လက်ထိပ်တိကိုဖြုတ်ဖို့ လက်ထိပ်တိကို ဝတ်ဝံ့ ရေလူတိလိုရေ။
လက်ထိပ်တိကိုဖြုတ်ဖို့ လက်ထိပ်တိကို ဝတ်ဝံ့ ရေလူတိလိုရေ
Dr.ညိုထွန်းအောင်
ဧပြီလ ၉ ရက်၊ စနီနိ၊ ၂၀၁၆ ခုနှစ်။
"လက်ထိပ်" ဆိုစွာက လက်ရဲ့ထိပ်လို့ ပြောလို့ရရေပိုင် မတရားအဖမ်းဆီးခံ၊ မကောင်းမှုလုပ်ရေလူတိ၊ရာဇဝတ်သား အပါအဝင် ဇာသူ့ကိုမဆို ခတ်ထားလို့ရရေ သံနန့်လုပ်ထားရေပစ္စည်းတစ်မျိုးဖြစ်တေ။အများအားဖြင့် မကောင်းမှုကျူးလွန်ရေလူတိကို ခတ်ရေပစ္စည်းလို့နားလည်ထားခကေလေ့ အခုခေတ်မှာတော့ လူမရွီး၊တာမရွီးဆိုခါ လက်ထိပ်ရဲ့ Defination တိပြောင်းလားဗျာလ်။

လက်ထိပ်ဆိုစွာနန့် ပြေးမြင်ကတ်စွာက ရကောက်နောက်ပစ်။ ပုလိပ်နန့်လက်ထိပ် ၊
လက်ထိပ်နန့်ပုလိပ်ဆိုပိုင်။ ကာရံကိုက်ပနာ လိုက်ဖက်ညီရေအတွဲတစ်ခု။
ခါးကြားမှာလက်ထိပ်ချိတ်ထားရေပုလိပ်က
လက်ထိပ်မပါရေပုလိပ်ထက်ပိုကြည့်ကောင်းစွာကအမှန်ရာ။
ရခိုင်ပြည်မှာ AAအေအေ နန့် မြန်မာစစ်တပ်တိုက်ပွဲတိဖြစ်လာပြီးရေနောက်ပိုင်းမှာ လက်ထိပ် တိရောင်းအားကောင်းလာရေပိုင် လက်ထိပ်တိ အလုပ်လုပ်လာရရေ။ အချို့ လက်ထိပ်တိဆိုကေ ခတ်ရလွန်းအားကြီးလို့ ညီးတောင် ညီးနီကတ်ဗျာ လ်။ လက်ထိပ်တိလေ့ကောင်းပင်ပန်းနီကတ် ဗျာလ်။
တိုင်းပြည်ဆုတ်ယုတ်ရေနိမိတ်ထဲမှာ ဆီးရုံမှာ လူနာများပြားခြင်း၊ မသာဇရပ်မှာလူတိ များပြား ခြင်း၊ ရဲစခန်းမှာလူတိများပြားခြင်း တိပါရေ။ယင်း ပိုင်ဗျာလ် လက်ထိပ်တိ နိမအား၊ညမအား အလုပ်လုပ်နီရရေဆိုကေလေ့ တိုင်းပြည်ဆုတ် ယုတ်နီရေဆိုစွာကို ပြသနီရေ။
ရခိုင်လူမျိုးတိရဲ့ လက်ဟိအခြီအနီမှာ လက်ထိပ်ခတ်ခံရရေလူတိများပြားခြင်းကို ကောင်းရေရှုထောင့် Positive View ကကြည့်ရဖို့ဆိုကေ
(၁) ဖိနှိပ်မှုကိုတွန်းလှန်လိုသော ရခိုင်မျိုးချစ် လူငယ်တိများပြားလာခြင်း
(၂) တော်လှန်တိုက်ခိုက်လိုသော တော်လှန်ရီး ရဲဘော်များ များပြားလာခြင်း
(၃) မျိုးဆက်သစ်လူငယ်များ၏ စိတ်ကို အကြောက်တရားမဟိအောင်ရိုက်ခတ်လှုံ့ ဆော်ပီးခြင်း
(၄) ရခိုင် လူမျိုးများ သနတ်၊တော်လှန်ရီး နန့်ယဉ်ပါးလာခြင်း
(၅) အကြောက်တရားများနည်းပါးသထက် နည်းပါးလာခြင်း
စသည် စသည်။
ယေဇုနန့် လက်ထိပ်တိကိုဖြုတ်ဖို့ လက်ထိပ်တိ ကို ဝတ်ပီးထားဖို့လူတိလိုရေ။ လက်ထိပ်ကို မကြောက်ရေလူတိများလာခြင်းရေ ရခိုင်တော်လှန်ရီးကိုအားဖြစ်စီရေ။ လက်ထိပ်တန်းလန်း နန့် မြင်ကွင်းတိက ရခိုင်မျိုးဆက်ကိုအားဖြစ်စီရေ။ ရခိုင်တော်လှန်ရီး အောင်ပွဲနားကို နီးကပ်လားစီရေ။
ရဲဘော်ရို့ ၊ မင်းရို့ တိရေ အဂုအချိန်မှာ လက်ထိပ်တိကိုဖြုတ်ဖို့အတွက် လက်ထိပ်တိကို တနားတဗွီ ဝတ်ထားရေလူတိရာဖြစ်တေ။ လက်ထိပ်တိကို မကြောက်ရေလူတိဖြစ်တေ။ ဝတ်ဝံ့ရေလူတိဖြစ်တေ။
Photo Credit: Tun Naing Mrata Zaung Wiki
လက်ထိပ်-Handcuff
ခြီချင်း- Shackle

Leave a Comment