“ကရင်တစ်ကျပ် ဗမာတစ်ကျပ် တန်းတူရေး ယူဆချက်က မှားတယ်”
ခိုင်အောင်အောင်
နယ်သာလန် နိုင်ငံ
10,Oct,2016
ကရင်တစ်ကျပ် ဗမာတစ်ကျပ် တန်းတူရေး ယူဆချက်က လက်တွေ့ မှာ
တကယ်အကောင်အထည်ပေါ်လာခဲ့ရင်တောင် ရေရှည်မှာ ဗမာတွေကပဲ
ပို၍ချမ်းသာသွားနိုင်ပြီး ကရင်တွေက ပိုငတ်သွားနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ တန်းတူညီမျှစွာ ဝေစုခွဲရင် သန်းသုံးဆယ်ကျော်ရှိတဲ့
ဗမာလူဦးရေက အမြဲတမ်းအသာစီးက ဝေစုအများကြီးနဲ့ 
အကျိုးအမြတ်ပိုရသွားနိုင်ပြီး လူဦးရေ ၄ သန်းကျော်သာသာရှိတဲ့ ကရင်တွေက
ရလာတဲ့ဝေစုနဲ့ မလောက်ငှပဲ လူညွန့်  တုံးတဲ့ အဆင့်မှာပဲ ကျန်နေခဲ့နိုင်လို
့ပဲ ဖြစ်ပါတယ်။
ဒီတန်းတူရေးယူဆချက်က အပြင်ပန်းကကြည့်ရင်
အားလုံးလက်ခံနိုင်တဲ့ အားလုံးကို အကျိုးဖြစ်ထွန်းစေနိုင်တဲ့
နိုင်ငံရေးအမြင်တခုလို့  သုံးသပ်နိုင်ပေမယ့် လက်တွေ
့အကောင်အထည်ဖော်ကျင့်သုံးလာရင် အားနည်းချက် ဟာကွက်တွေနဲ့ ပြည့်နှက်နေပြီး
ဆင်းရဲမွဲတေနေတဲ့ လူမျိုးများကို ပိုပြီးတော့ ဆင်းရဲတွင်းနက်သွားစေနိုင်တဲ့
နိုင်ငံရေးအိုင်ဒီယာတခုဖြစ်နေပါတယ်။ဥပမာ- သားသမီး ၅ ယောက်ရှိတဲ့
မိသားစုမှာ အဖေအမေက အညီအမျှ သားသမီးတစ်ယောက်ချင်းကို တစ်သိန်းကျစီ
အမွေခွဲဝေပေးမယ် ဆိုပါစို့ ။ ပထမသားကြီးက ပညာတတ် ၀င်ငွေကောင်း
အခွင့်အလမ်းပေါင်းများစွာရပြီး ချမ်းသာပြီးသားဖြစ်နေသလို ကျန်တဲ့သားလတ်
သမီးလတ်များကလည်း သူ့ ဟာနဲ့ သူ အဆင်ပြေနေကြတယ်။ ဒါပေမဲ့ အထွေးဆုံးသားက
ဆင်းရဲမွဲတေနေတယ်။ ဒီလိုအခြေအနေမှာ တစ်ယောက်တစ်သိန်းကျစီ ရရှိလာကြခြင်းက
ဘယ်လိုမှ တန်းတူညီမျှစွာ တိုးတက်မှုကို ဖြစ်ထွန်းစေမှာ မဟုတ်ပါ။
ဒီသဘောလိုပဲ လူထုဘောကဗေဒဘာသာရပ် (Public Economics) မှာ
လူမှုကောင်းကျိုးတိုးတက်လာရေးနဲ့ ပတ်သက်တဲ့ ချဉ်းကပ်မှုနှစ်ရပ်ရှိပါတယ်။
ပထမတစ်ရပ်က Utilitarian social welfare function ဖြစ်ပြီးတော့ နောက်တခုက
Rawlsian social welfare function ဖြစ်ပါတယ်။ ပထမ Function ရဲ့ အမြင်က လူ
့အဖွဲ့ အစည်းရဲ့ ပန်းတိုင်က လူတစ်ဦးချင်စီရဲ့ 
စုပေါင်းတိုးတက်ကြီးပွါးမှုကို များပြားလာအောင်လုပ်ပေးရမယ် (Society’s goal
is to maximize the sum of individual utilities.) ဆိုတဲ့ အမြင် ဖြစ်ပြီး
ဒုတိယ Function ရဲ့  အမြင်က လူ့ အဖွဲ့ အစည်းမှာ အဆင်းရဲဆုံးလူတွေကို
တိုးတက်ကြီးပွါးလာအောင်လုပ်ပေးရမယ် (Society’s goal is to maximize the
well-being of its worst-off member.) ဆိုတဲ့ အမြင်ပဲ ဖြစ်ပါတယ်။
ဒီအမြင်နှစ်ရပ်ထဲက ပထမအမြင်ဟာ ကရင်တစ်ကျပ် ဗမာတစ်ကျပ်ဆိုတဲ့
တန်းတူရေးယူဆချက်နဲ့ သွားတူနေပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ
့တိုးတက်မှုကို ရှေးရှုရမယ် ဆိုတဲ့ ဒီအမြင်အရဆိုရင် လူများစုဖြစ်တဲ့
ဗမာတွေရဲ့ စုပေါင်းတန်ဖိုးကြောင့် ဗမာလူမျိုးကပဲ ကောင်းကျိုးချမ်းသာသုခကို
ခံစားနေရမှာဖြစ်ပြီး ဗမာမဟုတ်တဲ့ လူမျိုးများက ဘယ်တော့မှ
နာလန်ပြန်ထူလာနိုင်ဖွယ် မရှိတော့ပါ။ ဒုတိယအမြင်ဖြစ်တဲ့ John Rawls ရဲ့ 
တရားမျှတမှုဒဿနအရဆိုရင် မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးဖြစ်နေတဲ့ ချင်းနဲ့ 
ရခိုင်ဒေသကို ဗမာတွေရမယ့် ဝေစုကိုပါ ပုံအောပေးပြီး ပံ့ပိုးပေးလိုက်ရင်
တပြေးညီတိုးတက်တဲ့ စီးပွါးရေးဖွံ့ ဖြိုးမှု အဆင့်အတန်းကို
ဦးတည်သွားနိုင်ပါတယ်။
ကမ္ဘာကျော်ဂုရုကြီး Amartya Sen ကလည်း John
Rawls ရဲ့ အတွေးအခေါ်လိုပဲ သူ့ စာအုပ် The idea of Justice (2010) မှာ
ဆင်းရဲသားတွေကို ဦးစားပေးကူညီပြီး ဆင်းရဲမွဲတေမှုကို တိုက်ဖျက်သွားကြဖို့ 
အဆိုပြုတင်ပြဆွေးနွေး ထားတာကိုတွေ့ ရပါတယ်။
ဒီ ကရင်တစ်ကျပ်
ဗမာတစ်ကျပ်တန်းတူရေးယူဆချက်နဲ့ အလားသဏ္ဍာန်တူတဲ့ နောက်ထပ်အမြင်တခုက One Man
One Vote ဆိုတဲ့ ဒီမိုကရက်တစ်ရွေးကောက်ပွဲ အခြေခံသဘောတရားပဲ ဖြစ်ပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေက စပြီး
အနောက်တိုင်းနိုင်ငံရေးသုတေသနပညာရှင်တွေကြားထဲမှာ ကော်စမိုပိုလီတန်နစ်ဇင်
(Cosmopolitanism) ဆိုတဲ့ ဂလိုဘယ်ဒီမိုကရေစီတည်ဆောက်ရေးသဘောတရားတွေကို
ဆွေးနွေးလာခဲ့ကြပါတယ်။ ဂလိုဘယ်အစိုးရဖွဲ့ မယ်… ဂလိုဘယ်ပါလီမန်နဲ
့ဂလိုဘယ်စစ်တပ်ရှိလာမယ်… ဒါတွေကိုရွေးချယ်တင်မြှောက်ဖို့ 
ဂလိုဘယ်ရွေးကောက်ပွဲဆိုတာ လိုလာမယ်။ ဒီတော့
အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင်တစ်ယောက်က PR စနစ်ကိုပဲ ကျင့်သုံးသုံး
Winner takes all ပဲ ဖြစ်ဖြစ် One Man One Vote အရ
ဂလိုဘယ်ရွေးကောက်ပွဲကျင်းပရင် လူဦးရေအများဆုံးဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယကပဲ
အမြဲတမ်းအနိုင်ရလာပြီးတော့ ဂလိုဘယ်အစိုးရဖွဲ့ လာကြလိမ့်မယ်လို
့ထောက်ပြဆွေးနွေးလာတဲ့ အချိန်မှာ ဒီအနောက်တိုင်းပညာရှင်ကြီးများရဲ
့ဆွေးနွေးပွဲကြီးက လုံးဝရပ်ဆိုင်းသွားခဲ့ရပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့
အနောက်တိုင်းလူဖြူတွေက တရုတ်နဲ့ အိန္ဒိယကို
ဂလိုဘယ်အစိုးရမတင်မြှောက်ချင်သလို တရုတ်နဲ့ အိန္ဒိယရဲ့  အုပ်ချူပ်မှုကိုလည်း
ဘယ်တော့မှ လက်ခံမှာမဟုတ်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း One Man One Vote အရ ဗမာတွေကပဲ ရွေးကောက်ပွဲမှာ
အမြဲတမ်းအနိုင်ရလာမှာဖြစ်ပြီး အစိုးရဖွဲ့  ၀န်ကြီးလုပ်
အုပ်ချူပ်နေကြပါလိမ့်မယ်။ ဒါကြောင့် ကရင်တစ်ကျပ် ဗမာတစ်ကျပ်ဟာ
မှန်နေသယောင်နဲ့ မှားနေပြီး စီးပွါးရေး လူနေမှုအဆင့်အတန်း
ငွေကြေးဓနပိုင်ဆိုင်မှု အစစအရာရာ သာလွန်နေတဲ့ ဗမာလူမျိုးနဲ့ ဗမာတိုင်း
ဒေသကြီးများရဲ့ အဆင့်အတန်းကို အမှီလိုက်နိုင်ဖို့  ကရင်တစ်ကျပ်ရလာရုံနဲ့ 
ဘယ်လိုမှ မဖြစ်နိုင်တော့ပါကြောင်း တင်ပြဆွေးနွေးလိုက်ရပါတယ်
Tuesday, October 11, 2016
လူသားမျိုးနွယ်စုတစ်ခု၏ ယဉ်ကျေးမှု၊စာပေများပျောက်ကွယ်ရခြင်းအကြောင်း
ကုလရက္ခိတ
1,Oct,2014

******************************************************
ကမ္ဘာနဲ့ချီပြီးတော့စတင်ပြောရလျင်
ကမ္ဘာကြီးစတင်ပေါ်ပေါက်သည်နဲ့ မိနစ်အနည်းငယ်အတွင်းတွင် လူသားမျိုးနွယ်စုဆိုတာလည်း.စတင်ပေါ်ပေါက်သည်ဟု မနုဿဗေဒ ပညာအဆိုအမိန့်အရသိရသည်။

ထိုလူသားမျိုးနွယ်စုတို့.နေထိုင်ရာ အရပ်ဒေသ.ပြောဆိုဆက်ဆံသော
ဘာသာစကား..အားကိုးမှီခိုသော..ဘာသာတရား..ဓလေ့ရိုးရာအပြုအမူစသော
ရိုးရာယဉ်ကျေးမှုစသည်တို့သည်လည်း ထိုမျိုးနွယ်စုတို့
နေထိုင်ခြင်းသက်တမ်းကြာမြင့်လာသည်နဲ့. ပြောဆိုဆက်ဆံသော
ဘာသာစကား..စသည်တို့သည်လည်းပေါ်ပေါက်လာပြီး ရှည်လျားသော
သမိုင်းတစ်ခုကိုစတင်ပေါက်ဖွားကြသည်။
ထိုကိုအစချီလျက်..သက်တမ်းကာလရှည်လာသောအခါ မျိုးနွယ်စုတို့သည်..သည်မှသည်..ဟိုသို့..ရွှေ့ပြောင်းနေထိုင်လျက်.အရပ်ဒေသတို့၏ ကွဲပြားမှုတို့ကိုအခြေခံလျက်..နေထိုင်ပုံစနစ် အသက်မွေးဝမ်းကြောင်းစနစ်တို့စသည်ကွဲပြားပြီး.အရာရာကွဲပြားလျက်.ယဉ်ကျေးမှုတို့သည်လည်း.နေထိုင်မှုတို့သည်လည်း ပုံစံမတူကွဲပြားလာကြသည်။
အတိုအားဖြင့်ဆိုရလျင်..
လူမျိုးတိုင်းနေရာတိုင်းတွင် သူ့ရိုးရာ သူ့ယဉ်ကျေးမှု စာပေတို့ဖြင့် ရှိကြသည်..သို့သော်လည်း တိုးတက်ကြီးပွားလာသော လူ့ဘောင်၏သဘောအရ
တစ်နိုင်ငံနဲ့တစ်နိုင်ငံ သိမ်းပိုက်မှု၊ တစ်ဒေသနဲ့ တစ်ဒေသ သိမ်းပိုက်တိုက်ခိုက်မှု.ကျွန်ပြုစနစ်တို့ကြောင့်..ထိုအသိမ်းပိုက်ခံ အာဏာမဲ့ မျိုးနွယ်စုတို့၏ ထုံးတမ်းဓလေ့များ.စာပေများ..ရိုးရာများကိုပါ ထိုဒေသ လူမျိဗုးနွယ်တို့နဲ့အတူ ကျွန်ပြုအသိမ်းခံလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော်.. ထိုသိမ်းပိုက်ခံ..ကျွန်ပြုခံ မျိုးနွယ်စုတို့၌ ကာကွယ်စောင့်ရှောက်နိုင်ရန်..STATE POWER ပြည်အာဏာ၊ NATIONAL POWER လူမျိုးအာဏာ၊ ETHNIC POWER OR AUTHORITY များ ရှုံဆုံးလိုက်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် လူမျိုးနွယ်စုတစ်ခု၏ စာပေနဲ့ယဉ်ကျေးမှု များကိုထိမ်းသိမ်းစောင့်ရှောက်နိုင်ဖို့ရန် အဓိကလိုအပ်ချက်မှာ STATE POWER OR AUTHORITY (တိုင်းပြည်အာဏာ) ပင်ဖြစ်သည်။
ကျွန်ပြုခံလူမျိုးနွယ်စုတို့ နောက်တစ်ခုအတုယူဖွယ်တစ်ခုရှိသည်မှာကား..
အစ္စရေးလူမျိုးတို့၏ မျိုးချစ်စိတ်ဓာတ်ကိုပင်ဖြစ်သည်။
အစ္စရေး(ဂျူး) လူမျိုးတို့သည် နှစ်ပေါင်းများစွာ ကျွန်ပြုခံရပြီးနောက် လူမျိုးနွယ်တို့ ကမ္ဘာအနှံ့ ပျံနှံပြီးနေထိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံသို့ပင်ပြန့်နှံနေထိုင်ခဲ့သည်ဟု သိရသည်။
သို့ပေမယ့်.. ဂျူးလူမျိုး(အစ္စရေး) လူမျိုးတစ်ယောက်ချင်းစီ၏ နှလုံးသား ယုံကြည်မှု သဏ္ဍာန်ထဲ၌ ငါတို့၌ နိုင်ငံရှိသည်.ရိုးရာရှိသည်..စာပေရှိသည်.ငါတို့တစ်နေ့ငါတို့တိုင်းပြည်ကိုပြန်ရမည်.
.ဟူသောယုံကြည်ချက်သည် ဂျူးလူမျိုးတစ်ယောက်ချင်းစီ၏ နှလုံးသားထဲ၌ကိန်းအောင်းလျက် ရှိနေပြီး ရရှိအောင်လည်း ကြိုးပမ်းအားထုတ်ခဲ့ကြသည်။
.
. တကယ်တော့ ဂျူးလူမျိုးဟူသည်(အစ္စရေး) ပြည်သည် သိပ်ကိုကြီးကျယ်သောနယ်မြေတစ်ခုမဟုတ်..လူဦးရေအားဖြင့်လည်း များလွန်းသည်မဟုတ်..သို့သော်လည်းများလွန်းသည်မှာ မျိုးချစ်သည်ပင်ဖြစ်သည်။
သူတို့၌ ခိုင်မာသောယုံကြည်ချက်ရှိကြသည်။ ထို့ကြောင့်သာလျင် သူတို့ပြည် သူတို့နိုင်ငံကို ပြန်လည်ရယူနိုင်ခဲ့ကြသည်။
(ကောက်ရိုးမီးကဲ့သောမီးဖြင့် တော့ ဘယ်အရာကိုမျှပြီးစီးအောင်မြင်နိုင်လိမ့်မည်မဟုတ်။)
ဆက်ရေးပါမည်..

The voice of Kachin Children
Kularakkhita
11,10,2016
War is not the end of solution and right way to solve the our UNION crisis.
The Voice of student talks us that we are wrong and to change the way we use to solve.
Stop civil war and open the school for us.
We are only the leaders of tomorrow.
#I hate war

ခံရလို့ ပြန်ချတဲ့ခါ ရန်စတယ်လို့မထင်ပါနဲ့
ခံရလို့ ပြန်ချတဲ့ခါ ရန်စတယ်လို့ မထင်ပါနဲ့
ကုလရက္ခိတ
October 8, 2016
လက်ရှိ ကရင်ဒေသ၊ ကချင်ဒေသ၊ ရှမ်းဒေသတွေမှာ မြန်မာ လက်နက်ကိုင်တပ်မတော်နဲ့
ဒေသခံ တပ်မတော်တွေကြား တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတာဟာ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်( နိုင်ငံတော်အတိုင်ပင်ခံ)တဲ့ အရပ်သားအစိုးရကို
မကြိုက်လို့မဟုတ်ဘူး။ ဒေသခံ တိုင်းရင်းသားတွေက ရန်လိုလို့၊စစ်သွေးကြွလို့၊
လက်နက်ကိုင်ချင်လွန်းလို့ လက်ရှိအာဏာရ မင်းအောင်လှိုင်ဦးဆောင်တဲ့ လက်နက်ကိုင် တပ်မတော်တို့ကြား တိုက်ပွဲတွေ ဖြစ်နေရတာမဟုတ်ဘူး။
ခံရလို့ပြန်ချတဲ့ခါ ရန်စတယ်လို့မထင်ပါနဲ့ နောက်ပြီး ဒေသခံ ပြည်သူများက ဒီမိုကရေစီကိုမကြိုဆိုလို့ မကြိုက်လို့ လည်းမဟုတ်ဘူး။
တိုက်ပွဲတွေရဲ့ ဇာတ်မြစ်ကို စစ်ကြည့်တဲ့ခါ ဗိုလ်ချုပ်အောင်ဆန်း (ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်) ဦးဆောင်ခဲ့တဲ့ တပ်မတော်နဲ့ တိုင်းရင်သားဒေသတွေကြားထားခဲ့တဲ့ ပင်လုံ ကတိကဝတ်တွေကို ဖောက်ဖျက်လို့ ဖြစ်ရတဲ့ ပြဿ နာပဲ ဖြစ်ပါတယ်။
ပင်လုံစာချုပ်ကို ( February 12, 1947) နေ့က ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်လုံမြို့မှာ ကတိကဝတ်တွေအများကြီးပေးပြီး ချုပ်ဆိုခဲ့တယ်။ အဲဒီနောက်ပိုင်း
ဗိုလ်ချုပ်လည်း သက်ဆိုးမရှည်ဘဲ သေသွားရတယ်။ အဲဒီကစပြီးတော့ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေစတင်ခဲ့တာပဲ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆက်ခံ ဗိုလ်ချုပ်တွေက ဗမာမဏ္ဍိုင်ပြု အာဏာချုပ်ကိုင်ရေးကို ဗဟိုပြုခဲ့ရာက စတင်ပြီးတော့ ပင်လုံရဲ့ ကတိကဝတ်တွေ ပျက်ပျယ်ခဲ့တယ်လို့ ပြောရလိမ့်မယ်။
ပင်လုံကတိကဝတ်တွေ ပျက်ကွက်လို့ ဖြစ်ရတဲ့ ပြဿ နာကို အဲဒီကဝတ်တွေကို ပြန်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွတ်ခြင်းဖြင့်သာ စစ်ပွဲတွေ ရပ်စဲသွားနိုင်ပါလိမ့်မယ်။
အာဏာရ စစ်သားတွေ စစ်ဗိုလ်တွေ ထောင်ချီကျဆုံးသွားရုံဖြင့်လည်း စစ်ပွဲတွေဟာ ရပ်စဲသွားနိုင်မှာ မဟုတ်သလို တိုင်းရင်းသား တပ်မတော်သားတွေ ကျဆုံးသွားရုံနဲ့လည်း စစ်ပွဲတွေ ရပ်စဲသွားမှာ မဟုတ်ပါဘူး။
တစ်ယောက်ကျဆုံးသွားတိုင်း ၁၀ ယောက် ပြန်လည်ရှင်သန်လာနေတယ်ဆိုတာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လက်နက်ကိုင် တော်လှန်ရေး တပ်မတော်တွေ အခြေအနေနဲ့ ယခု လက်နက်ကိုင် တပ်မတော်တွေရဲ့အခြေအနေတွေကို လေ့လာကြည့်ရင်သိနိုင်ပါတယ်။
အဲဒါကြောင့် လက်နက်ကို လက်နက်ချင်း လူကိုလူချင်း သတ်ဖြတ်နေရုံမျှလောက်နဲ့ ကျုပ်တို့ ခင်များတို့ တောင်းတနေတဲ့ ငြိမ်းချမ်းရေးကို ဘယ်တော့မှ ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။
သတ်ပွဲ တစ်ပွဲ ပြီးသွားတိုင်း နောက်ထပ် သတ်ပွဲပေါင်းများစွာ ပေါ်ပေါက်လာရုံသာရှိတယ်။
အာဏာရ တပ်မတော်က အင်အားကြီးလို့ အင်အားနဲ့ တိုက်တဲ့ခါ ခံရလွန်းတဲ့ ဒေသခံတွေက ပြန်ချတာကလည်းမဆန်းပါဘူး။ လူပဲဗျာ သည်းခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်ရင်တော့ အနည်းအများ တုန့်ပြန်ကြမှာပေါ့။ဒါကို အာဏာရ တပ်မတော်က တိုင်းရင်းသားဒေသခံတွေက ရန်လိုတယ်လို့ပြောရင် ဘယ်တရားမလဲ။ လောက ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားကြည့်ပေါ့။
အဲဒါကြောင့် နိဂုံးအနေနဲ့ ပြောချင်တာကတော့ ခံရလို့ ပြန်ချတဲ့ခါ ရန်စတယ်လို့ မထင်ပါနဲ့။
ဒါက သဘာဝပါ။