ဗမာအုပ်ချူပ်ရေးဟာ လောကငရဲပါ
ဗမာအုပ်ချူပ်ရေးဟာ လောကငရဲပါ
ခိုင်အောင်အောင်
ဧပြီလ ၂၅ ရက် ၂၀၁၆ ခုနှစ်
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
နိုင်ငံရေးအရခွဲထွက်ခြင်း (သို့ မဟုတ်) သီးခြားလွတ်လပ်တဲ့
အချူပ်အခြာအာဏာပိုင် နိုင်ငံသစ်ထူထောင်ခြင်းကို
ဆုံးဖြတ်ချက်ချပေးနိုင်တာက အမျိုးသားလွတ်မြောက်ရေးလှုပ်
ရှားမှုတိုက်ပွဲကို ဆင်နွဲနေကြတဲ့ အဲဒီလူမျိုးများကိုယ်တိုင်ပဲ
ဖြစ်ပါတယ်။ နိုင်ငံတကာဥပဒေအရရော၊ နိုင်ငံတကာအဖွဲ့ 
အစည်းများကပါ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများကို
ဝင်ရောက်စွက်ဖက်ဟန့်တားနှောင့်ယှက်ပိုင်ခွင့်မရှိ
သလို ကမ္ဘာ့အသိုင်းအ၀ိုင်းရဲ့ သဘောထားကတော့
ဒုတိယကမ္ဘာစစ် လွန်ကာလကတည်းက ကိုလိုနီစနစ်ဖျက်
သိမ်းရေးနှင့်သီးခြားလွတ်လပ်တဲ့ နိုင်ငံသစ်များထူထောင်ရေးကို
လူ့ ကျင့်ဝတ် သီလ လောကပါလတရားကို ကိုင်စွဲပြီးတော့
ထောက်ခံအားပေးကြပါတယ်။
နိုင်ငံသစ်၏အခွင့်အရေးများ၊တာဝန်ဝတ္တရားများ၊
စံနှုန်းများနဲ့ ပတ်သက်လို့မွန်တာဗီတိုကွန်ဗင့်ရှန်း
(The Montevideo Convention- 1933) ကနေ
ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်များအထိ
တချို့ သော စည်းမျဉ်းဥပဒေတွေရှိနေပေမဲ့
နိုင်ငံသစ်ဖြစ်လာဖို့  အလွန်အရေးကြီးတဲ့
ပထမဆုံးသောမရှိမဖြစ်လိုအပ်ချက်က မိမိလူမျိုး
နယ်မြေဒေသကို ကျူးကျော်နယ်ချဲ့ အုပ်စိုးထားတဲ့ အစိုးရ
(သို့ မဟုတ်) အုပ်ချူပ်ရေးစနစ်
(သို့ မဟုတ်) လူမျိုးကို တော်လှန်အောင်မြင်ဖို့ ပဲ
ဖြစ်ပါတယ်။
ဥပမာ- ရခိုင်ပြည်ကို ကျူးကျော်နယ်ချဲ့ ပြီး
လူမျိုးတုံးသတ်ဖြတ်မှု၊လူ့အခွင့်အရေးချိုးဖောက်
မှု၊ လူစိတ်ပျောက်နေဖိနှိပ်ရက်စက်မှုများစတဲ့
စစ်ရာဇ၀တ်မှုများကို ကျူးလွန်နေတဲ့
ဗမာစစ်တပ်ရဲ့ စစ်သားများကို
အမြစ်ပြတ်နှိမ်နှင်းမောင်းထုတ်ပစ်နိုင်တဲ့နေ့ ဟာ
ရခိုင်ပြည်လွတ်လပ်ရေးရတဲ့နေ့ ဖြစ်သလို
ရခိုင်နိုင်ငံတော်သစ် ထူထောင်နိုင်တဲ့နေ့ လည်း
ဖြစ်ပါတယ်။
အမျိုးသားလွတ်မြောက်ရေး၊
အမျိုးသားတော်လှန်ရေး၊ အမျိုးသားနိုင်ငံရေး
ပြန်လည်နိုးထလာခြင်း၊ ကိုယ့်နိုင်ငံကို
ကိုယ့်လူမျိုးများလက်ထဲသို့  ပြန်လည်အပ်နှံခြင်း၊
အမျိုးသားကိုယ်ပိုင်ပြဌါန်းခွင့်အတွက်တိုက်ပွဲဝင်
ခြင်း စတဲ့ ဘယ်လိုအသုံးအနှုန်းတွေကို
ဘယ်လိုပုံစံပဲ ဖော်ပြပြ ကျူးကျော်နယ်ချဲ့
ဗိုလ်ကျစိုးမိုးနေတဲ့ တိုင်းတပါးသား
လူမျိုးခြားအုပ်ချူပ်ရေးကို နိဂုံးချူပ်ပေးပြီး
ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုးအုပ်ချူပ်လာမယ့်
နိုင်ငံရေးပရောဂျတ်ကြီးကိုလက်နက်ကိုင်လမ်းစဉ်
နဲ့ သာ အကောင်အထည်ဖော်နိုင်ကြပါတယ်။
ဒီတော့ နိုင်ငံသစ်ထူထောင်သွားဖို့ 
မူဝါဒစွဲကိုင်ထားရင် အင်အားကြီးတဲ့
ရန်သူကိုချေမှုန်းနိုင်စွမ်းရှိတဲ့
အမျိုးသားလွတ်မြောက်ရေးစစ်တပ်ကို
အရင်ဆုံးတည်ဆောက်ရပါတယ်။
စစ်စွမ်းရည်ပြည့်ဝတဲ့ လက်နက်ကိုင်တပ်မရှိပဲ
နိုင်ငံသစ်ထူထောင်ဖို့  ကြိုးစားနေမိရင်တော့
ရေပေါ်အရုပ်ရေးသလို ဖြစ်နေမှာ အမှန်ပါပဲ။
လွတ်မြောက်လိုတဲ့ လူမျိုးတစ်မျိုးအတွက်
ကိုယ်ပိုင်စစ်တပ်ရှိခြင်းဟာ
နိုင်ငံသစ်ထူထောင်ရေးအတွက်သာမက
ပိုင်ဆိုင်လာတဲ့ အချူပ်အခြာအာဏာကို
ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပြည်သူလူထုရဲ့
အသက်အိုးအိမ်စည်းစိမ်များကို
ကာကွယ်ပေးသွားရေးအတွက်ပါ
အရေးပါလှပါတယ်။
ဒီနေ့ကာလနိုင်ငံတကာနိုင်ငံရေးဖြစ်ပေါ်တိုးတက်
မှုများနဲ့နိုင်ငံရေးအလေ့အထကျင့်ထုံးများကိုလေ့
လာကြည့်လိုက်ရင် ခရိုင်မီးယားနိုင်ငံသစ်ဟာ
လက်နက်စွဲကိုင်တော်လှန်ရေးဆင်နွဲပြီး
ယူကရိန်းပြည်ထောင်စုကနေ ခွဲထွက်ကာ
နှစ်ဆယ့်တစ်ရာစုမှာ သီးခြားလွတ်လပ်တဲ့
အချူပ်အခြာအာဏာပိုင် နိုင်ငံဖြစ်လာခဲ့ပါတယ်။
ဒီနေရာမှာ အနည်းငယ် အကျယ်ချဲ့ ပြောလိုတာက
မျက်မှောက်ကမ္ဘာမှာ သီးခြားလွတ်လပ်တဲ့
အချူပ်အခြာအာဏာပိုင်နိုင်ငံဆိုတာ
ကိုယ်ထိန်းချူပ်ထားနိုင်တဲ့ နယ်မြေရှိပြီး
အဲဒီနယ်မြေက လူထုကို ကိုယ်စားပြုတဲ့ အစိုးရနဲ့ 
ကုန်သွယ်ဖက်နိုင်ငံ အနည်းငယ်ရှိရင်
ပြီးပြည့်စုံပါတယ်။ ဥပမာ- ထိုင်ဝမ်နိုင်ငံဟာ
ကုလသမဂ္ဂအဖွဲ့ ဝင်မဟုတ်ပေမဲ့ သူတို
ပြည်သူများကို စီးပွါးရေးတိုးတက်
ဖွံဖြိုးအောင်လုပ်ထားနိုင်ပြီး
လူနေမှုအဆင့်အတန်းမြင့်မားကာ
ဘ၀အာမခံချက် လူ့ ဂုဏ်သိက္ခာ
လူ့အခွင့်အရေးများ
အပြည့်အ၀စောင့်ရှောက်ပေးထားနိုင်တဲ့အတွက်
အချူပ်အခြာအာဏာပိုင်နိုင်ငံဖြစ်နေတာကို
ဘယ်သူမှ မငြင်းနိုင်ပါ။ စကော့တလန်နဲ့ 
ကာတာလန်ကတော့ နိုင်ငံသစ်ထူထောင်နိုင်ဖို့ 
လက်နက်ကိုင် တော်လှန်ရေးလမ်းကို
မရွေးချယ်ကြပဲ လူထုဆန္ဒခံယူပွဲများရဲ
့အဆုံးအဖြတ်အတိုင်း သွားနေကြပါတယ်။
ဒါကလည်း သူတို့ ကို ကျူးကျော်နယ်ချဲ့ 
မတရားအုပ်စိုးထားတဲ့
အင်္ဂလိပ်နဲ့စပိန်အစိုးရများဟာ နိုင်ငံရေးအရတွေ့
ဆုံဆွေးနွေး အဖြေရှာလို့ ရနိုင်တဲ့
နိုင်ငံရေးယဉ်ကျေးမှုများကို ပိုင်ဆိုင်ထား
ကြလို့ ပါပဲ။ တဖက်မှာ လက်နက်ကိုင်လမ်းစဉ်ကို
မရွေးချယ်မိတဲ့အတွက် နည်းမျိုးစုံနဲ့
အချိန်ဆွဲခြင်းကို ခံရနိုင်ပြီး စကော့တလန်နဲ့
ကာတာလန်တို့  နိုင်ငံသစ်များ ဖြစ်လာဖို့ ဆိုတာ
မသေချာ မရေရာတဲ့ အနေအထားမှာ
ရှိနေပါတယ်။
၁၉၄၈ ခုနှစ်ကတည်းက မြန်မာ (သို့ မဟုတ်)
ဗမာလူမျိုးကို ယုံကြည်အားကိုးပြီး
တိုးတက်ဖွံ့ ဖြိုးငြိမ်းချမ်းသာယာတဲ့
ဖယ်ဒရယ်ပြည်ထောင်စုထူထောင်ဖို့ 
ကြိုးပမ်းလာခဲ့ကြခြင်းဟာ
လောကငရဲအိုးကြီးထဲသို့  ကိုယ့်လူမျိုးကို
တွန်းချလိုက်သလို ဖြစ်နေပါတယ်။
ဗမာနိုင်ငံရေးခေါင်းဆောင်များမှာ
သာမန်ကုန်စုံဆိုင်လေးတစ်ဆိုင်တောင် စီမံခန်
့ခွဲအုပ်ချူပ်နိုင်တဲ့ အရည်အချင်းမရှိဘူးလို့ 
စင်ကာပူဝန်ကြီးချူပ်ဟောင်း လီကွမ်ယု
ထောက်ပြပြောဆိုခဲ့သလို ဦးနုကနေ
လက်ရှိဦးထင်ကျော်အထိ ဆင်းရဲမွဲတေနေတဲ့
ပြည်သူလူထုရဲ့ ဘ၀များကို လက်တွေ့ ကျကျ
ပြုပြင်ပြောင်းလဲပေးနိုင်မယ့် ဗမာနိုင်ငံရေးသမား
တစ်ယောက်တလေမှ မပေါ်ထွန်းလာသေးပါ။
ဒီတော့ ဗမာအုပ်ချူပ်ရေးအောက်မှာ
လောကငရဲကျနေရတဲ့ ဗမာစစ်တပ်ရဲ့
တရားလက်လွတ်
သတ်ဖြတ်နှိပ်စက်မှုဒဏ်တွေကို ခံနေရတဲ့
တိုင်းရင်းသားပြည်သူလူထုက ရာဇ၀င်နဲ့ ချီပြီး
ယုတ်မာရိုင်းစိုင်းကြမ်းကြုတ်လာခဲ့တဲ့
ဗမာလူမျိုးနဲ့ သူတို့ ရဲ့ အုပ်ချူပ်ရေးစနစ်ဆိုးကို
ချန်ထားခဲ့ပြီးတော့
ကိုယ်ပိုင်နိုင်ငံရေးအဆောက်အအုံသစ်ကို
တည်ဆောက်ချင်လာကြတာဟာ
ကျိုးကြောင်းဆီလျော်လွန်းလှပါတယ်။
ဝ ၊ ကိုးကန့် ၊ ရှမ်း၊ ကချင်၊ ပလောင် စတဲ့
မြောက်ပိုင်းဒေသများဟာ
ဗမာအုပ်ချူပ်ရေးစနစ်ဆိုးလောင်းရိပ်အောက်က
ရုန်းထွက်ပြီး ကမ္ဘာကြီးရဲ့ ဒုတိယစူပါ
ပါဝါတရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့
သွားပေါင်းလိုက်ရင်တောင်
အခုလက်ရှိအခြေအနေထက်
အဆပေါင်းအများကြီး သာသွားနိုင်တယ် ဆိုတာ
အခြေခံစဉ်းစားတွေးခေါ်တတ်တဲ့
အသိဥာဏ်ရှိသူတိုင်း ကြိုမြင်ကြမှာပါ။
အင်္ဂလန်နဲ့  အမေရိကန်ကတချို့ ပြည်နယ်တွေရဲ့
မူလတန်းကျောင်းတွေမှာ တရုတ်စာကို
သင်ယူလာနေကြတာကို ကြည့်ရင် သူတို့ ရဲ့
အမြင်ကျယ်မှုကို ခန့် မှန်းနိုင်ပါတယ်။
ဗမာအုပ်ချူပ်ရေးစနစ်ဆိုးက ဖန်တီးထားတဲ့
လောကငရဲစခန်းကြီးထဲမှာ ဗမာစာကိုသင်ပြီး
ဦးနှောဏ်အပွန်းပဲ့ခံ အချိန်ဖြုန်းနေကြမဲ့အစား
တရုတ်စာသင်ပြီး သန်းပေါင်းထောင်ချီတဲ့ ကမ္ဘာ့လူထုနဲ့ 
မိတ်ဆွေဖွဲ့ လိုက်ခြင်းက ကိုယ့်လူမျိုးအနာဂတ်အတွက်
အမျှော်အမြင်ကြီးမားမှုကို ချန်ထားပေးခြင်းလို့  သတ်မှတ်ရမှာပါ။
အနောက်ဖက်ဒေသ ရခိုင်ပြည်သာ ဗမာအုပ်ချူပ်ရေးစနစ်ဆိုးက
ဒီနေ့ လွတ်လပ်လာခဲ့ရင် မနက်ဖြန် ဘင်္ဂလီတို့ ရဲ့
ကျူးကျော်သိမ်းပိုက်ခြင်းကို ခံရလာနိုင်တယ် ဆိုတဲ့
တချို့ သော ဗမာတွေရဲ့
ဆင်ခြင်တုံတရားမဲ့လွန်းတဲ့ ပြောဆိုရေးသား
မှုများကိုလေ့လာကြည့်လိုက်ရင် လူမျိုးရေးမုန်းတီးမှု၊
ဘာသာရေးမုန်းတီးမှု၊ ဘယ်လိုမှ ဖြစ်မလာနိုင်တဲ့
အနာဂတ်နိုင်ငံရေးအခင်းအကျင်းကို ပုံကြီးချဲ့ ပြီး
ယုံမှားသံသယတွေဝင်လာအောင် လုပ်လိုတဲ့
မစ္ဆရိယစိတ်ဓါတ်တွေကို သွားတွေ့ ရမှာပါ။
ဒါဟာ ဗမာအုပ်ချူပ်ရေးစနစ်သက်ဆိုးရှည်နေအောင်
တဖက်လှည့်နဲ့  ရခိုင့်နိုင်ငံရေးကို အဆိပ်ခတ်ခြင်းပဲ ဖြစ်ပါတယ်။
သေချာတာတခုကတော့ ရခိုင်ပြည်သာ ဗမာတွေဖန်တီးထားတဲ့
လောကငရဲက လွတ်မြောက်လာခဲ့ရင် လက်ရှိမြန်မာနိုင်ငံရဲ့
ဒုတိယအဆင်းရဲဆုံးပြည်နယ်အဆင့်ကနေ
အဆပေါင်းမြောက်များစွာ တိုးတက်ဖွံ့ ဖြိုးတဲ့
လူ့ ဘောင်ကို ထူထောင်လာနိုင်မှာ အမှန်ပါပဲ။
နောက်ထပ်အသေချာဆုံးတခုကို ထပ်ပြောရရင်
လက်ရှိအန်အယ်လ်ဒီဗမာအစိုးရရဲ့ဦးဆောင်မှု
အောက်မှာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်လာဖို့ က
၉၉% ရာခိုင်နှုန်း မသေချာပါ။ အန်အယ်လ်ဒီဗမာအ
စိုးရခေါင်းဆောင်တချို့ က ပြည်တွင်းငြိမ်းချမ်းရေး
တည်ဆောက်သွားဖို့  လူကြားကောင်းတဲ့
စကားလုံးသက်သက်ကိုသာ ကြုံရင်ကြုံသလို
ပြောနေကြပြီး လက်တွေ့ ကျတဲ့ ဥပဒေပြုတာတို့ 
ပေါ်လဆီချမှတ်တာတို့  အသေးစိတ်အစီအစဉ်ရေးဆွဲထား
တာတို့  ဘာတခုမှ မရှိသေးပါ။ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်လာဖို့ 
အဓိကတာဝန်အရှိဆုံးဖြစ်တဲ့ ဗမာစစ်အုပ်စုရဲ့ 
သဘောထားကလည်း အရင်လိုပဲ တိုင်းရင်းသားတော်လှန်ရေး
တပ်မတော်များက လက်နက်ဖျက်သိမ်းပြီးမှသာ နိုင်ငံရေးအရတွေ့ 
ဆုံဆွေးနွေးမယ့် ပုံစံမျိုးဖြစ်နေတော့ ဒီရာစုကုန်ရင်တောင်
အနှစ်သာရရှိတဲ့ နိုင်ငံရေးအပြောင်းအလဲသစ် ဖြစ်လာမယ် မထင်ပါ။
၁၉၄၈ ခုနှစ်ကနေ မျက်မှောက်ကာလအထိ ဗမာ
အုပ်ချူပ်ရေးအောက်မှာ တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန်
့လေးတောင် ကောင်းကျိုးများ မခံစားခဲ့ကြရတော့
တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး
လုပ်သင့်တာက ဗမာအုပ်ချူပ်ရေးစနစ်ဆိုး
နိဂုံးချူပ်ရေးသည် ပထမ၊ ဗမာအုပ်ချူပ်ရေးလောကငရဲက
ရုန်းထွက်လွတ်မြောက်ရေးသည် ဒုတိယ၊
သီးခြားလွတ်လပ်သည့် ကိုယ်ပိုင်နိုင်ငံများ
ထူထောင်လာနိုင်ရေးသည် တတိယ ပင်ဖြစ်ပါကြောင်း
အကြံပြုတိုက်တွန်းလိုက်ရပါတယ်။
Khaing Aung Aung - New York

Leave a Comment