ရခိုင်လူမျိုးများရင်ဆိုင်နေရသော (သို့) ရင်ဆိုင် ရနိုင်သောဖြတ်လေးဖြတ် နှင့် ဖျက်လေးဖျက်

ရခိုင်လူမျိုးများရင်ဆိုင်နေရသော (သို့) ရင်ဆိုင်
ရနိုင်သောဖြတ်လေးဖြတ် နှင့် ဖျက်လေးဖျက်
နှင်းနှင်းနွယ်(ရခိုင်သူ)
24/4/2016
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ဒီနေ့အချိန်ကာလ၌ ရခိုင်လူမျိုးတို့၏ဒုက္ခ
အကြီးကျယ်ဆုံးဖြစ်သော ဖြတ်လေးဖြတ်နှင့်
ဖျက်လေးဖျက် စစ်ဗျူဟာနံရံကြီးနှစ်ဖက်ကြားကို
 ရောက်နေသောအချိန်ကာလဖြစ်သည်။
ထိုဖြတ်လေးဖြတ်ကား...
၁- ရိက္ခာဖြတ်၊
၂- ဘဏ္ဍာငွေဖြတ်၊
၃-ထောက်လှမ်းရေး
သတင်းအချက်အလက်များဖြတ်၊
၎- တော်လှန်ရေးရဲဘော်သစ်များ
မစုဆောင်းနိုင်အောင်ဖြတ်ခြင်း
 (Food, Fund, Intelligence, and recruits) ပင် ဖြစ်သည်။
Rakhine civil war refugee

Suspected victims as Arakan soldiers in Rakhine
















































ဖျက်လေးဖျက်ကား...
၁- စိတ်ဓါတ်များကိုဖျက်ဆီးခြင်း၊
၂- စာပေယဉ်ကျေးမှုအမွှေအနှစ်များကို
ဖျက်ဆီးခြင်း၊
၃- ကျေးရွာများကိုမီးတိုက်ဖျက်ဆီးခြင်း၊
၎- ဆင်းရဲတွင်းနက်နာလန်ပြန်မထူနိုင်အောင် စီးပွါးရေးကိုဖျက်ဆီးခြင်းများပင် ဖြစ်သည်။
(ဆရာKhaing Aung Aung - New York
စာသားအားအနည်းငယ်ပြင်ဆင်သည်။)
.……………
ကျမတို့ရခိုင်လူမျိုးတို့သည် ယခုအချိန်မှာ
မအလစစ်တပ်၏ ပေါ်ထာဆွဲမှုကြောင်း၎င်း၊
သတ်ဖြတ်မှုကြောင့်၎င်း၊ မအလစစ်တပ်၏
ယုတ်မာသော ၊ လူသားမဆန်သော ပြည်သူများ
အား စစ်ပွဲ၌ လူသားဒိုင်းကာအဖြစ်အသုံးပြုမှု
ကြောင့်၎င်း၊ ရခိုင်အပြစ်မဲ့ပြည်သူတို့သည်
ဒုက္ခသည်ဘဝကို နေချင်း၊ ညချင်း ရောက်သွား
ကြတာ ယခုဆိုလျှင် စစ်ဘေးဒုက္ခသည်တွေ
၇၀၀ ကျော်ထိ ကြောက်ခမမ်းလိလိတိုးလာခဲ့
ပေသည်။ ထိုသို့ ဒုက္ခသည်များတစ်နေ့တခြား
တိုးလာခဲ့သည်ကို မြန်မာအစိုးရကသော်၎င်း၊
ရခိုင်ပြည်နယ်ဝန်ကြီးကသော်၎င်း တစ်ခွန်းတပါဒ
မှ မဟတာက သူတို့ပြောပြောနေသော လူ့အခွင့်
အရေး၊ တန်းတူညီမျှဆက်ဆံရေး၊ လူသားခြင်း
စာနာရေးစသော လေပေါ်နလွင့်စကားတွေကို
အသုံးပြုခဲ့ကြသောထိုအစိုးရသည် တခွန်းမှ
မဟတော့တာက တိုင်းရင်းသား လူမျိုးများအား
စော်ကားသလိုဖြစ်စေသလို တိုင်းရင်းသားများ၏
ခွဲထွက်ရေး အသံသည်လည်းပို၍ ပို၍ကျယ်လောင်
လာစေပေသည်ကို ထိုအစိုးရသည်မသိလေ
သလော့။


ဗမာဟုခေါင်းစဉ်တပ်ပြောရင်လည်း ကျမကို
လူမျိုးရေးစကားပြောသည်ဟုပြောကြသည်။
အစွန်းရောက်သည်ဟုတောင်သမုတ်ကြသည်။
ကျမပြောမယ်။ ဗမာတွေက တိုင်းရင်းသားတွေကို
ဘာကြောင့်ခွဲထွက်ခွင့်မပေးချင်တာလဲသိလား။
သူတို့ကတိုင်းရင်းသားပြည်ထောင်စုကိုဘယ်
တုန်းကမှ မချစ်ခဲ့၊ မသနားခဲ့၊ မစာနာခဲ့ပေ။
သူတို့ရဲ့ဆင်ခြေက မြန်မာနိုင်ငံမြေပုံပဲ့ပါသွားမည်၊
မလှတော့မှာကိုပဲကြောက်နေကြတာ။
တိုင်းရင်းသားများ
ခွဲထွက်သွားရင် ကုလားတွေ၊ တရုတ်တွေဝါးမြို
သွားမယ် ဘာဖြစ်နိုင်တယ်၊ညာဖြစ်နိုင်တယ်၊
စသဖြင့် တန်ဖိုးမဲ့ဆင်ခြေတွေပေးပြီး တိုင်းရင်း
သာပြည်သူများကို စော်ကားချင်သလိုစော်ကား
ပြီး တိုင်းရင်းသားနယ်မြေထွက်သယံဇာတ၊
စသော တန်ဖိုးရှိသော အရာများ၊ သမိုင်းများကို
နယ်ချဲ့လုပ်ယူကြပေသည်။ဒါသည်ပင်လျှင်
ဗမာများ၏စာနာမှုအစစ်အမှန်ဖြစ်ပေသည်။
သူတို့အကြောက်ဆုံးသည် မြန်မာနိုင်ငံပဲ့ထွက်
သွားမည့်ကိစ္စသာဖြစ်သည်။ တိုင်းရင်းသားတွေ
ဘယ်လိုနေနေ ၊ ဘယ်လိုသေသေ သူတို့ကမြန်မာ
နိုင်ငံမြေပုံပဲ့ပါမသွားရင်ပြီးရော့ ။
ဒါကို ကျမ တို့တိုင်းရင်းသားကို သတိထားရမည်။
ယခုအချိန်မှာ ရခိုင်မြေကို ဖြတ်လေးဖြတ်၊ ဖျက်
လေးဖျက် ဖြင့် ဗမာတို့သည် လူလည်ကျကာ
ရခိုင်ပြည်သူ ၊ ရခိုင်လူမျိုးကိုဖျက်ဆီးလာခဲ့ကြပြီ။
မဟာပျူဟာကျကျ ဖျက်ဆီးလာနေသော
ထို ဗမာပျူဟာကို ကျမ တို့ရခိုင်လူမျိုးများသည်
အမျိုးသားရေးစိတ် တစ်ခုတည်းနဲ့သာ
ပေါင်းစည်းကာကွယ်ကြရမည်ဖြစ်သည်။
ထိုဖြတ်လေးဖြတ်၊ ဖျက်လေးဖျက်ကို ကျမတို့
ရခိုင်လူမျိုးတို့သည် အရေးမကြီးသလိုမနေသင့်
ပေ။ဒါဟာရခိုင်လူမျိုးကို ကမ္ဘာ့မျက်နှာဇာက
ဖျောက် ပစ်မယ့် ဗမာတို့၏အကြီးမားဆုံးသော
မဟာပျူဟာဆိုတာ သိထားသင့်ပေသည်။
ဒါကြောင့်ကျမတို့သည်ထိုဗမာမဟာပျူဟာများကို
အမျိုးသားစိတ်တွေနဲ့တညီ တညွှန့်ခုခံကာကွယ်
ကာ လိုချင်သောအရာများအား လူထုနဲ့တောင်းခံ
ပြီး အရိုးကို အရွက်မဖုံးရလေအောင် ရခိုင်လူမျိုး
တို့သည် စုပေါင်းညီညာ လက်တွဲဖြာလို့
အနာဂတ်ရခိုင်.. ကို ချီတက်ကြပါလို့တိုက်တွန်း
နှိုးဆိုလိုက်ပါရစေ။ ။

မှတ်ချက်။ ။ဗမာဟူ၍ခေါင်းစဉ်တပ်ပြော
သော်လည်း ဗမာအား လုံးအားမဆိုလိုပါ။

No comments

Powered by Blogger.