ကြက်ဝတင်း (ဝပ်တွင်း) မှ လင်းယှန်ငှက်
ကြက်ဝတင်း (ဝပ်တွင်း) မှ လင်းယှန်ငှက်
--------------------------------
ကျေးဇူးတင်ပါရေ ဆရာပဇင်း ဦးဗဏ္ဍဝ။ အသျှင်ဘုရား ပြောပြခရေ ကြက်ဝတင်းမှမွီးလာရေ လင်းယှန်ငှက်တစ်ကောင်အကြောင်း ကို တပည့်တော်သိခွင့် ရရေပိုင် နောက်နောက်သော လူတိကိုလည်း တပည့်တော်နားလည်ရေ ပုံစံနန့်ရှင်းပြခွင့်ပီးပါ။
တခါက....
နီဂရိုး တစ်ယောက်စွာ ခရီးလားယင်း လင်းယုန်ငှက်ဥ တစ်လုံးကောက်ရပါရေလတ်။
ယင်းငှက်ဥကို အိမ်မှာ ဝပ်နိန်ရေ ကြက်မ ဝတင်းမှာ ကြက်ဥတိနန့် ရောလို့ တပေါင်းတည်း ထားလိုက်ရေ။
ကြက်ချေတိနန့် တတူပေါက်ပြီးကေ တတူစား တတူလားလို့ အရွယ်ရောက်ပါလတ်တေ။ ယကေလည်းသော့ ယင်း ငှက်စွာ ကြက်တိပိုင် စားသောက်တတ်တေ ကြက်တိပိုင်ယာ ဗြီးတတ်တေ၊ လက်ယုန်ငှက်တိပိုင်ကား မပျံတတ်။ မပျံနိုင်။
တရက်နိ့ ကောင်းကင်ထက်က လင်းယုန်ငှက်ကြီးတစ်ကောင်ပျံပါလတ်တေခါ မြီကြီးပြင်မှာ အစာရှာစားနိန်ကတ်တေ ကြက်တိ မြင်ရေစွာနန့် ခြုံပုတ်တိထဲမှာ ဝင်ပနာ ပုန်းနိန်ကတ်ပါရေလတ်။ ကြက်ဝတင်းမှာ မွီးလာရေ ငှက်ကတော့ခါ ဝင်မပုန်းဘဲနန့် ကျန်ခရေ။ ယေခါ ယင်းကောင်းကင်ထက်က ပျံနိန်ရေ လင်းယုန်ငှက်စွာ မြီကြီးမှာ အစာရှာစားနိန်ရေ ငှက်ကို မြင်ရေခါ " ရော့... ဒေမှာလည်း ငါ့ပိုင် လင်းယုန်ငှက် ငရို့မျိုးနွယ် တစ်ကောင်ဝါး" ငါဆင်းပနာ အကျိုးအကြောင်းလားလို့ စုံစမ်းကြည့်ဦးမယ်ဆိုပြီးကေ ဆင်းပါရေလတ်။
အဆွေတော် အဆွေတော် ဒေမှာ ဇာလုပ်နိန်စွာလဲလို့ ကောင်းကင်ထက်က ပျံလာရေငှက်က မြိန်းမြန်းစုံစမ်းရေခါ၊ မြီကြီးက ငှက်က အဆွေငှက် ငါကား ဒေမှာ ကြက်တိနန့်တတူ အစာရှာစားနိန်စွာ။
ယေခါ ပျံလာရေ ငှက်က အဆွေသင်စွာ ငရို့မျိုးနွယ် ငါနန့်တတူလိုက်ပါလို့ ပြောပါရေ။ ယေခါ မြီကြီးကငှက်က အဆွေ ငါကားမပျံတတ် လို့ပြောပါရေလတ်။
ပျံလာရေငှက်က အဆွေငှက်စွာ ငါနန့်အားလုံးတတူဗျာယ်။ ယင်းကြောင့် အဆွေလည်း ပျံတတ်တေ။ ပျံကြည့်ပါ။ ပထမတစ်ခေါက် ပျံကြည့်ပါရေ အတောင်တိ ကကောင်းမခတ်တတ်။ ပျံလို့လည်းမရောက်ပါလတ်။ ယင်းပိုင်နန့် အထပ်ထပ်အခါခါ ပျံဖို့ကြိုးစားကြည့်ပါလတ်တေခါ နောက်ဆုံးမှာ ကောင်းကင်က ပျံလာလတ်တေ လင်းယှန်ငှက်ပိုင် ပျံတတ်လားပြီးကေ လင်းယှန်ငှက်အသံကိုလည်း ကောင်းကောင်း ရခ့ပါရေလတ်။
ယင်းကြောင့် သင်္ခန်းစာအနိန်နန့် ဇာရလဲဆိုကေ လင်းယှန်ငှက်မျိုးမှန်ကေ ပျံတတ်တေ၊ သခင်မျိုးမှန်ကေ သခင်ဖြစ်ရဖို့။ ယင်းချင်းစွာအမှန်ဗျာယ်။ ငရို့တိ အဂေါင့်ယာ ကိုယ့်ထီး ကိုယ့်နန်းနန့် နိန်လာရေ လူမျိုးဆိုကေ ခုလည်း ကိုယ့်ထီးကိုယ်နန်းနန့် နိန်နိုင်ရေ လူမျိုးဖြစ်ရဖို့။ ယင်းပိုင်မဟုတ်ဆိုကေ ကြက်ဝတင်းမှာ မွီးလို့ ကြက်ဝတင်း အတွေးခေါ်လောက်ယာ ဟိနိန်ခရေ လင်းယှန်ငှက်နန့် တူလားပါဖို့။
ငရို့တိ၏ မိဘရို့၊ အဖိုး၊အဘောင်မရို့ သူ့ကျွန်ဘဝမှာ ကြီးပြင်းခလို့ ငရို့တိကိုလည်း သူ့ကျွန်အဖြစ်နန့် မွီးဖွားပီးလိုက်စွာက ငရို့တိအပြစ်မဟုတ်သိမ့်။ ကျွန်အဖြစ်နန့် ငရို့တိ ကျေနပ်နိန်ကေတော့ခါ ငရို့အပြစ်ဗျာယ်။
လက်ယုန်ငှက်မှန်ကေ ပျံတတ်ယေဆိုကေ
ဘုရင်မျိုးမှန်ကေလည်း ထီးပိုင်နန်းပိုင် ဖြစ်ရဖို့ဆိုစွာ သဘာဝကျပါရေ။
Kularakkhita
22.March.2016

Leave a Comment