စစ်ဖိနပ် နှင့် ဖိနှိပ်မှုကြားက မြေဇာပင်များ

စစ်ဖိနပ် နှင့် ဖိနှိပ်မှုကြားက မြေဇာပင်များ
နှင်းနှင်းနွယ်(ရခိုင်သူ)
22/4/2016
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
မြေဇာပင် ဆိုတာ နွေခေါင်ခေါင် ရေမရှိတဲ့အချိန်၊
အစာရေစာရှားတဲ့အချိန်၊ ဒုက္ခရောက်နေတဲ့အချိန်၊
စသော ကန္တရဆန်သော ပူပြင်းသော ရာသီဥတု၊
ခြောက်သွေ့သော အငွေ့အသက်ကြားကပေါ်ထွက်
လာသော အက်ကွဲတွေကြားကအမျိုးအစားအပင်
တစ်မျိုးပင်ဖြစ်သည်။
ဆိုတော့...
ကျမ တို့ ရခိုင်လူထုသည်လည်း မအလ စစ်တပ်၏
လူသားမဆန်သော ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ မုဒိန်း
ကျင့်မှု၊ ကြားက မြေဇာပင်တွေလိုဖြစ်ခဲ့ကြသည်။
အစိုးရ၏ လူသားမဆန်သော အာဏာခွဲဝေမှု၊
မွေးရာပါလူ့အခွင့်အရေးဆုံးရှုံးမှု၊ဖိနှိပ်စော်ကားမှု၊
စသော အကြောင်းတရားများကြောင့် ရခိုင်လူထု
သည် ယခုအချိန်မှာ မြေဇာ ပင်အဖြစ်သို့ရောက်ရှိ
ခဲ့ကြသည်။ ရခိုင်မြေမှာ ယခုဆိုလျှင် သယံဇာတ
တွေဟာ ပေါ်ကြွယ်ဝဖြိုးသော်လည်း အသုံးမကျ
သော၊ ပညာမဲ့သော၊ လူသားမဆန်သောလူတစ်စု
၏ ခေတ်အဆက်ဆက်ဖိနှိပ်မှုကြောင့် ရခိုင်လူထု
များသည် လူလုံးမလှ အညွှန့်တုံးဘဝကို
ကျရောက် မှန်းမသိကျရောက်ခဲ့ရသည်။
ရခိုင်မြေက ဘာထွက်သည် ဆိုတာ ကမ္ဘာကသိ
သည်။ ဒီအကြောင်းကို နည်းနည်းပြောပြမယ်။
ဆရာ ဦးဇော်အေးမောင် အမေးခံရသလို ကျမ
တို့သူငယ်ချင်းတစ်စုအမေးခံရဖူးသည်။
ရခိုင်ပြည်မှ porter ဆွဲခေါ်ခံရသူများ

Rakhine civil war refuge







































ဒါကိုကျမ ဖြေရှင်းနိုင်ခဲ့သည်။ ကျမသူငယ်ချင်း
များ၊ ကျမရခိုင်လူထုအားလုံးကိုယ်စားပေါ့လေ။
ကျမတို့ သူငယ်ချင်းများအဖွဲ့သည် (ဂျပန်)
(ရခိုင်သူများချဉ်းသာ) လေ့လာရေးခရီးအတူသွား
ခဲ့ကြသည်။ အဲဒီမှာ ကျမတို့အဖွဲ့ကို ဂျပန်သမိုင်း
ပါမောက္ခ ဆရာတစ်ယောက်ကမေးသည်။
'ဘယ်ကလဲပေါ့။ ကျမ ကအသင့်ပါလာသော
မြန်မာနိုင်ငံမြေပုံထဲမှ ရခိုင်မြေကို လက်ညိုး
ထိုးပြီးပြလိုက်တယ်။
ကျမက ရခိုင်မြေပုံကိုပြပြီး 'ဒီဘင်္ဂလားပင်လယ်
ရဲ့ကန်းရိုးတန်းနေရာကိုသိသလားပေါ့။
သူက သိတယ်တဲ့လေ။
ဟုတ်. ကျမ တို့ဒီနေရာကပါ ဆိုတော့..
သူ မျက်လုံးပြူးသွားတယ်။
သူက မင်းတို့နေရာတော့မရောက်ဖူးဘူး။
ဒါပေမယ့် အဲဒီနေရာအကြောင်း တော်တော်များ
များသိတယ်။ မြောက်ဦးမြို့ဆိုတာ ငါအလေ့လာ
ချင်ဆုံးနေရာများထဲကနေရာတစ်ခုပဲ။
မင်းတို့နေရာက တော်တော်တန်ဖိုးရှိတယ်။
စီးပွါးရေးနဲ့ကြည့်ရင်လည်း မင်းတို့နေရာဟာ
ကမ္ဘာမှာ အကောင်းဆုံးနေရာအပါအဝင်ဖြစ်
နိုင်တယ်။ ရေမြေတည်နေပုံ၊ တောတောင်တည်
နေပုံ၊ မြေပြန့်တည်နေပုံတွေက တော်တော်သဘာ
ဝ ကျတယ်။ စသည်ဖြင့် တော်တော်များများပြော
ပြတယ်။
နောက် .. မင်းတို့ နေရာက လူတွေက တော်တော်
ချမ်းသာကြမှာပဲ တဲ့လေ။
ကျမက ပြုံးမိတယ်။ ရင်နာအပြုံးပေါ့လေ။
နောက် ..ကျမ အဲဒီပါမောက္ခကို ရှင်းပြလိုက်တယ်။
ရခိုင်လူထုဘယ်လိုနေရပုံ၊ ပညာကိုဘယ်လိုသင်
ယူရပုံ၊ စီးပွါးရေးကိုဘယ်လို လုပ်ကိုင်စားသောက်
ရပုံ၊ လူမှုရေးဘယ်လိုရှိပုံ၊ လူ့အခွင့်အရေးဘယ်လို
ထားပုံ၊ ဘယ်လိုဖိနှိပ်မှုတွေခံရပုံ စသဖြင့် ကျမ
နာရီဝက်ကျော်ကျော်လောက်ရှင်းပြလိုက်တယ်။
သူ တော်တော် နားလည်သွားတယ်။
သူပြောသွားတာက ' မင်းတို့လူမျိုးတွေဟာ
ရွှေပုံမှာနားနေတဲ့ငှက်တစ်ကောင်လိုပဲ တဲ့လေ။
သူပြောသွားတဲ့စကားကတော်တော်အဓိပ္ပါယ်
ပြည့်ဝပြီး တာသွားတဲ့စကားတစ်ခွန်းပါပဲ။
ဟုတ်တယ်။ ကျမ တို့ရခိုင်လူမျိုးတွေဟာ
သယံဇာတ ၊ တော်တောင်ရေမြေတွေပေါများ
သော ရွှေပုံထက်က ငှက်တစ်ကောင်ပါပဲ။
ဘာမှစားလို့မရ ၊ တန်ဖိုးသိပေမယ့် မလုပ်ကိုင်
မစားသောက်ရတဲ့ဘဝ၊ ရွှေပုံကိုကြည့်ပြီး
ထမင်းငတ်နေတဲ့ဘဝတွေပါပဲ။ ဒါဟာ
ဗမာလူတစ်စုတို့ တော်လို့၊ တတ်လို့မဟုတ်ပေ။
အသုံးမကျသော ကျမ တို့လူမျိုး၏ မညီညွှန့်သော
အားနည်းချက်ကြောင့်သာဖြစ်ပေသည်။
လူမျိတစ်မျိုးက လူမျိုးတစ်မျိုးအကျိုးစီးပွါး
ကို လိုလားသည်ဟူသည် ဘယ်ကမ္ဘာမှာမှမရှိ။
ရရင်ရသလောက်ယူပြီးထိုလူမျိုးကိုဖျောက်ပစ်
မည်သာဖြစ်သည်။ နောက်ဆုံးထိုမြေကို သူတို့
မြေလုပ်ပြီးဝါးမြိုသွားမည်သာဖြစ်သည်။
ဒါကို ကျမ တို့ရခိုင်လူမျိုးမျာသိသင့်ပေသည်။
မိမိလူမျိုး၏အကျိုးစီးပွါးကို သူတပါးလူမျိုးက
လုပ်ပေးပြီးမိမိလူမျိုးကိုတိုးတက်အောင်ခေါ်
ဆောင်လိမ့်မည်ဟူသည်မှာ ရူးမိုက်သောအတွေး
သာဖြစ်ပေသည်။
ကျမတို့လူမျိုးတွေ မညံ့ကြပါနဲ့တော့။
ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးယူမှသာလျှင်
ကိုယ့်လူမျိုးသည် အဓွန့်ရှည်တည်တဲ့ပြီး
ရခိုင်လူမျိုးဆိုတာ ကမ္ဘာတည်နေမှာဖြစ်သည်။
ထိုအချက်ကို ကျမ အလေးအနက်ထား
ပြောချင်ပါတယ် ရှင်။
အခု .. ကျမတို့ရခိုင်လူထုသည် စီးပွါးရေးခရိုနီ၊
ဗမာပေါ်လစီအောက်က မြေဇာပင်ဖြစ်နေကြရပြီ။
ဒါကို အဆုံးသတ်ဖို့ ကျမတို့ရခိုင်ပညာရှိ၊
ပညာတတ်၊ အမျိုးသားရေးနိုးကြွသူများသည်
ကြိုးစားကြရမည်ဖြစ်သည်။
သူတပါးလူမျိုးမိမိလူမျိုးကို လုပ်ဆောင်ပေးလိမ့်
မည်ဟူသော ရူးမိုက်သောအတွေးကို ဖယ်ရှား
သင့်သည်။
ဒါကြောင့် ကျမတို့ ရခိုင်လူထုမိဘပြည်သူတွေ
မြေဇာပင်အဖြစ်မှအမြန်လွတ်ဖို့ ကျမတို့ ရခိုင်
ပညာရှိ ပညာတတ် အမျိုးသားရေးနိုးကြွသူများ
စုပေါင်းညီညာ လက်တွဲဖြာလို ရခိုင်မြေနှင့် ရခိုင်
လူထုကို ကယ်တင်ပေးကြပါကြောင်း အသိပေး
ရင်း ကျမ၏ ဆောင်းပါးအားအဆုံးသတ်လိုက်ပါ
သည် ရှင့် ။ ။

No comments

Powered by Blogger.