(၆) နှစ်မြောက် ရက္ခိုင့်တပ်မတော်နိ စစ်ဦးစီးချုပ်မိန့်ခွန်း
၁၃၇၆ ခုနှစ်၊ ပထမ တာကူးလပြည့်ကျော် (၇) ရက်
၂၀၁၅ -ဧပြီလ၊ (၁၀) ရက်
ရက္ခိုင့်တပ်မတော်ကို စတင်တည်ထောင်လိုက်တေ ဧပြီလ (၁၀) ရက်၊
ရက္ခိုင့်တပ်မတော်မွီးနိမှာ ရဲဘော်ရဲမယ်များ ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာလန်းဆန်းစီကြောင်း ဆုတောင်းနှတ်ဆက်အပ်တေ။ တပ်မတော်တည်ထောင်လာရေ
ပထမနှစ်ပတ်လည် တပ်မတော်နိကပင်စလို့ နှစ်စဉ်နှစ်တိုင်း တပ်မတော်အခမ်းအနား
ပွဲပြင်တိကို ကျင်းပခရေ။ သို့သော် (၆) နှစ်မြောက်တပ်မတော်နိ အခမ်းအနားမှာ
အများကြီး မကျယ်ပြန့်သောငြားလည်း မိမိရို့ စတင်ခရေနိကနီ
အဂုရောက်ဟိပါလတ်တေနီရာကို တိုင်းတာကြည့်ဖို့ဆိုကေ အနှစ်သာရအားဖြင့်
ပိုပြီးကေ လေးနက်မှုဟိရေ။ လက်တွိ့ကျကျ တိုက်ပွဲဝင်နိုင်မှု စွမ်းရည်နဲ့
အနီအထားတိ ပိုမိုပီပြင်ခိုင်မာလာစွာကို တွိ့ဟိရဖို့ဖြစ်တယ်။
ရက္ခိုင်လူထုအနီနန့်လည်း အယင်ထက်ပိုလို့ နိုးနိုးကြားကြားနန့် တက်ကြွလာရေ။
ရလဒ်ကောင်းတိကို ပိုလိုထင်သာမြင်သာဟိလာရေ။ သို့သော် မိမိရို့ရောက်ဟိနီရေ
နီရာကနီမျှော်မှန်းထားရေနီရာ ခရီးပန်းတိုင်ကို
ဆက်လက်လျှောက်လှမ်းချီတက်ဖို့အတွက် လုပ်စရာတိ ပြင်ဆင်စရာတိ
အများကြီးဟိနီရေပိုင် ကြိုတင်မြင်နီရရေ အခက်အခဲတိနန့် မမြင်ရသိရေ
စိန်ခေါ်မှုတိအတွက် အကောင်းဆုံးပြင်ဆင်တည်ဆောက်လားရဖို့ဖြစ်တေ။
ရဲဘော်ရို့…… ရက္ခိုင့်တပ်မတော်သည် တော်လှန်ရီး ဘဝပီးအခြီအနီ
အမျိုးမျိုးကြောင့် မဟာမိတ်ကချင်နီမြီနန့် ရခိုင်ပြည်ပြင်ပနီရာအသီးသီးမှာ
အခြေပြုအားယူ တည်ဆောက်လာလတ်ပြီး တစ်ချိန်တည်းမှာ အမှန်တရားနန့်
အဖိနှိပ်ခံညီနောင်လူမျိုးများအားလုံး လွတ်မြောက်ရီးအတွက် ဘုံရန်သူအဏာရှင်၏
ခါးပိုက်ဆောင် မြန်မာစစ်တပ်ကို ရောက်ရေနီရာက
မဟာမိတ်ညီနောင်များနန့်လက်တွဲပြီးကေ တိုက်ပွဲဝင်ယင်း
တိုက်ရည်ခိုက်ရည်နန့်ပတ်သတ်တေ အတွိ့အကြုံနန့် အရည်အချင်းတိကို ရသင့်သလောက်
ရဟိလာလတ်ဗျာလ်ဖြစ်တေ။ အခြားတစ်ဘက်မှာ မိမိရို့အနီနန့်
အခက်အခဲအမျိုးမျိုးကြားက ရောက်သင့်ရောက်ထိုက် ဟိသင့်ဟိထိုက်တေ
နီရာတိမှာလေ့သင့် အခြီချတိုက်ပွဲဝင် လာနိုင်စွာကို
ရဲဘော်ရို့အားလုံးအသိပင်ဖြစ်တေ။
ရဲဘော်ရို့…..
ငါရို့ရက္ခိုင့်တပ်မတော်သည် ရခိုင်လူမျိုးများ၏ ဖိနှိပ်ခံ ဆင်းရဲတွင်းနက်
ဂုတ်သွီးစုတ်ခံ အုံးပုန်းကိုလိုနီဘဝက လွတ်မြောက်နိုင်ဖို့နန့်
ရက္ခိုင့်အနာဂတ်ကိုတစ်ဖန် ပြန်လို့ ထွန်းပြောင်တောက်ပလာအောင်
အာအခံချက်ပီးနိုင်ဖို့ ဒေကမ္ဘာမြီကြီးထက်က ရခိုင်လူမျိုး၏ဂုဏ်ဒြပ်နန့်
သမိုင်းသစ်ကို လူမှန်နီရာမှန် ပြန်လည်ရောက်ဟိစီဖို့ အတွက်
ရခိုင်ရို့၏အဓီကကျဆုံးသော မျှော်လင့်ချက်ထားရာ အမျိုးသားတပ်မတော်အဖြစ်
ဒေထက်ခိုင်မာပီပြင်လာအောင် ကြိုးစားတည်ဆောက်လားဂတ်ရဖို့ဖြစ်တေ။ ဒေထက်မက
ကျယ်ပြန်ရေစိတ်ဓာတ် အသိသဘောတရားတိကို အခြီပြုပနာ ရခိုင်လူထုနန့် တစ်သားတည်း
လက်ချင်းဆက် တိုက်ပွဲဝင်ပြီးကေ ရက္ခိတအိပ်မက်ကို လက်တွိ့ကျကျ ယုတ္တိဆန်ဆန်
အကောင်အထည်ဖေါ် တည်ဆောက်လားရဖို့ဖြစ်တေ။
ရခိုင်လူမျိုးတိ၏
ဆုံးယှုံးနစ်နာမှု အမှန်တရားနန့် အမျိုးသားလွတ်မြောက်ရီးရို့အတွက်
တိုင်းပြည်နန့်လူမျိုးကို ထိထိမိမိကိုယ်စားပြုနိုင်ရေ ရခိုင်အမျိုးသားထုကို
သဟဇာတ ဖြစ်အောင် စုစည်းပြီးကေ အမျိုးသားအင်အားစုကြီးတစ်ရပ်နန့်
အမျိုးသားရေး လှုပ်ရှားမှုကြီးတစ်ခုကို စနစ်တစ်ကျပုံဖေါ်တည်ဆောက်နီရေ။
အမျိုးသားညီညွတ်ရေးအတွက် ပြန့်ကြင်းနီရေ အင်အားစုချေတိကို
အကောင်အထည်ဖေါ်ယင်း လက်တွိ့ကြိုးစားယင်းနန့်ပင် မျိုးချစ်နာမည်ခံပြီးကေ
နီရာယူထားဂတ်စော်တိကို ကြုံတွိ့လာရေ။ အမျိုးသားရီးကို အခြီခံခုတုံးလုပ်ပနာ
အမျိုးသားရီးစကား နိုင်ငံရီးတော်လှန်ရီးစကားတိကို တာဝန်မယ့်ပြောပနာ နီရာလု
ထိုင်ခုံလု ယောင်ခြောက်ဆယ်ပျင်နိဂတ်တေ အကျင့်ဆိုးတိကိုလေ့
ပိုလို့မြင်တွိ့လာရရေ။ သိဟိလာရရေ။
ကိုယ့်ရို့တိအနီနန့် အမျိုးသားရီးသတိ
တော်လှန်ရီးသတိ သမိုင်းတိထဲက သင်ခန်းစာတိကို အခြီခံပနာ လက်တွိ့ဆန်ရေ
တာဝန်ယူမှုတိနန့် ပြတ်ပြတ်သားသား ဆောင်ရွက် လုပ်ကိုင်ဖို့လိုအပ်တေ။
တစ်ပြိုင်တည်းမှာ ပြဿနာများ၏ အရင်းအမြစ်တိကိုလေ့ ခွဲခြားသုံးသတ်ပနာ
ပိုမိုကောင်မွန်လာအောင် အဖြေယှာဆောင်ရွက်လားရဖို့ဖြစ်တေ။
မျိုးရိုးဗီဇအရ ယေဘုယျအားဖြင့် သတ္တိကောင်းရေ တစ်ဦးချင်းထက်မြက်တေ၊
အရည်အချင်းတိကို ပိုင်ဆိုင်ဂတ်တေ၊ မျိုးချစ်စိတ်အားမာန် ပြင်ထန်ငြားသော်လေ့
စည်းကမ်းနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတိ၊ သတိတရားနန့် တာဝန်ယူမှုတိ၊
စည်းလုံးညီညွတ်မှုတိမှာ အဖျားချူးနီရေ။ ဒေအားနည်းချက်တိကိုပြုပြင်ပြီးကေ
တာဝန်ယူမှုအသိတရားတိနန့် မိမိရို့တိုင်းပြည်ကို ပြည်လည်တည်ဆောက်ရီးသည်
ရက္ခိုင့်ကံကြမ္မာကို ရက္ခိုင်သားလက်နန့် ဖန်တီးရီး၏ အဓိကသော့ချက်ဖြစ်တေပိုင်
ရက္ခိတလမ်းစဉ်၏ အခြီခံကျရေ သဘောတရား တစ်ခုလည်းဖြစ်တေ။
မိမိရို့၏
လက်တွိ့ဖြတ်သန်းမှု အတွိ့အကြုံအရ အနာဂတ်ရခိုင့်လူဘောင်ကို
ပိုကောင်းအောင်တည်ဆောက်ဖို့အတွက် အမျိုးသားရီးအင်အားကို စုစည်းခိုင်မာအောင်
ညီညွတ်မှု ကို တည်ဆောက်ရာမှာလေ့သို့ အခွင့်အရီးသမားတိ၊
သာရာပေါင်းနတ်ယောင်ကားတိ၊ အပြောကောင်း နီရာရူး တာဝန်မဲ့
ဖြိုခွဲရီးသမားတိအတွက် ခြွင်းချက်ဆိုစော် ထားရဖို့လိုအပ်တေ။ လက်ဟိအခြီအနီအရ
ပေါင်းသင့်ပေါင်းထိုက်ရေလူကို ပေါင်းဖို့ထက်
မပေါင်းသင့်မပေါင်းထိုက်တေလူတိကို မပေါင်းမိဖို့ အရေးကြီးရေ။ နိုင်ငံရီး
အမျိုးသားရီး ဗလာနံတိကို ယှောင်ယှား ဖယ်ယှားခြင်းရေ မင်္ဂလာတစ်ပါးဖြစ်တေ။
ယေမှရာ စစ်မှန်ရေ အမျိုးသားရီးအားမာန်နန့် ယုံကြည်အားထားလောက်တေ
ညီညွတ်ရီးကို တည်ဆောက်ရဟိလာဖို့လို့ မှာကြားလိုရေ။
မိမိရို့ရက္ခိုင့်တပ်မတော်အနီနန့် ရက္ခိတလမ်းစဉ်ကိုချမှတ်ပြီးကေ
ရရိုက်စိုက်စိုက် တစ်ဆင့်ပြီးကေတစ်ဆင့် အကောင်အထည်ဖေါ်လို့ ဟိနီရေ။ 2014
မေလမှာ ကျင်းပခရေ ကျောက်ဖြူ ရခိုင်အမျိုးသားညီလာခံမှာ
ရခိုင်လူမျိုးတိလက်ဟိခံစားနီရရေ ဆုံယှုံးနစ်နာမှုတိကို ကုစားနိုင်ဖို့
လွတ်မြောက်ဖို့ လမ်စအတွက်ပွင့်လင်းမှု၊ ညီညွတ်မှုလမ်းစဉ်တိအတွက် ထားခရေ
မျှော်လင့်ချက်တိနန့် ညီလာခံဆုံးဖြတ်ချက်တိလေ့ တာဝန်ယူမှု တာဝန်ခံမှု
စုစည်းလုပ်ကိုင်မှုတိ မဟိရေအတွက် ဒေနိဒေအချိန်မှာ ကြက်ဖင်ရီဆုံး ဖြစ်လားခရေ။
သင်ခန်းစာယူစရာဖြစ်တေ။
ရဲဘော်ရို့….. အဂုလက်ဟိ မြန်မာအစိုးရနန့်
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရီးထိုးရီး ကိစ္စရပ်တိနန့် ပတ်သတ်လို့
မိမိရို့ ရက္ခိုင့်တပ်မတော်အနီနန့် အယုံအကြည်မဟိသော်ငြားလေ့
သတိကြီးစွာထားပြီးကေ စောင့်ကြည့်လုပ်ကိုနီရေ။ အခြီအနီအပြောင်းအလဲ အပေါ်မှာ
မူတည်ပြီးကေ မိမိရို့၏ရပ်တည်ချက် ယုံကြည်ချက်ပြောင်းလဲခြင်းမဟုတ်။
ပန်းတိုင်ကို လက်လျော့ခြင်းမဟုတ်ဆိုစွာကို သဘောပေါက်ထားဖို့လိုရေ။
အနီအထားတိ အမျိုးမျိုးပြောင်းလဲနီရေ။ အခြေအနီအရ ပေါ်ပေါက်လာရေ စစ်ရီး
နိုင်ငံရီးအခွင့်အလမ်းတိကို အသုံးပြုပြီးကေ တိုင်းပြည်နန့်လူမျိုးအတွက်
အကောင်းဆုံးစွမ်းဆောင်ပီးဖို့ အလုပ်အကျွေးပြုဖို့ လိုအပ်တေ။
ငါရို့
ရက္ခိုင့်တပ်မတော်သည် ရခိုင်လူမျိုးများ၏ သီရီးရှင်ရီး အနာဂတ်အာမခံချက်၏
အဓိကအားထားရာ ကြိုးရိုးမဏ္ဍိုင်ဖြစ်တေအတွက် ဇာခါလေ့သော့ ယုံကြည်ချက်လက်နက်
စစ်ရီးလက်နက်တိကို စွန့်လီဖို့မဟုတ်။
ရက္ခိုင့်တပ်တော်၏ အောင်ပွဲသည်
ရက္ခိုင်အမျိုးသားအောင်ပွဲဖြစ်သည်။ ရဲဘော်ရဲမယ်အပေါင်း တိုက်ပွဲဝင်ရန်
အားလုံးအဆင်သင့်ပြင်ထားဂတ်ပါ။ ရက္ခိုင်မိဘပြည်သူ တစ်ရပ်လုံးလေ့သော့
တတ်နိုင်ရေနီရာက အကောင်းဆုံးပါဝင်ဖို့အတွက် နိုးနိုးကြားကြားဟိနီဂတ်ဖို့
လေးစားစွာ တိုက်တွန်းယင်း နိဂုံးချုပ်အပ်တေ။

No comments:
Post a Comment