ရက္ခိုင့်အမျိုးသားတော်လှန်ရီးလမ်းကြောင်း ထက်က ဂေါင်းဆောင်ပြတ်လပ်မှု နှင့် နောက်လိုက်ကောင်း ယှားပါးမှု ပြဿ နာ
Dr.ညိုထွန်းအောင်
‘‘ရက္ခိုင့်အမျိုးသားတော်လှန်ရီးလမ်းကြောင်းခရီးရှည် ဇာအတွက်ကြောင့်ထပ်၍ရှည်လျားနီရပါသနည်း’’
![]() |

ရက္ခိုင်လူထုတစ်ရပ်လုံးနန့်သက်ဆိုင်သောမိန်းခွန်းတစ်ရပ်ဖြစ်တေပိုင်ရက္ခိုင်သားတိုင်းစိုင်းစားအဖြီရှာသင့်သောစိန်ခေါ်ချက်
တစ်ရပ်လည်းဖြစ်ပေသည်။ဤမိန်းခွန်းနန့်ပတ်သက်၍ကျနော်ဉာဏ်မီသလောက်ဆင်ခြင်ကြည့်သောအခါအကြမ်းအားဖြင့်
ထူးချွန်ထက်မြက်သောဂေါင်းဆောင်ကောင်းယှားပါးပြတ်လပ်မှုနန့်နောက်လိုက်ကောင်းယှားပါးမှုစသောအချက်နှစ်ခုကိုခြုံငုံ
ဆက်စပ်မိပါသည်။
(၁၇၈၄) ရက္ခိုင်နိုင်ငံတော်အချုပ်အခြာအာဏာကျယှုံးခရပြီးနောက်ပိုင်းမှစ၍ ရက္ခိုင်အမျိုးသား တော်လှန်ရီးကို ဦးဆောင်ခ ကတ်သော ဂေါင်းဆောင်များ အများအပြားပေါ်ထွန်းခဖူးပါသည်။ ဗိုလ်ကျော်ထွီး၊ ဗိုလ်ချင်းပျံအစ ကြီးသုံးကြီး ဦးစိန္တာ အလယ်ခိုင်မိုးလင်း၊ခိုင်ရာဇာတရောက်ဂေါင်းဆောင်ပုဂ္ဂိုလ်ကြီးများပေါ်ပေါက်ခပါသည်။ သို့သော်လည်း ရက္ခိုင့်အမျိုးသား တော်လှန်ရီးခရီးသည်ကားအဆုံးမသတ်နိုင်ဘဲပဋာမြီလူးပြဇာတ်ကိုသာဆက်၍ကနီခရသည်။ရက္ခိုင်ရို့၏ကျွန်ဘဝမှာလည်း သက်ဆိုးရှည်ကြာနီခရသည်။
၁၉၉၈၊ ဖေဖော်ဝါရီခိုင်ရာဇာလုပ်ကြံခံရပြီးနောက်ပိုင်းရက္ခိုင့်အမျိုးသားတော်လှန်ရီးကိုတည့်တည့်မတ်မတ်ပြတ်ပြတ်သား သား၊မားမားမတ်မတ်ဦးဆောင်မှုပီးနိုင်ခသောဂေါင်းဆောင်ကောင်းဟူ၍ကားအလွန်ယှားပါးလှသည်ဟုဆိုချင်ပါသည်။ အရဲစွန့်၍ပြောရမည်ဆိုပါကခိုင်ရာဇာနောက်ပိုင်းပေါ်ထွက်လာလတ်သောဂေါင်းဆောင်ဆိုသူများမှာအမည်ခံအဆင့်နန့် ယင်း၏ ပတ်ဝန်းကျင်အတိုင်းအတာမျှသာသက်ရောက်စီသူများဟုသံခိပ်ပြုလိုပါသည်။ထို့ကြောင့်ရက္ခိုင်ပြည်သူတစ်ရပ်လုံး ကလိုလားတောင့်တနီသောဂေါင်းဆောင်၊ပြည်သူတစ်ရပ်လုံးကိုဦးဆောင်မှုအပြည့်အဝပီးနိုင်သောဂေါင်းဆောင်ဟူ၍ကား မဟိသီးဟု ကောက်ချက်ဆွဲလိုက်မည်ဆိုပါက သမာသမတ်အားဖြင့်ကန့်ကွက်မည့်သူပေါ်အံ့မထင်။
နောက်လိုက်ကောင်းယှားပါးမှုသည်အဂုလက်ဟိရက္ခိုင့်အမျိုးသားတော်လှန်ရီးတွင်ကြုံတွိနီရသောသိသာထင်ရှားသည့် ပြဿနာတစ်ရပ်ပင်ဖြစ်သည်။ ခိုင်မိုးလင်း၊ ခိုင်ရာဇာရို့ကျဆုံးခပြီး နောက်မှာယင်းရို့၏ တာဝန်ကို ဝင်ရောက်နီရာ ယူနိုင်ခကတ်သော်လည်းဂေါင်းဆောင်ဟောင်းရို့၏ခြီရာကိုအပြည့်အဝထပ်တူထပ်မျှမနင်းနိုင်ခကတ်သည် မှာကား သစ္စာ ရပ်ဝန်း က ရက္ခိုင်လူထုအားလုံးနီးပါးလက်ခံထားကတ်သောအမှန်တရားတစ်ရပ်ပင်။
သို့သော်လည်းမျက်မှောက်ကာလရက္ခိုင့်အမျိုးသားတော်လှန်ရီးနယ်ပယ်တွင်ဆင်းရဲဒုက္ခပင်ပန်းမှုရို့ကိုကြံ့ကြံ့ခံရင်ဆိုင်ယင်း တိုက်ပွဲဝင်နီကတ်သောတော်လှန်ရီးဂေါင်းဆောင်အချို့နန့်နောက်လိုက်ရဲဘော်ကောင်းရို့ကိုလီးစားဂုဏ်ယူအသိအမှတ်ပြု ရမည်မှာ အမှန်ပင်ဖြစ်ပါသည်။
ဂနိအချိန်အခါသည် ရက္ခိုင်လူထုတစ်ရပ်လုံး၏ အမျိုးသားရီးလှုပ်ယှားမှု အသွင်သဏ္ဍာန်ရို့မှာ ကုန်ခရေဆယ်စုနှစ် ကာလ ရို့နန့်နှိုင်းကြည့်ပါကသိသိသာသာအယှိန်အဟုန်မြင့်တက်လာကြောင်းစောင့်ကြည့်လိလာကတ်သူများ၏အကဲဖြတ်မှုအသိ ရသည်။အမျိုးသားရီးဖြားရီအဟုန်မှာလည်းနယ်ပယ်အသီးသီးတွင်မြင့်မားလာနီသည်။ရက္ခိုင်နိုင်ငံတော်ကိုကျွန်ပြုအုပ်ချူပ်နီ သောဗမာနယ်ချဲ့စစ်ဝါဒီရို့၏နာမ်ဝိညာဉ်ပိုင်းကိုထွင်းဖောက်သိမြင်လာကတ်တေပိုင်နားလည်ရန်အခွင့်အလမ်းများလည်း ပေါ်ပေါက်လာကတ်သည်။အချို့သောတက်ကြွလှုပ်ယှားသူများကနားလည်မှုတိုးမြှင့်ရန်လည်းကြိုးပမ်းနီကတ်သည်။ အမြော်အမြင်ကြီးမားသောဂေါင်းဆောင်ကောင်းတစ်ဦးသာရက္ခိုင့်အမျိုးသားတော်လှန်ရီးတွင်ပေါ်ပေါက်လာပါကရီကန် အသင့် ကြာအသင့် စိကိုက်သားဟုဆိုလိုက်ချင်ပါသည်။
သို့သော်လည်းဂေါင်းဆောင်ဟူသည်ရွက်ကျပင်ပေါက်ပိုင်အလေ့ကျပေါက်ရောက်၍ရကောင်းသောအရာကားမဟုတ်ပါချေ။ ‘‘ဥုံဖွ’’ ဟုမန်းမှုတ်ရုံဖြင့်ပေါ်ပေါက်လာနိုင်မည်မဟုတ်ပေ။ ရက္ခိုင်ရို့၏မင်းလောင်းမျှော် အမွီဆိုးသည်လည်းပြောင်းလဲ နိုင်မည်မဟုတ်ပေ။ ‘‘အတ္တာဟိအတ္တနောနာထော’’ မိမိကိုယ်သာကိုးကွယ်ရာ ဟူသောမြတ်စွာဘုရားသျှင်၏တရား ဒေသနာတော်နန့်အညီရက္ခိုင်လူထုတစ်ရပ်လုံးမှကြိုးစားကျင့်ကြံမွီးထုတ်ပီးနိုင်မှသာလျှင်ထွက်ပေါ်လာနိုင်မည် ဖြစ်ပါသည်။
ယှစ်လေးလုံးအရေးတော်ပုံမှမွီးထုတ်ပီးလိုက်သော ကျောင်းသားဂေါင်းဆောင်မင်းကိုနိုင်၊ ဒုတိယကမ္ဘာစစ်မှ မွီးထုတ်ပီး လိုက်သောနာဇီဂေါင်းဆောင်ဟစ်တလာ၊ကျူးဘားတော်လှန်ရီးမှမွီးထုတ်ပီးလိုက်သောချီဂွေဗားရား၊ဗီယက်နမ်တော်လှန်ရီး မှမွီးထုတ်ပီးလိုက်သောဟိုချီမင်းရို့မှာရက္ခိုင့်အမျိုးသားတော်လှန်ရီးကိုဂေါင်းဆောင်လာမည့်လက်ဟိမျိုးဆက်ရို့အတွက် စံနမူနာယူပြီး လိလာသင့်သော ပုဂ္ဂိုလ်များပင်ဖြစ်သည်။
‘‘ဂေါင်းဆောင်’’ ဟူသောစကားလုံးကို လူအမျိုးမျိုးကအဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုခကတ်သည်။ ထိုအထဲမှာ အင်္ဂလိပ်စစ်သူကြီး မောင့်ဂိုမာရီ က ဂေါင်းဆောင် ဆိုသည်မှာ ‘‘တူညီသောရည်မှန်းချက်တစ်ရပ်အောင်မြင်ရီးအတွက် မိမိ၏အဖွဲ့အစည်း တွင်ပါဝင်သောအမျိုးသား၊အမျိုးသမီး(ရဲဘော်ရဲဘက်)အားလုံးကိုစည်းရုံးနိုင်သည့်စွမ်းရည်၊ယင်းရို့အားဂေါင်းဆောင်လို သည့်ဆန္ဒနန့် ယင်းရို့၏ယုံကြည်မှုကိုလှုံ့ဆော်ရယူနိုင်သည့်ခိုင်မာသောအကျင့်စာရိတ္တကိုပေါင်းစပ်ထားခြင်းပင်ဖြစ်သည်’’ ဟုဖွင့်ဆိုထားသည်။
ကျနော်လက်ခံထားသည်မှာ“ဂေါင်းဆောင်” ဟူသည်တာဝန်ယူလိုသည့်စိတ်၊တာဝန်ယူရဲသည့်သတ္တိ၊ ဂေါင်းဆောင်လိုသည့် စိတ်၊ဂေါင်းဆောင်ဝံ့သည့်သတ္တိရို့ကိုမွီးရာပါဂေါင်းဆောင်ဗီဇစိတ်၊ရည်မှန်းချက်မပြီးဆုံးသိမ့်သရွိဘဝတစ်ခုလုံးကိုနှစ်မြုပ် ထားလိုသည့်ဆန္ဒရို့အပြင်အောက်တွင်ဖော်ပြထားသောဂေါင်းဆောင်တစ်ယောက်တွင်ဟိသင့်ဟိထိုက်သောအရည်အချင်း ရို့ဖြင့်အချိုးကျကျပေါင်းစပ်ထားခြင်း ပင်ဖြစ်သည်။ (ဂေါင်းဆောင်ဟူသည် မိမိအကျိုးထက် တိုင်းပြည်နန့်လူမျိုး၏ အကျိုး ကိုပိုမိုတန်ဖိုးထားတတ်ရန်လိုအပ်သည့်အပြင် ပြတ်သားသင့်သောအချိန်များတွင် ဆုံးဖြတ်ချက်များကိုပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချရဲနိုင်သူလည်းဖြစ်ရမည်။ မိမိထက်တော်သော၊ထူးချွန်ထက်မြက်သောဂေါင်းဆောင်များပေါ်ထွန်းလာပါက လည်းနောက်က လိုက်ရဲသောသတ္တိ၊ လိုက်ဝံ့သောသတ္တိလည်းရှိရမည်။)
၎င်းအပြင်ဂေါင်းဆောင်ကောင်းဟူသည် အခြီအနီ၏လိုအပ်ချက်ကွက်လပ်ကို မှန်မှန်ကန်ကန်ဖြည့်စွမ်းပီးနိုင်ရန်အတွက် မိမိ၏အရည်အချင်း၊လုပ်နိုင်စွမ်းအရည်အသွီး၊ အားနည်းချက်၊အားသာချက်ရို့ကိုကောင်းစွာသိဟိနားလည်ထားရန်လိုအပ် တေပိုင် ဟန်ချက်ညီညီအသုံးချတတ်ရန်လည်း လိုအပ်ပေလိမ့်မည်။
ဂေါင်းဆောင်တစ်ယောက်တွင်-
(၁) ကာယဗလ (ကာယအင်အားပြည့်စုံခြင်း)
(၂) ဉာဏဗလ (ဉာဏအင်အားပြည့်စုံခြင်း)
(၃) မိတ္တဗလ (မိတ်ဆွီအပေါင်းအသင်းပေါများခြင်း)
(၄) စာရိတ္တဗလ (ခိုင်ခန့်သောအကျင့်စာရိတ္တနန့်ပြည့်စုံခြင်း)
(၅) ဘောဂဗလ (ပစ္စည်းဥစ္စာပေါများပြည့်စုံခြင်း) စသည့် ဗလငါးတန် နန့်ပြည်စုံရန်လည်းလိုအပ်ပေသည်။
အရာတစ်ဖန်-
(၁) ခမာ (မြေကြီးကဲ့သို့သည်းခံခြင်း)
(၂) ဇာဂရိယ (နိုးကြားခြင်း၊အလားအလာအနီအထိုင်ရို့၌ သတိဟိခြင်း)
(၃) ဥဌာန (လက်အောက်ငယ်သားရို့ထက်ထကြွလုံ့လဝီရိယဟိခြင်း)
(၄) သံဝိဘာဂ (ဝီဖန်ခွဲခြားနိုင်ခြင်း)
(၅) ဒယာ (သနားချစ်ခင်၊ကြင်နာခြင်း)
(၆) ဣက္ခဏာ(ပညာဟိရို့ကိုဆွေးနွေးမီးမြန်းခြင်း) စသည့် နာယကဂုဏ်ခြောက်ပါး ကိုကျင့်ကြံအားထုတ် နိုင်သူလည်း ဖြစ်ရပေမည်။
၎င်းရို့အပြင်-
(၁) ဒါန (ပီးကမ်းစွန့်ကြဲခြင်း)
(၂) ပေယျဝဇ္ဇ (ချစ်ဖွယ်သောစကားကိုဆိုခြင်း)
(၃) အတ္တစရိယ (သူ့အကျိုးစီးပွားကိုဆောင်ရွက်ခြင်း)
(၄) သမာနတ္တကာ (ကိုယ်နန့်တစ်တန်းစားတည်းထား၍ပေါင်းသင်းဆက်ဆံခြင်း) စသည့် သင်္ဂဟတရားလေးပါး နန့်လည်း မကင်းလွတ်စကောင်းပေ။
အထူးသဖြင့် အဂတိတရားလေးပါး ဖြစ်သောဆန္ဒာဂတိ(ချစ်သဖြင့်တစ်ဖက်သတ်စီရင်ခြင်း)၊ဒေါသဂတိ (အမျက်ဒေါသ ကြောင့်တစ်ဖက်သတ်စီရင်ခြင်း)၊ ဘယာဂတိ(ကြောက်ရွံသဖြင့်တစ်ဖက်သတ်စီရင်ခြင်း)၊ မောဟဂတိ(တွေဝေခြင်း ကြောင့် တစ်ဖက်သတ်စီရင်ခြင်း) ရို့မှကင်းလွတ်အောင်လည်းကြိုးစားကျင့်ကြံရမည် ဖြစ်ပေသည်။
ထို့ကြောင့်ဂေါင်းဆောင်ကောင်းတစ်ယောက်တွင်အကြမ်းအားဖြင့်ဗလငါးတန်၊နာယကဂုဏ်ခြောက်ပါး၊သင်္ဂဟတရား လေးပါး၊အဂတိတရားငါးပါးရို့ကိုအခြီခံ၍အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ သီလသမာဓိဟိခြင်း၊ ရင့်ကျက်တည်ငြိမ်ခြင်း၊ စိတ်ဆန္ဒပြင်းပြထက်သန်ခြင်း၊မိမိကိုယ်မိမိထိန်းသိမ်းနိုင်စွမ်းဟိခြင်း၊ပြောင်းလွယ်ပြင်လွယ်ဟိခြင်း၊ မိမိကိုယ်ကို ယုံကြည် စိတ်ချမှုဟိခြင်း၊ ဖြစ်ပေါ်လာသည့်အခက်အခဲများကိုခံနိုင်ရည်ဟိခြင်း၊ ထိုအခက်အခဲများကိုဂေါင်းအီးအီးဖြင့် ဖြီယှင်း တတ် ခြင်း၊တိကျပြတ်သားစွာဆုံးဖြတ်နိုင်ခြင်း၊ထိုးထွင်းဉာဏ်ဟိခြင်း၊တရားမျှတခြင်း၊မိမိကိုယ်မိတိုးတက်အောင်အမြဲကြိုးပမ်း နီခြင်း၊မည်သည့်အလုပ်ကိုမဆိုအလီးအနက်ထားပြီးပြတ်သားစွာဆောင်ရွက်တတ်ခြင်း၊ရဲဘော်ရဲဘက်စိတ်နန့်ကိုယ်ချင်းစာ တရားဟိခြင်း၊ ဟာသဉာဏ်ဟိခြင်း၊ တီထွင်လုပ်ဆောင်တတ်ခြင်း၊ ကိုယ်နှုတ်အမှုအရာနှစ်လိုဖွယ်ဟိခြင်း၊ မိမိကိုယ်ကို နှိမ့်ချတတ်ခြင်း၊စကားပရိယာယ်ကြွယ်ဝခြင်းစသည့်အခြီခံသဘောတရားများပြည့်စုံရန်လိုအပ်ပါသည်။၎င်းရို့အပြင်တစ်ခြား လိုအပ်ချက်များစွာလည်း ဟိဦးမည်သာ။
လက်ဟိရက္ခိုင့်အမျိုးသားတော်လှန်ရီးလမ်းကြောင်းထက်တွင်မျိုးဆက်ပြတ်လပ်မှု၊ဂေါင်းဆောင်ယှားပါးမှုပြဿနာရို့သည် လက်သင့်ခံနိုင်ဖွယ်ရာမဟိသောအခြီအနီတစ်ရပ်ပင်ဖြစ်ပေသည်။ရက္ခိုင်တစ်မျိုးသားလုံး၏အနာဂတ်အတွက်ရင်လီးဖွယ်ရာ ပင်ကောင်းသော အချက်တစ်ခုပင်မဟုတ်ပါလော။
ရက္ခိုင်အမျိုးသားတော်လှန်ရီးကို ဂေါင်းဆောင်နိုင်မည့်သူသည်ရက္ခိုင်ပြည်သူလူထုတစ်ရပ်လုံးထဲမှ အသက်အရွယ်၊ အနိမ့် အမြင့်၊အမျိုးသား၊အမျိုးသမီးမရွီးမည်သူမဆိုဖြစ်ပိုင်ခွင့်ဟိနီပါသည်။ ဖြစ်မြောက်ရန်လည်းအားထုတ်သင့်လှပေသည်။ ဂေါင်းဆောင်ကောင်းဟူသည်လက်ဟိနိုင်ငံရီးအခြီအနီ၊နီရာဒေသအခြီအနီ၊ အမျိုးသားရည်မှန်းချက်ပန်းတိုင် ပြည်သူလူထု ၏ တောင်းဆိုချက်စသည့်လိုအပ်ချက်အခြီအနီကြားထဲတွင် အချိန်သင့်အခါသင့်ထွက်ပေါ်လာတတ်စမြဲပင်။
သူရဲကောင်းဟူသည်တိုက်ပွဲမီးလျှံကြားထဲမှသာလျှင်ပေါ်ထွန်းနိုင်သကဲ့သို့ ဂေါင်းဆောင်ကောင်းဟူသည်လူထု၏ လိုအပ်ချက်ကြားထဲမှသာပေါက်ဖွားလေ့ဟိသည်။ထို့အတူမည်သည့်နိုင်ငံတွင်မဆိုမြန်မာနန့်တစ်ခြားအာဏာရူးနိုင်ငံအချိုက လွဲလျှင်ဂေါင်းဆောင်ဟူသည်ပြည်သူလူထုကရွီးကောက်တင်မြှောက်ခြင်းသာဖြစ်သည်။ပြည်သူလူထုကမကြိုက်မနှစ်သက် သောဂေါင်းဆောင်ရို့သည်တဖြုတ်ဖြုတ်ကြွီပျက်သုဉ်းရစမြဲဆိုသည်ကို ၂၀၁၁-ခုနှစ်အတွင်းအာရပ်နွေဦးခေတ်ပြိုင်သမိုင်း ဝိမုတ္တိများက သက်သီထူပြခကတ်ပါပြီ။
ရက္ခိုင်လူမျိုးမိဘနှစ်ပါးမှ မွီးဖွားခွင့်ရဟိထားကတ်သော မည်သည့်ရက္ခိုင်သားနန့်ရက္ခိုင်မျိုးနွယ်စုများထဲက ဇာသူမဆို ရက္ခိုင်အမျိုးသားတော်လှန်ရီးကိုဦးဆောင်နိုင်ရန်အခွင့်အလမ်းဟိကတ်ပါသည်။ထိုကဲ့သို့သောအခွင့်အရီးကိုအမျိုးသားရီး စိတ်ဓာတ်ဖြင့်တာဝန်ထမ်းဆောင်သင့်လှပေသည်။
ရဲသွင်မောင် (ရက္ခအလင်းတန်းဂျာနယ်မှပီးသော ကလောင်နာမည်)
Dr.ညိုထွန်းအောင်
ကိုးကား
ခေါင်းဆောင်မှုပညာ (ဦးလှမင်း- ဗဟိုဝန်ထမ်းတက္ကသိုလ်)
၁၉၉၃ ခုနှစ်၊ စာပီဗိမာန် စာမူဆု ၊သုတပဒေသာ(ဝိဇ္ဇာ) တတိယဆုရ စာအုပ်။
ရက္ခအလင်းတန်း ဂျာနယ် (အမှတ်စဉ် ၃) ၊ စာမျက်နှာ (၁၈ မှ ၂၁) ၊ ၂၀၁၁ နိုဝင်ဘာလ။

Leave a Comment