Thursday, April 28, 2016

ကြောက်ကေ နောက်ဆုတ်

  ကြောက်တေ လူတိနောက်ဆုတ်ပါ။
ငြို့တိလွတ်လပ်တေ နိုင်ငံအဖြိုက် ကြေငြာပြီးကေ
ရပ်တည်ဖို့အဆင်သင့်ဗျာယ်။
 27.March.2015

ဒေါက်တာ အေးမောင် (ANP ဥက္ကဋ္ဌ) ပြောစွာကို လုံးဝထောက်ခံရေ။
ANP ရခိုင့်အမျိုးသားပါတီ၊ ရခိုင်လူထု တစ်ရပ်လုံးကို ကိုယ်စားပြုထားရေ
ပါတီတစ်ရပ်အနိန်နန့် ရခိုင်ပြည်၏ အရေးအရာတိကို စီမံခန့်ခွဲဖို့
ဝန်ကြီးချုပ်သည် ရခိုင်အမျိုးသားပါတီက ရခိုင်သားယာ ဖြစ်ရဖို့ဆိုစွာမှာ
ဇာတစ်ခုမှားစွာပါလို့လဲ။

Dr. Aye Mg

Arakan Army



ရခိုင်တပြည်လုံးအနှံ့အပြား တောင်ပြို ကမ်းပြို မဲပီးလို့
အာဏာပီးအပ်ခံထားရရေ အမျိုးသားပါတီတစ်ရပ်အနိန်နန့်
ဝန်ကြီးချုပ်လောက်ကို တောင်းစွာ နည်းတောင်နည်းသိမ့်ရေ။
ပြည်ထောင်စုလို့ ပြောရေ မြန်မာ့အာဏာသျှင် လက်အောက်ခံမနိန်ဘဲ
ခွဲထွက်တေလို့တောင် ကြေငြာသင့်စွာ။
ငြို့ ရခိုင်စွာ ကိုယ်ပိုင် နိုင်ငံနယ်နိမိတ်နန့် ကိုယ်ပိုင်ယဉ်ကျေးမှု စာပီ သမိုင်း
တိနန့် နှစ်ပေါင်းထောင်ချီနိန်လာရေ လူမျိုးဆိုစွာ မမိန့်လီကေ့။
ငြို့တိ ထီးနန်းကျလားစွာ ဇာလောက်လဲကြာစွာမဟုတ်သိမ့် ဒေဂုထိ
နန်းရာကုန်းလည်း ဟိသိမ့်ရေ၊ မြောက်ဦးမြို့လည်း ဟိနိန်သိမ့်ယေ။
မဟာမြတ်မုနိလည်း သက်သီထူလို့ ဟိနိန်သိမ့်ယေ။ ငြို့တိ
အသွီးအသားတိထဲမှာ ဘုရင် မင်းဘာကြီး စန္ဒသူရိယ အစဟိရေ မင်းသွီးတိ
ကိန်းဝပ်တုန်းဟိသိမ့်ရေ။
ဇာကိုကြောက်နိန်လဲ ရခိုင်တိုင်းက ကိုယ့်အမျိုးသားလက္ခဏာနန့်
ကိုယ့်အာဏာနန့်ကိုယ် နိန်ချင်ရေဆိုစွာ တောင်ပြိုကမ်းပြိုနိုင်ထားရေ
မဲပြားတိက သက်သီခံနိန်ရေ။
ဂုဆိုကေ ငြို့တိမှာ ရက္ခိုင့်တပ်မတော် တစ်ရပ်လည်း အင်အားအပြည့်နန့်
ရက္ခိုင့်မြီမှာ အခြီစိုက်လို့ ရက္ခိုင်ရို့ အသက်အိုးအိမ်လုံခြုံရီးအတွက်
တာဝန်ယူဖို့ အဆင်သင့်ဟိနိန်ဗျာယ်။
ယင်းကြောင့် ကြောက်တေ လူတိနောက်ဆုတ်ပါ။
ငြို့တိလွတ်လပ်တေ နိုင်ငံအဖြိုက် ကြေငြာပြီးကေ
ရပ်တည်ဖို့အဆင်သင့်ဗျာယ်။

ကျီးကန်းမျိုးချစ်


ကျီးကန်းမျိုးချစ်နန့် အလုပ်မဖြစ်။
Kularakkhita
7.April.2015
ကျီးကန်းမျိုးချစ်ဆိုစွာ ဒေအတိုင်း တတူ နိန်ကတ်တေခါ တစ်ခုလည်းမဖြစ်။
ပြဿနာ တစ်ခုဖြစ်လာကေ အားလုံးဝိုင်းပနာ ခံချဖို့ပိုင် ဟန်ပန်တိနန့်
အမှန်လက်တွိမှာတော့ခါ လချဝါ။
အစားအသောက်နန့်ပါတ်သက်လာကေ မျိုးချစ်ကတ်တေ ကျီးကန်းတိစွာ တစ်ကောင်
ကို တစ်ကောင်အသားစားမတတ် ထိုးကတ်တေ။ ကိုက်တတ်ကတ်တေ။
ယင်းပိုင်ဗျာယ်၊ ငရို့တိမှာလည်း တွိနိန်ရရေ။

 ပြဿနာက ကိုယ်ရို့တိမှာ မစည်းလုံးခြင်းဆိုစွာ အားလုံးနားလည်သဘော
ပေါက်ထားပြီးဖြစ်ပါရေ။
ငရို့တိမှာ ဒေအတိုင်း ထမင်းစား ရီသောက်တတူနိန်လို့ ပပြောဆိုဆိုနန့်ဆိုကေ
ကကောင်းအဆင်ပြေရေ ညီအစ်ကိုတိ မောင်နှမတိပိုင်ယာ။
အေး..ပြဿနာ ဇာမှာလားလို့ တွိဂတ်ရလဲဆိုကေ မဏ္ဍတိုင်ကိုတက်ပြရဖို့
ဆိုရေခါ စလို့တွိရပါရေ။

my villagers







တောင်ရှည်မ၀တ်တတ်ဘဲ မင်းသားလုပ်ချင်ရေ လူတိကများပါရေ။
နိန်ရာနန့်ပါတိသက်လာရေခါ ရခိုင်သားရို့အဆက်ဆက် ကကောင်းမက်ဂတ်
တေလို့မြင်ပါရေ။ ဒေအတိုင်း အီးအီးချမ်းချမ်းနိန်ရေခါ ခေါင်းကိုပုတ်ကေ
လည်းရရေ။ ဖင်ပွလားကေလည်း okရေအမျိုး။ အေး ရာထူး နိန်ရာ ဌာနန္တရ
နန့်ပါတ်သက်လာရေခါ အဘိုး အဘ မပြောကေ့ ရွာက ဘုန်းကြီးကိုလည်း
လူမထင်ရေအဖြိုတ်မျိုး။
ဆက်စပ်မိလို့ တစ်ခုပြောပါမေကား။
ဝန်ထမ်းဆိုစွာ အရည်အချင်းဟိဖို့လိုပါရေ။ ဇာအတွက်လဲလို့ဆိုကေ
အများတိကိုယ်စား အားလုံးလူတိကိုယ်စားပြုလို့လုပ်နိန်ရရေအတွက်
အများဝန်ကိုထမ်းရေ လူစွာ ကိုယ်စွမ်းအား ဉာဏ်စွမ်းအားဟိဖို့လိုပါရေ။
အေး ယင်းပိုင်မဟိဘဲ.. ၀န်ထမ်းလုပ်မှ ထမင်းနပ်မှန်ဖို့လို့ဆိုကေတော့ခါ
လုံးဝမလုပ်လီပါကေ့။ ဇာလို့ဆိုကေ ယင်းလူကြောင့် နောက်လူတိ ဒုက္ခတိ
ရောက်လားဖို့ဖြစ်တေအတွက်ဖြစ်ပါရေ။
ဒီမိုကရေစီ ၏သဘောထားဝါဒအရ ၀န်ထမ်းဆိုစွာ ပြည်သူ၏ ကျေးကျွန်
အလုပ်အကျွေးယာဖြစ်တေ။
သူကောင်းစား လရတတ်မဟုတ်။ အေး အများအတွက် ငါတိ စွမ်းဆောင်ပီး
နိုင်ဖို့လဲ အရင်စီမံကိန်းချကြည့်။ လုပ်နိုင်ဖို့များလား နည်းလား နောက်လူတိနန့်
ချိန်ထိုးကြည့်။ တကယ်လို့ယာ များနိန်ရေဆိုကေတော့ခါလုပ်ပါ။
ယင်းပိုင်မဟုတ်ဘဲ ငါ့ ပါဝါအတွက် ငါအာဏာရရေးအတွက်ဆိုကေတော့ခါ
တစ်ခါလည်းမလုပ်လီကေ့။ ကိုယ်တည်းတစ်ယောက် ကောင်းစားဖို့
နောက်လူတိကို မညှင်းပန်းကေ့၊ မကဲ့ရဲကေ့။ ladies and gentlemen ဆို
စွာ တိုက်ပုံသန့်သန့်ဝတ်လို့ စားကောင်းသောက်ဖွယ်နန့်လူတိကိုခေါ်စွာမဟုတ်။
အများအတွက် ကိုယ်ကျိုးစွန့်ရေ လူ၊ တွေးလိုက်တိုင်း ကြံလိုက်တိုင်း အများအတွက်တွေး ကြံရေ လူကိုခေါ်စွာဖြစ်တေ။
ယင်းကြောင့် ပါးစပ် စည်းရုံးရေး ဟန်ပြစည်းရုံးရေးနန့် ရခိုင်လူထုတိ
လိုချင်နိန်ရေ ပန်းတိုင်ကို ဇာခါလည်းရောက်လိမ့်မေမဟုတ်။
ပါးစပ်ပြောသည် လက်တွိပြောဖြစ်ရဖို့။
သမ္မတ ရာထူးကို ငါလည်းလိုချင်ပါရေ လို့ပြောရင်း အဆုံးသတ်ပါမေ။
အကောင်းဆုံးကိုမျှော်လင့်ယင်း

ငါ နောက်ဆုတ်ရင်ပစ်သတ်လိုက်

ငါ နောက်ဆုတ်ရင်ပစ်သတ်လိုက်
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
April 3, 2016

သန္တာမြေသူရဲကောင်း ကိုမောင်အေးထောင်အချုပ်ထဲက အမှတ်တရရွီးပို့လိုက်တေ ကဗျာချေပါ

Mg Aye (Kyauk Phyu) Suspected victim accused having connection with Arakan Army















"ငါ နောက်ဆုတ်ရင်ပစ်သတ်လိုက်”
ဗမာဘုရင် အာဏာရှင်၏
ပလ္လင်အောက်က ငါတွေ့ရသည့်
ရခိုင်သူရဲကောင်း လူအပေါင်း၏
ဦးခေါင်းခွံများ အရိုးများ။
ဦးခေါင်းခွံကွဲ အရိုးဆွေးလည်း
လက်မြှောက်ဒူးထောက် ငါမကြောက်ဘူး။
အောက်ကျို့တောင်းပန် ညံ့မခံဘူး။
အောင်လံကိုလွှင့် ငါရဲရင့်မည်။
ရခိုင်နိုင်ငံ သူ့ကျွန်ဘဝ
လွတ်မြောက်ရဖို့
ငါတို့ရှေ့ဆက်လျှောက်ကြမည်။
ရှေ့မှာငါက ရဲရင့်ပြမည်
ငါ့ခြေရာကောက် ငါ့နောက်လိုက်ခဲ့
အကယ်၍ငါ နောက်ဆုတ်ပါက
ငါ့ကိုမင်းတို့ ပစ်သတ်လိုက်။
မောင်အေး

ထိုင်းနိုင်ငံရောက် တိုင်းရင်းသားညီအစ်ကိုများမှ ဆန္ဒပြတောင်းဆို နေကြစဉ်


 ထိုင်းနိုင်ငံရောက် တိုင်းရင်းသားညီအစ်ကိုများမှ ဆန္ဒပြတောင်းဆို နေကြစဉ် 
- 22-4-2016
လက်ရှိတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသော ရခိုင်ဒေသ
အပါအ၀င် တိုင်းရင်းသားဒေသတွေမှာ လက်နက်အားကိုးပြီး
ဗိုလ်ကျနေသော မြန်မာတပ်မတော် အမည်ခံ
ဗမာတပ်မတော်ရဲ့ တိုင်းရင်းသားပြည်သူလူထုကို 
လူမျိုးတုန်းသတ်ဖြတ် မှုများကို 
ချက်ချင်းရပ်တန့်ပေးရန်တောင်းဆိုခဲ့ကြသည်။

လွတ်လပ်ရီးဆိုရေတံခါးကို သွီးတိပေကျံနီရေလက်ထဲက သနတ်နန့်ရာဆွဲဖွင့်နိုင်လိမေ

 Dr. Nyo Twan Awng (Arakan Army)
March 1 , Saturday , 2014

1.လွတ်လပ်ရီးဆိုရေတံခါးကို သွီးတိပေကျံနီရေလက်ထဲကသနတ်နန့်ရာဆွဲဖွင့်နိုင်လိမေ။
Those who hold guns in the bleeding hands can open the entrance of freedom.


















2.လွတ်လပ်ရီးဆိုရေစကားကို အပြောအများဆုံးမှာမလွတ်လပ်သိမ့်ရေလူတိရာဖြစ်တေ။
People who talk about freedom the most are unfree.


3.ကမ္ဘာလောကကြီးထဲတန်ဖိုးအဟိဆုံးနန့်ဈီးအကြီးဆုံးအရာမှာလွတ်လပ်ရီးသာလျှင်ဖြစ်တေ။
The most precious and expensive item in the world is only freedom.

4.လွတ်လပ်ရီးဆိုရေ အရသာကို (အပြောသမားတိ)လွတ်လပ်ရီးကြေငြာစာတမ်းကိုကိုင်ဖတ်နီရေလူထက်
အမြောက်သံ၊ ယမ်းငွေ့ကြားကလွတ်လပ်ရီးတိုက်ပွဲဝင်ခဖူးရေတော်လှန်ရီးစစ်သားတိကရာပိုနှောကျေရေ။
The revolutionary soldiers more know the taste of freedom than a man who declared freedom declaration.

5.လွတ်လပ်ရီးကို ဝယ်လို့ရရေတစ်ခုတည်းသောနီရာမှာစစ်မြီပြင်ရာဖြစ်တေ။
The only one place where can buy freedom is battle field.

6. “မလွတ်လပ်ချင်လား” ဆိုရေမိန်းခွန်းစွာမလွတ်လပ်ရေနိုင်ငံကလူတိအဖို့နိတိုင်းကိုယ့်စွာကိုပြန်မိန်းသင့်ရေမိန်းခွန်းတစ်ခုရာ။
Everyday the question, do u want FREEDOM, should be asked themselves by the people who are living unfree country.

7.လွတ်လပ်ရီးရဟိမှုနန့် ဆုံးယှုံးမှုဆိုစွာဖေသာခပ်ထက်ကပန်းနန့်မျောက် ပယှောင်ရာ။
Gain and loss of freedom is similar to head and tail of a coin.

8.လွတ်လပ်ရီးဆိုစွာ ထိန်းသိမ်းစောင့်ယှောက်ဖို့မတတ်ကေမျက်စိတစ်မှိတ်အတွင်းဆုံးယှုံးလားနိုင်ရေ။
Freedom can be lost within a second if we aren’t able to preserve.

9။အချစ်နန့်လွတ်လပ်ရီးတူရေနီရာမှာစွန့်လွှတ်အနစ်နာပီးဆပ်ရင်းနှီးမှုမဟိဘဲနန့်မရနိုင်ဆိုရေအချက်ပင်ဖြစ်တေ။
Love and freedom are same as the point that both cannot win without sacrifice.

“ရခိုင်တစ်ကျပ် ၊ ဗမာတစ်ကျပ် ၊ ရှမ်းတစ်ကျပ် ”




“ရခိုင်တစ်ကျပ် ၊ ဗမာတစ်ကျပ် ၊ ရှမ်းတစ်ကျပ် ”
ဗမာကျူးကျော်စစ်ကို (၄၅) ရက်ကြာ ခုခံတိုက်ခိုက်ြ ပီးနောက် 1784 ခုနှစ် ဒီဇင်ဘာ 31 ရက်နေ့မှာ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်နှင့်အတူ ရခိုင်ပြည်ကြီး အသိမ်းခံလိုက်ရသည်။

ဗမာများသည် ရခိုင်ရွှေနန်းတော်၊ ပိဋိကတ်တိုက်တော်၊ ဘုန်းကြီးကျောင်းအကြီး (၃၀)အငယ် (၃၀၀၀) ကျော်ကို မီးရှို့ဖျက်စီးခဲ့သည်။ ရခိုင်တစ်ပြည်လုံးလူသေကောင်များဖြင့် ပြန့်ကြဲနေကြတော့သည်။ နှစ်ပေါင်း ၅၀၀၀ ကျော် ကိုယ့်ထီး ကိုယ့်နန်းနှင့် နေထိုင်ခဲ့ကြသောရခိုင်နိုင်ငံသား တို့မှာ ကူမည့်သူမရှိ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ဗမာများသည် ပုခက်တွင်းသား ကလေးသူငယ်ပင် မချန် သတ်ဖြတ်သည်။ ရခိုင်မှတ်တမ်းများအရရခိုင် (၇) သန်းကျော် အသတ်ခံရသည်။ နှစ်ပေါင်း (၄၀) လုံးလုံး ရခိုင်မျိုးတုန်းအောင် အသတ်ခံရသည်။ မာန်အောင်မြို့ တစ်မြို့တည်းတွင်ပင် အသတ်ခံရသည်ကိုမှတ်တမ်းတင်ထားသည်မှာ “လူငယ် တစ်သောင်း၊ လူကြီးပေါင်းမူ ရှစ်သောင်းစွန်း စွန်း၊တစ်သိန်းမှန်း၏ မယွန်းထိုခါ၊ သီကုန်(သေကုန်)ပါ၏ သိမ်းကာ ယူကာ ပြည်အင်းဝသို့ပါရလီငြား လူယောင်္ကျားနှင့် မပြားမှန်းထ လူမိန်းမကို ရွီကြလီသော် နှစ်သိန်းကျော်၏ကြားသော်မြင်ခါ ကြောက်ဖွယ်သာတည်း။” ဟု ဖြစ်သည်။ 1826 ခုနှစ် ဗြိတိသျှ လက်အောက်သို့ ကျရောက်သောအခါ ဗမာလက်အောက် အနှစ် (၄၀) ငရဲစခန်းသည် တစ်ခန်းရပ်သည်။ ကျူးကျော်သူ ဗမာတို့ကို နှင်ထုတ်ကာ အင်္ဂလိပ်တို့ တဖန်အုပ်ချုပ်သည်။ အင်္ဂလိပ်တို့ အကာအကွယ်ကြောင့် သေကံမရောက် သက်မပျောက်သည့် ဘင်္ဂလားမှရခိုင် ငါးသောင်းခန့်ကို ရခိုင်ပြည်တွင် ပြန်လည်နေရာချပေးသည်။ သခင်ပြောင်းသောကျွန်ဘ၀သည်ပင် ရခိုင်တို့အဖို့ ကံထူးကံမြတ် ဖြစ်သည်။ ဗမာများ လူမျိုးရေး မုန်းတီးမှုဖြင့် သတ်ဖြတ်ခြင်းမှ လွတ်မြောက်ရသည် မဟုတ်ပါလား။ကျွန်ဘ၀ တစ်ဖြစ်လဲကိုပင် ရခိုင်တို့က“ ခေတ်ကောင်းစဉ်က” ဟု တင်စားခေါ်ဝေါ်ကြသည်။မှန်ပါသည် ဗမာလက်အောက် နှစ် (၄၀) လုံးလုံး ဒုက္ခပင်လယ်ဝေခဲ့ ရသော ရခိုင်တို့ကိုယ့်အိမ်ကိုယ် ပြန်ခွင့်ရခဲ့သည်။ ဗြိတိသျှတို့ အကာအကွယ်ရခဲ့သဖြင့် ရခိုင်စာပေပြန်လည်နလန်ထူလာနိုင်ခဲ့သည်။ အေးချမ်းစွာ အလုပ်လုပ်ခွင့်ရသဖြင့် စီးပွားရေးကောင်းမွန်လာခဲ့သည်။ ခေတ်ပညာလည်း သင်ကြားခွင့်ရခဲ့ သည်။ ရခိုင်ကျွန်သက် (၁၀၁) နှစ်တင်းတင်းပြည့်သောနေ့ 1886 ခု ဇန်န၀ါရီလတွင်ဗမာတစ်ပြည်လုံး အင်္ဂလိပ်လက်အောက်ကျရောက်ပြီး ၀ဋ်ကျွေးပြန်သင့်သည်။ ရခိုင်အမျိုးသားဆရာတော် ဦးဥတ္တမက ဗမာ၏ လွပ်လပ်ရေးမျိုး စေ့ကို ချပေးခဲ့သည်။ ၀ံဿာနု စိတ်ဓါတ်ကိုနှိုးဆွပေးသည်။ အကြိမ်ကြိမ် ထောင်ချ အဖမ်းခံရသည်။ ရခိုင်တို့သည် လွပ်လပ်ရေးအတွက်ဗမာတို့နှင့်တန်းတူ ကြိုးစားခဲ့သည်။ အချောင်မခိုပါ။ မင်းသားကြီး ရွှီဘန်းသည်အင်္ဂလိပ်ကို စတင်တော်လှန်ဖို့ ကြိုးစားသည် ဗမာမှတ်တမ်းတွင် မရှိ။ ဖက်ဆစ်ဂျပန်ကို ရခိုင်က အရင်တော်လှန်သည်။ 1945 ခု မတ်လ 27 ရက်နေ့တွင် ဗမာကဂျပန်ကိုတော်လှန်သောအခါ ရခိုင်တွင် ဂျပန်မရှိတော့ပါ။ ရခိုင်တို့ ကိုယ့်အားကိုယ်ကိုး တော်လှန်ခဲ့ကြခြင်းဖြစ်သည်။ ဗမာ့တပ်မတော်မှ ရိုင်ဖယ်တစ်လက်အကူအညီမယူခဲ့။ ဂျပန်အဆုတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရခိုင်ပြည်သို့ေ ရာက်လာသည်။ဆရာတော် အရှင်ဦးစိန္ဒာ ကျင်းပသော ကြာအင်းထောင် ညီလာခံကို တက်ဖြစ်သည်။ အလံနီ ပါတီမှဦးအောင်သန်းက ဗိုလ်ချုပ်အောင်ဆန်းကို လူသတ်မှုဖြင့် တရားစွဲသည်။ စစ်တွေကိုင်းတန်းရပ်တွင် “ရခိုင်တစ်ကျပ်၊ဗမာတစ်ကျပ်၊ ရှမ်းတစ်ကျပ်” တရားကိုစဟောသည်။စည်းရုံးလို့မရသ ဖြင့် “မြွေပွေးနှင့် ရခိုင်ကိုတွေ့လျှင် ရခိုင်ကို အရင်သတ်ရမယ်” ဟု ဗမာပြည်တွင် ၀ါဒဖြန့်သည်။ သခင်စိုး၊သခင်သန်းထွန်း ကွန်မြူနစ်အဖွဲ့ကလည်း ဆရာတော် အရှင်ပညာသီဟကိုဗမာပြည်လွတ်လပ်ေ ရးရက ရခိုင်ကိုလည်း လွပ်လပ်ရေးပေးဖို့၊ မန္တလေး မဟာမြတ်မုနိကိုလည်းပြန်ပေးမည်ဟု လိမ်သည်။ ရိုးသားသော ရခိုင်ခေါင်းဆောင်များက ဗမာမျက်လှည့်ကိုယုံကြည်သည်။ လွတ်လပ်ရေးရလာသည် သို့သော် ဗမာ့လွတ်လပ်ရေးသာ ဖြစ်သည်။ ရခိုင်နှင့် မဆိုင်ပါ၊ရှမ်းနှင့်မဆိုင်ပါ။ မွန်နှင့် မဆိုင်ပါ၊ ကရင်နှင့် မဆိုင်ပါ။ တိုင်းရင်းသားတို့ကို ကလိမ်ကကျစ်လုပ်ပြီးရသော လွပ်လပ်ရေးဖြစ်သည်။ ဗိုလ်ချုပ်အောင် ဆန်းပြောသော “ရခိုင်တစ်ကျပ်-ဗမာတစ်ကျပ်၊ ရှမ်းတစ်ကျပ်-ဗမာတစ်ကျပ်၊ မွန်တစ်ကျပ်-ဗမာတစ်ကျပ်” သည်တိုင်းရင်းသားတစ်ကျပ် ဗမာ အားလုံး ဖြစ်သည်။ တိုင်းရင်းသားတို့ တစ်ကျပ်တစ်ကျပ်စီရသောအခါ ဗမာကသပိတ်ဝင်အိတ်ဝင် ခုနှစ်ကျပ် အချောင်ရသည်။ တစ်နည်းပြောရလျှင်ရခိုင်တို့ ဗမာလက်အောက်သို့ နောက်တစ်ကြိမ် ကျွန်ဇတ်သွင်းခံရသည်။ နှစ်ပေါင်း 116 နှစ်အကြာတွင် ပထမဆုံးအကြိမ် ခြေချသော ဗိုလ်ရန်အောင်ခေါင်းဆောင်သောဗမာ့တပ်မတော်သည် ရခိုင်ပြည်ပြန်လာသော ရခိုင် (၄၀၀) ကျော်ကို အကူအညီမပေးပဲ သင်္ဘောကိုမြှုပ်ကာ လုပ်ကြံလိုက်သည်။ ဗမာပြည်လွတ်လပ်ေ ရးရပြီး လွပ်လပ်သောဗမာပြည်တွင်ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသည်။ ပါလီမန်တွင် ရခိုင်တို့ လွပ်လပ်စွာပြောဆိုခွင့် တင်ပြခွင့်ရပေမယ လွပ်လပ်စွာ လုပ်ကိုင်ခွင့်မရခဲ့။ 1952 ခုနှစ်တွင် တောပန်ဇင်း၊ အခစား၊ မန်ကျဉ်းကုန်း၊ စသောရွာတို့ကိုရွာလုံးကျွတ်သတ် ဖြတ်ပြီး ဦးနုကရခိုင်သားတို့ကို ဒီမိုကရေစီနှင့် မိတ်ဆက်ပေးသည်။ဦးနု၏ ဒီမိုကရေစီသည် ရခိုင်သားတို့အဖို့ ခါးသီးလှ၏။ မြောက်ဦး နန်ရာကုန်းတွင်ရခိုင်မျိုးချစ် ထွန်းလှအောင်ကို ဗမာစစ်တပ်က ကျားထိုးသတ်ပစ်ခဲ့သည်။ရခိုင်နိုင်ငံတော်သည် ဖက်ဆစ်ထက် အဆပေါင်းများစွားဆိုးဝါးသော ဗမာတို့လက်အောက် သို့ကျရောက်ခဲ့ရပြန်သည်။ 1958 တွင် ဖဆပလ နှစ်ခြမ်းကွဲပြီး ပြည်နယ်ပြဿနာ ပေါ်လာသည်။ ဦးနု၏ ဖဆပလက “မဲပေးလျှင် ပြည်နယ်ပေးမည်” ဟုလိမ်သည်။ ဗဆွေ၏ ဖဆပလက “ပြည်နယ်တော့မပေးနိုင်ဘူး ကျန်တဲ့ဟာပဲ ပေးနိုင်မယ်” ဟု ပြောင် စိန်ခေါ်သည်။ပြည်နယ်အဆင့်ကိုပင် ဗမာတို့ဆီက လက်ဖြန့်တောင်းရ သော သူတောင်းစားဘ၀ရောက်နေသည့်ရခိုင်သားတို့က မျက်စေ့မှိတ်ကာ အမတ်နေရာ 9 ဦးစလုံးကို ဦးနုအား ပုံအောလိုက်သည်။ 1960 ရွေးကောက်ပွဲတွင ဦးနုပါတီအနိုင်ရသည်။ သို့သော် ရခိုင်သားတို့ ပြည်နယ်မရ။ “ဦးနုကတိတည်ပါစေ၊ ရခိုင်ပြည်နယ် အရင်ပေးပါ” ဟု ငယ်သံပါအောင်အော်ကာလည်ချောင်းကွဲသည်။ ရခိုင်က ပြည်နယ်တောင်း ၊ ရှမ်းက ဖက်ဒရယ်မူ တင်လာသည့်အခါ ဦးနု ဟန်မဆောင်နိုင်တော့ပဲနေ၀င်းကို အာဏာလွှဲအပ်လိုက် ရသည်။ ဗမာတို့ ပင်ကိုယ် ဘီလူးရုပ်ကို ပြရတော့သည်။ “အောင်ဆန်း ပေးတဲ့တစ်ကျပ်ကို ၊ နေ၀င်းက လုယူသွားသည်၊ ထိုအခါ တိုင်းရင်းသားတို့က၀လုံးကွင်းသည်” 1967 သြဂုတ် 13 ရက် ဥပုသ်နေ့ စစ်တွေမြို့တွင် ရခိုင်သား (၃၀၀)ကျော်ကို နေ၀င်းစစ်တပ်က ပစ်သတ်လိုက်သည်။ မဆလလက်ထက် ရခိုင်တစ်မျိုးသားလုံးစာရိတ္တပျက်စီးပြီး ရခိုင်လူညွန့်တုန်းသည်။ ညီအကိုပါဟု လိမ်လို့မရ ၊ ရခိုင်နှင့် ဗမာသည် သီးခြားစီဖြစ်သည်။ ရခိုင်တို့သည်သမိုင်းအစဉ်အဆက် ကိုယ့်ထီး ကိုယ့်နန်းနှင့် နေလာသော လူမျိုးတစ်မျိုး ဖြစ်သည်။ဗမာသည် မွန် ကတဆင့် ဗုဒ္ဓဘာသာ ဖြစ်လာသည်။ ဗမာတို့ အရည်းကြီး ရဟန်းကိုးကွယ်ကောင်းနေစဉ် ရခိုင်ပြည်မှာ နှစ်ပေါင်း တစ်ထောင်ကျော် ဗုဒ္ဓဘာသာ အမြစ်တွယ်ပြီးဖြစ်သည်။ဧရာဝတီမြစ်သည် ကပ္ပလီပင်လယ်ထဲသို့ စီးဝင်သည်။ ကစ္စပနဒီမြစ်သည် ဘင်္ဂလားပင်လယ်အော်အတွင်းသို့စီးဝင်သည်။ ရခိုင်နှင့် ဗမာသည် မြစ်လည်းမတူ၊ ရေလည်းမတူ၊လူလည်းခြားသည်။ 88 အရေးအခင်းဖြစ်သောအခါ ရခိုင်ပြည်ကိုကူးစက်လာပြီး ရခိုင်များ ထောင်ကျ၊အသတ်ခံရသည်လည်းမနည်းပေ။ 1990 ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင် ALD က အမတ် (၁၁) နေရာရရှိသည်။ အဖိုး ဦးသာထွန်း ထောင်ထဲတွင် အသတ်ခံရသည်။ မကြာမှီ ရခိုင်ပါတီအဖြိုခံရသည်။ ရခိုင်ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချသည်။ ကျဉ်းမြောင်းသောဗမာလူမျိုးကြီးဝါဒအောက်မှာ ရခိုင်သားတို့ ဘ၀ဆုံးရသည်
ဖတ်ပီးသူအမျိုးရို့ကို လေးစားစွာဖြင့်
မျိုးချစ်ကတ်ပါစီ

Khine Min Myat(ပြန်လည်မျှဝေသည်)

(၅) နှစ်မြောက် ရက္ခိုင့်တပ်မတော်နိ စစ်ဦးစီးချုပ်မိန့်ခွန်း


ဒေနိ ၂၀၁၄ ခု၊ ဧပြီလ (၁၀) ရက်၊ ရက္ခိုင့်တပ်မတော်နိဖြစ်တေ
ဒေခန်းမကြီးအခန်းအနားကို ကျင်းပခြင်းအားဖြင့် တပ်မတော်တည်ထောင်ခရေ ရည်ရွယ်ချက်၊ ငါရို့ရက္ခိုင်တပ်မတော်၏ အခြေခံမူသဘောထား တော်လှန်ရေးခံယူချက် အမျိုးသားရေးတာဝန်တိကို ရဲဘော်၊ ရဲမယ်အပေါင်းအား ပိုမိုလေးနက်စွာခံယူတတ်လာဖို့နဲ့ တော်လှန်ရေးခံယူချက်တိကို ပိုမိုမြင့်မားခိုင်မာလာအောင် မြှင့်တင်ပီးဖို့ ရည်ရွယ်ထားဟိရေ။ အခြားတစ်ဘက်မှာ မိမိရို့ရခိုင်လူထုကို တော်လှန်ရေး အမျိုးသားရေး နိုးကြားဖို့အတွက် ကြပ်မတ်နိုးဆော်ပီးရာလည်း ရောက်တယ်။
ရဲဘော်ရို့……. အားလုံးသိဂတ်တေအတိုင်း ငါရို့အဖရခိုင်ပြည်ကြီးရေ အမြင်အားဖြင့် ရန်သူနှစ်ယောက်ကြားမှာ ကျပ်ပြီးကေ အကျပ်အတည်းပေါင်းစုံနဲ့ ဒုက္ခရောက်နီရေ။ သို့သော် အမျိုးသားရေး အားကောင်းမောင်းသန်နဲ့ တော်လှန်ရေးနလန်မထူနိုင်ဖြစ်နီရရေ အဓိကလက်သေ တရားခံသည် အသားထဲကလောက်တိရှိရေ သစ္စာဖေါက်တိ အချောင်သမားတိ မျိုးချစ်မျက်နှာဖုံးစွပ်ထားရေ စံရီဖွယ်တိကြောင့်ဖြစ်တေ။ ဒေအတွင်းရန်သူတိကိုလည်း လိုအပ်ကေ လိုအပ်ရေပိုင် ကိုင်တွယ်လာဂတ်ရဖို့ဖြစ်တေ။ စာအုပ်ထဲမှာ ရှိနီရေ ပို့စ်မော်ဒယ် သီအိုရီတိ ဖတ်ဖူးမှတ်ဖူးရေ နိုင်ငံခြားတိမှာကျင့်သုံးနီရေ သီအိုရီတိနဲ့ အနာနဲ့ဆီးတတည့်မကျရေ အတတ်လွန်နိုင်ငံရေး တတိယအင်အားစုဖြစ်လိုရေ ငါသိငါတတ် ပုဂ္ဂိုလ်တိပင်လျှင် အမျိုးသားရေး ပျော့ကွက်တိအဖြစ် စိတ်ဝမ်းကွဲမှု အက်ကြောင်းဖန်တီးသူတိ ဖြစ်လာနိုင်ရေဆိုစော်ကို အထူးသတိထားဖို့လိုအပ်တေ။ ဒေနိရခိုင်လူမျိုးတိ မျက်မှောက် ကြုံတွေ့နီရရေ အနေအထားအရ ဒီမိုကရေစီ တော်လှန်ရေးသည်၎င်း ငါရို့အတွက် ပထမဦးစားပီးမဖြစ်နိုင်။ အမျိုးသားရှင်သန်ရေးနှင့် လွတ်မြောက်ရီးသာလျှင် အဓိကပဓာနကျရေလို့ မှာကြားလိုရေ။ ရက္ခိုင့်တပ်မတော်ကြီး ပြည်သူတစ်ရပ်လုံးနဲ့ လက်တွဲပြီးကေ အခက်အခဲစိန်ခေါ်မှုအပေါင်းကို ဖြတ်ကျော်ပြီး အောင်ပွဲမရကေ ရအောင်၊ တိုက်ပွဲဝင်လားရဖို့ဖြစ်တေ။
ရခိုင်နိုင်ငံတော် ကျရှူံးခစော်ရေ ရခိုင်ယဉ်ကျေးမှုဌာန ကျဆုံးလားလို့မဟုတ်၊ ကျန်းမာရေးဌာနကျဆုံးလားလို့မဟုတ်၊ ငါရို့ရခိုင်နိုင်ငံတော်ကြီး ကျရှူံးလားခစော်ရေ ရက္ခိုင့်တပ်မတော် ကျဆုံးလားလို့ဖြစ်တေ။ ကျွန်ဖြစ်နီရေလူမျိုးတစ်မျိုးအတွက် တော်လှန်ရေးလုပ်ငန်းလောက် အရေးကြီးရေလုပ်ငန်းမရှိ။ ကျူးကျော်ခံနီရရေ တိုင်းပြည်တစ်ပြည် အတွက် ခိုင်မာတင့်တင်းပြီးကေ ဂတိသစ္စာတည်ရေ တပ်မတော်တစ်ရပ်ကို အချိန်မီဖွဲ့စည်းတည်ထောင်နိုင်ဖို့စော်ထက် အရေးကြီးရေလုပ်ငန်းမရှိ။ ဒေချင့်သည်ပင်လျှင် ငါရို့ရခိုင်လူမျိုး များ၏ သီရေးရှင်ရေး အဆုံးအဖြတ်နဲ့ အနာဂတ်အတွက် အဆုံးအဖြတ်ပင်ဖြစ်တေ။ ညီညွတ်ရေးကို အကြောင်းပြပြီးကေ ကိုယ်ကျိုးရှာ အမြတ်ထုတ်လိုရေ အချောင်သမားတိရှိရေ။ လူယုတ်မာတိရှိရေ။ တော်လှန်ရေးမျိုးချစ် နာမည်ခံဗျာလ် ကြုံကေကြုံပိုင် တစ်ခါပြင်မျိုးတိလည်း ရခိုင်တော်လှန်ရေးထဲမှာ ကြမ်းပိုးတိပိုင် ခြင်တိပိုင် ယင်းပိုင်တွယ်ကပ်လို့မွီးဖွားနီဂတ်တေ။ ရှင်သန်လှုပ်ရှားနီဂတ်တေ။ အထူးသတိထားရဖို့ဖြစ်တေ။ ငါရို့တိအနေနဲ့ အခက်အခဲတိ အများကြီးရှိနီကေလည်းသို့ ဒေလုပ်ငန်စဉ်ကို မလွဲမသွေ တည်ဆောက်အကောင်ထည်ဖေါ်လားဂတ်ရဖို့ဖြစ်တေ။ ညီညွတ်ရေး၊ လုပ်ငန်းတာဝန် အထမြောက်အောင်မြင်ရေးအတွက် ငါရို့ရက္ခိုင့်တပ်မတော်ရေ ပြည်သူလူထုတစ်ရပ် လုံးနဲ့တန်းတူ အမျိုးသားရေးအပေါ်မှာ တာဝန်ခံမှု တာဝန်ယူမှု အပြည့်အဝရှိရေ ဇာအဖွဲ့အစည်းနဲ့မဆို လက်တွဲပြီးကေ လုပ်ကိုင်လားရဖို့ဖြစ်တေ။ အမျိုးသားရေး ချွတ်ခြုံကျနီရေ အခြေအနေက ရုံးထွက်နိုင်ဖို့ လွတ်မြောက်နိုင်ဖို့အတွက် ရခိုင်တစ်မျိုးသားလုံးပါဝင်ရေ လှုပ်ရှားမှုကြီးကို ဖေါ်ထုတ်ပြီကေ မိမိရို့လွတ်မြောက်ဖို့ ကိုယ်ရို့တိုင်းပြည်ကို ပြည်လည် တည်ဆောက်ဖို့အတွက် တစ်မျိုးသားလုံးနိုးနိုးကြားကြားနဲ့ ပါဝင်လာနိုင်အောင် ကြိုးစားတည်ဆောက်လားရဖို့ဖြစ်တေ။ အလွယ်တစ်ကူနဲ့ ရန်သူထောင်ချောက်ထဲကို ဝင်လားနိုင်ရေအတွက် မိမိရို့မှာပီပြင်ရေလမ်းစဉ် မှန်ကန်စနစ်ကျရေ ဦးဆောင်မှု ရခိုင်တစ်မျိုးသားလုံးညီညွတ်စွာနဲ့ ရပ်တည်ဖို့ တိုက်ပွဲဝင်လားဂတ်ဖို့ လိုအပ်တေ။ မိမိရို့ရင်ဆိုင်နီရရေ အခက်အခဲပြဿနာတိ အနာဂတ်စိန်ခေါ်မှုတိကို ပီပြင်စွာချမှတ်နိုင်ဖို့လိုအပ်တေ။ ယင်းလိုအပ်ချက်တိကို ဖြည့်ဆည်းနိုင်ဖို့အတွက် မကြာခင်ရက်ပိုင်းအတွက် ကျောက်ဖြူမြို့မှာ ညီလာခံကျင်းမဖို့ရှိရေ။ ရခိုင်အမျိုးသားညီလာခံအား အပြည်အဝထောက်ခံကြောင်း ပြောကြားလိုရေ။ ညီလာခံက ချမှတ်လာဖို့ အမျိုးသားရေးမဟာ ဗျူဟာ နည်းဗျူဟာတိ ဆုံးဖြတ်ချက်တိ၊ လုပ်ငန်စဉ်တိကို ဖေါ်ဆောင်ရေအချိန်မှာလည်း ရက္ခိုင့်တပ်မတော်အနေနဲ့ မိမိရို့နဲ့သက်ဆိုင်ရေ ကဏ္ဍတိုင်းမှာ တက်ကြွစွာနဲ့အောင်မြင်စွာ တာဝန်ကျီပွန်စွာ ထမ်းဆောင်လားဖို့လို့ သန္ဒိဌာန်ချထားရေ။ ယင်းကြောင့် အမျိုးသားညီလာခံ ထမြောက်အောင်မြင်ရေးအတွက် အဘက်ဘက်ကဝိုင်ဝန်းပြီးကေ ဆောင်ရွက်လားဖို့ဖြစ်တေ။ ဒေနိ မြန်မာနိုင်ငံရေးအခြေအနေမှာလည်းသို့ နိုင်ငံရေးအပြောင်းအလဲတိ လုပ်နီရေဆိုသော်ငြားလည်း သေချာမှုမဟိသော မှန်းဆရခက်သော တစ်စုံတစ်ရာ အကောင်အထည် လက်ဆုတ်လက်ကိုင် မပြနိုင်သော ပြောင်းလဲမှုတိရာဖြစ်တေ။ ဒေကြားထဲမှာ မိမိရို့ရခိုင်ပြည်သူတိနဲ့ ရက္ခိုင့်တပ်မတော်အနေနဲ့သော်လည်းကောင်း ကြိုတင်ပြင်ဆင်မှုတိ ပြုလုပ်ထားပြီးကေ သတိကြီးကြီးနဲ့ တပ်လှန့်ထားဖို့လိုအပ်တေ။ အတုယောင်အခွင့်အရေးတိ နောက်ကိုလိုက်ယင်း ရန်သူထောင်ချောက်ထဲ မဝင်မိစီဖို့ ထပ်လောင်းပြီးကေ သတိပီးလိုရေ။






















နိဂုံးချုပ်အနေနဲ့ ပြောလိုစော်က အကြောင်းအမျိုးမျိုးကြောင့် ဇာတိမြီကို စွန့်ခွာလားရောက်နီဂတ်ရရေ ရခိုင်လူမျိုးတိ အဖရခိုင်ပြည်ကို ပြန်လာနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ဂတ်ဖို့နဲ့ အမျိုးသားရေးသတိကို လက်မလွတ်စီဖို့ တိုက်တွန်းလိုရေ။ ညီညွတ်ရေးကို တည်ဆောက်စော်မှာလည်းသို့ အတိတ်ကာလက ရရှိပြီးသား သင်ခန်းစာတိကို သတိလက်မလွတ်ဂတ်စီဖို့ တိုက်တွန်းလိုရေ။ စုစည်းကျစ်လစ်ခိုင်မာမှုနဲ့ အမိန့်နာခံမှုအားကောင်းသော တော်လှန်ရေးသစ္စာပြည့်ဝသော ရခိုင်အမျိုးသားတပ်မတော်အဖြစ် ပီပြင်စွာပေါ်ပေါက်လာဖို့ ကြိုးစားတည်ဆောက်ရဖို့ဖြစ်တေ။ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးကို ပြန့်ကြင်းပြီးကေ ရောက်ရှိလားဂတ်တေ ရခိုင်စစ်သည်အားလုံးကိုလည်း မိမိရို့ ရက္ခိုင့်တပ်မတော်နဲ့အတူ တစ်ပေါင်းတည်းတစ်စည်းတည်း အဖရခိုင်ပြည်အတွက် တိုက်ပွဲဝင်နိုင်ဂတ်ဖို့ ကြိုးစားတည်ဆောက်ဂတ်ရဖို့ဖြစ်တယ်။ ရခိုင်အမျိုးသားညီလာခံ ထမြောက်အောင်မြင်ရေး ရက္ခိတလမ်းစဉ် ချမှတ်အကောင်အထည်ဖေါ်ရေး အမျိုးသားညီညွတ်ရေး လုပ်ငန်းစဉ်တိကို ဖေါ်ဆောင်ရေးရို့အတွက် အားလုံးလက်တွဲချီတက် တိုက်ပွဲဝင်ဂတ်ပါလို့ ပြောကြားရင်း နိဂုံးချုပ်အပ်တေ။

(၆) နှစ်မြောက် ရက္ခိုင့်တပ်မတော်နိ စစ်ဦးစီးချုပ်မိန့်ခွန်း

(၆) နှစ်မြောက် ရက္ခိုင့်တပ်မတော်နိ စစ်ဦးစီးချုပ်မိန့်ခွန်း

၁၃၇၆ ခုနှစ်၊ ပထမ တာကူးလပြည့်ကျော် (၇) ရက်
၂၀၁၅ -ဧပြီလ၊ (၁၀) ရက်
ရက္ခိုင့်တပ်မတော်ကို စတင်တည်ထောင်လိုက်တေ ဧပြီလ (၁၀) ရက်၊ ရက္ခိုင့်တပ်မတော်မွီးနိမှာ ရဲဘော်ရဲမယ်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလန်းဆန်းစီကြောင်း ဆုတောင်းနှတ်ဆက်အပ်တေ။ တပ်မတော်တည်ထောင်လာရေ ပထမနှစ်ပတ်လည် တပ်မတော်နိကပင်စလို့ နှစ်စဉ်နှစ်တိုင်း တပ်မတော်အခမ်းအနား ပွဲပြင်တိကို ကျင်းပခရေ။ သို့သော် (၆) နှစ်မြောက်တပ်မတော်နိ အခမ်းအနားမှာ အများကြီး မကျယ်ပြန့်သောငြားလည်း မိမိရို့ စတင်ခရေနိကနီ အဂုရောက်ဟိပါလတ်တေနီရာကို တိုင်းတာကြည့်ဖို့ဆိုကေ အနှစ်သာရအားဖြင့် ပိုပြီးကေ လေးနက်မှုဟိရေ။ လက်တွိ့ကျကျ တိုက်ပွဲဝင်နိုင်မှု စွမ်းရည်နဲ့ အနီအထားတိ ပိုမိုပီပြင်ခိုင်မာလာစွာကို တွိ့ဟိရဖို့ဖြစ်တယ်။ ရက္ခိုင်လူထုအနီနန့်လည်း အယင်ထက်ပိုလို့ နိုးနိုးကြားကြားနန့် တက်ကြွလာရေ။ ရလဒ်ကောင်းတိကို ပိုလိုထင်သာမြင်သာဟိလာရေ။ သို့သော် မိမိရို့ရောက်ဟိနီရေ နီရာကနီမျှော်မှန်းထားရေနီရာ ခရီးပန်းတိုင်ကို ဆက်လက်လျှောက်လှမ်းချီတက်ဖို့အတွက် လုပ်စရာတိ ပြင်ဆင်စရာတိ အများကြီးဟိနီရေပိုင် ကြိုတင်မြင်နီရရေ အခက်အခဲတိနန့် မမြင်ရသိရေ စိန်ခေါ်မှုတိအတွက် အကောင်းဆုံးပြင်ဆင်တည်ဆောက်လားရဖို့ဖြစ်တေ။
ရဲဘော်ရို့…… ရက္ခိုင့်တပ်မတော်သည် တော်လှန်ရီး ဘဝပီးအခြီအနီ အမျိုးမျိုးကြောင့် မဟာမိတ်ကချင်နီမြီနန့် ရခိုင်ပြည်ပြင်ပနီရာအသီးသီးမှာ အခြေပြုအားယူ တည်ဆောက်လာလတ်ပြီး တစ်ချိန်တည်းမှာ အမှန်တရားနန့် အဖိနှိပ်ခံညီနောင်လူမျိုးများအားလုံး လွတ်မြောက်ရီးအတွက် ဘုံရန်သူအဏာရှင်၏ ခါးပိုက်ဆောင် မြန်မာစစ်တပ်ကို ရောက်ရေနီရာက မဟာမိတ်ညီနောင်များနန့်လက်တွဲပြီးကေ တိုက်ပွဲဝင်ယင်း တိုက်ရည်ခိုက်ရည်နန့်ပတ်သတ်တေ အတွိ့အကြုံနန့် အရည်အချင်းတိကို ရသင့်သလောက် ရဟိလာလတ်ဗျာလ်ဖြစ်တေ။ အခြားတစ်ဘက်မှာ မိမိရို့အနီနန့် အခက်အခဲအမျိုးမျိုးကြားက ရောက်သင့်ရောက်ထိုက် ဟိသင့်ဟိထိုက်တေ နီရာတိမှာလေ့သင့် အခြီချတိုက်ပွဲဝင် လာနိုင်စွာကို ရဲဘော်ရို့အားလုံးအသိပင်ဖြစ်တေ။
ရဲဘော်ရို့….. ငါရို့ရက္ခိုင့်တပ်မတော်သည် ရခိုင်လူမျိုးများ၏ ဖိနှိပ်ခံ ဆင်းရဲတွင်းနက် ဂုတ်သွီးစုတ်ခံ အုံးပုန်းကိုလိုနီဘဝက လွတ်မြောက်နိုင်ဖို့နန့် ရက္ခိုင့်အနာဂတ်ကိုတစ်ဖန် ပြန်လို့ ထွန်းပြောင်တောက်ပလာအောင် အာအခံချက်ပီးနိုင်ဖို့ ဒေကမ္ဘာမြီကြီးထက်က ရခိုင်လူမျိုး၏ဂုဏ်ဒြပ်နန့် သမိုင်းသစ်ကို လူမှန်နီရာမှန် ပြန်လည်ရောက်ဟိစီဖို့ အတွက် ရခိုင်ရို့၏အဓီကကျဆုံးသော မျှော်လင့်ချက်ထားရာ အမျိုးသားတပ်မတော်အဖြစ် ဒေထက်ခိုင်မာပီပြင်လာအောင် ကြိုးစားတည်ဆောက်လားဂတ်ရဖို့ဖြစ်တေ။ ဒေထက်မက ကျယ်ပြန်ရေစိတ်ဓာတ် အသိသဘောတရားတိကို အခြီပြုပနာ ရခိုင်လူထုနန့် တစ်သားတည်း လက်ချင်းဆက် တိုက်ပွဲဝင်ပြီးကေ ရက္ခိတအိပ်မက်ကို လက်တွိ့ကျကျ ယုတ္တိဆန်ဆန် အကောင်အထည်ဖေါ် တည်ဆောက်လားရဖို့ဖြစ်တေ။
ရခိုင်လူမျိုးတိ၏ ဆုံးယှုံးနစ်နာမှု အမှန်တရားနန့် အမျိုးသားလွတ်မြောက်ရီးရို့အတွက် တိုင်းပြည်နန့်လူမျိုးကို ထိထိမိမိကိုယ်စားပြုနိုင်ရေ ရခိုင်အမျိုးသားထုကို သဟဇာတ ဖြစ်အောင် စုစည်းပြီးကေ အမျိုးသားအင်အားစုကြီးတစ်ရပ်နန့် အမျိုးသားရေး လှုပ်ရှားမှုကြီးတစ်ခုကို စနစ်တစ်ကျပုံဖေါ်တည်ဆောက်နီရေ။ အမျိုးသားညီညွတ်ရေးအတွက် ပြန့်ကြင်းနီရေ အင်အားစုချေတိကို အကောင်အထည်ဖေါ်ယင်း လက်တွိ့ကြိုးစားယင်းနန့်ပင် မျိုးချစ်နာမည်ခံပြီးကေ နီရာယူထားဂတ်စော်တိကို ကြုံတွိ့လာရေ။ အမျိုးသားရီးကို အခြီခံခုတုံးလုပ်ပနာ အမျိုးသားရီးစကား နိုင်ငံရီးတော်လှန်ရီးစကားတိကို တာဝန်မယ့်ပြောပနာ နီရာလု ထိုင်ခုံလု ယောင်ခြောက်ဆယ်ပျင်နိဂတ်တေ အကျင့်ဆိုးတိကိုလေ့ ပိုလို့မြင်တွိ့လာရရေ။ သိဟိလာရရေ။
ကိုယ့်ရို့တိအနီနန့် အမျိုးသားရီးသတိ တော်လှန်ရီးသတိ သမိုင်းတိထဲက သင်ခန်းစာတိကို အခြီခံပနာ လက်တွိ့ဆန်ရေ တာဝန်ယူမှုတိနန့် ပြတ်ပြတ်သားသား ဆောင်ရွက် လုပ်ကိုင်ဖို့လိုအပ်တေ။ တစ်ပြိုင်တည်းမှာ ပြဿနာများ၏ အရင်းအမြစ်တိကိုလေ့ ခွဲခြားသုံးသတ်ပနာ ပိုမိုကောင်မွန်လာအောင် အဖြေယှာဆောင်ရွက်လားရဖို့ဖြစ်တေ။



















မျိုးရိုးဗီဇအရ ယေဘုယျအားဖြင့် သတ္တိကောင်းရေ တစ်ဦးချင်းထက်မြက်တေ၊ အရည်အချင်းတိကို ပိုင်ဆိုင်ဂတ်တေ၊ မျိုးချစ်စိတ်အားမာန် ပြင်ထန်ငြားသော်လေ့ စည်းကမ်းနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတိ၊ သတိတရားနန့် တာဝန်ယူမှုတိ၊ စည်းလုံးညီညွတ်မှုတိမှာ အဖျားချူးနီရေ။ ဒေအားနည်းချက်တိကိုပြုပြင်ပြီးကေ တာဝန်ယူမှုအသိတရားတိနန့် မိမိရို့တိုင်းပြည်ကို ပြည်လည်တည်ဆောက်ရီးသည် ရက္ခိုင့်ကံကြမ္မာကို ရက္ခိုင်သားလက်နန့် ဖန်တီးရီး၏ အဓိကသော့ချက်ဖြစ်တေပိုင် ရက္ခိတလမ်းစဉ်၏ အခြီခံကျရေ သဘောတရား တစ်ခုလည်းဖြစ်တေ။
မိမိရို့၏ လက်တွိ့ဖြတ်သန်းမှု အတွိ့အကြုံအရ အနာဂတ်ရခိုင့်လူဘောင်ကို ပိုကောင်းအောင်တည်ဆောက်ဖို့အတွက် အမျိုးသားရီးအင်အားကို စုစည်းခိုင်မာအောင် ညီညွတ်မှု ကို တည်ဆောက်ရာမှာလေ့သို့ အခွင့်အရီးသမားတိ၊ သာရာပေါင်းနတ်ယောင်ကားတိ၊ အပြောကောင်း နီရာရူး တာဝန်မဲ့ ဖြိုခွဲရီးသမားတိအတွက် ခြွင်းချက်ဆိုစော် ထားရဖို့လိုအပ်တေ။ လက်ဟိအခြီအနီအရ ပေါင်းသင့်ပေါင်းထိုက်ရေလူကို ပေါင်းဖို့ထက် မပေါင်းသင့်မပေါင်းထိုက်တေလူတိကို မပေါင်းမိဖို့ အရေးကြီးရေ။ နိုင်ငံရီး အမျိုးသားရီး ဗလာနံတိကို ယှောင်ယှား ဖယ်ယှားခြင်းရေ မင်္ဂလာတစ်ပါးဖြစ်တေ။ ယေမှရာ စစ်မှန်ရေ အမျိုးသားရီးအားမာန်နန့် ယုံကြည်အားထားလောက်တေ ညီညွတ်ရီးကို တည်ဆောက်ရဟိလာဖို့လို့ မှာကြားလိုရေ။
မိမိရို့ရက္ခိုင့်တပ်မတော်အနီနန့် ရက္ခိတလမ်းစဉ်ကိုချမှတ်ပြီးကေ ရရိုက်စိုက်စိုက် တစ်ဆင့်ပြီးကေတစ်ဆင့် အကောင်အထည်ဖေါ်လို့ ဟိနီရေ။ 2014 မေလမှာ ကျင်းပခရေ ကျောက်ဖြူ ရခိုင်အမျိုးသားညီလာခံမှာ ရခိုင်လူမျိုးတိလက်ဟိခံစားနီရရေ ဆုံယှုံးနစ်နာမှုတိကို ကုစားနိုင်ဖို့ လွတ်မြောက်ဖို့ လမ်စအတွက်ပွင့်လင်းမှု၊ ညီညွတ်မှုလမ်းစဉ်တိအတွက် ထားခရေ မျှော်လင့်ချက်တိနန့် ညီလာခံဆုံးဖြတ်ချက်တိလေ့ တာဝန်ယူမှု တာဝန်ခံမှု စုစည်းလုပ်ကိုင်မှုတိ မဟိရေအတွက် ဒေနိဒေအချိန်မှာ ကြက်ဖင်ရီဆုံး ဖြစ်လားခရေ။ သင်ခန်းစာယူစရာဖြစ်တေ။
ရဲဘော်ရို့….. အဂုလက်ဟိ မြန်မာအစိုးရနန့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရီးထိုးရီး ကိစ္စရပ်တိနန့် ပတ်သတ်လို့ မိမိရို့ ရက္ခိုင့်တပ်မတော်အနီနန့် အယုံအကြည်မဟိသော်ငြားလေ့ သတိကြီးစွာထားပြီးကေ စောင့်ကြည့်လုပ်ကိုနီရေ။ အခြီအနီအပြောင်းအလဲ အပေါ်မှာ မူတည်ပြီးကေ မိမိရို့၏ရပ်တည်ချက် ယုံကြည်ချက်ပြောင်းလဲခြင်းမဟုတ်။ ပန်းတိုင်ကို လက်လျော့ခြင်းမဟုတ်ဆိုစွာကို သဘောပေါက်ထားဖို့လိုရေ။ အနီအထားတိ အမျိုးမျိုးပြောင်းလဲနီရေ။ အခြေအနီအရ ပေါ်ပေါက်လာရေ စစ်ရီး နိုင်ငံရီးအခွင့်အလမ်းတိကို အသုံးပြုပြီးကေ တိုင်းပြည်နန့်လူမျိုးအတွက် အကောင်းဆုံးစွမ်းဆောင်ပီးဖို့ အလုပ်အကျွေးပြုဖို့ လိုအပ်တေ။
ငါရို့ ရက္ခိုင့်တပ်မတော်သည် ရခိုင်လူမျိုးများ၏ သီရီးရှင်ရီး အနာဂတ်အာမခံချက်၏ အဓိကအားထားရာ ကြိုးရိုးမဏ္ဍိုင်ဖြစ်တေအတွက် ဇာခါလေ့သော့ ယုံကြည်ချက်လက်နက် စစ်ရီးလက်နက်တိကို စွန့်လီဖို့မဟုတ်။
ရက္ခိုင့်တပ်တော်၏ အောင်ပွဲသည် ရက္ခိုင်အမျိုးသားအောင်ပွဲဖြစ်သည်။ ရဲဘော်ရဲမယ်အပေါင်း တိုက်ပွဲဝင်ရန် အားလုံးအဆင်သင့်ပြင်ထားဂတ်ပါ။ ရက္ခိုင်မိဘပြည်သူ တစ်ရပ်လုံးလေ့သော့ တတ်နိုင်ရေနီရာက အကောင်းဆုံးပါဝင်ဖို့အတွက် နိုးနိုးကြားကြားဟိနီဂတ်ဖို့ လေးစားစွာ တိုက်တွန်းယင်း နိဂုံးချုပ်အပ်တေ။

You should know these days

We know Valentine.
We know Duty more than Valentine.
You should also know these days.
ဗယ်လင်တိုင်းနိကိုသိရေ။
ယင်းနိထက် တာဝန် ကိုပိုသိရေ။
အဆွီရို့ တိ အနီနန့် ဒေနိတိကိုလေ့သိထားစီချင်ရေ။
(၁) ကချင်တော်လှန်ရေးနေ့ (ဖေဖော်ဝါရီလ (၅) ရက်)
(၂) ကရင်နီတော်လှန်ရေးနေ့ (သြဂုတ်လ (၉) ရက်)
(၃) ကရင့်အမျိုးသားတော်လှန်ရေးနေ့ (ဇန်နဝါရီ (၃၁) ရက်)
(၄) ချင်းအမျိုးသားတော်လှန်ရေးနေ့ (မတ် (၂၀) ရက်)
(၅) မွန်အမျိုးသားတော်လှန်ရေးနေ့ (ဝါဆိုလပြည့်ကျော် (၁၀) ရက်)
(၆) ရှမ်းအမျိုးသားတော်လှန်ရေးနေ့ (မေလ(၂၁) ရက်)
(၇) ရခိုင်အမျိုးသားတော်လှန်ရေးနေ့ (ပြာသိုလပြည့်ကျော် (၇) ရက် -မြောက်ဦးထီးနန်းကျဆုံးသည့်နေ့)
(၈) ရက္ခိုင့်တပ်မတော်နေ့ (ဧပြီလ(၁၀)ရက်)
(၁၀) ပအိုဝ်းအမျိုးသားတော်လှန်ရေးနေ့ ( ဒီဇင်ဘာလ(၁၁) ရက်)
(၉) ပလောင်(တအောင်း)အမျိုးသားတော်လှန်ရေးနေ့ (ဇန်နဝါရီလ (၁၂) ရက်)တို့ဖြစ်ကြသည်။
လက်ရှိလောက်ကိုင်တွင်တိုက်ပွဲဖြစ်နေသောကိုးကန့်လူမျိုးတို့၏တော်လှန်ရေးနေ့မှာ သြဂုတ်လ (၁၆)ရက် ဖြစ်ပြီး ဝ တော်လှန်ရေးနေ့မှာ ဧပြီလ (၁၇) ရက်နေ
့ဖြစ်သည်။
မူရင်းပိုစ့်ပိုင်ရှင် ။ ။ ULA/AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်
မှတ်ချက်။ ။ 2015 ဖေဖေဝါရီ 14 ဗယ်လင်တိုင်းဒေး နိမ့်က ပိုစ့်ဖြစ်သည်။

General Tun Mrut Ning gaving speech to his people in Bangkok

ငါရို့ဇာလုပ်ကဖို့လဲ


(ရခိုင်သားတိုင်းကပြောရေ တိုင်းပြည်နဲ့ လူမျိုးချစ်တေလတ်
အမျိုးသားရေးနဲ့ပတ်သက်လာကေ မျက်ရည်တိကြပါလားရေ
ဆိုရေ ရင်တိ ဆူပါလားယေ သွီးတိနိမ်ပြီးကေ ခြေဖျားကသွီး
 ခေါင်းကိုတက်လားရေလတ် မျိုးချစ်စကားကို ကောင်းကောင်းပြောရေ
 သို့သော် ရခိုင်သားတိုင်းက မျိုးချစ်အလုပ်ကို မလုပ် ဇာကြောင့်လဲ?
 ရဲဘော်ရို့ စိုင်းစားမိဖို့ ရခိုင်သားတိုင်းက မျိုးချစ်စကားပြောကေလည်း
 ရခိုင်သားတိုင်းက မျိုးချစ်အလုပ်ကို မလုပ် မျိုးချစ်အလုပ်ကို လုပ်တေ
လူတိုင်းလည်း လုပ်ရမမှန်ကန် အတ္တ ဂိုဏ်းဓန မိစ္ဆာရိယ စိတ်တိနဲ့ 
မအောင်မြင်ပဲ တော်လှန်ရေးတိလည်း တစ်ရက်ထက်တစ်ရက်
 အတွန့်ရှည်ပြီးကေ ခြစားပါလတ်ရေ ပျက်စီးနိမ်ရေ 
ငါးပါးမှောက်နိမ်ရေ။
 ဒေနိ ငါ့ရို့ရခိုင်လူမျိုးရို့ ၏ အမျိုးသားရေးစွာဇာလောက်ဆိုးလဲ 
ဇာအခြေအနေကိုရောက်နိမ်လဲဆိုစွာ ကိုယ်တိုင်ခံစားနိမ်ရရေ 
 ရခိုင်တိအသိဆုံးဗျလ်။) 

 

















ရက္ခိုင့်တပ်မတော် စစ်ဦးချုပ် မိန့်ခွန်းထဲမှ ကောက်နုတ်တင်ပြသည်။
ရက္ခိုင့်တပ်မတော် ULA/AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်...

ဇကုန်ပျံလီ Arakan Army


 ဇကုန်ပျံလီ
 တေးရီ ရဲပန်ဇင်း
 တေးဆို ရက္ခိုင့်တပ်မတော် စစ်သည်များ

ဆိုက်ဗီးရီးယား

ဆိုက်ဗီးရီးယား
Kularakkhita
27/Feb/2015
ငရို့ ရခိုင်သားတိယာ ဆိုက်ဗီးရီးယားငှက်တိပိုင်
တတိုင်းတပြည်သို့ အစာရှာထွက်နိန်ဂတ်ရရေဆိုကေ
ငရို့တိလည်း အိမ်ပြန်ချိန်တန်ဗျာယ်။
ဆိုက်ဗီးရီးယားငှက်တိစွာ ဆောင်းတွင်းမှာဆိုကေ
အိန္ဒိယကိုလားလို့ အစာရှာဂတ်ရရေ။
ဆောင်းရာသီကုန်စွာနန့် ကိုယ့်နိန်ရာကို ပြန်လို့ပျံဂတ်တေ။
ကိုယ့်နိန်ရာသို့ ပျံဂတ်တေခါလည်း ဂစိုင်ဂလျား တစ်ယောက်တပေါက်
ပျံဂတ်စွာမဟုတ်ဘဲ။ ခေါင်းဆောင်ငှက်နောက်က စနစ်တကျလိုက်လို့ပျံဂတ်တေ။
တစ်ကောင်ညောင်းပါလတ်ကေ နောက်တကောင်ရှေ့သို့တက်လို့ ခေါင်းဆောင်ရေ။
ခေါင်းဆောင်မဟိဘဲမပျံ။
ငရို့တိ အိမ်ပြန်ကတ်မေ။
It is time to go back Home.

Change @ Chance @ Choice


Change @ Chance @ Choice
အပြောင်းအလဲ၊ အခွင့်အရီး နန့် ရွီးချယ်ခြင်း
Dr. ညိုထွန်းအောင်
ဖေဖော်ဝါရီ ၂၈ ၊ တနင်္ဂနွီ၊ ၂၀၁၆။


Change begins with choice.
အပြောင်းအလဲကိုရွီးချယ်ခြင်းနန့်စတင်ပါ။
ဆိုခါ ကျနော်ရို့ မှာ ရွီးချယ်စရာ များများစားစားဟိလား။မဟိ။ ယေဇုနန့် လက်ဟိပိုင်ဆိုင်ထားရေပိုင်ဆိုင်မှုတိနန့်
စဖို့လိုပါရေ။ ကျနော်ရို့ ရခိုင်တိမှာ ပိုင်ဆိုင်ထားစော် ဇာချင့်လဲ။ သေချာပါရေ။
 ရခိုင်လူမျိုးတိအတွက် လက်ဟိပစ္စုပ္ပန် မှာပိုင်ဆိုင်ထားစော်က
ယူအလ်အေ/အေအေ ULA/AA။ အခြားတော့ စကေတဗွီ ဟိပါလိမ့်မယ်။
ရွီးချယ်စရာများများစားစားမဟိရေလူမျိုးတစ်မျိုး အတွက် မှန်ကန်ရေရွီးချယ်
အားပီးမှုနန့် ရှေ့ဆက်ဖို့လိုပါရေ။
အာဖရိကန်စကားပုံတစ်ခုဟိပါရေ။


 














When the drummers change their beat,
the dancers must also change their steps.
ဘုံတီးသမားက တီးကွက်ကိုလိုက်ပြောင်းရေအခါ အကသမတိကလည်း 

ကကွက်ကိုလိုက်ပြောင်းရပါ ဖို့။ ဆိုလိုစော်က တီးလုံးနန့်ကကွက်လိုက်ဖက်ဖို့ လိုပါရေ။ တစ်ယောက်နန့်တစ်ယောက် Synchronize ဟန်ချက်ညီဖို့လိုရေကို ဆိုလိုစော်ပါ။
အပြောင်းအလဲ၊ ရွီးချယ်ခြင်းအကြားမှာ Chance အခွင့်အရီး ကလည်းဟိဖို့လိုပါရေ။ 

အပြောင်းအ လဲကလည်းဟိရေ။ ရွီးချယ်ခွင့်ကလည်းဟိရေ။ ယေကေလေ့ အခွင့်အရီးကမဟိဆိုကေအပြောင်း အလဲကြောင့် ဖြစ်လာရေ အခွင့်အရီးက 
အလကား ပါရာ။
ယေဇု Change ပြောင်းလဲခြင်း၊ Choice ရွီးချယ်ခြင်း၊ Chance အခွင့်အရီး၊

 အေသုံးခုရေ ဟန်ချက်ညီပေါင်း စည်းနိုင်ဖို့ ကောင်းအရီးကြီး ပါရေ။
တစ်ကမ္ဘာလုံးသို့ ပြန့်ကြဲရောက်ဟိနီကတ်တေ ရခိုင်လူမျိုးများအားလုံး၏

Synchronize ဖြစ်ခြင်း၊ မဖြစ်ခြင်းရေအေနိအေအချိန်မှာ 
ရခိုင်ကံကြမ္မာ၏ အဆုံးအဖြတ်ကို အကျိုးသက်ရောက်စီနိုင်ပါရေ။
 ယေဇုနန့် Change begins with choice. အပြောင်းအလဲကို 
ရွီးချယ်ခြင်းနန့်စတင်ပါ။ 
ရွီးစော်မှာလည်း မှန်ကန်ရေလမ်း နန့် အကျိုးဖြစ်ထွန်းဖို့ 
အရာကို ရွီးချယ်နိုင်ကတ်ပါစီ။ မှန်ကန်ရေရွီးချယ်မှုကို 
ရွီးချယ်နိုင်ပနာ အမျိုးသားအကျိုးစီးပွားကို 
 ဆထက်တံပိုးထမ်း နိုင်ကတ်ပါစီ။

မန်ဒေးလားစကားနဲ့ ငရို့အဖြေ

 ထွန်းလင်း
7.March.2015

တောင်အာဖရိက နိုင်ငံသမ္မတ တစ်ယောက်ဖြစ်ခ့ယေ
မန်ဒေးလား ဇာတ်ကားကို ကြည့်ပြီးကေ သင်္ခန်းစာတိ
သင်ယူကတ်ပါမေ အမျိုးရို့။
နယ်ဆင် မန်ဒေးလားစွာဆိုကေ တောင်အာဖရိက နိုင်ငံ၏
လူဖြူ လူမဲ ခွဲခြားမှု ပြဿနာမှာ ဦးဆောင်ခ့ပြီးကေ နိုင်ငံတော်သမ္မတ
အထိ ဖြစ်ခ့ရေ ပုဂ္ဂိုလ်ထူးတစ်ယောက်ပါ။

သူစွာယေ ထောင်ထဲမှာ ရောက်နိန်ရေအချိန်ခါ..
လူမည်းတိစွာ လူဖြူတိပါးမှာ သပိတ်မှောက်လိုက်ရပါရေ။
ကျောင်းတိ လမ်းတိ အားလုံး ကိုပိတ်ပလိုက်ပြီးကေ
နိုင်ငံရေး ပါဝင်ရေ လူတိကို လိုက်ပနာဖမ်း၊ထောင်ချပါရေ။
ယင်းပိုင် အဖမ်းခံရရေ အထဲမှာ သတ္တိကောင်းရေ ကျောင်းသားချေ
တစ်ယောက်ပါပြီးကေ သူက ထောင်နားကပ်ပြီးကေ
ဒေချင့်မှာ မန်ဒေးလားဆိုရေ လူဟိရေလား ဆိုပြီးမေးပါရေ။

မန်းဒေလားကိုကျောင်းတိပိတ်ခံလိုက်ရဗျာယ် လမ်းတိအပိတ်ခံလိုက်ရဗျာယ်။
မင်းကတော့ခါ ဒေမှာ လာပြီးကေ နှပ်နိန်ရေ ဆိုပြီးကေ ရင်ဆာဆာနန့်
ကကောင်းပြောပလိုက်ပါရေ။
ယေခါ မန်ဒေးလားက ယင်းကျောင်းသာျးေချကို ကျေးဇူးတင်စကားပြောပါရေ။
အေးဝေး ငါလည်း ထောင်ထဲရောက်နိန်စွာ ကြာဗျာယ်။ ယင်းကြောင့် ငါသတင်းတစ်ခု
ကိုလည်း မသိရ။ မင်းအခုပိုင်ပြောပြရေအတွက် ကျေးဇူးတင်ရေ။
မင်း တဗျင်းသတ္တိကောင်းရေ ဆိုစွာ ငါသိရေ၊ ငါမြင်နိန်ရရေ။
ယကေလည်းသော့ အဝေး မင်းမှတ်ထားလီ...
မင်းနဲ့ငါ အသတ်ခံရနိုင်ရေ၊ ထောင်ချခံရနိုင်ရေ။
သို့သော် အဖွဲ့အစည်းစွာ ဆက်လက်ရှင်နိုင်ရေ ဆိုပြီးကေ
မန်ဒေးလားက သူ့ညာဘက်လက်ဝါးကို ထောင်ပြပြီးကေ
ပြောလိုက်ပါရေ။
ကောက်နှုတ်ချက်
တစ်ဦးတစ်ယောက်ချင်း တော်နိန်ရုံ၊ တတ်နိန်ရုံနန့် လုံလောက်တေ စွမ်းအားကိုမရနိုင်၊
ပြီးကေ တစ်ဦးတစ်ယောက်တော်ရုံတတ်ရုံနန့် ရှည်လျှားရေ နက်နဲရေ နိုင်ငံရေး ခရီးကို
ဆက်ဖို့ခက်တေ။
အဖွဲ့အစည်း၏ ညီညွတ်ခြင်းနန့်ဆိုကေ ငရို့တိမှာ အင်အားကောင်းရေ။ ခရီးရှည်ကိုလည်း
ဆက်လားနိုင်ရေ။
စည်းလုံးခြင်းသည် အောင်ကြောင်းပါ။
ကျေးဇူးတင်ပါရေ။

စစ်ဖိနပ် နှင့် ဖိနှိပ်မှုကြားက မြေဇာပင်များ

စစ်ဖိနပ် နှင့် ဖိနှိပ်မှုကြားက မြေဇာပင်များ
နှင်းနှင်းနွယ်(ရခိုင်သူ)
22/4/2016
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
မြေဇာပင် ဆိုတာ နွေခေါင်ခေါင် ရေမရှိတဲ့အချိန်၊
အစာရေစာရှားတဲ့အချိန်၊ ဒုက္ခရောက်နေတဲ့အချိန်၊
စသော ကန္တရဆန်သော ပူပြင်းသော ရာသီဥတု၊
ခြောက်သွေ့သော အငွေ့အသက်ကြားကပေါ်ထွက်
လာသော အက်ကွဲတွေကြားကအမျိုးအစားအပင်
တစ်မျိုးပင်ဖြစ်သည်။
ဆိုတော့...
ကျမ တို့ ရခိုင်လူထုသည်လည်း မအလ စစ်တပ်၏
လူသားမဆန်သော ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ မုဒိန်း
ကျင့်မှု၊ ကြားက မြေဇာပင်တွေလိုဖြစ်ခဲ့ကြသည်။
အစိုးရ၏ လူသားမဆန်သော အာဏာခွဲဝေမှု၊
မွေးရာပါလူ့အခွင့်အရေးဆုံးရှုံးမှု၊ဖိနှိပ်စော်ကားမှု၊
စသော အကြောင်းတရားများကြောင့် ရခိုင်လူထု
သည် ယခုအချိန်မှာ မြေဇာ ပင်အဖြစ်သို့ရောက်ရှိ
ခဲ့ကြသည်။ ရခိုင်မြေမှာ ယခုဆိုလျှင် သယံဇာတ
တွေဟာ ပေါ်ကြွယ်ဝဖြိုးသော်လည်း အသုံးမကျ
သော၊ ပညာမဲ့သော၊ လူသားမဆန်သောလူတစ်စု
၏ ခေတ်အဆက်ဆက်ဖိနှိပ်မှုကြောင့် ရခိုင်လူထု
များသည် လူလုံးမလှ အညွှန့်တုံးဘဝကို
ကျရောက် မှန်းမသိကျရောက်ခဲ့ရသည်။
ရခိုင်မြေက ဘာထွက်သည် ဆိုတာ ကမ္ဘာကသိ
သည်။ ဒီအကြောင်းကို နည်းနည်းပြောပြမယ်။
ဆရာ ဦးဇော်အေးမောင် အမေးခံရသလို ကျမ
တို့သူငယ်ချင်းတစ်စုအမေးခံရဖူးသည်။
ရခိုင်ပြည်မှ porter ဆွဲခေါ်ခံရသူများ

Rakhine civil war refuge







































ဒါကိုကျမ ဖြေရှင်းနိုင်ခဲ့သည်။ ကျမသူငယ်ချင်း
များ၊ ကျမရခိုင်လူထုအားလုံးကိုယ်စားပေါ့လေ။
ကျမတို့ သူငယ်ချင်းများအဖွဲ့သည် (ဂျပန်)
(ရခိုင်သူများချဉ်းသာ) လေ့လာရေးခရီးအတူသွား
ခဲ့ကြသည်။ အဲဒီမှာ ကျမတို့အဖွဲ့ကို ဂျပန်သမိုင်း
ပါမောက္ခ ဆရာတစ်ယောက်ကမေးသည်။
'ဘယ်ကလဲပေါ့။ ကျမ ကအသင့်ပါလာသော
မြန်မာနိုင်ငံမြေပုံထဲမှ ရခိုင်မြေကို လက်ညိုး
ထိုးပြီးပြလိုက်တယ်။
ကျမက ရခိုင်မြေပုံကိုပြပြီး 'ဒီဘင်္ဂလားပင်လယ်
ရဲ့ကန်းရိုးတန်းနေရာကိုသိသလားပေါ့။
သူက သိတယ်တဲ့လေ။
ဟုတ်. ကျမ တို့ဒီနေရာကပါ ဆိုတော့..
သူ မျက်လုံးပြူးသွားတယ်။
သူက မင်းတို့နေရာတော့မရောက်ဖူးဘူး။
ဒါပေမယ့် အဲဒီနေရာအကြောင်း တော်တော်များ
များသိတယ်။ မြောက်ဦးမြို့ဆိုတာ ငါအလေ့လာ
ချင်ဆုံးနေရာများထဲကနေရာတစ်ခုပဲ။
မင်းတို့နေရာက တော်တော်တန်ဖိုးရှိတယ်။
စီးပွါးရေးနဲ့ကြည့်ရင်လည်း မင်းတို့နေရာဟာ
ကမ္ဘာမှာ အကောင်းဆုံးနေရာအပါအဝင်ဖြစ်
နိုင်တယ်။ ရေမြေတည်နေပုံ၊ တောတောင်တည်
နေပုံ၊ မြေပြန့်တည်နေပုံတွေက တော်တော်သဘာ
ဝ ကျတယ်။ စသည်ဖြင့် တော်တော်များများပြော
ပြတယ်။
နောက် .. မင်းတို့ နေရာက လူတွေက တော်တော်
ချမ်းသာကြမှာပဲ တဲ့လေ။
ကျမက ပြုံးမိတယ်။ ရင်နာအပြုံးပေါ့လေ။
နောက် ..ကျမ အဲဒီပါမောက္ခကို ရှင်းပြလိုက်တယ်။
ရခိုင်လူထုဘယ်လိုနေရပုံ၊ ပညာကိုဘယ်လိုသင်
ယူရပုံ၊ စီးပွါးရေးကိုဘယ်လို လုပ်ကိုင်စားသောက်
ရပုံ၊ လူမှုရေးဘယ်လိုရှိပုံ၊ လူ့အခွင့်အရေးဘယ်လို
ထားပုံ၊ ဘယ်လိုဖိနှိပ်မှုတွေခံရပုံ စသဖြင့် ကျမ
နာရီဝက်ကျော်ကျော်လောက်ရှင်းပြလိုက်တယ်။
သူ တော်တော် နားလည်သွားတယ်။
သူပြောသွားတာက ' မင်းတို့လူမျိုးတွေဟာ
ရွှေပုံမှာနားနေတဲ့ငှက်တစ်ကောင်လိုပဲ တဲ့လေ။
သူပြောသွားတဲ့စကားကတော်တော်အဓိပ္ပါယ်
ပြည့်ဝပြီး တာသွားတဲ့စကားတစ်ခွန်းပါပဲ။
ဟုတ်တယ်။ ကျမ တို့ရခိုင်လူမျိုးတွေဟာ
သယံဇာတ ၊ တော်တောင်ရေမြေတွေပေါများ
သော ရွှေပုံထက်က ငှက်တစ်ကောင်ပါပဲ။
ဘာမှစားလို့မရ ၊ တန်ဖိုးသိပေမယ့် မလုပ်ကိုင်
မစားသောက်ရတဲ့ဘဝ၊ ရွှေပုံကိုကြည့်ပြီး
ထမင်းငတ်နေတဲ့ဘဝတွေပါပဲ။ ဒါဟာ
ဗမာလူတစ်စုတို့ တော်လို့၊ တတ်လို့မဟုတ်ပေ။
အသုံးမကျသော ကျမ တို့လူမျိုး၏ မညီညွှန့်သော
အားနည်းချက်ကြောင့်သာဖြစ်ပေသည်။
လူမျိတစ်မျိုးက လူမျိုးတစ်မျိုးအကျိုးစီးပွါး
ကို လိုလားသည်ဟူသည် ဘယ်ကမ္ဘာမှာမှမရှိ။
ရရင်ရသလောက်ယူပြီးထိုလူမျိုးကိုဖျောက်ပစ်
မည်သာဖြစ်သည်။ နောက်ဆုံးထိုမြေကို သူတို့
မြေလုပ်ပြီးဝါးမြိုသွားမည်သာဖြစ်သည်။
ဒါကို ကျမ တို့ရခိုင်လူမျိုးမျာသိသင့်ပေသည်။
မိမိလူမျိုး၏အကျိုးစီးပွါးကို သူတပါးလူမျိုးက
လုပ်ပေးပြီးမိမိလူမျိုးကိုတိုးတက်အောင်ခေါ်
ဆောင်လိမ့်မည်ဟူသည်မှာ ရူးမိုက်သောအတွေး
သာဖြစ်ပေသည်။
ကျမတို့လူမျိုးတွေ မညံ့ကြပါနဲ့တော့။
ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးယူမှသာလျှင်
ကိုယ့်လူမျိုးသည် အဓွန့်ရှည်တည်တဲ့ပြီး
ရခိုင်လူမျိုးဆိုတာ ကမ္ဘာတည်နေမှာဖြစ်သည်။
ထိုအချက်ကို ကျမ အလေးအနက်ထား
ပြောချင်ပါတယ် ရှင်။
အခု .. ကျမတို့ရခိုင်လူထုသည် စီးပွါးရေးခရိုနီ၊
ဗမာပေါ်လစီအောက်က မြေဇာပင်ဖြစ်နေကြရပြီ။
ဒါကို အဆုံးသတ်ဖို့ ကျမတို့ရခိုင်ပညာရှိ၊
ပညာတတ်၊ အမျိုးသားရေးနိုးကြွသူများသည်
ကြိုးစားကြရမည်ဖြစ်သည်။
သူတပါးလူမျိုးမိမိလူမျိုးကို လုပ်ဆောင်ပေးလိမ့်
မည်ဟူသော ရူးမိုက်သောအတွေးကို ဖယ်ရှား
သင့်သည်။
ဒါကြောင့် ကျမတို့ ရခိုင်လူထုမိဘပြည်သူတွေ
မြေဇာပင်အဖြစ်မှအမြန်လွတ်ဖို့ ကျမတို့ ရခိုင်
ပညာရှိ ပညာတတ် အမျိုးသားရေးနိုးကြွသူများ
စုပေါင်းညီညာ လက်တွဲဖြာလို ရခိုင်မြေနှင့် ရခိုင်
လူထုကို ကယ်တင်ပေးကြပါကြောင်း အသိပေး
ရင်း ကျမ၏ ဆောင်းပါးအားအဆုံးသတ်လိုက်ပါ
သည် ရှင့် ။ ။

ရခိုင်လူမျိုးများရင်ဆိုင်နေရသော (သို့) ရင်ဆိုင် ရနိုင်သောဖြတ်လေးဖြတ် နှင့် ဖျက်လေးဖျက်

ရခိုင်လူမျိုးများရင်ဆိုင်နေရသော (သို့) ရင်ဆိုင်
ရနိုင်သောဖြတ်လေးဖြတ် နှင့် ဖျက်လေးဖျက်
နှင်းနှင်းနွယ်(ရခိုင်သူ)
24/4/2016
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ဒီနေ့အချိန်ကာလ၌ ရခိုင်လူမျိုးတို့၏ဒုက္ခ
အကြီးကျယ်ဆုံးဖြစ်သော ဖြတ်လေးဖြတ်နှင့်
ဖျက်လေးဖျက် စစ်ဗျူဟာနံရံကြီးနှစ်ဖက်ကြားကို
 ရောက်နေသောအချိန်ကာလဖြစ်သည်။
ထိုဖြတ်လေးဖြတ်ကား...
၁- ရိက္ခာဖြတ်၊
၂- ဘဏ္ဍာငွေဖြတ်၊
၃-ထောက်လှမ်းရေး
သတင်းအချက်အလက်များဖြတ်၊
၎- တော်လှန်ရေးရဲဘော်သစ်များ
မစုဆောင်းနိုင်အောင်ဖြတ်ခြင်း
 (Food, Fund, Intelligence, and recruits) ပင် ဖြစ်သည်။
Rakhine civil war refugee

Suspected victims as Arakan soldiers in Rakhine
















































ဖျက်လေးဖျက်ကား...
၁- စိတ်ဓါတ်များကိုဖျက်ဆီးခြင်း၊
၂- စာပေယဉ်ကျေးမှုအမွှေအနှစ်များကို
ဖျက်ဆီးခြင်း၊
၃- ကျေးရွာများကိုမီးတိုက်ဖျက်ဆီးခြင်း၊
၎- ဆင်းရဲတွင်းနက်နာလန်ပြန်မထူနိုင်အောင် စီးပွါးရေးကိုဖျက်ဆီးခြင်းများပင် ဖြစ်သည်။
(ဆရာKhaing Aung Aung - New York
စာသားအားအနည်းငယ်ပြင်ဆင်သည်။)
.……………
ကျမတို့ရခိုင်လူမျိုးတို့သည် ယခုအချိန်မှာ
မအလစစ်တပ်၏ ပေါ်ထာဆွဲမှုကြောင်း၎င်း၊
သတ်ဖြတ်မှုကြောင့်၎င်း၊ မအလစစ်တပ်၏
ယုတ်မာသော ၊ လူသားမဆန်သော ပြည်သူများ
အား စစ်ပွဲ၌ လူသားဒိုင်းကာအဖြစ်အသုံးပြုမှု
ကြောင့်၎င်း၊ ရခိုင်အပြစ်မဲ့ပြည်သူတို့သည်
ဒုက္ခသည်ဘဝကို နေချင်း၊ ညချင်း ရောက်သွား
ကြတာ ယခုဆိုလျှင် စစ်ဘေးဒုက္ခသည်တွေ
၇၀၀ ကျော်ထိ ကြောက်ခမမ်းလိလိတိုးလာခဲ့
ပေသည်။ ထိုသို့ ဒုက္ခသည်များတစ်နေ့တခြား
တိုးလာခဲ့သည်ကို မြန်မာအစိုးရကသော်၎င်း၊
ရခိုင်ပြည်နယ်ဝန်ကြီးကသော်၎င်း တစ်ခွန်းတပါဒ
မှ မဟတာက သူတို့ပြောပြောနေသော လူ့အခွင့်
အရေး၊ တန်းတူညီမျှဆက်ဆံရေး၊ လူသားခြင်း
စာနာရေးစသော လေပေါ်နလွင့်စကားတွေကို
အသုံးပြုခဲ့ကြသောထိုအစိုးရသည် တခွန်းမှ
မဟတော့တာက တိုင်းရင်းသား လူမျိုးများအား
စော်ကားသလိုဖြစ်စေသလို တိုင်းရင်းသားများ၏
ခွဲထွက်ရေး အသံသည်လည်းပို၍ ပို၍ကျယ်လောင်
လာစေပေသည်ကို ထိုအစိုးရသည်မသိလေ
သလော့။


တိုက်ပွဲတွေရှိတဲ့အရပ်မှာ ငြိမ်းချမ်းရေးသီးနေတယ်'

သူငယ်ချင်းရေ အချိန်ရရင် သံအမတ်ကြီးကို ဒီကဗျာလေးအကြောင်းကိုပြောပြပေးပါ။


တိုက်ပွဲတွေရှိတဲ့အရပ်မှာ ငြိမ်းချမ်းရေးသီးနေတယ်'
အချစ်ရှိတဲ့အရပ်ငါမသိပေမဲ့
တိုက်ပွဲတွေဖြစ်နေတဲ့နေရာငါသိတယ်
 Dr.Nyo Twan Awng
2015 July 31, Friday , Blue Moon Day
၁၃၇၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာနေ့။
Arakan Army


















 ဖြစ်လာမဲ့ မပည ငါသိတယ်
အချစ်ကိုခဏတန်းဖြုတ်ထားနိုင်ပေမဲ့
လောလောလတ်လတ်တိုက်နေရတဲ့
ရင်ဆိုင်တိုက်ပွဲတွေကိုတော့
ကျည်ဆံမကုန်သရွေ့
ဆုတ်မိန့်မပေးလာသရွေ့
ရပ်တန့်မထားနိုင်ဘူး။

မနေ့ကလည်းတိုက်ပွဲတွေရှိတယ်
ဒီနေ့လည်းရှိတယ်
အရင်တစ်နေ့ကလည်းရှိတယ်
အခုလည်းမသေချာသေးဘူး
ရန်သူတွေထပ်တက်လာနေပြီတဲ့။
မသိရင်မှတ်ထား
ခေတ်သစ်အဘိဓာန်ထဲမှာ
တိုင်းရင်းသားပိုင်နက်ဆိုတာ
တိုက်ပွဲတွေရှိရာအရပ်ကိုခေါ်တာပဲ။
ငြိမ်းချမ်းရေးအတွက်
တိုက်ပွဲတွေလိုအပ်တယ်ဆိုပေမဲ့
တိုက်ပွဲတိုင်းရလာဒ်က
ငြိမ်းချမ်းရေးရဲ့အဖြေတော့မဟုတ်။
တစ်ခါလာလည်းငြိမ်းချမ်းရေး
နှစ်ခါလာလည်းငြိမ်းချမ်းရေး
ဂတိသစ္စာတွေရှိမနေသရွေ့
ယုံကြည်မှုတွေထပ်မတည်ဆောက်နိုင်သရွေ့
ရိုးသားမှုတွေငြိမ်းချမ်းရေးစားပွဲဝိုင်းဆီမပါလာသရွေ့
တိုက်ပွဲတွေဆက်ရှိနေပြီး
ငြိမ်းချမ်းရေးလည်းဆေးယဉ်လာလိမ့်မယ်။
၂၁ ရာစုမှာ
ရောဂါထက်ကြောက်စရာကောင်းတာက
ဆေးယဉ်ပါးမှုပြဿနာပဲ
ဒီအထဲ ဒီနိုင်ငံမှာတော့
ငြိမ်းချမ်းရေးယဉ်ပါးမှုကအကြာဆုံး။
ငြိမ်းချမ်းရေးမှာ
ကွန်ထရိုးဇက် (Ctrl + Z) ဆိုတာရှိပေမဲ့
ပစ်လိုက်တဲ့ကျည်ဆံနဲ့ပစ်ပြီးသားလောင်ချာခွံ
ဒဏ်ရာရရဲဘော်နဲ့ ကျဆုံးသူတွေအတွက်
ထွက်ပြီးသားဆင်စွယ်လိုမျိုး
ပြန်ဝင်ရိုးထုံးစံမရှိဘူး
ပြန်ရှင်ရိုးထုံးမရှိဘူး။
သေးပေါက်ရင်းကော်ဖီသောက်တာနဲ့
ကော်ဖီသောက်ရင်းသေးပေါက်တာ
ဒီခွက်ထဲကဒီအရသာတူနိုင်ပေမဲ့
ဆွေးနွေးရင်းတိုက် တိုက်ရင်းဆွေးနွေးတာတော့
အသက်တွေစတေးရတယ်
ဘဝတွေစတေးရတယ်
မိသားစုတွေပြိုပျက်ရတယ်
သံသရာမှာဒဏ်ရာကိုပိုနက်စေတယ်
ငြိမ်းချမ်းရေးနဲ့ပိုဝေးလာတယ်။
ဘယ်သူတွေဘာပြောပြော
သေချာတာတော့
တိုက်ပွဲတွေရှိတဲ့အရပ်မှာ
ငြိမ်းချမ်းရေး သီးနေတယ်။
ခက်ဆစ်။ ။
(၁) သီး = လည်ချောင်းရှိလေပြွန်၌တစ်စုံတစ်ရာဆို့နေ၍ အတွင်းလေကတွန်းထုတ်သည်။ (မြန်မာအဘိဓာန်)

ဗမာအုပ်ချူပ်ရေးဟာ လောကငရဲပါ

ဗမာအုပ်ချူပ်ရေးဟာ လောကငရဲပါ
ခိုင်အောင်အောင်
ဧပြီလ ၂၅ ရက် ၂၀၁၆ ခုနှစ်
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
နိုင်ငံရေးအရခွဲထွက်ခြင်း (သို့ မဟုတ်) သီးခြားလွတ်လပ်တဲ့

 အချူပ်အခြာအာဏာပိုင်  နိုင်ငံသစ်ထူထောင်ခြင်းကို
ဆုံးဖြတ်ချက်ချပေးနိုင်တာက အမျိုးသားလွတ်မြောက်ရေးလှုပ်
ရှားမှုတိုက်ပွဲကို ဆင်နွဲနေကြတဲ့ အဲဒီလူမျိုးများကိုယ်တိုင်ပဲ
ဖြစ်ပါတယ်။ နိုင်ငံတကာဥပဒေအရရော၊ နိုင်ငံတကာအဖွဲ့ 
အစည်းများကပါ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများကို

ဝင်ရောက်စွက်ဖက်ဟန့်တားနှောင့်ယှက်ပိုင်ခွင့်မရှိ
သလို ကမ္ဘာ့အသိုင်းအ၀ိုင်းရဲ့ သဘောထားကတော့
ဒုတိယကမ္ဘာစစ် လွန်ကာလကတည်းက ကိုလိုနီစနစ်ဖျက်
သိမ်းရေးနှင့်သီးခြားလွတ်လပ်တဲ့ နိုင်ငံသစ်များထူထောင်ရေးကို
လူ့ ကျင့်ဝတ် သီလ လောကပါလတရားကို ကိုင်စွဲပြီးတော့
ထောက်ခံအားပေးကြပါတယ်။












 နိုင်ငံသစ်၏အခွင့်အရေးများ၊တာဝန်ဝတ္တရားများ၊
 စံနှုန်းများနဲ့ ပတ်သက်လို့မွန်တာဗီတိုကွန်ဗင့်ရှန်း
 (The Montevideo Convention- 1933) ကနေ
ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်များအထိ
တချို့ သော စည်းမျဉ်းဥပဒေတွေရှိနေပေမဲ့
နိုင်ငံသစ်ဖြစ်လာဖို့  အလွန်အရေးကြီးတဲ့
ပထမဆုံးသောမရှိမဖြစ်လိုအပ်ချက်က မိမိလူမျိုး
နယ်မြေဒေသကို ကျူးကျော်နယ်ချဲ့ အုပ်စိုးထားတဲ့ အစိုးရ
 (သို့ မဟုတ်) အုပ်ချူပ်ရေးစနစ်
(သို့ မဟုတ်) လူမျိုးကို တော်လှန်အောင်မြင်ဖို့ ပဲ
ဖြစ်ပါတယ်။

လောကကို မောင်းတင်၍ ခရီးနှင်ခဲ့လေပြီ

လောကကို မောင်းတင်၍ ခရီးနှင်ခဲ့လေပြီ
  နှင်းနှင်းနွယ်(ရခိုင်သူ)
26/4/2016
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
FaceBookထက်မှနှင်းနှင်းရဲ့စာဖတ်ပရိသတ်များ၊
နှင်းနှင်း ရဲ့ ချစ်လှစွာသော သူငယ်ချင်းများ၊
နှင်းနှင်းကိုအမြဲအားပေးဝေဖန်ပေးကြသော
ချစ်လှစွာသော ရွှေရခိုင်သူ/သားများ စသော
နှင်းနှင်းရဲ့ အကောင်းဆုံးမိတ်ဆွေ၊ အရင်းနှီးဆုံး
သူငယ်ချင်းများကို နှင်းနှင်း တောင်းပန်ချင်ပါတယ်။



















 လောကြီးရဲ့ ခရီးကို မောင်းနှင်ဖို့ ၊ ဘဝရဲ့အဖြစ်
ချင်ဆုံးသော လူနေမှုပုံစံတွေကိုလေ့လာဖို့
နှင်းနှင်းတို့တွေဟာ လေယာဉ်တစ်တန်၊
ကားတစ်တန်၊ခြေကျင်တစ်တန်ဆိုတဲ့
ညို့ညို့မှိုင်းမှိုင်း တော
တောင်တန်းတွေပေါ်ပြီး ဖြူစင်မှုတွေပြည့်ဖုံး
နေသော ဘဝရဲ့အနှစ်သာရပန်းချီတစ်ချပ်လို
ခံစားနိုင်မယ့် နေရာကို နှင်းနှင်း တို့သူငယ်
ချင်းငါးယောက် ခရီးနှင်ခဲ့ကြပါပြီ။

ဖုန်းလိုင်းဆိုတာ ဗမာနတ္ထိ၊ TV ဆိုမမြင်ဖူး၊
ဘဝကိုရေစုန်မျောနေကြသော ထိုနေရာလေးကို
နှင်းနှင်းတို့အရောက်သွားခဲ့ကြပါပြီ။
လေယာဉ်ထက်ကမြင်ရသော
ကွင်းပြင်တွေ၊ညို့ညို့မှိုင်းမှိုင်းနေရာ
တွေက ဘာကိုလွမ်းမှန်မသိတော့ပါဘူး။

ခရီးတစ်ခုရဲ့ဘဝအစဟာ လူတစ်ယောက်ရဲ့
ဘဝနေထိုင်မှုပုံစံတွေကို များစွာပြောင်းလဲစေ
ပါတယ်။

ချစ်သော နှင်းနှင်းရဲ့ စာဖတ်သူများ၊ဝေဖန်သူများ၊
အားပေးသူများ စသောနှင်းနှင်ရဲ့ အချစ်ဆုံး
FaceBook သူငယ်ချင်းတွေကို ပြောချင်ပါတယ်။

 နှင်းနှင်း အရင်လို post တွေ တင်နိုင်လိမ့်မယ်
မထင်ဘူး။ ဖုန်းလိုင်းတွေမမိတဲ့နေရာမှာ
ပျော်ရွှင်မှုတွေရှိနေပေမယ် နှင်းနှင်းရဲ့စာဖတ်သူ
တွေကို အားနာပါတယ်။

ဒါပေမယ့် တတ်နိုင်သလောက်တော့ ကြိုးစား
တင်ပြပေးပါ့မယ်။
နှင်းနှင်း တို့သူငယ်ချင်းတွေ အခု ခရီးနှင်ခဲ့ကြပြီ။
တောတောင်သဘာဝနဲ့နိမ့်ကျနေတဲ့ ဘဝကလေး
ကို ကျမတို့မျက်ရည်တွေကြားကကြည့်ခွင့်ရတော့
မယ်။ မွေးရာပါလူ့အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့
ထိုဘဝလေးတွေကို မှတ်တမ်းတွေပြုစု၊ မျက်ရည်
တွေခြေဥကျရတော့မယ့် အဖြစ်ကလေးတွေကို
ကျမ တွေးပြီး အပြုံးတွေကွယ်ပျောက် ဒေါသတွေ
ရောက်ခဲ့နေပြီ။ ဘာဆို ဘာမှမသိကြတဲ့ ထိုဒေသ
လေး ဖြူစင်မှုတစ်ခုကလွဲပြီး မာယာပရိယ်ကင်း
သောထိုဒေသလေးကို ကျမ တို့တွေ တောတောင်
တွေကိုဖြတ် သဘာဝပေါက်ပင်တွေကြားကခရီး
နှင်ကြတော့မည်။
ကျမ ပျော်စရာတွေပဲ တွေးချင်ပါတယ်။
ဒါပေမယ့် ထိုဒေသကလူတွေမပိုင်တဲ့
လိမ္မော်ခြံတွေ၊ ရာဘာခြံတွေ ၊ လက်ဖက်ခြံတွေ၊
စသော အလှတရားတွေကို ကျမတို့တွေ ဒေါသ
မျက်လုံးတွေနဲ့ကြည့်ပြီးဖြတ်သန်းရအုံးမယ်လေ။
ကိုယ်ပိုင်မြေ ရှိကြပေမယ့် နေထိုင်ရာမရှိကြတဲ့
ထိုဒေသလေး ၊ ကျမ တို့ မျက်ရည်တွေကြားက
အားပေးစကားတွေပြော၊ ပါလာသောပစ္စည်း
ပစ္စယတွေကိုလှူဒါန်း၊ နွေးထွေးသောအပြုံးတွေ
နဲ့ပြုံးပြီး အားပေးစကားပြောရတော့မှာပေါ့။
ကျမ မြင်ရောင်နေသေးတယ်။

ထိုဒေသလေးကို (ဘန်ကောက်)သူငယ်ချင်းတစ်စု
နဲ့အတူ ပထမခြေချခဲ့သော နှစ်ကပေါ့။
ခလေးတစ်ယောက် ရွာထဲမှထွက်လာပြီး
နှပ်ချေးပြုတ်ပြုတ်နဲ့ လာနှုတ်ဆက်တာ။
သူတို့ကလေးတွေရဲ့စကားကိုကျမနားမလည်ဘူး။
သူငယ်ချင်း(ဘန်ကောက်. ပအိုဝ်းသူ) က ရှင်းပြ
တယ်လေ။ အခုကျမ သူတို့စကားလေးတွေကို
နည်းနည်းနားလည်ခဲ့ပြီ။ လေ့လည်းလေ့လာခဲ့ပြီ။
ကျမရောက်ခဲ့ရင် အရင်ဆုံး သူတို့စကားလေးတွေ
ကိုပြောပြီးနှုတ်ဆက်မယ်။ အံ့သြနေတဲ့သူတို့လေး
တွေကို အပြုံးနဲ့ချွေသိပ်ရင်း ပွေ့ဖက်ပေးမယ်။
ကျမမှာ ရှိတဲ့ မေတ္တာတရားကို သူတို့လေးတွေ
အတွက်အကုန်လုံးပေးမယ်။ ဒါဟာ ကျမတို့
သူငယ်ချင်းတွေရဲ့စိတ်ကူးပါပဲ။

ကျမကရခိုင်လူမျိုးတစ်ယောက်ပါ။
ဒါပေမယ့် ကျမ သေမလောက်ချစ်တဲ့ ရခိုင်လူမျိုး
တို့ရဲ့ မျက်ရည်တွေ၊ ချွေးတွေ၊ ဖိနှိုမှုတွေ၊
မွေးရာပါလူ့အခွင်းအရေးတွေ၊ မတရားသတ်ဖြတ်
ခံရမှုတွေ စသော ဒေါသထွက်စရာအကြောင်းများ
ကို ကျမ မစွမ်းဆောက်နိုင်သေးဘူး။
ကျမ ဝမ်းနည်းတယ်။ ငိုမိတယ်။ ဒေါသထွက်မိတယ်။
နောက်ပြီး ကျမအခု ဝေးရာကို လေ့လာရေး
ခရီးနှင်ခဲ့ပြီပေါ့လေ။
ဘဝကို အနှစ်သာရရှိစေဖို့ လေ့လာရေးခရီး၊
(သို့) မွမ်းကျပ်မှုတွေကို ဖြေဖျောက်သောခရီး၊
(သို) အပျော်တမ်းခရီးမဟုတ်သော လွတ်လပ်သော
ခရီးကို မောင်းနှင်ခဲ့ကြပြီ။
ရွက်လွင့်ခဲ့ကြပြီ။ ဒါဟာ လောကရဲ့ဘဝခရီးအစ
ဆိုရင် ကျမ တို့တွေ ပျော်ပျော်ကြီးခြေဆန့်ခဲ့မှာပါ။
ကျမ တို့သူငယ်ချင်းတွေခရီးနှင်နေကြပါပြီ။
တောတောင်တွေပြည့်ဖုံးနေသော သဘာဝရဲ့
ရင်သွေးငယ်တွေဆီကိုပေါ့။ ။

ရခိုင်လူမျိုး၏ကယ်တင်ရှင်သည် ရခိုင်လူမျိုးသာ ဖြစ်သည်


ရခိုင်လူမျိုး၏ကယ်တင်ရှင်သည် ရခိုင်လူမျိုးသာဖြစ်သည်
နှင်းနှင်းနွယ်(ရခိုင်သူ)
27/4/2016
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
    ဒီအချိန်မှာ မအလ စစ်တပ်၏ ပေါ်တာဆွဲ၊ လူသတ်၊ စစ်ပွဲ၌လူသားဒိုင်ကာလုပ်ပြီး လူမဆန် သော မအလ စစ်တပ်၏လုပ်ရပ်ကြောင့် ရခိုင်အပြစ်မဲ့ပြည်သူ တစ်ထောင်ကျော်ကြီးတို့သည် မိမိနေရပ်ကိုစွန့်ခွါကာ ရေကြည်ရာမျက်နုရာကိုရှောင်ဖယ်လာခဲ့ကြသည်။ အသံတိတ်ငိုကြွေးနေ
ကြသော ထို ရခိုင်အပြစ်မဲ့ဒုက္ခသည်တွေကို ရခိုင် လူမျိုးကလွဲပြီးဘယ်လူမျိုးမှမကယ်တင်နိုင်ပေ။
ဒီနေ့ ဒီအချိန်ထိ ဦးညီပုဆိုသောရခိုင်လူမျိုးအမည်ခံ ရခိုင်ပြည်ဝန်ကြီးသည်လည်း
ရခိုင်လူမျိုးအတွက် ဘာမှမဟုတ်သော လမ်းဘေးကသတောင်းစားအဆင့်သာရှိသည်။













ကုလားတွေရေမြုတ်တော့ ချက်ခြင်းသွားပြီး အကူအညီပေးခဲ့ပေမယ့် ဗမာဦးစီးမအလစစ်တပ်
၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ရခိုင်လူထုကိုတော့ ဒီနေ့ ဒီအချိန်ထိ တစ်ခွန်း တစ်ပါဒမှမပြောဘဲ
ရှောင်ဖယ်နေတာကတော့ ဦးညီပု ဆိုတာ ဘယ်အမျိုးအစားလဲဆိုတာ ရခိုင်လူမျိုးတွေ
သိလောက်ပြီထင်ပါရဲ့။ ဒီအချိန်မှာ ကူမယ့်သူမရှိ၊ မျက်ရည်တွေကြားက ထမင်းတစ်ထပ်စားရဖို့ အသနားခံတောင်းခံနေ ကြသော ကျမ တို့ရခိုင်လူမျိုးတို့၏ ရင်ထဲက ခံစားချက်ကို ဘယ်လူမျိုးတစ်ယောက်ကများ သနားဖူးသလဲ။ လူ့အခွင့်အရေး ဟု ခဏ ခဏပြောပြောနေသော ဒီမိုကရစီ အောင်ဆန်းစုကြည်လည်း ရခိုင်လူမျိုးအတွက် ဘာမှမဟုတ်သော အဆင့်သာဖြစ်သည်။

 ခေါင်းဆောင်ကောင်းဆိုသော ဂုဏ်ပုဒ်ကို အလွဲသုံးစားလုပ်ပြီး မတရားမှုကို
လက်ပိုက်ကြည့်နေတာက ကျမ တို့ ရခိုင်လူမျိုးတွေ ခွဲထွက်ခြင်းမှတပါးအခြားမရှိတော့ဘူး
ဆိုတာသဘောပေါက်သင့်တယ်။
ရခိုင်လူမျိုးကို ရခိုင်လူမျိုးလောက်ဘယ်သူမှ မချစ်နိုင်ပေ။
ဘယ်လောက်ပင် ဗမာဦးစီးပါတီကို အားပေးပါတယ်ပြောပြော
တကယ်တမ်း ရခိုင်လူမျိုးများဒုက္ခတွေနဲ့တွေ့လာသောအခါ
သံတွဲမြို့ ဆိုသော ဗမာပါတီအားပေးသူတွေလည်းမနေနိုင်ပေ။
    သွေးကစကားပြောတယ်ဆိုတာ ဒါမျိုးကိုခေါ်တာပါ။
ယခု အပြစ်မယ့် ရခိုင်လူမျိုးသည် မအလစစ်တပ်၏ လူမဆန်သောလုပ်ရပ်ကြောင့်
ဒုက္ခ မျိုးစုံရောက်နေကြသည်။ ဘယ်ဗမာတစ်ယောက်ကများရခိုင်လူမျိုးဘက်က
ရပ်တည်ဖူးသလဲ။ လှောင်ပြောင်နေတာတွေပဲ မဟုတ်ဘူးလား။ သူတို့မှာ တိုင်းရင်းသားဆိုတာ
မရှိဘူ။ ရရင်ရသလောက်ယူမယ်။ သူတို့က မြန်မာနိုင်ငံဆိုတဲ့မြေပုံပဲ့ပါမသွားဖို့ပဲ
အာရုံစိုက်တာပါ။ ဒါကလည်း သူတို့ လုပ်ချင်သလို လုပ်ဖို့အတွက်ပါပဲ။ မြန်မာနိုင်ငံကို အုပ်ချုပ်နေပါတယ်ဆိုတဲ့ ဒေါ်စုကြည်ကတောင် ရခိုင်လူမျိုးဒုက္ခသည်အတွက် ကူညီပေးမယ်
ဆိုတာထားတော့ တစ်ခွန်းတစ်ပါဒမှမဟတာက လူသားမဆန်သော၊ အုပ်ချုပ်မှုညံ့ဖျင်းသော၊
လူ့အခွင့်အရေးချို့းဖောက်သော၊ ရခိုင်လူမျိုးကို နှိပ်သော လုပ်ရပ်တွေဆိုတာ စဉ်းစားတတ်သူ
တိုင်း ဘယ်လူမျိုးမဆိုသဘောပေါက်နိုင်ပါတယ်။ ဒါကြောင့် ကျမ တို့လူမျိုးကို ကျမတို့လူမျိုးသာ
လျှင်ကယ်တယ်နိုင်မည်။ ဦးညီပုဆိုသော ရခိုင်အမည်ခံ လူလည်းမကယ်နိုင်ပေ။

ရခိုင်လူမျိုးကို တခြားလူမျိုးက လွတ်လပ်အောင် လုပ်ဆောင်ပေးလိမ့်မယ်ဆိုသော အတွေးကို
ကျမတို့ရခိုင်လူထုတွေဖျောက်ပစ်ရမယ်။ ရခိုင်လူမျိုးကို ရခိုင်လူမျိုးသာလျှင်ကယ်တင်
နိုင်မယ်။ ကူညီနိုင်မည်ဆိုတာ ယခုအဖြစ်အပျက်တွေက သက်သေပင်ဖြစ်သည်။
ထို့ကြောင့် ကျမ တို့ရခိုင်လူမျိုးတွေ တချိန်က ရခိုင်လူမျိုးလို ဂုဏ်သရေရှိ၊ အဆင့်တန်းဘဝမှာ
နေချင်ကြရင်တော့ မိမိ ရခိုင်တပ်မတော် ၊ မိမိ တို့ရဲ့ပါတီ ANP ကို အားကိုး ယုံကြည်ယုံ
မှတပါး အခြားမရှိတော့ဘူးဆိုတာ ရခိုင်လူမျိုးတိုင်း၏ နှလုံးသားထဲမှာ အမာရွှက်ထင် ကမ္ဗည်းထိုး
သလို မှတ်သား၊ အားပေး၊ ချီးမြှောက်သင့်ပါ ကြောင်း ပြောလိုက်ပါရစေ။

ရှင်သန်နိုးထ ရက္ခိတ၏ A သုံးလုံး (သို) A-4

ရှင်သန်နိုးထ ရက္ခိတ၏ A သုံးလုံး (သို) A-4
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
နှင်းနှင်းနွယ်(ရခိုင်သူ)
28.April.2016
ရခိုင်လူမျိုးတို့၏ နှလုံးသား၊ အသဲထဲကသေလောက်အောင်ချစ်ကြသော
အချစ်တော်တပ်မတော်များဖြစ်သော
ALP ၊ AA ၊ ANC (AA) တို့သည် ညီညွတ်လာကြတာတွေကို
ဝမ်းမြောက်ဝမ်းသာ ပီတိနှလုံးဂွမ်းဆီထိလို
တွေ့လာရသည်။
ဒါဟာ ရခိုင်အမျိုးသားရေးတဖန်ရှင်သန်လာစေဖို့
အခွင့်အရေး ခွန်းအားများသာဖြစ်သည်။














ညီညွှန်ခြင်းတွေ ဝေးကွာနေသောရခိုင်လူကြီးများ၊
စည်းလုံးခြင်းတွေနဲ့ ကီးမကိုက်ဖြစ်နေကြသော
ရခိုင်လူငယ်များ၊ ဆင်းရဲခြင်းတွေနဲ့အဖပြည်နှင့်
ဝေးကွာနေကြသော အာရီယံနွယ် ဖွါး
ရခိုင်ပြည်သူများ
ဒီအချိန် မှာ ညီညွှန်ခြင်း၊ စည်းလုံးခြင်း တွေနဲ့
အဖမြေရဲ့စိမ်းလန်းစိုပြည်သောအနာဂတ်အိမ်ကြီး
ရခိုင်ကို တည်ဆောက်ဖို့၊ အမျိုးသားရေးတဖန်နိုး
ထလာဖို့၊ မြေခနေသောသမိုင်းရုပ်ကြွင်းများ
အငိုတိတ်စေဖို့၊ နယ်ချဲများရှောင်ခွါစေဖို့၊ ကုလား
များဂြိုမကြွစေဖို့ပေါင်းစည်းဖို့အားပြိုးလာခဲ့ကြပါ
ပြီ။
ဒါဟာ သမိုင်းကိုသိလာသောတစ်နေပင်ဖြစ်သည်။
အဲဒီနေ့ဟာ ဒီနေ့ဆိုရင် ရခိုင်မြေသည် ရှင်သန်ပြီး
အသစ်တဖန်မွေးဖွါးလာပါတော့မည်။
ယခုအချိန်မှာ ALP ၊ AA ၊ ANC (AA) ဟူသော
ရခိုင်လူမျိုးတို့၏ A သုံးလုံးသည် ညီညွှန့်ခြင်း၊
စီးလုံးခြင်း၊ ကူညီခြင်းတွေကို ရောင်နီဦးအစမှာ
မိုးလင်းခဲ့လေပြီ။ နေမဝင်အင်ပါရာဖြစ်လာဖို့
အမှောင်ထုကိုဖြိုခွင်းနေကြသောထိုAသုံးလုံးသည်
 ရောင်နီဦးရဲ့ ဘဝအစကို နေ့သစ်ထွင်ပြီး ကောင်း
မြတ်သော ဘဝတွေကိုခေါ်ဆောင်ပေးတော့မည်။
ရခိုင်လူမျိုးတို့ကို ထို A သုံးလုံးသည် အနာဂတ်
အိမ်ကြီးရဲ့ ဘဝအနှစ်သာရကို ခံစားစေမည်မှာ
အမှန်ပင်ဖြစ်ပေတော့သည်။
တစ်နေ့က facebook ထက်မှာ သတင်းတစ်ပုဒ်
မဟုတ်သော စာတိုကလေးကလေးတစ်ခုတွေ့
လိုက်ရတယ်။ ဒါကဘာလဲဆိုရင် ရခိုင်မြေမှာ
ဖဲကစားသလို A သုံးလုံးပေါင်းခဲ့ရင် ဘာဖြစ်မလဲ
ဆိုတောပေါ့။ ကျမကတော့ ဖဲကစားအကြောင်းကို
မသိဘူး။ ဒါပေမယ့် ဖဲကစားကြရင် A
သုံးလုံးပေါင်းစုခဲ့ရင် ဘာဖြစ်တာလဲ အမျိုးတို့။
ဘုရင်တို့၊ နယ်ချဲ့တို့၊ ကုလားတို့ အကုန်စားနိုင်
တယ် လို့တော့ ဖတ်ဖူးတယ်။ ဒါကမနေ့က
ဖဲအကြောင်းကိုgoogleမှာရှာဖတ်ကြည့်လိုတာပါ။
အခုတော့ ကျမ တို့ရခိုင်မြေမှာလည်း A သုံးလုံး
သည် ပေါင်းစုခြင်းကို အစပျိုးခဲ့ကြပြီ။
ရခိုင်လူမျိုးများ၏ ဘဝကို စာနာသော၊ ချစ်ခင်
သော၊ လွတ်မြောက်စေလိုသော ထိုA သုံးလုံး၏
မူဝါဒသည်၏ ကောင်းကျိုးကြောင့် ပေါင်းစုခြင်း
ကို အစပျိုးကာ ရောင်နီဦးကို စတင်ခဲ့ကြပြီ။
ထိုA သုံးလုံးသာ ရခိုင်မြေမှာပေါင်းစုခဲ့ရင်ဘာ
ဖြစ်လာမလဲ။
ကုလားရော့၊ ဗမာဦးစီးမအလစစ်တပ်ရော့၊
အကုန်စားပစ်နိုင်မည်မှာအမှန်ပင်ဖြစ်သည်။
ဆိုတော့ .. ကျမတို့၏ A သုံးလုံးပေါင်းစုခဲ့သည်
သာမက A လေးလုံးပေါင်းစည်းခဲ့ရင်ရော့။
တခြားA ကတော့ ကျမ တို့၏ နှလုံးသားကို
အမြဲသိမ်းပိုက်နေသော၊ ကျမတို့ဒုက္ခတွေကို
အမြဲကူညီနေသော၊ ကျမတို့၏ရှေ့ကအမြဲမားမား
မတ်မတ်ရပ်တည်ပေးနေသော ANP ပင်ဖြစ်လေ
သည်။ အမျိုးသားရေးနှင့် နိုင်ငံရေးကို တပြေးညီ
လုပ်ဆောင်နေသော ထို ANP သည်လည်း
ရခိုင်မြေမှာ မရှိမဖြစ်ရတနာပင်ဖြစ်ပေသည်။
ရခိုင်မြေမှာ A လေးလုံးတို့သည် တစ်ဦးအပေါ်
တစ်ဦးက ကူညီမှု၊ ခွင့်လွတ်မှု၊ စာနာမှုတွေနဲ့
ရခိုင်ဆိုသောအသိတွေနဲ့ ပေါင်းစုခဲ့ကြလျှင်
ဒီရခိုင်မြေ၏ အနာဂတ်လုံခြုံမှုသည် ကြောက်
ခမ်းလိလိ အောင်မြင်လာလိမ့်မည်ဆိုတာ
တွေးကြည့်ရုံဖြင့် ကျမတောင် ကြက်သီးထမိပါရဲ့။
အမျိုးသားရေးနဲ့နိုင်ငံရေးဘက်က ဆိုလျှင် ANP
ရှိသည်။ အမျိုးသားရေးလုံခြုံးရေး၊ ကာကွယ်
ရေးဘက်က A သုံးလုံးရှိသည်။
တွေးကြည့်ရုံဖြင့် ဒီရခိုင်မြေ၏လွတ်လပ်ရေးသည်
အမြင့်ပျံပြီး ကမ္ဘာကို ခရီးနှင်နိုင်မယ်ဆိုတာသိသာ
တယ်။ ဒါကို ရခိုင်လူကြီးလူကောင်းများသတိ
ထားမိကြပါရဲ့လားရှင်။
အပြောထက် အလုပ်နဲ့ သက်သေပြသော ANP၊
အမျိုးသားရေးကို အသက်ပေးကာကွယ်နေ
သော AA ၊ ပေါင်းစုမှုကို ရောင်နီဦးပြီး ရခိုင်မြေကို
ကာကွယ်ဖို့ အင်အားဖြည့်နေသော ALP ၊
ဒီရခိုင်လူမျိုးတို့၏ နှလုံးသားထဲ ရင်ထဲ၌သာ
ပေါင်းစုညီညွှန့်ခဲ့လျှင် သစ္စာဖောက်တွေ၊
နယ်ချဲ့တွေ၊ ကုလားတွေ
ပြေးစရာမြေရှိပါအုံးမလား။
ရခိုင်လူထုကလည်း ပေါင်းစုမှု၊ အပြစ်တင်ကဲ့ရဲ့မှု
တွေကို ရှောင်ရှားပြီး ဒီ A လေးလုံးကို ယုံကြည်
စိတ်ချ အားကိုးခဲ့ကြလျှင် ဒီရခိုင်မြေသည်
' မတိုးတပ်ပါအုံးဟု ' တားခဲ့လျှင်တောင်
တဟုန်ထိုးတိုးတက်ပြောင်းလဲလာမည်မှာ
အမှန်ပင်ဖြစ်သည်မဟုတ်ပါလားရှင်။
ဒါကြောင့် ပေါင်းစုမှု၊ ညီညွှတ်မှုန့်၊စီးလုံးမှုတွေကို
ရောင်နီပျိုးနေသော အနာဂတ်အင်ပါရာ ရခိုင်ပြည်
ရှင် ခေတ်သစ် ဘုရင်များကို ကျမတို့ရခိုင်ပြည်သူ
တွေကလည်း ယုံကြည့်မှု၊ စိတ်ချမှု၊ ကူညီမှုတွေနဲ့
လက်တွဲညီညာ စုပေါင်းညီလို ကြိုးစားအားပေး
သင့်ပါကြောင်း ပြောလိုက်ပါရစေရှင့်။

Wednesday, April 27, 2016

ရက္ခိုင့်တော်လှန်ရီးကာလ အဓွန့်မရှည်ဖို


ရက္ခိုင့်တော်လှန်ရီးကာလ အဓွန့်မရှည်ဖို့ ရခိုင်သားတိုင်း
 နိုင်ရေတာဝန်ကိုပူးပေါင်းပါဝင်ကတ်ရပါဖို့။
တော်လှန်ရီးကာလဆိုစွာ အဓွန့်ရှည်လို့မကောင်းပါ။
 တော်လှန်ရီးကာလ အဓွန်ရှည်ကေ တော်လှန်ရီးငြှီးတတ်တေ။
 တော်လှန်ရီးလူပါးဝတတ်တေ။










ယင်းကြောင့် တော်လှန်ရီးလုပ်ရဖို့ နယ်မြီမှာ
မွီးဖွားလာလတ်တေ ငရို့တိအတွက် ဆင်ခြီ ဆင်လက်တိ
အမျိုးပီးနိန်လို့ အုပ်ချုပ်ခံ၊ အနှိမ်ခံ ကျွန်ဘဝက လွတ်မြောက်လီဖို့မဟုတ်ပါ။
က့ကြမ္မာက ယင်းပိုင် တော်လှန်ရီးလုပ်ဖို့ ဖန်တီးလိုက်တေခါ လုပ်ကို
လုပ်ကတ်ရဖို့ အလုပ်တစ်ခု ဖြစ်တေအတွက် ပူပေါင်းပါဝင်ကတ်ဖို့ဖိတ်ခေါ်ပါယင့်။
ကျွန်နော်ရို့တိ တာဝန်ခွဲဝီပီးမှုတိကိုလည်း မကြာရေအချိန်အတိုင်းအတာ
တစ်ခုမှာ လုပ်လားပါဖို့လို့ မှာကြားခပါယင့်။

မြတန်းဆောင် ဆရာတော် မြောက်ဦး ဟောပြောချက် (၃)

မြတန်းဆောင် ဆရာတော် မြောက်ဦး ဟောပြောချက် (၃)
ရခိုင်သားရို့အနိန့် ကုလားတိနန့်ညပဿနာမဖြစ်ဖို့ကို သတိပီးဟောပြောထားပြီးကေ
ဒေဂုအချိန်စွာယေ လွတ်လပ်ရေးတံခါးကို ဆွဲဖွင့်ဖို့အချိန်ကောင်းဖြစ်ကြောင်းကိုလည်း
ဟောပြောထားပါရေ။
27.4.2016

မြတန်ဆောင် ဆရာတော်၏ ဟောပြောချက် မြောင်ဦး (၁)


၂၇/၄/၂၀၁၆ နိ လူထု ၃၀၀၀ ကျော်ပူးပေါင်း
ပါဝင်ခဲ့သော စစ်ပွဲရပ်စဲရေး ကျောက်တော်
လူထုဆန္ဒဖော်ထုတ်ပွဲ မြောက်ဦးမြို့၊
မြတန်ဆောင်းဘကဆရာတော်၏
ဟောပြောချက်များ (၁)

မြတန်ဆောင်ဆရာတော် (ဘက) ဟောပြောချက်၊ မြောက်ဦး

မြတန်ဆောင်းဆရာတော်၏ ဟောပြောချက်များ (၂) မြောက်ဦး

လူထု ၃၀၀၀ ကျော်ပူးပေါင်းပါဝင်ခဲ့သော
ကျောက်တော် လူထုဆန္ဒဖော်ထုတ်ပွဲတွင်
မြောက်ဦး၊မြတန်ဆောင်းဆရာတော်၏
ဟောပြောချက်များ (၂) (27/4/2016 နိ)

ဒီဇင်ဘာ (၃၁)

ဒီဇင်ဘာ (၃၁)
ဆို/ရေး ခိုင်ဇော်

Tuesday, April 26, 2016

ငြို့ဒီမိုကရေစီပါရာဒိုင်း

Democracy ပါရာဒိုင်း (ချမ်းသာသုခဘုံ) စာအုပ်ကိုဖတ်ကြည့်ဖြစ်တေ။
ယင်းမှာ နိုင်ငံရေးနန့်ကင်းသူမဟိ။ နိုင်ငံရီးကို စိတ်မဝင်စားနိုင်သိမ့်ခြင်း။
အချိန်မရခြင်းတိယာ ဟိရေလို့ ဆိုရေ။
ယင်းချင်းက ဗမာမူနန့် ဗမာတိရီးထားရေ နိုင်ငံရီးခံယူချက်တစ်ခုယာဖြစ်တေလို့ ပြောချင်ပါရေ။
ငြို့တိ နိုင်ငံရီး ခံယူချက်ကား
 နိုင်ငံရီးဆိုစွာ အားမှ လုပ်ရရေ အမျိုးမဟုတ်။ 
စိတ်ဝင်စားမှ ဝါသနာပါမှ 
လုပ်ရဖို့ နိုင်ငံရီးမျိုးမဟုတ်။
ငြို့အားသည် ဖြိုက်စီ မအားသည်ဖြိုက်စီ ငြို့တိစွာ နိုင်ငံရီးကို လုပ်ကတ်ရဖို့ဖြိုက်တေ။
နိုင်ငံရီးကို ငြို့က မလုပ်လို့ နိန်ကေလည်း
နိုင်ငံရီးက နိန်စိုင်ငြို့ကိုလာလို့ပါတ်သက်နိန်ရေ။

ယင်းကြောင့် ငြို့တိစွာနိုင်ငံရီးကို လုပ်ကိုလုပ်ကတ်ရဖို့။
သတိတော့ထားကတ်ပါ။ ငြို့လုပ်တေနိုင်ငံရီးကို သိန်း ၁၀ သိန်း ၂၀ လောက်နန့်တော့ တန်ဖိုးမဖြတ်မိစီကေ့။
ငြို့နိုင်ငံရီးကား ထီးပိုင် နန်းပိုင် တော်လှန်ရီးနိုင်ငံရီးဖြစ်တေ။

Kularakkhita 
26/April/2016

Monday, April 25, 2016

လူ့အဖွဲ့အစည်းနှင့်ပဋိပက္ခ ဖြစ်ရခြင်း

 လူ့အဖွဲ့အစည်းနှင့်ပဋိပက္ခ ဖြစ်ရခြင်း

အဖွဲ့အစည်းအတွင်း ပဋိပက္ခတိ ဖြစ်ပေါ်လာရခြင်း၏ အဓိက တရားခံမှာ
အဖွဲ့အစည်းဝင်တိကြားမှာ
အောက်ပါ အချက်တိ အားနည်းခြင်းကြောင့် ဖြစ်တေ။
(၁) တိုင်ပင်ညှိနှိုင်းမှု အားနည်းခြင်းကြောင့်
(၂) အဖွဲ့ဝင်တိကြား အချင်းချင်း လေးစားမှု ကင်းမဲ့ခြင်းကြောင့်
(၃) ကိုယ်ကျိုးကိုသာ ဦးတည်သောကြောင့်
(၄) ငါသိ ငါတတ် ငါမပါလျင် မပြီး ဆိုရေ ငါဝါဒကို လက်ကိုင်ကျင့်သုံးသောကြောင့်
ရို့ဖြစ်ပါရေ။

အသင်းအဖွဲ့တစ်ခု ရေရှည် အောင်အောင်မြင်မြင်နန့် ရပ်တည်ချင်ရေ ရပ်တည်လိုရေဆိုကေ

 (၁) အဖွဲ့ဝင်တိ စုံညီအစည်းအဝေးကို မကြာမကြာ ပြုလုပ်ကျင်းပရဖို့ဖြစ်တေ။
ယင်းပိုင် အစည်းအဝေးတိကို မကြာမကြာ (၇) တပါတ်တစ်ခါ ပုံမှန်ကျင်းပရေခါလည်း အသင်းဝင် ငယ်သားတိ၏ စကားကို အကြီးတိ (ခေါင်းစီးပိုင်း) ကလူတိက တလေးတစားနန့် နားထောင်ပီးဖို့၊ အလေးထားပြီးကေ ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ပီးဖို့ လိုအပ်တေ။ ခေါင်းစီးပိုင်းတိအနိန်နန့်လည်း ငါစွာ ခေါင်းဆောင် ငါပြောရေအတိုင်း ဖြစ်ရဖို့ဆိုရေ စိတ်ဓာတ်မျိုးကို လုံးဝမွီးထားလို့မရ။ ယင်းပိုင်ဝါဒမျိုးက ခေတ်ကုန်လားစွာ ကြာပါဗျာယ်။

လူတိုင်းမှာ ပြဿနာကိုယ်စီဟိကတ်တေ။ လူတိုင်းမှာ အသိစိတ်ဓာတ်ကိုယ်စီဟိကတ်တေ။ လူတိုင်း ခေါင်းဆောင် လုပ်ချင်ကတ်တေ။ ယင်းကြောင့် ဒေသူရို့ကား အချေတိယာ။ ငါ ဂရုမစိုက်လည်း တစ်ခုလည်းမဖြစ်၊ ဇာဂရုစိုက်ဖို့လိုလဲ ဆိုရေ အယူအဆဆိုးတိကို ခေါင်းထဲက ထုတ်ပလိုက်ဖို့လိုအပ်တေ။

(၂) Mutual Respect လို့ခေါ်ရေ အပြန်အလှန်လေးစားမှု၊ အဖွဲ့အစည်းတိုင်း မိသားစုတိုင်း လူမှုအဖွဲ့အစည်းတိုင်း ယုတ်စွအဆုံး ညီအစ်ကိုချင်း သူငယ်ချင်း အချင်းချင်းတိ ကြားမှာတောင် တစ်ယောက်ကို တစ်ယောက် လေးစားမှုစွာ လိုအပ်တေ။ ငါစွာ သူတစ်ပါး အလေးထားဆက်ဆံမှုကို လိုချင်ရေပိုင် သူများတိလည်း ငါအလေးထား လေးစားမှုကို လိုချင်လီဖို့ မဟုတ်လားဆိုရေ အယူအဆမျိုးကို ခေါင်းထဲမှာ နှလုံးသားထဲမှာ သိမ်းထားပါ။ ကျင့်သုံးပါ။
လယ်သမားမှာလည်း လယ်ထွန်တတ်တေ အတတ်ပညာကို ကျွမ်းကျင်ရေပိုင် ဆရာဝန်ကလည်း ဆေးအတတ်ကို ကျွမ်းကျင်ရေ။ ယင်းသူကား တစ်ခုလည်း မတတ်ဆိုစွာမဟိ။ လူတိုင်းမှာ အစွမ်းအစကိုယ်စီဟိဂတ်တေ။ ယင်းကြောင့် လူတိုင်းကို လေးစားထိုက်တေ။ လူတိုင်းကို တန်ဖိုးထားထိုက်တေ။ ဥပမာ- မလိုအပ်လို့စွန်ပလိုက်တေ အမှိုက်တိစွာ အသုံးတည့်ရေ လူအတွက် မြေသြဇာ လိုရေ လူအတွက် ရတနာဗျာယ်။

(၃) self-interest လို့ခေါ်ရေ မိမိကိုယ်ကျိုးစီးပွားအတွက်လောက်ကိုယာ ဦးတည်ရေ အဖွဲ့ဝင်တိ ရှိလာဗျာယ်ဆိုကေ ယင်းအသင်းအဖွဲ့ကို ဖွတ်ဝင်လာစွာဗျာယ်။ အသင်းပျက်စီးကြောင်းတရားထဲမှာ ကြောက်ဖို့အကောင်းဆုံးတစ်ခုဖြစ်တေ။
ယင်းကြောင့် ယင်းပိုင် ကိုယ်ကျိုးရှာ ပုဂ္ဂိုလ်တိကို အသင်းက ပယ်ထုတ်ပလိုက်နိုင်ရဖို့။ ယင်းပုဂ္ဂိုလ်တိစွာ အဂတိ လိုက်စားဖို့လည်း ဝန်မလီး၊ အမှား လုပ်ဖို့လည်း ဝန်မလီး။ အသင်းအဖွဲ့ပြိုလဲရခြင်းသည်လည်း
ယင်းပိုင် ကိုယ်ကျိုးသမားတိကြောင့်ဖြစ်တေ။

(၄) ငါသိ ငါတတ် ငါသာလျင် ငါ ဆိုရေအစွဲမျိုးကို စွဲကိုင်ထားရေ ခေါင်းဆောင်မျိုးတိ အသင်းမှာ ရှိနိန်ဗျာယ်ဆိုကေ သေချာရေ။ ယင်းအသင်းကွဲဖို့ဗျာယ်။ အားလုံးကို ငါမသိနိုင်၊ အားလုံးကို ငါမတတ်နိုင်၊ ငါမသိစွာအများကြီး။ ဆိုကရေးတီးဆိုရေ ဖီလိုဆိုဖာကြီးက ပြောရေ။ ငါမသိဆိုစွာကို ငါသိရေလတ်၊ ခေါင်းဆောင်တိလည်း ယင်းပိုင်ဗျာယ် ကိုယ်မသိစွာကို မသိမှန်း သိဖို့လိုရေ။ မသိကေလည်း သိကွာဆောင်လို့ နောက်လူတိ ပြောစွာကို လက်မခံနိုင်ဗျာယ်ဆိုကေ အယူအဆ မတူရေ လူတိစွာ ကွဲထွက်လားဖို့စွာဗျာယ်။

ANP မှာ ဒေဂု ပြဿနာတိနန့် ရင်ဆိုင်နိန်ရရေ ဇာကြောင့်လဲ
အထက်က ချပြခရေ အချက်တိကြောင့် ဖြစ်တေလို့ထင်ပါရေ။
ပြန်လို့ဖြေရှင်းဖို့ဆိုကေ ဦးစွာပထမ meeting ပြုလုပ်ကျင်းပပါ။ ရည်ရွယ်ချက် (Purpose of Organization) ထားရှိပါ။
kularakkhita
8.March.2016