အမ်းမြို့တွင် ငြိမ်းချမ်းရေးအတွက် ဆန္ဒပြတောင်းဆို


16.May.2016
ကုလရက္ခိတ

ရခိုင်ပြည်နယ် အမ်းမြို့တွင် ၁၆ ရက် တနင်္လာနေ့၊ မေလ၊ ၂၀၁၆ တွင် ရခိုင်ပြည်တွင်း ဗမာ့စစ်တပ်နဲ့ ရခိုင့် (ရက္ခိုင့်) တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်နေမှုများ ရပ်တန့်ပြီး ငြိမ်းချမ်းစွာ နိုင်ငံရေးစကားဝိုင်းဖြင့် အဖြေရှာကြဖို့ တောင်းဆို ဆန္ဒပြခဲ့ကြသည်။

ရခိုင်ပြည်တွင်း မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊မောင်တော ဒေသများတလျောက်တွင် ၂၀၁၅ ရာသီနောက်ပိုင်းမှစလို့ ဒီကနေ့ ၁၇.မေ.၂၀၁၆ ထိ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားလျက်ရှိရာ ထိုတိုက်ပွဲများအား ဒဏ်ကြောင့် စစ်ဘေးဒဏ်ရှောင် ဒုက္ခသည်ပေါင်း ထောင်ဂဏန်းကျော်ရှိလာခဲ့ပြီဖြစ်သည်။

ထိုသို့ စစ်ဘေးဒုက္ခသည်များ ရာခိုင်နှုန်းတိုးတက်လာခြင်း နှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသတဝိုက် အပြစ်မဲ့ ပြည်သူများအား ပေါ်တာဆွဲခေါ်ခြင်း၊ ပြည်သူများ အကြောက်တရား မြင့်မားလာခြင်းတို့ကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း (၁၇) ခုရှိရာ (၁၀)ခခုသော မြို့တို့တွင် စစ်ပွဲများရပ်တန့်ရေးနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးစကားဝိုင်းတွင် ဖြေရှင်းကြရန် တောင်းဆိုဆန္ဒပြပြီးဖြစ်သည်။
ရခိုင်ပြည်သူများသည် ရက္ခိုင့်တပ်မတော် (Arakan Army) အား ရခိုင်ပြည်တွင် အခြေချပြီး ရခိုင်ပြည်သူတို့၏ အသက်အိုးအိမ် လုံခြုံမှုကို တာဝန်ယူစေလိုကြသည်။ နောက်ပြီး လွန်ခဲ့သော ၂၃၁ နှစ်ကျော်လောက်ထိ ဘုရင့် ထီးနန်းစိုက်ရာ မြောက်ဦး မြို့ဟောင်း၌ (15.May.2016) တွင် လမ်းများ နေအိမ်များ ဘုရားပုထိုးများ၌ " We love AA, We are Arakan Army"စသည့် ရက္ခိုင့်တပ်မတော်အား ထောက်ခံကြိုဆိုသော စာတမ်းများကို တွေ့ရှိရသည်။

မြတန်ဆောင်း ဆရာတော် ဦးဆောင်သော အမ်းမြို့ ဆန္ဒပြပွဲ၌ လူထုအင်အား (၃၀၀)ကျော် ပါဝင်သည်ဟုသိရသည်။





No comments

Powered by Blogger.