုင်ငံတိစွာ နှစ်ပေါင်း ၂၀ ကာလထဲမှာ လုံးဝပြောင်းလဲခေတ်မီလားကတ်စွာကို တွိရရေ။ ခေတ်နောက်ပြန်ဆွဲရေ ယိုင်ကျေးမှုကို ပိုင်ဆိုင်ထားကတ်တေလို့  အနောက်တိုင်းပညာသျှင်တိက ဝေဖန်ပြောဆိုနိန်ကတ်တေ အရှိအလယ်ပိုင်းက ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ ဆော်ဒီ စရေ အာရပ်တိုင်းပြည်ချေတိ အားလုံးစွာ ၁၉၈၀ ပြည့်လွန်နှစ်ကာလတိနန့်  လုံးဝမတူပဲ ဖွံ့ ဖြိုးတိုးတက်လားခစွာကို ကြည့်ကေ သဘာဝရင်းမြစ်တန်ခိုး စွမ်းအားက စက္ကန့် ပိုင်းမှာ မျက်လှည့်ပြပြောင်းလို့ ရရေ မှော်ဝင်ဆီးကြိမ်လုံးနန့် တူနိန်ရေ။
ယေကေလေ့ တိုင်းတပါးသားလူမျိုးခြားအုပ်ချူပ်ရီးအောက်ကို ရောက်နိန်ရေ လူမျိုးတိကတော့ သူရို့ ပိုင် နယ်မြီမှာ ဇာလောက်ပင်တန်ဖိုးဟိရေ သဘာဝရင်းမြစ်ဘဏ္ဍာတိုက်ကြီးတိကိုပင်တွိတွိ နိုင်ငံရီးအာဏာကို ဆုပ်ကိုင်ထားရေ တိုင်းတပါးသားကရာ ရလာသမျှအကျိုးအမြတ်အားလုံးကို စုပ်ယူလားခရေခါ နှစ်ပေါင်းဇာလောက်ပင်ကြာကြာ ဆင်းရဲမွဲတေမှုနွံအိုင်ကြီးထဲက ရုန်းမထွက်နိုင်ကတ်စွာကို လားတွိရရေ။
ယင်းအတွက်နန့်  ဂနိခေတ်နာမေကြီး နိုင်ငံရီးသိပ္ပံပညာသျှင် ဖရန်ဆေ့စ်ဖူကူယားမား (Francis Fukuyama) က သူရီးရေ နိုင်ငံရီးအစိုင်အလာ၏ဇစ်မြစ်တိ (The Origins of Political Order) စာအုပ်မှာ ကိုယ်ပိုင်နိုင်ငံဟိခြင်းစွာ စီးပွါးရီးတဟုန်ထိုးတိုးတက်ဖို့  မဟိမဖြစ်လိုအပ်တေ အခြီခံလိုအပ်ချက်ပင် ဖြစ်တေ [Having a state is a basic precondition for intensive economic growth. (Fukuyama, 2011, p. 469)] လို့  အိုင်ဒီယာကြီးတခုကို ချပြထားရေ။ ကိုယ်ပိုင်နိုင်ငံဟိခါမှရာ နိုင်ငံရီးမဏ္ဍိုင်အစိုင်အလာကိုချမှတ်လို့ ရလာရေပိုင် ကြီးမားရေအုပ်ချူပ်ရီးစွမ်းရည် (Greater administrative capacity) ဟိလာနိုင်လို့  ကိုယ့်လူထုကို ထိထိရောက်ရောက်ကူညီစောင့်ရှောက်လာနိုင်ပြီးကေ စီးပွါးရီးဖွံ့ ဖြိုးမှုကိုပါ ဖြစ်လာစီရေလို့  သူက ဆိုရေ။
၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရီးအကျပ်အတည်းအလွန်မှာ နာမေတဟုန်ထိုးကြီးပါလတ်တေ ပြင်သစ်ဘောဂဗေဒပညာသျှင် သောမတ်(စ်)ပိကတီ (Thomas Piketty) ကလေ့ သူရီးရေ ၂၁ ရာစုအရင်းကျမ်း (Capital in the Twenty-First Century) မှာ အမေရိကန် ပြင်သစ်ရို့ ပိုင် ချမ်းသာရေလူ့ အဖွဲ့ အစည်းတိမှာ ဓနအင်အားကို မိဖဘားကအမွီဆက်ခံပနာ ဆွေစိုင်မျိုးဆက်ချမ်းသာရေလူတိအပါအ၀င် အစိုးရနန့် နီးစပ်တေ လူတစုကရာ လက်ဝါးကြီးအုပ်ထားလို့  ပင်ကိုယ်စွမ်းရည်နန့် ကြိုးစားအားထုတ်မှုက ချမ်းသာလာနိုင်စီရေ အကြောင်းခံတရားတိဖြစ်မလာပဲ လူများကာက ဆင်းရဲတွင်းနက်နိန်ရပနာ ဆင်းရဲချမ်းသာကွာဟမှုက စိလို့ မရအောင် ဖြစ်ပါလတ်တေလို့  ထောက်ပြထားရေ။ အေပိုင် မညီမျှမှုက ဒီမိုကရေစီတန်ဖိုးတိကိုပါ မှေးမှိန်လားစီပနာ လူထု၏မကျေနပ်ချက်တိ ကြီးထွားလာအောင် လှုံ့ ဆော်ပီးတတ်လို့  ထိန်းမနိုင်သိမ်းမရ အထွေထွေကပ်ဆိုးကြီးဆိုက်လားနိုင်ရေလို့ သူက သတိပီးပြောပနာ ထုံးစံအတိုင်း နိုင်ငံရီးအရရာ ဒေပြဿနာကို ဖြေရှင်းနိုင်ရေလို့  ဆိုရေ။ လက်ဟိအစိုးရတိက အေပြဿနာကို မဖြေရှင်းနိုင်ကေ လူထုတော်လှန်ရီးနန့် ရာ အခြီခံကျကျအပြောင်းအလဲနန့် လူတန်းစားညီမျှရီးကို ဖန်တီးကတ်ဖို့  အိုင်ဒီယာချပီးထားလို့  သောမတ်(စ်)ပိကတီကို တော်လှန်ရီးဝါဒီဘောဂဗေဒပညာသျှင်လို့ ခေါ်ဝေါ်ကတ်တေ။
ကမ္ဘာ့ထိပ်တန်းဥာဏ်ကြီးသျှင်တစ်ယောက်ဖြစ်တေ ဘောဂဗေဒနိုဗယ်ဆုရှင် အမာတယာစန် (Amartya Sen) ကလေ့ သူ့ စာအုပ် တိုးတက်ရီးစွာလွတ်လပ်ခြင်း (Development as Freedom) မှာ လွတ်လပ်ခြင်းစွာ တိုးတက်ရီးအတွက်မဟိမဖြစ်လိုအပ်တေ အရာတခုဖြစ်တေပိုင် နိုင်ငံရီးလွတ်လပ်ခွင့်၊ စီးပွါးရီးလွတ်လပ်ခွင့်၊ လူမှုအခွင့်အလမ်းတိနန့် ပွင့်လင်းမြင်သာမှုတိစွာ တိုးတက်မှုနန့် ဆက်စပ်နိန်ရေ အထောက်အကူပြုကိရိယာတိ ဖြစ်တေလို့ ထောက်ပြပြောဆိုထားရေ။ နိုင်ငံရီးလွတ်လပ်ခြင်းစွာ စီးပွါးရီးလိုအပ်ချက်ထက် အရေးကြီးပြီးကေ လူတိ၏မွီးရာပါစွမ်းရည်နန့် လုပ်ပိုင်ခွင့်တိကို ပိတ်ဆို့ ထားလိုက်ခြင်းက ဆင်းရဲတွင်းနက်အောင် လုပ်လိုက်စွာနန့် တူရေ လို့  သူက ရှင်းပြထားရေ။
ဒေအိုင်ဒီယာကြီးသုံးခု၏ဆုံရပ် အဓိကပွိုင့်က လူမျိုးတစ်မျိုးဖြစ်ဖြစ် တိုင်းပြည်တစ်ပြည်ဖြစ်ဖြစ် တိုးတက်ဖွံ့ ဖြိုးလာဖို့ က နိုင်ငံရီးအခွင့်အရီးတိကို အပြည့်အ၀ကျင့်သုံးလာနိုင်ဖို့ လိုအပ်ခြင်းပင် ဖြစ်ပါရေ။ နိုင်ငံရီး၊ စီးပွါးရီး၊ လူမှုရီး၊ ယိုင်ကျေးမှု၊ စာပီအနုပညာ၊ ပညာရီး စရေ လူ့ အဖွဲ့ အစည်း၏အခြီခံမဏ္ဍိုင်ကြီးတိ အားလုံးယိုယွင်းပျက်စီးပနာ အမျိုးသားအထွေထွေကပ်ဆိုးကြီးဆိုက်နိန်စွာကို စက်မှုဇုံချေတစ်ဇုံဆောက်ပီးစွာ ဖြစ်ဖြစ်၊ တန်းထက်ချေတစ်စင်းထိုးပီးစွာဖြစ်ဖြစ်၊ အမေရိကန်ဒေါ်လာ ၇ သန်းလောက် ချပီးစွာ ဖြစ်ဖြစ် လုပ်ပီးလိုက်လို့  တခုပိုင်လေ့ ပြဿနာက မကျင်းလားနိုင်ပါ။ နိုင်ငံရီးတိုက်ပွဲဆင်နွဲပနာ တစ်မျိုးသားလုံးလွတ်မြောက်လာပြီးကေ နိုင်ငံရီးအာဏာရလာခါမှရာ တိုးတက်ရီးလမ်းမှန်ထက်ကို ခြီချလာနိုင်ကတ်ပါဖို့ ။ ဒီမိုကရေစီဆိုစွာကလေ့ လူတိချီတက်လားချင် ရောက်ချင်ရေ နောက်ဆုံးအန္တိမပန်းတိုင်မဟုတ်ပဲ စီးပွါးရီးလိုအပ်ချက်အတွက် ကြားမှာသုံးရေ နိုင်ငံရီးကိရိယာတခုရာ ဖြစ်နိန်ရေခါ အချူပ်အခြာအာဏာနန့် ကိုယ်ပိုင်နိုင်ငံမဟိရေ လူမျိုးအတွက်က ဒီမိုကရေစီဆိုရေ နိုင်ငံရီးအပြင်ပန်းထက် အမျိုးသားလွတ်မြောက်ရီးနန့် နိုင်ငံသစ်ထူထောင်ရီးက ပိုပြီးကေ အနှစ်သာရအပြည့်နန့် အခရာကျရေ အယင်ဆုံးဟိထားဖို့ လိုအပ်တေ အခြီခံနိုင်ငံရီးလိုအပ်ချက်ကြီးတခုဖြစ်နိန်ပါရေ။
အဂုကာလ ရာသီပေါ်နိုင်ငံရီးအခင်းအကျင်းဖြစ်နိန်ရေ ဒီမိုကရေစီလမ်းကြောင်းကိုပင်လားလား ဖယ်ဒရယ်ပြည်ထောင်စုလမ်းကိုပင် ရွီးရွီး ဗမာဗဟိုပြုအုပ်ချူပ်ရီးအောက်မှာ ရခိုင့်အနာဂတ်မဟိပါ။ ရခိုင်ပြည်စွာ ဗမာတိစိတ်ကြိုက်ဂုတ်သွီးစုပ်ဖျက်ထားခြင်းကိုခံနိန်ရလို့  လူမနိန်အပ်တေ ဒုက္ခအထပ်ထပ်နန့် ဖုန်ဆိုးမြီ ဖြစ်နိန်ပနာ ငရဲကြီးရှစ်ထပ်၏အောက်ဆုံးအဆင့်ကို ရောက်နိန်ရရေ။ အာဏာရဗမာအဆက်ဆက်က တမင်တကာ ရည်ရွယ်ချက်ဟိဟိ ရခိုင်တိ တခုပိုင်လေ့ နာလန်ပြန်မထူနိုင်အောင် လုပ်လာခြင်းဖြစ်လို့  ဗမာအုပ်ချူပ်ရီးကင်းမဲ့ဇုံ (၀ါ) ရခိုင့်အချူပ်အခြာအာဏာ ရခိုင်ရို့ လက်ထဲကို ရောက်လာပနာ သီးခြားလွတ်လပ်အမှီခိုကင်းရေ ရက္ခိတလမ်းစိုင်နန့် ရခိုင်အုပ်ချူပ်ရီးကို ထူထောင်လာနိုင်ခါမှရာ ရခိုင့်အနာဂတ်ကို ပုံဖော်လို့ ရလာနိုင်ပါဖို့ ။
ရက္ခိတလမ်းစိုင်အတိုင်း ရခိုင်ပြည်ရာ သီးခြားလွတ်လပ်တေနိုင်ငံဖြစ်လာကေ နှစ် ၂၀ အတွင်းမှာ ချမ်းသာကြွယ်ဝ ကမ္ဘာ့အဆင့်မှီရေ မော်ဒန်တိုင်းပြည်ဖြစ်လာအောင်တည်ဆောက်လားလို့ ရပါရေ။ ဥရောပသမဂ္ဂရုံးစိုက်တေ ဘယ်လ်ဂျီယံနိုင်ငံထက် ဧရိယာအကျယ်အ၀န်းကြီးပြီးကေ လူဦးရေ သုံးသန်းကျော်လောက်ရာဟိလို့  ကိုယ်ပိုင်နိုင်ငံရီးအာဏာနန့် လုပ်ပိုင်ခွင့်တိ ဟိလာကေ ရခိုင်ပြည်စွာ စီးပွါးရီးတဟုန်ထိုးတိုးတက်ဖွံ့ ဖြိုးလာဖို့ စွာက ကျိန်းသီနိန်ပါရေ။ သီးခြားလွတ်လပ်တေအမျိုးသားနိုင်ငံတော်ကို နှစ်ပေါင်းငါးထောင်ကျော် ထူထောင်ပါလတ်တေ သမိုင်းဖြတ်သန်းမှု၊ စာပီယိုင်ကျေးမှုအဆင့်အတန်းမြင့်မားမှု၊ နိုင်ငံရီးအစိုင်အလာတိက ဟိနိန်ရေခါ ရခိုင်ရာလွတ်လပ်လာကေ ကမ္ဘာ့စံဝင်ရေ အာသျှ၏အတောက်ပဆုံးကြယ်တစ်ပွင့် ဖြစ်လာဖို့ စွာကို လှမ်းမြင်နိန်ရပါရေ။ ။ ။
Bibliography
1. Fukuyama, F. (2011). The Origins of Political Order: From Prehuman Times to the French Revolution. London: Profile Books.
2. Piketty, T. (2014). Capital in the Twenty-First Century. Cambridge: Harvard University Press.
3. Sen, A. (1999). Development as Freedom. New York: Alfred A. Knopf.
Leave a Comment