ဦးမြဝါ ဝါဒ ဦးမြဝါ ဝါဒီ



ဦးမြဝါ ဝါဒ ဦးမြဝါ ဝါဒီ
သို့မဟုတ်
တိုင်းပြည်အတွက် အကြွင်းမဲ့စွန့်လွှတ် အနစ်နာခံခြင်း

ရေ-ဝေထွန်းခိုင် (တော်လှန်ရီးစစ်သည်) ရက္ခိုင့်အောင် စာစောင် (အတွဲ- အမှတ်--၂၀၁၄)
2.Jun.2016

















ဦးမြဝါဆိုရေ နှာမေကို ကြားလိုက်စွာနန့် မသိရေ ရက္ခိုင်ကယှားပါဖို့။ ယေကေလေ့ ဝါဒနန့် ဝါဒီဆိုရေ စကားလုံးကို ဦးမြဝါနှာမေနန့်တွဲလို့ အသုံးပြုကတ်စွာကိုတော့ကေ ကျနောရို့ ရက္ခိုင့်တိကြားမှာ မတွိပါသိ။ သို့သော် ဝါဒ ဖြစ်စီ ဝါဒီဖြစ်စီ ဒေစကားလုံးတိစွာလည်း ကျနော့ရို့ပတ်ဝန်းကျင်နန့်တော့ကေ ကောင်းစိမ်းစွာတော့ခါ မဟုတ်ပါ။ ဥပမာ မူဝါဒ၊ ဗုဒ္ဓဝါဒ၊ခရိယန်ဝါဒ၊ကွန်မြူနစ်ဝါဒ စသည်ဖြင့်ပ။

ဝါဒကို အယူအဆ သို့မဟုတ် ကျင့်စဉ်လို့ အဓိပ္ပါယ်ဖွင့်ပြီးကေ ဝါဒီကိုတော့ ယင်းအယူအဆ ကျင့်စိုင်တိကို လက်ခံယူကြည်သူလို့ ဖွင့်ဆိုကတ်ပါရေ။ ကွန်မြူနစ်ဝါဒကို လက်ခံပနာ ကျင့်ကြံသူကို ကွန်မြူနစ်ဝါဒီလို့ခေါ်ကတ်ပါရေ။

ဦးမြဝါရေ ရက္ခိုင် ပရိသတ်ရို၏ လက်ခုတ်သံကို အမြဲတမ်းညှို့ယူထားနိုင်သူဖြစ်ပါရေ။ ရက္ခိုင်တိုင်းကလေ့ ဦးမြဝါလို့ကြားလိုက်စွာနန့် မုတ်ဆိတ်မွီးဖွားဖွား၊ အနီရောင် ရသေ့ဝတ်ရုံကြီးကို ဝတ်ဆင်ထားရေ ပုဂ္ဂိုလ် တစ်ဦး အဖြစ် ဗြီးဗျာယ်မြင်ကတ်တေ။ ယပြီးကေ တိုင်းပြည်အတဓွန့်ရှည်တည်တန့်စီဖို့အတွက် ရင်ကိုခွဲလို့ စတေးခံလားရေ သူရဲကောင်းတစ်ယောက်ပါ။

ဒေနိန်ရာမှာ ရက္ခိုင်ပြည်၏ ဟာကွက်ကို ဖြည့်ဖို့ ရက္ခိုင်တိုင်းကို ဦးမြဝါကဲ့သို့ ရင်ကိုခွဲပြီးကေ စတေးခံကတ်ဖို့ကို တိုက်တွန်းစွာတော့မဟုတ်ပါ။ ဦးမြဝါရို့ခေတ်နန့် ရာစု ()ခုတိုင် ဖြတ်သန်းလာကတ်တေ လူသားရို့၏အတွိအကြုံကလည်းသင့်ချေလောက် ပြောင်းလဲ နိန့်ကတ်ပါဗျာယ်။ ပန်းတိုင်တစ်ခုတည်းကို ကွဲပြားရေ လုပ်ထုံးလုပ်နည်းတိနန့် ဖန်တီးနိုင်ပါရေ။ ယေဒါလေ့ ကျနော်ရေ ဦးမြဝါ၏ နိစဉ်ရွီးမှတ်စု စာအုပ်ထဲက စာမျက်နှာတစ်ရွက်ကို နှလုံးသားနန့် ထပ်တူခံစားယင်း ဖတ်ကြည့်ရေအခါ ဦးမြဝါ၏ အယူအဆချေတိကို သိဟိလာရပါရေ။ အနောက်တိုင်းအတွေးအခေါ်ပညာရှင် အရစ္စတိုတယ် ပြောရေပိုင်လူဆိုစွာ နိုင်ငံရီးသတ္တဝါဖြစ်တေ

လူတစ်ဦးတစ်ယောက်စွာ နိုင်ငံတစ်ခုအတွင်းမှာ မှီတင်းနီထိုင်ရရေ။ ဂုဏ်သိက္ခာဟိရေ လူသားတစ်ယောက်အဖြစ် ရပ်တည်ဖို့ ကောင်းမွန်ရေ နိုင်ငံရီးစနစ်ဟိရေ နိုင်ငံအဖြစ် နိုင်ငံသားတစ်ယောက်ချင်းစီ၏ ခွန်အားတိနန့် တည်ဆောက်ထားကတ်ရဖို့။

ငရို့အဖ ရက္ခိုင့် နိုင်ငံစွာ ကမ္ဘာမှာ တန်ဖိုးဟိရေ နိုင်ငံတစ်နိုင်ငံဖြစ်တေ။ ငါသိထားရေ ဂမ္ဘီရ ပညာအရ ဒေလောက်ဂုဏ်သိက္ခာဟိပြီးကေ တန်ဖိုးဟိရေ နိုင်ငံတစ်ခု၊ လူမျိုး တစ်မျိုး၏ အနာဂတ်မှာ နိမိတ်ဆိုးတိ တွိနိန်ရေ။ အမဲရောင်စွန်းနိန်ရေ ကွက်လပ်တစ်ခုပေါ်နိန်ရေ။ ငါချစ်တေ အဖပြည်နန့် ဒေပြည်သူ ပြည်သားရို့အတွက် ယင်းကွက်လပ်ကို ငါကိုယ်တိုင်ဖြည့်လိုက်မေ ဆိုရေခံယူချက်သည် ဦးမြဝါ၏ နှလုံးသား အမှန်တရားပင်ဖြစ်ပါရေ။

ဦးမြဝါ၏ အယူအဆကား ကောင်းကောင်းရိုးယှင်းပါရေ။ ဦးမြဝါသည်လည်း ကောင်းကောင်းမွန်မြတ်တေပိုင် မြတ်နိုးထိုက်တေ စိတ်ဓာတ်ပိုင်သျှင် တစ်ဦးလည်း ဖြစ်ပါရေ။ ဦးမြဝါရေ သူ့တိုင်းပြည်အတွက်မက်ခရေ အိပ်မက်ဆိုးက လွတ်မြောက်ဖို့ သူ တစ်ယောက်တည်းစွမ်းအားနန့် မလုံလောက်မှန်း သိပါရေ။ သို့သော် လူသား တိုင်းရေ ကိုယ့်လူမျိုးကို ချစ်ကတ်ခြင်း၊ ကိုယ့်တိုင်းကိုယ့်ပြည်အတွက် အလုပ်လုပ်ကတ်ခြင်း၊ ကိုယ့်တိုင်း ကိုယ့်ပြည်ကို ဂုဏ်သိက္ခာဟိအောင် တည်ဆောက်ကတ်ခြင်း၊ ကိုယ့်တိုင်း ကိုယ့်ပြည်အတွက် ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံခြင်းဆိုရေ သူ့မှတ်စုထဲက သူ့အယူအဆတိစွာ ရာစုနှစ်တိ ဇာလောက်ပင် ပြောင်းလီပတ်စီ အမြဲမှန်ကန်ရေ (Universal truth) အရာတစ်ခု ဖြစ်တေဆိုစွာကိုတော့ခါ ကျနောရို့မငြင်းနိုင်ကတ်ပါ။

အကြောင်းသင့်လို့ ပုံတိုပတ်စချေ တစ်ခု ထည့်ပြောချင်ပါရေ။ ဒေနိကမ္ဘာမှာ အတိုးတက်ဆုံး ဂုဏ်သိက္ခာအဟိဆုံးအဖြစ် ရင်ကော့ပြနိန်ရေ နိုင်ငံ တစ်ခု၏ သမ္မတက  သူ၏တိုင်းသူ ပြည်သားတိကို မှာကြားရေ စကားတစ်ခွန်းပါတိုင်းပြည်က ဇာရဖို့ဆိုစွာကို မကြည့်ကေ့” “တိုင်းပြည်ကို ဇာပီးနိုင်ဖို့လဲဆိုစွာကိုကြည့်ကတ်လို့ပြောပါရေ။

ကမ္ဘာအရပ်ရပ်က နိုင်ငံတိုင်းစွာ နိုင်ငံသားတစ်ယောက်ချင်းစီ၏ ခွန်အားတိနန့် သူရို့နိုင်ငံကို ကောင်းသည်ထက် ကောင်းအောင် တည်ဆောက်နိန်ကတ်တေ။ နိုင်ငံအချင်းချင်း ပြိုင်ဆိုင်လာကတ်တေအခါ ကိုယ့်နိုင်ငံအကျိုးစီးပွားအတွက် လိုအပ်လာကေ လူအချင်းချင်းကြားမှာတောင် တောတွင်း ဥပဒေသကို ကျင့်သုံးနိန်ကတ်ပါရေ။ International justice is melt by the national interest. နိုင်ငံတကာ တရားမျှတမှုကို အမျိုးသားအကျိုးစီးပွားတိနန့် အရည်ဖျော်ပလိုက်ပါရေ။ မီးများ မီးနိုင်၊ ရီများ ရီနိုင်၊ အားဟိကေ အာပတ်မလာတတ်ပါ။

ဦးမြဝါရေ အိပ်မက်ဆိုး တစ်ခုကို မက်ခရေ။ ယင်းအိပ်မကိုးကလေ့ သူ့တိုင်းပြည်အတွက် ဖြည့်ဆည်းရဖို့ကွက်လပ်တစ်ခုဖြစ်တေ။ သူရေ အကြွင်းမဲ့ စွန့်လွှတ်မှုတိနန့် ဖြည့်ဆည်းခကေလေ့ မလုံလောက်ဖြစ်နိန်ရေ။ သို့သော်လည်း သူ့မှာ ကျွန်နော်ရို့အတွက် အထူတန်ဖိုးဟိရေ အရာ တစ်ခုချန်ထားခပါရေ။ ယင်းချင့်က သူ့အယူအဆပင်ဖြစ်တေ။ ဦးမြဝါ၏ အယူအဆ (သို့မဟုတ်) ဦးမြဝါ၏ ဝါဒဖြစ်တေ။
ဦးမြဝါ ကြိုတင်နိမိတ်ဖတ်ခရေအတိုင်း ရက္ခိုင့် လူ့အဖွဲ့အစည်းရေ တစ်ချိန်က ဂျူးလူမျိုးတိ ရင်ဆိုင်ခရရေပိုင် ရုပ်ပျက်ဆင်းပျက်ဖြစ်နိန်ဗျာယ်။ ရက္ခိုင့်ကံကြမ္မာရေ ငါးပါးမှောက်နိန်ဗျာယ်။ ရီစီးကမ်းပြို ဖြစ်နိန်ဗျာယ်။ ရက္ခိုင့်ဘဝစွာ မိုးမှောင်ကျနိန်ဗျာယ်။ ရက္ခိုင့် မြီထုလည်း လခြမ်းမြီက လညှင်းချေ ဖြစ်လာစွာတောင်မှ ငိုသံကျွီးသံတိနန့် သွီးတိစွန်းလို့ ရက္ခိုင့်သားတိုင်း ရင်နာနိန်ဂတ်ရဗျာယ်။  ရက္ခိုင်တိုင်းမှာ တူညီရေ စိတ်ဝေဒနာတိ၊ ခံစာမှုတိဟိနိန်ကတ်ဗျာယ်။ ရီတိုက်စားမှုများနိန်ရေ မြီသားလမ်းပိုင် ကွက်လပ်က ကြီးသည်ထက် ကြီးလာလတ်ဗျာယ်။ ဒေအနာရောဂါတိကို ကုသဖို့အရီးစွာ ကျနော်ရို့ ရက္ခိုင်တိအတွက် သဲကြီးမဲကြီးလိုအပ်နိန်ရေ ကွက်လပ်တစ်ခု ဖြစ်နီဗျာယ်။

ကုလားကို စိတ်တို၊ ဗမာကိုစိတ်တိုယင်းနန့် အယှုံးသမား ဘောလုံး Team တစ်ခုပိုင် ကျနော်ရို့ ရက္ခိုင်တိ ဆက်လို့မဖြစ်ချင်ဗျာယ်ဆိုကေ တစ်ကမ္ဘာလုံးက သြချရရေ ဂနိခေတ်ဂျူးလူမျိုးတိပိုင် ကျနော်ရို့ ရက္ခိုင့်တိလည်း ရာစုသစ်ကို အမှီလိုက်ချင်ရေဆိုကေ လောကမှာ လူသားမျိုးနွယ်တိ ဟိနိန်သရွိ အမြဲမှန်ကန်နီဖို့အရာ တစ်ခုဖြစ်တေ ဦးမြဝါအယူအဆကို ကျနော်ရို့ ရက္ခိုင်တိ ဖော်ထုတ် အသုံးပြုသင့်ပါဗျာယ်။

တိုင်းပြည်အတွက်မှန်ကန်ရေ စေတနာနန့် လိုအပ်နိန်ရေ ကွက်လပ်ကိုဖြည့်ဖို့ ရက္ခိုင့်နိုင်ငံသားတိုင်း တစ်ယောက်ချင်းစီတိုင်း ဦးမြဝါ၏ အယူအဆ (သို့) ဦးမြဝါ ဝါဒကိုဇာနည်းနန့်ပင်မဆို လက်ခံကျင့်သုံးယင်း၊ ဦးမြဝါအဖြစ် ခံယူကတ်ယင်း၊ ရက္ခိုင့်နိုင်ငံတော်၏ ရွှီရောင်ခေတ်ကို တစ်ဖန်ပြန်လို့ တည်ဆောက်ယင်း၊ ရက္ခိုင့်နိုင်ငံတော်ရေ ကမ္ဘာတည်သရွိ အဓွန့်ရှည်တည်တံ့နိုင်စီဟု သန္နိဋ္ဌာန်ပြုယင်း…..

ရက္ခိုင်အတွက် တိုက်ပွဲဝင်
ရက္ခိုင်အတွက် အသက်စွန့်
ရက္ခိုင်အတွက် အောင်ပွဲခံ

Text-ဒေါင်းရန်သွီး

No comments

Powered by Blogger.