တော်လှန်ရီး အဓိပ္ပါယ်နန့် တော်လှန်ရီး သစ္စာဖောက်




တော်လှန်ရီး အဓိပ္ပါယ်နန့် တော်လှန်ရီး သစ္စာဖောက်

လန့်လားခရေလား။ တော်လှန်ရီးလို့ ပြောသံကြားလိုက်စွာနန့် လူတိက လန့်လားခတတ်စွာက သဘာဝ တစ်ခုယာ။ လန့်လည်းမလန့်ကေ့ ကြောက်လည်းမကြောက်ပါကေ့။ ဆက်လို့ယာ ဖတ်ပါ တော်လှန်ရီးဆိုစွာ ဇာကိုဆိုလိုလဲ နားလည်ပါလိမ့်မယ်။ အမှန်က လူတိ အနိန်နန့် တော်လှန်ရီး လို့ပြောလိုက်စွာနန့် လန့်နိန်ရေ၊ ရွံ့နိန်ရေ၊ ကြောက်နိန်ရေ၊ မဆိုင်ပိုင် နိန်ချင်ရေ ဆိုစွာယေ ယင်း လူတိ၏ ပင်ကိုယ်သဘောထား အမှန်ကြောင့်မဟုတ်ပါ။ ယင်းလူပတ်ဝန်းကျင်မှာ သမိုင်းမှာ တော်လှန်ရီးကို တော်လှန်ရီးနန့်တူအောင် မလုပ်ခကတ်ဘဲနန့် တော်လှန်ရီးကို သစ္စာဖောက်ကတ်တေ တစ်ကိုယ်ကောင်းဆန်ရေ လူ့အတ္တ လူ့ငကမ်းတိကြောင့် ဖြစ်ပါရေ။ တော်လှန်ရီးကို အလွဲသုံးစား လုပ်တေလူတိကြောင့် ဖြစ်ပါရေ။ ယင်းပိုင် လူ့အတ္တသမားတိ၊ တော်လှန်ရီး သစ္စာဖောက်တိကြောင့်လည်း တော်လှန်ရီး ခရီးစွာ မကြာသင့်ပဲနန့် အကြောင်းအမျိုးမျိုးနန့် မကြာသင့်ဘဲ ကြာနိန်ရစွာလည်း ဖြစ်ပါရေ။

ယင်းကြောင့် တော်လှန်ရီးလမ်းကြောင်းမှာ ယင်းပိုင် လူ့အတ္တသမားတိ၊ တော်လှန်ရီး သစ္စာဖောက်တိပေါ်လာဗျာယ်ဆိုကေ မညှာတာမိဖို့အရေးကြီးပါရေ။ ယင်းပိုင် သစ္စာဖောက်တေ လူတိစွာ မသိလို့ မတတ်လို့မဟုတ်ပါ။ ယင်းပိုင်ပုဂ္ဂိုလ်မျိုးတိကို သနားငဲ့ညှာပနာ ဖြောင်းဖျဖို့၊ တရားချဖို့ မကြိုးစားပါလီကေ့။ ဘုန်းကြီးကို စာချ၊ မိကျောင်းကို ရီးကင်းပြပိုင်ယာ ဖြစ်ပါဖို့။ စကားပုံ တစ်ခုရှိပါရေကား ဘုန်းကြီးသရဲ ချွတ်မကျွတ်ဆိုလား။ ယင်းပိုင်ပါ တော်လှန်ရီး သစ္စာဖောက်တိကိုလည်း တရားချဖို့၊ နားလည်လာအောင် ဖြောင်းဖျဖို့ ဇာခါလေ့ မကြိုးစားပါလီကေ့။ သနားမိကေ တော်လှန်ရီးမပီသသည့်အပြင် ယင်းတော်လှန်ရီး အောင်မြင်ဖို့ ခက်ခဲလားပါလိမ့်မယ်။
တော်လှန်ရီး ဆိုစွာကတော့ခါ အရိုးရှင်းဆုံးပြောရကေ အပြောင်းအလဲ၊ အပြောင်းအလဲ ပြုလုပ်ခြင်းလို့ ပြောရဖို့ ဖြစ်ပါရေ။ တော်လှန်ရီးလို့ခေါ်ရေအပြောင်းအလဲ ပြုလုပ်တေ နိန်ရာမှာလည်း ပုံစံအမျိုးမျိုးဟိပါရေ။
ဆင်းရဲသား လူတန်းစားတော်လှန်ရီး
ကျွန်စနစ်ပပျောက်ရီး တော်လှန်း
လူတန်းစား ခွဲခြားဆက်ဆံမှု ပပျောက်ရီးတော်လှန်ရီး
အုပ်ချုပ်ပုံ စနစ်ပြောင်း တော်လှန်ရီး
စာပေတော်လှန်ရီး
ဘာသာရီး ဆိုင်ရင် ယုံကြည်မှုတော်လှန်ရီး
စက်မှုလက်မှုတော်လှန်ရီး
တော်လှန်ရီးတိ ကကောင်းအများကြီးဟိပါရေ။ ဒေနိခေတ် လူတိစွာလည်း တစ်ခုမဟုတ် တစ်ခုတော့ခါ နိစဉ်နန့်အမျှတော်လှန်ရီး တစ်ခုခု နန့်ဆက်စပ်နိန်ပါရေ။
အပြောင်းအလဲ ဆိုရေ နိန်ရာမှာလဲ ခေတ်ကာလ သဘောသဘာအရ ခေတ်က ကိုယ့်ကို တော်လှန်လားခစွာ ဟိရေပိုင် ကိုယ်က ခေတ်၏ မျက်မှောက်အခြေအနေကို မကြိုက်လို့ တော်လှန် ပလိုက်စွာ ဆိုပြီးကေ နှစ်ခု ဟိပါရေ။
တစ်ခုမဟုတ် တစ်ခုနန့်တော့ခါ ငရို့တိ ရင်ဆိုင်နိန်ရာစွာ အမှန်ပါ။
ယင်းကြောင့် တော်လှန်ရီးဆိုရေ ဝေါဟာရနန့် အကျိုးသက်ရောက်မှုတိစွာ ငရို့တိအတွက် ဆန်းကြယ်ရေ အရာတစ်ခုမဟုတ်ပါ။
ငရို့တိ နိ့စိုင် ကိုးကွယ်ဆည်းကပ်နိန်ကတ်တေ ဂေါတမ မြတ်စွာ ဘုရားရှင်စွာဆိုကေ ပလေတိုရို့ ဆိုကရေးတီးရို့ထက် ရှေးကျရေ တော်လှန်ရီး သမားတစ်ပါး ဖြစ်ပါရေ။
ဘုရားရှင်စွာ အိန္ဒိယ အယူဝါဒအရ ခတ္တိယမျိုးနွယ်ဝင်ဖြစ်ပါရေ။ ဇာတ်ခွဲခြားဆက်ဆံမှု အယူဝါဒကို တိုက်ဖျက် တွန်းလှန် တော်လှန်ခသူ ဖြစ်သည့်အပြင် ဘာသာရီးဆိုင်ရာ အယူဝါဒ ကွဲပြားမှုတိကိုလည်း ပေါင်းစည်းပီးနိုင်ခသူဖြစ်ပါရေ။ ဘုရင်ရှင်စွာ ဇာတ်ခွဲခြားမှု လုံ့ဝမရှိ၊ ကံမှာ ဆင်းရဲ ချမ်းသာမခွဲခြား၊ အလုပ်သည်သာပဓာန၊ စိတ်သည်သာပဓာန။ လူစွာယေ မွီးဖွားလာရုံလောက်နန့် မြင့်မြတ်တေလူလို့ မခံယူထိုက်။ အားလုံးက တတူဗျာယ်။ လုပ်ဆောင်မှု ကံတရားပေါ်မူတည်ပြီးကေ လူဆိုး လူကောင်း လူလိမ္မာ လူအ ခွဲခြားလားစွာယာ ဖြစ်တေဆိုရေ ဝါဒကို စွဲကိုင်ခပါရေ။
ယင်းကြောင့် ဘုရားရှင်ကိုယ်တိုင်လည်း အပြောင်းအလဲကို ပြုလုပ်ခရေပုဂ္ဂိုလ် တော်လှန်ရီး သမားဖြစ်ပါရေ။ ယင်းတော်လှန်ရီး သမားကို နိ့စိုင်ရှိခိုးကိုးကွယ်နိန်ပါလျက်နန့် ငရို့တိ ဇာလို့ မတရားမှုတိကို ထိုင်ပနာ လက်ပိုက်ကြည့်နိန်ကတ်စွာလဲ။ သူများတိပါးမှာ တော်လှန်ခြင်း ခံနိန်ကတ်စွာလဲ။
၁၅ ရက် ဒီဇင်ဘာ ရခိုင်ပြည်နယ်နိကို အကြောင်းပြုလို့ရွီးစွာ ဖြစ်တေအတွက်ကြောင့်နန့် ငရို့တိ ကျင်းပသင့်စွာယေ ရခိုင်ပြည်နယ်နိ့မဟုတ်ပါ။
ရခိုင်နိုင်ငံတော် လွတ်လပ်ရီးနိယာ ဖြစ်သင့်ပါရေ။
အားလုံး ဆုံးဖြတ်ချက်ချပါ။ တော်လှန်ရီးကို မကြောက်ကတ်ပါကေ့။ တော်လှန်ဖို့စွာဟိကတ် တော်လှန်ကတ်ရဖို့စွာ လူတော်၊ လူမြတ်၊ လူလိမ္မာရို့အလုပ်ဖြစ်ပါရေ။

ကုလရက္ခိတ

၁၄.၁၂.၂၀၁၆


No comments

Powered by Blogger.