ဖိနှိပ်အုပ်ချုပ်ခံရရေ အခါ ငရို့တိ ဇာလုပ်သင့်လဲ


ဒေါင်းရန်သွီး
15.June.2016

ဖိနှိပ်အုပ်ချုပ်ခံရရေ အခါ ငရို့တိ ဇာလုပ်သင့်လဲ?
ဒေမေးခွန်းစွာရေ နိုင်ငံအတွင်းမှာ လူမျိုးရေးအားဖြင့်
စီးပွားရေးအားဖြင့် ပညာရေးအားဖြင့် ကျန်းမာရေးအားဖြင့် ဖိနှိပ်မှုခံရသည့်အခါ အခွင့်အရေးအားဖြင့် ခွဲခြားဆက်ဆံခံရသည့်အခါ မိန်းလိမိန်းထဟိရေ မိန်းခွန်းနန့် လုပ်ဆောင်လေ့ထဟိရေ လုပ်ဆောင်ချက်တိ ဖြစ်ပါရေ။

ကျွန်နော်ရို့ကတော့ခါ ဒေမိန်းခွန်းထက် သာရေ မိန်းခွန်းကို မိန်းရပါဖို့ဗျာယ်ရေ။
အာဏာဆုံးယှုံးနိန်ရေ နိုင်ငံသားတိအနေနန့် အာဏာပြန်လည်တည်ဆောက်နိုင်ဖို့ ဇာချင့်တိကို
လုပ်ဆောင်ရဖို့လဲ။

ပထမဆုံးမေးခွန်းကို ဆွေးနွေးကြည့်ပါမေ။
ဖိနှိပ်ခံ လူမျိုး တစ်မျိုး လူတန်းစားတရပ်အနေနန့်
မဖြစ်မနေ လုပ်ဆောင်ရဖို့စွာကတော့ခါ လူထုဆန္ဒပြပွဲလုပ်ဆောင်ခြင်း ဖြစ်ပါရေ။
လူထု ဆန္ဒပြပွဲမှာလည်း အမျိုးအစား အများကြီးဟိပါရေ။

အကြမ်းဖတ်တေ နည်းလမ်း (violent mass demonstration) နန့် (Non-violent mass demonstration) ဆိုပြီးကေ နှစ်ခု ကို ရှင်းပြပီးပါမေ။
အကြမ်းဖက် လူထုတောင်းဆို ဆန္ဒပြပွဲကို လုပ်ဆောင်သောအားဖြင့် အုပ်ချုပ်သူ အာဏာပိုင်အဖွဲ့နှင့် ဆန္ဒပြသူ လုထုကြားမှာ သဘောထားတင်းမှာမှုတိ များပြားပြီးကေ အတိုက်အခိုက်တိ များပြားခြင်းကြောင့် အသက်သွီးတိ အများကြီးအရင်းအနီးများနိုင်ပါရေ။
နောက်ပြီးကေ ဒေနည်းစွာယေ မီဒီယာမှာ အရုပ်ဆိုးစီပါရေ။

နောက်တစ်ခုက Non-violent mass demonstration ပါ အကြမ်းမဖက်ဘဲ လူထုတောင်းဆို ဆန္ဒပြခြင်းပါ။ ဒေနည်းလမ်းကတော့ အသက်/သွီးတိ ပီးဆပ်ရင်းနှီးရမှု နည်းပါးစီပါရေ။

ထိရောက်မှု များပြားဖို့အတွက် လူထုအင်အား အများကြီးလိုအပ်ပါရေ။ လူတန်းစားမျိုးစုံကိုလိုအပ်ပါရေ။
လူကြီး လူငယ် ကျောင်းသား ကျောင်းဆရာ/မ ဘုန်းကြီးရဟန်း ဘာသာရေးခေါင်းဆောင်တိ
အားလုံးသော ပြည်သူတိ ပူးပေါင်းပြီးကေ တောင်းဆိုရေ ဆိုင်းဘုတ် (statement) ကို ကိုင်ဆောင်ပနာ အုပ်စုလိုက် စနစ်တကျ ချီတက်တောင်းဆို ဆန္ဒပြဖို့လိုပါရေ။

ဒေနည်းလမ်းအတွက် ကြီးကြပ်ပီးဖို့ တက်ကြွလှုပ်ရှားရေ ခေါင်းဆောင်တိ လိုအပ်ပါရေ။ ယင်းခေါင်းဆောင်တိက စနစ်တကျ လှုပ်ရှားပြီးကေ စီစိုင်ရေးဆွဲပနာ လူထုကို စည်းကမ်းကျကျ ဦးဆောင်နိုင်စွမ်းဖို့လိုပါရေ။
ဒေနည်းလမ်းကို လွတ်လပ်ရီးအတွက် အိန္ဒိယနန့် နောက် တခြားနိုင်ငံတိကလည်း လူထု ခုခံဆန္ဒပြပွဲတိအနန့်အသုံးချခကတ်ပါရေ။

ဒုတိယ မေးခွန်းတစ်ခုကို ဆက်ကတ်ပါမေ။
အာဏာဆုံးယှုံးနိန်ရေ နိုင်ငံသားတိအနေနန့် အာဏာကို ပြန်လည်တည်ဆောက်ဖို့ဇာချင့်တိကို လုပ်ဆောင်သင့်လဲ။

ကျွန်နော်ရို့ ဗိုလ်ချုပ်/စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်(ရက္ခိုင့်တပ်မတော်) ကပြောပါရေ။
      နိုင်ငံတနိုင်ငံ လူမျိုးတစ်မျိုး သူ့ကျွန်ဘဝကို ကျရောက်လားရခြင်းစွာယေ
      ကျမ္မာရေးဌာန ကျယှုံးလားခလို့မဟုတ်၊ ပညာရေးဌာန ကျယှုံးလားခလို့မဟုတ်။
      ကာကွယ်ရေးဌာနကျယှုံးလားခလို့ယာ ဖြစ်တေ။

လို့ ဆိုပါရေ။

ဟုတ်ပါရေ
လက်ရှိအချိန်အထိ အာဏာပိုင် ရက္ခိုင့်နိုင်ငံတော်လို့ ကျွန်နော်ရို့တိ လက်မ မထောင်နိုင်သိမ့်စွာယေ အင်အားတောင့်တင်းခိုင်မာရေ၊ အရည်အချင်းပြည့်ဝရေ ကာကွယ်ရေး တပ်မတော်တရပ် ပြည်လည်ဖွဲ့စည်းနိုင်ခြင်းမဟိသိမ့်လို့ယာ ဖြစ်ပါရေ။

ယင်းကြောင့် အာဏာကို ပြန်တည်ဆောင်ချင်ကေ ကာကွယ်ရေးစစ်တပ်တစ်ခု မရှိမဖြစ်လိုအပ်တေ။
ယင်းကြောင့်လည်း ရက္ခိုင့်တပ်မတော်ကို စာလည်းတတ်တေ မျိုးလည်းချစ်တေ လွတ်လပ်ရေးကိုလည်း မြတ်နိုးရေ ရက္ခိုင့်သား/ရက္ခိုင့်သမတိအားလုံးကို ဖိတ်ခေါ်ပါရေ။

နိုင်ငံ့အာဏာကျယှုံးနိန်ရေ ကျွန်နော်ရို့အတွက် ကာကွယ်ရေးတပ်မတော်တစ်ခု လိုအပ်တေ ဆိုစွာအပီအပြင် ဖြစ်ပါရေ။
ယင်းပိုင်ဆိုကေ
ကျွန်နော်ရို့တိ အာဏာကိုပြန်လို့ဆောက်တည်ချင်ရေဆိုကေ ကာကွယ်ရေးစစ်သားလုပ်ခြင်းထက် အလျင်းမရှိ။

သို့သော်လည်း လူတိုင်းကား ကာကွယ်ရေးအတွက် စစ်သားလုပ်လီဖို့မဟုတ်စွာ သေချာပါရေ။

ယကေ ဇာလုပ်ပါဖို့လဲ။
၂၁ ရာစု၏ နိုင်ငံရေး တော်လှန်ရေးသီအိုရီ အပြောင်းအလဲကြောင့် အာဏာကို ပြန်ပနာ တည်ဆောက်တေအခါမှာ ၂၀ ရာစုက နည်းဟောင်းတိလောက်နန့် မလုံးလောက်လိုက်ဗျာယ်။
ကျွန်နော်ရို့တိ သိထားရဖို့စွာက ဒေခေတ်စွာယေ သတင်းမီဒီယာခေတ်ဖြစ်ပါရေ။ အမေဇုန်တောထဲက လိပ်ပြာချေ တောင်ပံခတ်စွာကိုတောင် live တိုက်ရိုက်ကြည့်ရှုလို့ရနိုင်ရေခေတ်ပါ။ ယင်းခေတ်မျိုးမှာ လက်နက်ကိုင်ပနာ အာဏာကိုတည်ဆောက်ရေးကြိုးစားရုံလောက်ယာ ဆိုကေ ကျွန်နော်ရို့ တော်လှန်ရီးစွာ မီဒီယာ စာမျက်နှာမှာ မှန်သော်လည်း ရုပ်ဆိုးအကျဉ်းတန်စီပါဖို့ဗျာယ်။ သို့သော်လည်း လက်နက်ကိုင် အံတုခြင်းကိုကား မလုပ်လို့မရ။ ယင်းပိုင်ဆိုကေ အကျွန်နော်ရို့စွာ
ကျွန်နော် အထက်က ရေးပြခရေအတိုင်း ပြည်သူလူထု အခြေခံသော လူထု ဆန္ဒပြပွဲကို တိုက်ပွဲတိနန့် သံပြိုင် အသံထွက်နိန်ဖို့လိုပါရေ။
ဒေနိန်ရာမှာ အရေးကြီးလာစွာက ပြည်သူတိ တစ်ယောက်ချင်းစီ တာဝန်သိစိတ်ဓာတ်နန့် ပူးပေါင်းပါဝင်လာမှုပါ။
ပြည်သူတိ၏ အသံစွာယေ တဗျင်းအရေးကြီးပါရေ။
ကျည်သံတိုင်းသည် လွတ်လပ်ရေးကြွေးကြော်သံ ဖြစ်နိန်ဖို့ လိုအပ်ပါရေ။
ဆက်စပ် ဗွီဒီယိုဖိုင်ကိုလည်း ကြည့်ကတ်ပါ။






No comments

Powered by Blogger.