ဒုတိယပင်လုံတဲ့လား
မြတန်ဆောင်းဆရာတော်
9,June,2016
ပထမပင်လုံက တိုင်းရင်းသားတွေကို ဗမာ
ကျွန်ဖြစ်စေခဲ့တယ်။ပြည်ထောင်စုဆိုတာ တိုင်း
ရင်းသားတွေအတွက်တော့ ထာဝရအကျဉ်း
ထောင်ပါပဲ။ပြည်ထောင်စု မပြိုကွဲရေးဆိုတဲ့
စကားလုံးအောက်မှာ တိုင်းရင်းသားတွေအား
လုံး ဗမာကျွန်ဖြစ်ခဲ့ကြတယ်။
ပင်လုံကတိ ကဝတ်တွေကို ဗမာခေါင်းဆောင်
တွေ အရှက်သိက္ခာမဲ့စွာ ပြောင်ပြောင်တင်းတင်း
ချိုးဖောက်ခဲ့တယ်။ပြည်တန်ဆာတောင်မှ ကိုယ့်
စကားကိုကိုယ် တာဝန်ယူရတယ်။ယောက်ျား
တစ်ယောက်ယောက်ဆီက ငွေကြေးတစ်စုံတစ်
ရာ လက်ခံပြီးရင် အဲဒီယောက်ျားနဲ့ မနေသေးဘဲ
တခြားယောက်ျားတစ်ယောက်နဲ့ မနေရဘူး။
ဒါဟာ ပြည်တန်ဆာတောင်မှ ကိုယ့်စကားကို
တာဝန်ယူကြရတာပါ။ဗမာခေါင်းဆောင် အဆက်
အဆက်ဟာ ပြည်တန်ဆာလောက်တောင်မှ
ဂုဏ်သိက္ခာမရှိခဲ့ဘူး။ပြောချင်ရာပြောပြီး လုပ်ချင်
ရာကို လုပ်ခဲ့ကြတယ်။ဘယ်တုန်းကမှ ကိုယ့်စ
ကားကိုကိုယ် တာဝန်ခံရိုးထုံးစံ မရှိခဲ့ဘူး။
တိုင်းရင်းသားတွေကို လိမ်လို့ရသမျှလိမ်။လက်
နက်အားကိုးနဲ့ အနိုင်ကျင့်လို့ရသမျှကျင့်။တိုင်း
ရင်းသားတွေမှာ ဗမာကျွန်အဖြစ်နဲ့ ကိုယ်ပိုင်သ
ယံဇာတတွေ ပြုန်းတီး။စီးပွါးရေး ပညာရေး ကျန်း
မာရေး အရာရာချို့တဲ့ လူရုပ်မပေါက်တဲ့ ကျွန်
သဘောက်ဘဝကို လုံးလုံးရောက်ခဲ့ကြရတယ်။
ဒီတစ်ခါ လာပြန်ပြီ ၂၁ရာစု ဒုတိယပင်လုံတဲ့။
တစ်ပြည်ထောင်ဆိုတဲ့ တိုင်းရင်းသားတွေကို
ချထား တဲ့အကျဉ်ထောင်ကို ပိုခိုင်မာအောင် အုတ်ရိုးတွေ
ထပ်ကာအုံးမယ်။ဦးအောင်ဆန်းခတ်ခဲ့တဲ့ တိုင်း
ရင်းသားတို့၏ ကျွန်လက်ထိပ် ပြေလျော့သွားမှာ
စိုးလို့ သံကြိုးနဲ့ ထပ်ချဉ်အုံးမယ်။
ပထမပင်လုံ ကတိကဝတ်တွေကိုပဲ အကောင်
အထည်ဖော်ပေးပါ။ဒါဆိုရင် ပြည်ထောင်စုလို့
ယုံလိုက်မယ်။အောင်ဆန်းပေးခဲ့တဲ့ ကတိကဝတ်
တွေကိုတောင် ဖောက်ဖျက်ချင်သလိုဖောက်ဖျက်
ပြီး ပြည်တန်ဆာလောက်တောင် ဂုဏ်သိက္ခာမရှိ
တဲ့ ပါးစပ်နဲ့ ဒုတိယပင်လုံတဲ့လား ကျွန်အဖြစ်
လက်ထိပ်ခတ်ထားတာ လွတ်သွားမှာစိုးလို့
သံကြိုးနဲ့ထပ်ချဉ်တယ်လို့ပဲ နားလည်တယ်။
9,June,2016
ဒုတိယပင်လုံတဲ့လား
လက်ထိပ်ခတ်ထားတာကို လွတ်သွားမှာစိုးလို့
သံကြိုးနဲ့ ထပ်ချဉ်တယ်လို့ပဲ နားလည်တယ်။

Leave a Comment