ရခိုင်မလေးမျက်ရည် ခိုဝေဝေ (သို့) စောသန္တာ'နှလုံးသားအားနှင်းနှင်း ခိုဝင်ကြည့်ခြင်း (၁)
နှင်းနှင်းနွယ်(ရခိုင်သူ)
4/April/2016
ကျမက စောသန္တာ ပါရှင့်။ ကျမ ဘဝ၏ တစ်ဆစ်ချိုး အလွမ်းဇာတ်ကြောင်း ကို ကျမ ချစ်သော ရခိုင်လူမျိုးအတွက်ပြောပြချင် ပါတယ်။ ကျမ ကို တိုင်းက မဟိံသက္က၊ ပြည်ကရက္ခပူရ ၊
မြို့တော်ကဓညဝတီ ၊ ဆိုသော ဘုရင့်နန်းတော် မှာ မွေးဖွားသန့်စင်ပြီး ရခိုင်နိုင်ငံဂုဏ်ဆောင် လှပျိုဖြူ ရခိုင်အမျိုးသမီး ဖြစ်ပါသည်။ ကျွန်းတွင်ဇမ္ဗူ၊ တိုင်းတွင်ရခိုင်၊ လူတွင်ရခိုင် ဆို ပြီး ကြီးကျယ်ခန်းနားသော ကျမရဲ့စာဆိုအတိုင်း ကျမဟာ ရခိုင်နိုင်ငံ၏ မြင့်မြတ်သော ၊ လှပသော၊ အမျိုးစောင့်သိသော၊ ရန်သူကို နှလုံးသားအသေခံ ပြီးသတ်နိုင်သော ရခိုင့်နိုင်ငံဂုဏ်ဆောင် စောသန္တာ ဆိုသော လှပျိုဖြူ ရခိုင်မင်းသမီးပါ။ ကျမ အကြောင်းကိုရေးရလျှင် တစ်ထောင့်တစ်ည ပုံပြင်တွေလို ကုန်ဆုံးမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျမ ဘဝ၏ တစ်ဆစ်ချိုးလှည့်ကွက် တွေကို ပုံဖော် ဇာတ်လမ်းဆင်ပြီးတစ်ကွက်ပြ ပြဇာတ်အသွင်သာပြောပြပါတော့မည်။
(ယခုအကြောင်းအားရေးနေသော ကျမ နှင်းနှင်းနွယ်(ရခိုင်သူ)သည် လိုအပ်ချက်တွေ များစွာရှိနိုင်ပါသည်။ ရခိုင်နိုင်ငံ၏ ဂုဏ်ဆောင် သခင် စောသန္တာ အားဂုဏ်ပြုသောအားဖြင့်၎င်း၊ ရခိုင်သူများဂုဏ်ယူစေလို၍၄င်း သင်္ခန်းစာအသွင် ရေးသားပါမည်။ အမှားများပါနိုင်ပါသည်။ သို့သော် အမှန်ပြင် ဖတ်ရှုပေးပါရန်တောင်းပန်၏) ကဲ..ကျမ စောသန္တာ ရင်ထဲကို စတင်ဝင်ရောက်ပါပြီ။ ရခိုင်နိုင်ငံ မြောက်ဦး ရွှေမြို့တော်ကို ရန်သူတွေ ပယ်လယ်ထဲက ကျွန်းကလေးကို ဝိုင်းထားကြပြီ။ ကျမ တို့ ရခိုင်နိုင်ငံပြည်သူတွေ နှလုံးသည်းပွတ် ဆူပူနေကြပြီ။ ဖခမည်းတော်မင်းကြီးဆိုလျှင်လည်း အိပ်မပျော် စားမဝင် ဖြစ်နေပါပြီ။ ရခိုင်ပညာရှိအမတ်တွေ၊ စစ်ရေးဗိုလ်ပါစစ်သေနာ ပတိတွေလည်း နေ့ရောညပါ အလုပ်တွေများနေကြ ပြီ။ ကျမ ဘာလုပ်ရမည်နည်း???။ ကျမက ရခိုင်နိုင်ငံ၏ တော်ဝင်ဘုရင်သမီးပါ။ ကျမ လည်း ရန်သူကိုတိုက်ထုတ်ပြီး ရခိုင့်နိုင်ငံ ကို ကာကွယ်ချင်တယ်။ ရခိုင်ပြည်သူတွေက ကျွေးသော ရခိုင်ထမင်းကိုစား၊ ရခိုင်ရေကိုသောက်၊ ရခိုင်မြေမှာကြီးပြင်းခဲ့သောကျမ ရခိုင်နိုင်ငံကို တော့ စောက်ရှောက်ကာကွယ်ဖို့တာဝန်ရှိတာပေါ့။ ရခိုင်ပြည်သူများ၏သုခ၊ ဒုက္ခကို ကျမခံစားမျှဝေ နိုင်ရမှာပေါ့။ ကျမ ရခိုင်နိုင်ငံကျရှုံးဖို့အခြေအနေဖြစ်လာသော ဒီအချိန်မှာသဇင်ပန်းတွေပန်၊အလှတွေရံမနေချင် ဘူး။ ဒါကြောင့် ကျမ ဆုံးဖြတ်ချက် ချလိုက်သည်။ ပြီးတော့ ဖခမည်းတော် ရှိရာ နန်းတော်ထဲကို ခြေစုံဦးလှည့် ခစားဝင်ရောက်လာခဲ့သည်။ ဖခမည်းတော် မျက်နှာမကောင်းဘူးဖြစ်နေသည်။ ကျမလျှောက်တင်လိုက်သည်။ 'တိုင်းပြည်တခွင်၊ ပြည်စိုးရာဇာ၊ ချမ်းမြေ့သာကို၊ လိုချင်တပ်မက် ၊ ငြိမ်းအေးခြင်းနှင့် နှလုံးလှဘုရင် ဖခမည်းတော်ဘုရား .. ဒီအချိန် ဒီအခါ၊ ရခိုင်နိုင်ငံပြည်တခွင်၊ တိုင်းနိုင်ငံကို၊ ရန်သူဝိုင်းပတ်၊ စစ်တိုက်ခြင်းငှာ၊ စခန်းတွေချ၊ လာလှည့်ကြ၏။ ဤသည် နှလုံး၊ ပြုံးပီတိဖြင့် လှယာဉ်ဆင်တင့်၊ စောသန္တာ ငယ် မနေလိုပါ။ ထို့ကြောင့် ရာဇာ၊ စောသန္တာ ကို ၊ ယုံကြည်စိတ်ထား၊ အားကိုးများဖြင့် ၊ ရန့်သူ့စစ်ကွင်း ၊ စစ်တလင်းသို့၊ သွားရောက် ခိုဝင် ၊ တိုက်ခိုက်ချင်သည်၊ ခွင်ပြုပါအရှင် ၊ ရခိုင်ဘုရင် နှလုံးလှသခင်'။ (ကျမ၏ စပ်ဆိုသော ဘာမသော စာစပ်သာဖြစ် သည်။ အမှားပါရင် ခွတ်လွတ်ပါ) ကျမ လျှောက်တင်လိုက်တော့ ပညာရှိအမတ်၊ စစ်သေနာပတိတွေက ချက်ချင်းထပြီးကန့်ကွက် ကြသည်။ 'နှပျိုနှလုံး၊ ပြည်သူချစ်ခင် ၊ နှလုံးလှသခင်၊ စစ်မြေပြင်သည်၊ နန်းတွင်းမဟုတ်၊ ကြမ်းတန်း စိတ်ထား၊ ပြည်သူမျာသာ ၊ တိုက်ပွဲဆင်၍၊ ရနိုင်၏' ဟု ပညာကဝိ အမတ်တစ်ယောက်ပြောလာ၏။ ကျမကလည်း . ပညာကဝိ၊ ဥာဏ်ကြီးသခင်၊ ကျေးဇူးရှင်၊ သဇင်ပန်းပန်၊ လှယဉ်ဆင့်လည်း၊ ပရိယယ်မာယာ၊အောင်ပွဲသာကို၊ စောသန္တာအကျွန်၊ ဆွတ်ယူနိုင်သည်၊ ရန်သူ့စစ်ကွင်း၊ လွှတ်ကြကုန်။ ဟု အကြံပေး ပြောဆိုလိုက်လေသည်။ ကျမ အကြိမ်ကြိမ် ပြောဆိုတော့ ဖခမည်းတော်နှင့် တကွ စစ်သေနာပတိတွေ၊ ပညာရှိကဝိတွေဟာ အားမတန်လို့မာန်ကိုလျှော့ဆိုသလို ပြင်းပြသော ကျမ၏စိတ်ထား၊ ပြတ်သားသောကျမ၏ပြောဆို မှုများကြောင့် နေက်ဆုံးခွင့်ပြုကြရလေသည်။ ကျမ စစ်မြေပြင်ရန်သူ့စက်ကွင်းကို သက်ဆင်းတော့ မည်။ ကျမကိုယ်မှာ မိဖရားဝတ်စုံအစား တောသူဝတ်စုံ အသွင်ဖြစ်သွားသည်။ သို့သော်ရဲရင်သောကျမ၏စိတ်ထားများကားမျက် လုံးပေါ်မှာထင်ပေါ်နေသည်ကိုဖခမည်းတော်နှင့် တကွတိုင်းသူပြည်သားတွေမြင်ကြရလေသည်။ ဖခမည်းတော်မျက်နှာမှာမျက်ရည်တွေပုလဲလိုခိုတွဲ နေသော်လည်းကျမမသုတ်ပေးခဲ့ပေ။ ကျမဖခမည်းတော်အနားကပ်ပြီး စကားတစ်ခွန်းပြောခဲ့သည်။ 'ဖခမည်းတော်သမီးတော်၏သတင်းစကားကို စောင့်နေပါ။ရန်သူ့ပျော့ကွက်ကိုရှာပြီးမှသမီးရခိုင် နိုင်ငံကိုအကြောင်းပါမည်။သမီးအတွက်စိတ်ချ ထားပါ။သမီး၏မာယာပရိယယ်များကိုရခိုင်နိုင်ငံ အတွက်အသုံးချပေးပါမည်။ ထို့ကြောင့် ဖခမည်းတော် နန်းတော်အတွင်းစစ်သေနာပတ်တွေ ပညာရှိကဝိတွေနှင့် စစ်ရေးပြင်ပြီးအသင့်စောင့်နေပါ။' ဟု ကျမ တိုးတိုးကလေးနဲ့လေညှင်းလိုပြောဆိုခဲ့လေသည်။ ကျမ မြင်းတစ်ကောင်ကိုယူပြီး နုညံ့သောဘုရင်သမီးစောသန္တာဘဝမှသည် ရဲရင့်သောရခိုင့်နိုင်ငံစစ်သူချို့ဖြစ်ခဲ့လေသည်။ ကျမ မြောက်ဦးရွှေနန်းတော်ဆီကထွက်လာခဲ့ပြီ။ ရန်သူစက်ကွင်းကိုချနင်းဖို့ကျမမြောက်ဦးမြို့ပြင် ကိုထွက်ခဲ့ပြီ။ ရန်သူတွေ ကျမလို တောသူမ စောသန္တာ အသွင်ဘုရင်သမီးကိုဘယ်လိုကြိုဆိုမလဲ။ ကျမမသိတော့ဘူး။ ကျမမြင်းကလေးရဲခြေထောက်တွေသွက်လက် လာသည်။ ကျမလည်းရန်သူစက်ကွင်းသို့တဖြည်းဖြည်းတိုး ဝင်လာခဲ့လေတော့သည်။
အပိုင်း(၂) ဆက်ရန်။ ။ မှတ်ချက် ။ (သမိုင်းမဟုတ်သောကျမ၏ နှလုံးသားခံစားမှုများသာဖြစ်သောကြောင့်သမိုင်း အမြင်နှင့်မဖတ်ရှုပဲနှင်းနှင်းနွယ်ခံစားမှုဟုသာ ဖတ်ပေးကြပါရန် တောင်းဆိုပါသည်။)
Leave a Comment