Thursday, June 2, 2016

ရခိုင်ကမ်းရိုးတန်းက ကန်ဒေါ်လာ ဘီလီယံ ၃၀



Nyi Soe
3.Jun.2016
 

 
 
 
 
 
 
 
 
 
 
 
 
 
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးဟာဒူးပြည်နယ်မှာ စင်္ကာပူနိုင်ငံဧရိယာထက် အဆ ၁၀ ကြီးမားတဲ့ မြို့ပြစီမံကိန်းအသစ်တစ်ခုကို အန္ဒိယအစိုးရက စတင်အကောင်အထည်ဖော်နေပါပြီ။ အဲဒီစီမံကိန်းကို စင်္ကာပူနိုင်ငံအခြေခံအဆောက်အအုံ စံချိန်စံညွန်း အရွယ်အသွေးအဆင့်မှီ ဒီဇိုင်းအတိုင်းတည်ဆောက်မှာဖြစ်ပြီး အဲဒီအတွက် စင်္ကာပူနိုင်ငံက အကြီးဆုံး Consultants company တစ်ခုကို ငှားရမ်းထားတယ်လို့ အိန္ဒိယအစိုးရက တရားဝင်ပြောဆိုထားသလို အဲဒီ ကုမ္ပဏီကလည်း အတည်ပြုပြောဆိုထားပါတယ်။ အဲဒီမြို့ပြစီမံကိန်းအသစ်အတွက် အိန္ဒိယအစိုးရမှ အမေရိန်ကန်ဒေါ်လာ ဘီလီယံ ၁၀ ကုန်ကျမှာဖြစ်ပြီး ဆယ်နှစ်အတွင်း အပြီးသတ်တည်ဆောက်မှာဖြစ်တယ်လို့ အိန္ဒိယအစိုးရရော စင်္ကာပူနိုင်ငံက တာဝန်ယူပြီးတည်ဆောက်မဲ့ Consultants Company ကပါအတည်ပြုပြောဆိုထားပါတယ်။ ဒီတော့ ရခိုင်ကမ်းရိုးတမ်း လုပ်ကွက်တစ်ခုတည်းကရတဲ့ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ပမာဏကို နှိုင်းချိန်ကြည့်ရင် စင်္ကာပူနိုင်ငံထက် အဆ ၃၀ လောက်ကြီးမားတဲ့ အရွယ်အသွေးမှီ အဆင့်မြင့်မြို့ပြနိုင်ငံကြီးတစ်ခုကို တည်ဆောက်နိုင်တယ်ဆိုတာ အငြင်းပွါးဖွယ်ရာမရှိပါဘူး.. ဒါကြောင့် နိုင်ငံခြားသားသုတေသီ ကျွမ်းကျင်သူတွေအချက်အလက်တွေနဲ့ထောက်ပြတာကတော့ သဘာဝဓာတ်ငွေ့ကရတဲ့ငွေနဲ့တောင် ရခိုင်လူမျိုးတွေဟာ နော်ဝေနိုင်ငံမျိုးလို ချမ်းချမ်းသာသာနေနိုင်တယ်လို့ထောက်ပြထားပါတယ်။ဒီတော့ ဒီလောက်များပြားတဲ့ ကန်ဒေါ်လာ ဘီလီယံပေါင်းမျှားစွာ ဘယ်ကိုရောက်သွားသလဲ ဘယ်သူတွေအကျိုးအမြတ်ခံစားနေရသလဲဆိုတာ ရခိုင်တွေရဲ့နှလုံးသားထဲမှာ မေးခွန်းကြီးပါပဲ။ ရခိုင်တွေဟာ မြန်မာနိုင်ငံရဲ့ဒုတိအဆင်းရဲဆုံး စုတ်ပြတ်အသတ်ဆုံး လူမှု့ဘဝ နှင့် လူ့ဂုဏ်သိက္ခာအကင်းမဲ့ဆုံးရုပ်ဘဝကိုရောက်ရှိနေပြီး လုံခြုံမှု့ကင်းမဲ့ခြင်းနှင့်အတူ ခြိမ်းခြောက်မှု့မျိုးစုံကို ရင်ဆိုင်နေရတဲ့ လူမျိုးတမျိုးအဖြစ်သို့ ရောက်ရှိသွားပါတယ်.. တနည်း ရှင်နေလျှက်နဲ့သေနေတဲ့သူတွေပါပဲ။ ဒါကြောင့် ရခိုင်တွေက ရသင့်ရထိုက်တဲ့အကျိုးခံစားခွင့်ကို တရားနည်းလမ်းကျ တောင်းဆိုနေတာပါ.. ငါ့စကားနွားအရ ပြောနေတာမဟုတ်ပါဘူး အကျိုးသင့်အကြောင်းသင့် ဖြစ်သင့်ဖြစ်ထိုက်တာကို တောင်းဆိုနေတာဖြစ်ပါတယ်။ ဒီအတွက် အမှန်တရားကိုမြတ်နိုးတဲ့သူ၊ အမှားအမှန်ကိုခွဲခြားတတ်တဲ့သူ၊ အမှန်တရားကိုလက်သင့်ခံတဲ့သူ၊ အမှန်တရားဘက်မှ ရပ်တည်တာ တရားနည်းလမ်းကျပါတယ်။

No comments:

Post a Comment