“ကရင်တစ်ကျပ် ဗမာတစ်ကျပ် တန်းတူရေး ယူဆချက်က မှားတယ်”
ခိုင်အောင်အောင်
နယ်သာလန် နိုင်ငံ
10,Oct,2016
ကရင်တစ်ကျပ် ဗမာတစ်ကျပ် တန်းတူရေး ယူဆချက်က လက်တွေ့ မှာ
တကယ်အကောင်အထည်ပေါ်လာခဲ့ရင်တောင် ရေရှည်မှာ ဗမာတွေကပဲ
ပို၍ချမ်းသာသွားနိုင်ပြီး ကရင်တွေက ပိုငတ်သွားနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ တန်းတူညီမျှစွာ ဝေစုခွဲရင် သန်းသုံးဆယ်ကျော်ရှိတဲ့
ဗမာလူဦးရေက အမြဲတမ်းအသာစီးက ဝေစုအများကြီးနဲ့ 
အကျိုးအမြတ်ပိုရသွားနိုင်ပြီး လူဦးရေ ၄ သန်းကျော်သာသာရှိတဲ့ ကရင်တွေက
ရလာတဲ့ဝေစုနဲ့ မလောက်ငှပဲ လူညွန့်  တုံးတဲ့ အဆင့်မှာပဲ ကျန်နေခဲ့နိုင်လို
့ပဲ ဖြစ်ပါတယ်။
ဒီတန်းတူရေးယူဆချက်က အပြင်ပန်းကကြည့်ရင်
အားလုံးလက်ခံနိုင်တဲ့ အားလုံးကို အကျိုးဖြစ်ထွန်းစေနိုင်တဲ့
နိုင်ငံရေးအမြင်တခုလို့  သုံးသပ်နိုင်ပေမယ့် လက်တွေ
့အကောင်အထည်ဖော်ကျင့်သုံးလာရင် အားနည်းချက် ဟာကွက်တွေနဲ့ ပြည့်နှက်နေပြီး
ဆင်းရဲမွဲတေနေတဲ့ လူမျိုးများကို ပိုပြီးတော့ ဆင်းရဲတွင်းနက်သွားစေနိုင်တဲ့
နိုင်ငံရေးအိုင်ဒီယာတခုဖြစ်နေပါတယ်။ဥပမာ- သားသမီး ၅ ယောက်ရှိတဲ့
မိသားစုမှာ အဖေအမေက အညီအမျှ သားသမီးတစ်ယောက်ချင်းကို တစ်သိန်းကျစီ
အမွေခွဲဝေပေးမယ် ဆိုပါစို့ ။ ပထမသားကြီးက ပညာတတ် ၀င်ငွေကောင်း
အခွင့်အလမ်းပေါင်းများစွာရပြီး ချမ်းသာပြီးသားဖြစ်နေသလို ကျန်တဲ့သားလတ်
သမီးလတ်များကလည်း သူ့ ဟာနဲ့ သူ အဆင်ပြေနေကြတယ်။ ဒါပေမဲ့ အထွေးဆုံးသားက
ဆင်းရဲမွဲတေနေတယ်။ ဒီလိုအခြေအနေမှာ တစ်ယောက်တစ်သိန်းကျစီ ရရှိလာကြခြင်းက
ဘယ်လိုမှ တန်းတူညီမျှစွာ တိုးတက်မှုကို ဖြစ်ထွန်းစေမှာ မဟုတ်ပါ။
ဒီသဘောလိုပဲ လူထုဘောကဗေဒဘာသာရပ် (Public Economics) မှာ
လူမှုကောင်းကျိုးတိုးတက်လာရေးနဲ့ ပတ်သက်တဲ့ ချဉ်းကပ်မှုနှစ်ရပ်ရှိပါတယ်။
ပထမတစ်ရပ်က Utilitarian social welfare function ဖြစ်ပြီးတော့ နောက်တခုက
Rawlsian social welfare function ဖြစ်ပါတယ်။ ပထမ Function ရဲ့ အမြင်က လူ
့အဖွဲ့ အစည်းရဲ့ ပန်းတိုင်က လူတစ်ဦးချင်စီရဲ့ 
စုပေါင်းတိုးတက်ကြီးပွါးမှုကို များပြားလာအောင်လုပ်ပေးရမယ် (Society’s goal
is to maximize the sum of individual utilities.) ဆိုတဲ့ အမြင် ဖြစ်ပြီး
ဒုတိယ Function ရဲ့  အမြင်က လူ့ အဖွဲ့ အစည်းမှာ အဆင်းရဲဆုံးလူတွေကို
တိုးတက်ကြီးပွါးလာအောင်လုပ်ပေးရမယ် (Society’s goal is to maximize the
well-being of its worst-off member.) ဆိုတဲ့ အမြင်ပဲ ဖြစ်ပါတယ်။
ဒီအမြင်နှစ်ရပ်ထဲက ပထမအမြင်ဟာ ကရင်တစ်ကျပ် ဗမာတစ်ကျပ်ဆိုတဲ့
တန်းတူရေးယူဆချက်နဲ့ သွားတူနေပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ
့တိုးတက်မှုကို ရှေးရှုရမယ် ဆိုတဲ့ ဒီအမြင်အရဆိုရင် လူများစုဖြစ်တဲ့
ဗမာတွေရဲ့ စုပေါင်းတန်ဖိုးကြောင့် ဗမာလူမျိုးကပဲ ကောင်းကျိုးချမ်းသာသုခကို
ခံစားနေရမှာဖြစ်ပြီး ဗမာမဟုတ်တဲ့ လူမျိုးများက ဘယ်တော့မှ
နာလန်ပြန်ထူလာနိုင်ဖွယ် မရှိတော့ပါ။ ဒုတိယအမြင်ဖြစ်တဲ့ John Rawls ရဲ့ 
တရားမျှတမှုဒဿနအရဆိုရင် မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးဖြစ်နေတဲ့ ချင်းနဲ့ 
ရခိုင်ဒေသကို ဗမာတွေရမယ့် ဝေစုကိုပါ ပုံအောပေးပြီး ပံ့ပိုးပေးလိုက်ရင်
တပြေးညီတိုးတက်တဲ့ စီးပွါးရေးဖွံ့ ဖြိုးမှု အဆင့်အတန်းကို
ဦးတည်သွားနိုင်ပါတယ်။
ကမ္ဘာကျော်ဂုရုကြီး Amartya Sen ကလည်း John
Rawls ရဲ့ အတွေးအခေါ်လိုပဲ သူ့ စာအုပ် The idea of Justice (2010) မှာ
ဆင်းရဲသားတွေကို ဦးစားပေးကူညီပြီး ဆင်းရဲမွဲတေမှုကို တိုက်ဖျက်သွားကြဖို့ 
အဆိုပြုတင်ပြဆွေးနွေး ထားတာကိုတွေ့ ရပါတယ်။
ဒီ ကရင်တစ်ကျပ်
ဗမာတစ်ကျပ်တန်းတူရေးယူဆချက်နဲ့ အလားသဏ္ဍာန်တူတဲ့ နောက်ထပ်အမြင်တခုက One Man
One Vote ဆိုတဲ့ ဒီမိုကရက်တစ်ရွေးကောက်ပွဲ အခြေခံသဘောတရားပဲ ဖြစ်ပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေက စပြီး
အနောက်တိုင်းနိုင်ငံရေးသုတေသနပညာရှင်တွေကြားထဲမှာ ကော်စမိုပိုလီတန်နစ်ဇင်
(Cosmopolitanism) ဆိုတဲ့ ဂလိုဘယ်ဒီမိုကရေစီတည်ဆောက်ရေးသဘောတရားတွေကို
ဆွေးနွေးလာခဲ့ကြပါတယ်။ ဂလိုဘယ်အစိုးရဖွဲ့ မယ်… ဂလိုဘယ်ပါလီမန်နဲ
့ဂလိုဘယ်စစ်တပ်ရှိလာမယ်… ဒါတွေကိုရွေးချယ်တင်မြှောက်ဖို့ 
ဂလိုဘယ်ရွေးကောက်ပွဲဆိုတာ လိုလာမယ်။ ဒီတော့
အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင်တစ်ယောက်က PR စနစ်ကိုပဲ ကျင့်သုံးသုံး
Winner takes all ပဲ ဖြစ်ဖြစ် One Man One Vote အရ
ဂလိုဘယ်ရွေးကောက်ပွဲကျင်းပရင် လူဦးရေအများဆုံးဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယကပဲ
အမြဲတမ်းအနိုင်ရလာပြီးတော့ ဂလိုဘယ်အစိုးရဖွဲ့ လာကြလိမ့်မယ်လို
့ထောက်ပြဆွေးနွေးလာတဲ့ အချိန်မှာ ဒီအနောက်တိုင်းပညာရှင်ကြီးများရဲ
့ဆွေးနွေးပွဲကြီးက လုံးဝရပ်ဆိုင်းသွားခဲ့ရပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့
အနောက်တိုင်းလူဖြူတွေက တရုတ်နဲ့ အိန္ဒိယကို
ဂလိုဘယ်အစိုးရမတင်မြှောက်ချင်သလို တရုတ်နဲ့ အိန္ဒိယရဲ့  အုပ်ချူပ်မှုကိုလည်း
ဘယ်တော့မှ လက်ခံမှာမဟုတ်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း One Man One Vote အရ ဗမာတွေကပဲ ရွေးကောက်ပွဲမှာ
အမြဲတမ်းအနိုင်ရလာမှာဖြစ်ပြီး အစိုးရဖွဲ့  ၀န်ကြီးလုပ်
အုပ်ချူပ်နေကြပါလိမ့်မယ်။ ဒါကြောင့် ကရင်တစ်ကျပ် ဗမာတစ်ကျပ်ဟာ
မှန်နေသယောင်နဲ့ မှားနေပြီး စီးပွါးရေး လူနေမှုအဆင့်အတန်း
ငွေကြေးဓနပိုင်ဆိုင်မှု အစစအရာရာ သာလွန်နေတဲ့ ဗမာလူမျိုးနဲ့ ဗမာတိုင်း
ဒေသကြီးများရဲ့ အဆင့်အတန်းကို အမှီလိုက်နိုင်ဖို့  ကရင်တစ်ကျပ်ရလာရုံနဲ့ 
ဘယ်လိုမှ မဖြစ်နိုင်တော့ပါကြောင်း တင်ပြဆွေးနွေးလိုက်ရပါတယ်

No comments:
Post a Comment