လောကကို မောင်းတင်၍ ခရီးနှင်ခဲ့လေပြီ
လောကကို မောင်းတင်၍ ခရီးနှင်ခဲ့လေပြီ
နှင်းနှင်းနွယ်(ရခိုင်သူ)
26/4/2016
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
FaceBookထက်မှနှင်းနှင်းရဲ့စာဖတ်ပရိသတ်များ၊
နှင်းနှင်း ရဲ့ ချစ်လှစွာသော သူငယ်ချင်းများ၊
နှင်းနှင်းကိုအမြဲအားပေးဝေဖန်ပေးကြသော
ချစ်လှစွာသော ရွှေရခိုင်သူ/သားများ စသော
နှင်းနှင်းရဲ့ အကောင်းဆုံးမိတ်ဆွေ၊ အရင်းနှီးဆုံး
သူငယ်ချင်းများကို နှင်းနှင်း တောင်းပန်ချင်ပါတယ်။
လောကြီးရဲ့ ခရီးကို မောင်းနှင်ဖို့ ၊ ဘဝရဲ့အဖြစ်
ချင်ဆုံးသော လူနေမှုပုံစံတွေကိုလေ့လာဖို့
နှင်းနှင်းတို့တွေဟာ လေယာဉ်တစ်တန်၊
ကားတစ်တန်၊ခြေကျင်တစ်တန်ဆိုတဲ့
ညို့ညို့မှိုင်းမှိုင်း တော
တောင်တန်းတွေပေါ်ပြီး ဖြူစင်မှုတွေပြည့်ဖုံး
နေသော ဘဝရဲ့အနှစ်သာရပန်းချီတစ်ချပ်လို
ခံစားနိုင်မယ့် နေရာကို နှင်းနှင်း တို့သူငယ်
ချင်းငါးယောက် ခရီးနှင်ခဲ့ကြပါပြီ။
ဖုန်းလိုင်းဆိုတာ ဗမာနတ္ထိ၊ TV ဆိုမမြင်ဖူး၊
ဘဝကိုရေစုန်မျောနေကြသော ထိုနေရာလေးကို
နှင်းနှင်းတို့အရောက်သွားခဲ့ကြပါပြီ။
လေယာဉ်ထက်ကမြင်ရသော
ကွင်းပြင်တွေ၊ညို့ညို့မှိုင်းမှိုင်းနေရာ
တွေက ဘာကိုလွမ်းမှန်မသိတော့ပါဘူး။
ခရီးတစ်ခုရဲ့ဘဝအစဟာ လူတစ်ယောက်ရဲ့
ဘဝနေထိုင်မှုပုံစံတွေကို များစွာပြောင်းလဲစေ
ပါတယ်။
ချစ်သော နှင်းနှင်းရဲ့ စာဖတ်သူများ၊ဝေဖန်သူများ၊
အားပေးသူများ စသောနှင်းနှင်ရဲ့ အချစ်ဆုံး
FaceBook သူငယ်ချင်းတွေကို ပြောချင်ပါတယ်။
နှင်းနှင်း အရင်လို post တွေ တင်နိုင်လိမ့်မယ်
မထင်ဘူး။ ဖုန်းလိုင်းတွေမမိတဲ့နေရာမှာ
ပျော်ရွှင်မှုတွေရှိနေပေမယ် နှင်းနှင်းရဲ့စာဖတ်သူ
တွေကို အားနာပါတယ်။
ဒါပေမယ့် တတ်နိုင်သလောက်တော့ ကြိုးစား
တင်ပြပေးပါ့မယ်။
နှင်းနှင်း တို့သူငယ်ချင်းတွေ အခု ခရီးနှင်ခဲ့ကြပြီ။
တောတောင်သဘာဝနဲ့နိမ့်ကျနေတဲ့ ဘဝကလေး
ကို ကျမတို့မျက်ရည်တွေကြားကကြည့်ခွင့်ရတော့
မယ်။ မွေးရာပါလူ့အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့
ထိုဘဝလေးတွေကို မှတ်တမ်းတွေပြုစု၊ မျက်ရည်
တွေခြေဥကျရတော့မယ့် အဖြစ်ကလေးတွေကို
ကျမ တွေးပြီး အပြုံးတွေကွယ်ပျောက် ဒေါသတွေ
ရောက်ခဲ့နေပြီ။ ဘာဆို ဘာမှမသိကြတဲ့ ထိုဒေသ
လေး ဖြူစင်မှုတစ်ခုကလွဲပြီး မာယာပရိယ်ကင်း
သောထိုဒေသလေးကို ကျမ တို့တွေ တောတောင်
တွေကိုဖြတ် သဘာဝပေါက်ပင်တွေကြားကခရီး
နှင်ကြတော့မည်။
ကျမ ပျော်စရာတွေပဲ တွေးချင်ပါတယ်။
ဒါပေမယ့် ထိုဒေသကလူတွေမပိုင်တဲ့
လိမ္မော်ခြံတွေ၊ ရာဘာခြံတွေ ၊ လက်ဖက်ခြံတွေ၊
စသော အလှတရားတွေကို ကျမတို့တွေ ဒေါသ
မျက်လုံးတွေနဲ့ကြည့်ပြီးဖြတ်သန်းရအုံးမယ်လေ။
ကိုယ်ပိုင်မြေ ရှိကြပေမယ့် နေထိုင်ရာမရှိကြတဲ့
ထိုဒေသလေး ၊ ကျမ တို့ မျက်ရည်တွေကြားက
အားပေးစကားတွေပြော၊ ပါလာသောပစ္စည်း
ပစ္စယတွေကိုလှူဒါန်း၊ နွေးထွေးသောအပြုံးတွေ
နဲ့ပြုံးပြီး အားပေးစကားပြောရတော့မှာပေါ့။
ကျမ မြင်ရောင်နေသေးတယ်။
ထိုဒေသလေးကို (ဘန်ကောက်)သူငယ်ချင်းတစ်စု
နဲ့အတူ ပထမခြေချခဲ့သော နှစ်ကပေါ့။
ခလေးတစ်ယောက် ရွာထဲမှထွက်လာပြီး
နှပ်ချေးပြုတ်ပြုတ်နဲ့ လာနှုတ်ဆက်တာ။
သူတို့ကလေးတွေရဲ့စကားကိုကျမနားမလည်ဘူး။
သူငယ်ချင်း(ဘန်ကောက်. ပအိုဝ်းသူ) က ရှင်းပြ
တယ်လေ။ အခုကျမ သူတို့စကားလေးတွေကို
နည်းနည်းနားလည်ခဲ့ပြီ။ လေ့လည်းလေ့လာခဲ့ပြီ။
ကျမရောက်ခဲ့ရင် အရင်ဆုံး သူတို့စကားလေးတွေ
ကိုပြောပြီးနှုတ်ဆက်မယ်။ အံ့သြနေတဲ့သူတို့လေး
တွေကို အပြုံးနဲ့ချွေသိပ်ရင်း ပွေ့ဖက်ပေးမယ်။
ကျမမှာ ရှိတဲ့ မေတ္တာတရားကို သူတို့လေးတွေ
အတွက်အကုန်လုံးပေးမယ်။ ဒါဟာ ကျမတို့
သူငယ်ချင်းတွေရဲ့စိတ်ကူးပါပဲ။
ကျမကရခိုင်လူမျိုးတစ်ယောက်ပါ။
ဒါပေမယ့် ကျမ သေမလောက်ချစ်တဲ့ ရခိုင်လူမျိုး
တို့ရဲ့ မျက်ရည်တွေ၊ ချွေးတွေ၊ ဖိနှိုမှုတွေ၊
မွေးရာပါလူ့အခွင်းအရေးတွေ၊ မတရားသတ်ဖြတ်
ခံရမှုတွေ စသော ဒေါသထွက်စရာအကြောင်းများ
ကို ကျမ မစွမ်းဆောက်နိုင်သေးဘူး။
ကျမ ဝမ်းနည်းတယ်။ ငိုမိတယ်။ ဒေါသထွက်မိတယ်။
နောက်ပြီး ကျမအခု ဝေးရာကို လေ့လာရေး
ခရီးနှင်ခဲ့ပြီပေါ့လေ။
ဘဝကို အနှစ်သာရရှိစေဖို့ လေ့လာရေးခရီး၊
(သို့) မွမ်းကျပ်မှုတွေကို ဖြေဖျောက်သောခရီး၊
(သို) အပျော်တမ်းခရီးမဟုတ်သော လွတ်လပ်သော
ခရီးကို မောင်းနှင်ခဲ့ကြပြီ။
ရွက်လွင့်ခဲ့ကြပြီ။ ဒါဟာ လောကရဲ့ဘဝခရီးအစ
ဆိုရင် ကျမ တို့တွေ ပျော်ပျော်ကြီးခြေဆန့်ခဲ့မှာပါ။
ကျမ တို့သူငယ်ချင်းတွေခရီးနှင်နေကြပါပြီ။
တောတောင်တွေပြည့်ဖုံးနေသော သဘာဝရဲ့
ရင်သွေးငယ်တွေဆီကိုပေါ့။ ။

Leave a Comment