တိုက်ပွဲတွေရှိတဲ့အရပ်မှာ ငြိမ်းချမ်းရေးသီးနေတယ်'
သူငယ်ချင်းရေ အချိန်ရရင် သံအမတ်ကြီးကို ဒီကဗျာလေးအကြောင်းကိုပြောပြပေးပါ။
2015 July 31, Friday , Blue Moon Day
၁၃၇၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာနေ့။
ဖြစ်လာမဲ့ မပည ငါသိတယ်
အချစ်ကိုခဏတန်းဖြုတ်ထားနိုင်ပေမဲ့
လောလောလတ်လတ်တိုက်နေရတဲ့
ရင်ဆိုင်တိုက်ပွဲတွေကိုတော့
ကျည်ဆံမကုန်သရွေ့
ဆုတ်မိန့်မပေးလာသရွေ့
ရပ်တန့်မထားနိုင်ဘူး။
မနေ့ကလည်းတိုက်ပွဲတွေရှိတယ်
ဒီနေ့လည်းရှိတယ်
အရင်တစ်နေ့ကလည်းရှိတယ်
အခုလည်းမသေချာသေးဘူး
ရန်သူတွေထပ်တက်လာနေပြီတဲ့။
မသိရင်မှတ်ထား
ခေတ်သစ်အဘိဓာန်ထဲမှာ
တိုင်းရင်းသားပိုင်နက်ဆိုတာ
တိုက်ပွဲတွေရှိရာအရပ်ကိုခေါ်တာပဲ။
ငြိမ်းချမ်းရေးအတွက်
တိုက်ပွဲတွေလိုအပ်တယ်ဆိုပေမဲ့
တိုက်ပွဲတိုင်းရလာဒ်က
ငြိမ်းချမ်းရေးရဲ့အဖြေတော့မဟုတ်။
တစ်ခါလာလည်းငြိမ်းချမ်းရေး
နှစ်ခါလာလည်းငြိမ်းချမ်းရေး
ဂတိသစ္စာတွေရှိမနေသရွေ့
ယုံကြည်မှုတွေထပ်မတည်ဆောက်နိုင်သရွေ့
ရိုးသားမှုတွေငြိမ်းချမ်းရေးစားပွဲဝိုင်းဆီမပါလာသရွေ့
တိုက်ပွဲတွေဆက်ရှိနေပြီး
ငြိမ်းချမ်းရေးလည်းဆေးယဉ်လာလိမ့်မယ်။
၂၁ ရာစုမှာ
ရောဂါထက်ကြောက်စရာကောင်းတာက
ဆေးယဉ်ပါးမှုပြဿနာပဲ
ဒီအထဲ ဒီနိုင်ငံမှာတော့
ငြိမ်းချမ်းရေးယဉ်ပါးမှုကအကြာဆုံး။
ငြိမ်းချမ်းရေးမှာ
ကွန်ထရိုးဇက် (Ctrl + Z) ဆိုတာရှိပေမဲ့
ပစ်လိုက်တဲ့ကျည်ဆံနဲ့ပစ်ပြီးသားလောင်ချာခွံ
ဒဏ်ရာရရဲဘော်နဲ့ ကျဆုံးသူတွေအတွက်
ထွက်ပြီးသားဆင်စွယ်လိုမျိုး
ပြန်ဝင်ရိုးထုံးစံမရှိဘူး
ပြန်ရှင်ရိုးထုံးမရှိဘူး။
သေးပေါက်ရင်းကော်ဖီသောက်တာနဲ့
ကော်ဖီသောက်ရင်းသေးပေါက်တာ
ဒီခွက်ထဲကဒီအရသာတူနိုင်ပေမဲ့
ဆွေးနွေးရင်းတိုက် တိုက်ရင်းဆွေးနွေးတာတော့
အသက်တွေစတေးရတယ်
ဘဝတွေစတေးရတယ်
မိသားစုတွေပြိုပျက်ရတယ်
သံသရာမှာဒဏ်ရာကိုပိုနက်စေတယ်
ငြိမ်းချမ်းရေးနဲ့ပိုဝေးလာတယ်။
ဘယ်သူတွေဘာပြောပြော
သေချာတာတော့
တိုက်ပွဲတွေရှိတဲ့အရပ်မှာ
ငြိမ်းချမ်းရေး သီးနေတယ်။
ခက်ဆစ်။ ။
(၁) သီး = လည်ချောင်းရှိလေပြွန်၌တစ်စုံတစ်ရာဆို့နေ၍ အတွင်းလေကတွန်းထုတ်သည်။ (မြန်မာအဘိဓာန်)
Dr.Nyo Twan Awngတိုက်ပွဲတွေရှိတဲ့အရပ်မှာ ငြိမ်းချမ်းရေးသီးနေတယ်'အချစ်ရှိတဲ့အရပ်ငါမသိပေမဲ့တိုက်ပွဲတွေဖြစ်နေတဲ့နေရာငါသိတယ်
2015 July 31, Friday , Blue Moon Day
၁၃၇၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာနေ့။
Arakan Army
ဖြစ်လာမဲ့ မပည ငါသိတယ်
အချစ်ကိုခဏတန်းဖြုတ်ထားနိုင်ပေမဲ့
လောလောလတ်လတ်တိုက်နေရတဲ့
ရင်ဆိုင်တိုက်ပွဲတွေကိုတော့
ကျည်ဆံမကုန်သရွေ့
ဆုတ်မိန့်မပေးလာသရွေ့
ရပ်တန့်မထားနိုင်ဘူး။
မနေ့ကလည်းတိုက်ပွဲတွေရှိတယ်
ဒီနေ့လည်းရှိတယ်
အရင်တစ်နေ့ကလည်းရှိတယ်
အခုလည်းမသေချာသေးဘူး
ရန်သူတွေထပ်တက်လာနေပြီတဲ့။
မသိရင်မှတ်ထား
ခေတ်သစ်အဘိဓာန်ထဲမှာ
တိုင်းရင်းသားပိုင်နက်ဆိုတာ
တိုက်ပွဲတွေရှိရာအရပ်ကိုခေါ်တာပဲ။
ငြိမ်းချမ်းရေးအတွက်
တိုက်ပွဲတွေလိုအပ်တယ်ဆိုပေမဲ့
တိုက်ပွဲတိုင်းရလာဒ်က
ငြိမ်းချမ်းရေးရဲ့အဖြေတော့မဟုတ်။
တစ်ခါလာလည်းငြိမ်းချမ်းရေး
နှစ်ခါလာလည်းငြိမ်းချမ်းရေး
ဂတိသစ္စာတွေရှိမနေသရွေ့
ယုံကြည်မှုတွေထပ်မတည်ဆောက်နိုင်သရွေ့
ရိုးသားမှုတွေငြိမ်းချမ်းရေးစားပွဲဝိုင်းဆီမပါလာသရွေ့
တိုက်ပွဲတွေဆက်ရှိနေပြီး
ငြိမ်းချမ်းရေးလည်းဆေးယဉ်လာလိမ့်မယ်။
၂၁ ရာစုမှာ
ရောဂါထက်ကြောက်စရာကောင်းတာက
ဆေးယဉ်ပါးမှုပြဿနာပဲ
ဒီအထဲ ဒီနိုင်ငံမှာတော့
ငြိမ်းချမ်းရေးယဉ်ပါးမှုကအကြာဆုံး။
ငြိမ်းချမ်းရေးမှာ
ကွန်ထရိုးဇက် (Ctrl + Z) ဆိုတာရှိပေမဲ့
ပစ်လိုက်တဲ့ကျည်ဆံနဲ့ပစ်ပြီးသားလောင်ချာခွံ
ဒဏ်ရာရရဲဘော်နဲ့ ကျဆုံးသူတွေအတွက်
ထွက်ပြီးသားဆင်စွယ်လိုမျိုး
ပြန်ဝင်ရိုးထုံးစံမရှိဘူး
ပြန်ရှင်ရိုးထုံးမရှိဘူး။
သေးပေါက်ရင်းကော်ဖီသောက်တာနဲ့
ကော်ဖီသောက်ရင်းသေးပေါက်တာ
ဒီခွက်ထဲကဒီအရသာတူနိုင်ပေမဲ့
ဆွေးနွေးရင်းတိုက် တိုက်ရင်းဆွေးနွေးတာတော့
အသက်တွေစတေးရတယ်
ဘဝတွေစတေးရတယ်
မိသားစုတွေပြိုပျက်ရတယ်
သံသရာမှာဒဏ်ရာကိုပိုနက်စေတယ်
ငြိမ်းချမ်းရေးနဲ့ပိုဝေးလာတယ်။
ဘယ်သူတွေဘာပြောပြော
သေချာတာတော့
တိုက်ပွဲတွေရှိတဲ့အရပ်မှာ
ငြိမ်းချမ်းရေး သီးနေတယ်။
ခက်ဆစ်။ ။
(၁) သီး = လည်ချောင်းရှိလေပြွန်၌တစ်စုံတစ်ရာဆို့နေ၍ အတွင်းလေကတွန်းထုတ်သည်။ (မြန်မာအဘိဓာန်)

Leave a Comment