Friday, February 3, 2017

တော်လှန်ရီး အဓိပ္ပါယ်နန့် တော်လှန်ရီး သစ္စာဖောက်




တော်လှန်ရီး အဓိပ္ပါယ်နန့် တော်လှန်ရီး သစ္စာဖောက်

လန့်လားခရေလား။ တော်လှန်ရီးလို့ ပြောသံကြားလိုက်စွာနန့် လူတိက လန့်လားခတတ်စွာက သဘာဝ တစ်ခုယာ။ လန့်လည်းမလန့်ကေ့ ကြောက်လည်းမကြောက်ပါကေ့။ ဆက်လို့ယာ ဖတ်ပါ တော်လှန်ရီးဆိုစွာ ဇာကိုဆိုလိုလဲ နားလည်ပါလိမ့်မယ်။ အမှန်က လူတိ အနိန်နန့် တော်လှန်ရီး လို့ပြောလိုက်စွာနန့် လန့်နိန်ရေ၊ ရွံ့နိန်ရေ၊ ကြောက်နိန်ရေ၊ မဆိုင်ပိုင် နိန်ချင်ရေ ဆိုစွာယေ ယင်း လူတိ၏ ပင်ကိုယ်သဘောထား အမှန်ကြောင့်မဟုတ်ပါ။ ယင်းလူပတ်ဝန်းကျင်မှာ သမိုင်းမှာ တော်လှန်ရီးကို တော်လှန်ရီးနန့်တူအောင် မလုပ်ခကတ်ဘဲနန့် တော်လှန်ရီးကို သစ္စာဖောက်ကတ်တေ တစ်ကိုယ်ကောင်းဆန်ရေ လူ့အတ္တ လူ့ငကမ်းတိကြောင့် ဖြစ်ပါရေ။ တော်လှန်ရီးကို အလွဲသုံးစား လုပ်တေလူတိကြောင့် ဖြစ်ပါရေ။ ယင်းပိုင် လူ့အတ္တသမားတိ၊ တော်လှန်ရီး သစ္စာဖောက်တိကြောင့်လည်း တော်လှန်ရီး ခရီးစွာ မကြာသင့်ပဲနန့် အကြောင်းအမျိုးမျိုးနန့် မကြာသင့်ဘဲ ကြာနိန်ရစွာလည်း ဖြစ်ပါရေ။

တော်လှန်ဂတ်မေ





တော်လှန်ရီးဆိုစွာ မှည့်ရေခါ ကြွီကျလာတတ်တေ ပန်းသီးတစ်လုံးမဟုတ်။
ကြွီကျအောင် လုပ်ရရေအမျိုးယာ ဖြစ်တေ။
Revolution is not an apple that is falls when it is rape.
You have to make it fall.”
Che Guevara

၁၁၄၆ ခုနှစ် ပြာသိုလကွယ်နိကပင်စလို့ ရခိုင့်အချုပ်အချာအာဏာ ကျရှုံးလားခရရေ။ ယင်းနိ ယင်းအချိန်ကစလို့ ရခိုင်တမျိုးသားလုံး ဗမာ့နယ်ချဲ့ရို့၏ လက်အောက်ခံ ကျွန်သဘောက် ဘဝသို့ ကျရောက်လားခရစွာ ဒေနိ့ ဒေအချိန်ထိဖြစ်ပါရေ။
ကျွန်ဖြစ်နိန်ရေ လူမျိုးတစ်မျိုးအတွက်
တော်လှန်ရီးထက်အရေးကြီးရေ လုပ်ငန်းမဟိ။
ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်
ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်

ရက္ခိုင့်တပ်မတော် (Arakan Army-AA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က သူ့မိန့်ခွန်းမှာ ထည့်ပြောထားစွာကို မှတ်သားဖူးပါရေ။
ဟုတ်ပါရေ။ မဟာသမတရာဇာမင်း ကျရှုံးလားရေ နောက်ပိုင်းကပင် စလို့ ကျနော်ရို့ ရခိုင်တိစွာ ရခိုင်ရို့ အချုပ်အချာ အာဏာကို ရခိုင်ရို့တိ ပြန်ပိုင်ဆိုင်ရဖို့ ပုံစံအမျိုးမျိုးနန့်တော်လှန်လာကတ်တေ။ ဒေနိ့အချိန်အထိလည်း တော်လှန်နိန်ဂတ်တုန်းသိမ့်။ အချုပ်အချာ အာဏာကို ပြန်လို့ မရသမျှကာလပါတ်လုံး ဆက်လက် တော်လှန်နိန်ဂတ်ရဖို့သိမ့်ဖြစ်ပါရေ။ ယဒါလေ့ အဂုချိန်ထိ ရခိုင်ရို့တိလိုနိန်ရေ အောင်မြင်မှုကို မရနိုင်ဂတ်သိမ့်။
တော်လှန်ရီး လုပ်တေ ရခိုင်သားတိုင်းက ပြောဂတ်တေ မျိုးချစ်ဂတ်ရဖို့၊ စည်းလုံးဂတ်ရဖို့၊ ညီညွတ်ဂတ်ရဖို့၊ စည်းလုံးခြင်းသည် အင်အား၊ စည်းလုံးမှ ငရို့တိ လိုချင်ရေ ရွှေရောင် အနာဂတ် အဖရခိုင်ပြည်ကြီးကို မြင်ခွင့်ရဂတ်ဖို့။
လမ်းမှာ တွိသမျှ ရခိုင်သား အမူးသမားမကျန် မိန်းကြည့်ပါ။ အစ်ကို ရခိုင်သား အမျိုးကိုချစ်လားလို့။ မျိုးမချစ်လို့ပြောရေ ရခိုင်သား တစ်ယောက်လည်းဟိလီဖို့မထင်ပါ။ ရခိုင်သားတိက မွီးရာပါ ဗီဇအရ မျိုးချစ်ဂတ်တေ။ သို့သော်လည်း ရခိုင့် လူ့ဘောင် လူ့အသိုင်းမှာ ညီညွတ်မှုဆိုစွာ ဒေနိထိ လက်ဆုတ် လက်ကိုင်ပြဖို့ ခက်နိန်သိမ့်ယေ။
ယင်းချင့် ဇာကြောင့်လဲ ဆိုရေ မိန်းခွန်းကို မိန်းဂတ်ရဖို့ ဖြစ်ပါလတ်တေ။ ကျနော့်အနိန်နန့် ကောက်ချက်ချလို့ပြောရဖို့ဆိုကေတော့ခါ အနာနန့်ဆီး တတည့်မကျလို့ ရခိုင်ရို့တိ လိုနိန်ရေ အချုပ်အချာ အာဏာကို ပြန်လို့ ရယူပိုင်ဆိုင်နိုင်လောက်တေ စုစည်းမှု တစ်ခုကို မရနိုင်ကတ်သိမ့်လို့ယာဖြစ်ပါရေ။
တော်လှန်ရီးဆိုရေ နိန်ရာမှာလည်း တော်လှန်ရီးအမျိုးအစားပေါင်း ကကောင်းအများကြီးဟိပါရေ။ ရခိုင်ရို့တိပိုင် အချုပ်အချာအာဏာ ကျရှုံးနိန်ရေ လူမျိုး တစ်မျိုးအတွက် အနာနန့်ဆီး တတည့်ကျအောင် ဇာပိုင်လုပ်ဂတ်ရဖို့လဲ ဆိုစွာကို အရိစတိုတယ် (Aristotle) ဖီလာဆိုဖာ ဆရာကြီး ဖွင့်ဆိုထားရေ တော်လှန်ရီး () မျိုးကို ချပြီးပီးချင်ပါရေ။ ဒေတော်လှန်ရီး () မျိုးကို နားလည်ပြီးရေနောက် ကျနော်ရို့ ရခိုင်တိအနိန်နန့် ဇာပိုင် တော်လှန်ရီးမျိုးကို လုပ်သင့်လဲဆိုစွာကို နားလည်ပြီးကေ မှန်ကန်ရေ တော်လှန်ရီး ခံယူချက်နန့် စုစည်းမှု တစ်ရပ်ကို လုပ်နိုင်လိမ့်မေလို့ ယုံကြည်ပါရေ။
 Aristotle described two types of political revolution:
1.  Complete change from one constitution to another
2.  Modification of an existing constitution
အရိစတိုတယ် ချပြရေ နိုင်ငံရေးဆိုင်ရာ တော်လှန်ရီး နှစ်ရပ်ဟိပါရေ
ယင်းချင်းတိကတော့ခါ
    () ဖွဲ့စည်းပုံအခြီခံဥပဒေ တစ်ခုကနိန် နောက်ဖွဲ့စည်းပုံအခြီခံဥပဒေတစ်ခုသို့ လုံးဝအပြီးပိုင် ပြောင်းလဲပစ်ခြင်း
    () တည်ဆဲ ဖွဲ့စည်းပုံအခြီခံ ဥပဒေ တစ်ရပ်ကို ပြန်ပနာ မွမ်းမံခြင်း
ဆိုပြီးကေ တော်လှန်ရီး သီအိုရေ ပုံစံ () မျိုးကို ချပြထားပါရေ။ ဒေ နှစ်မျိုးထဲမှာ ထီးပိုင် နန်းပိုင် အခြီအနီကနိန် ဗမာ့လက်အောက်ခံ ကျွန်သဘောက်ဘဝသို့ရောက်နိန်ရေ ကျနော်ရို့ ရခိုင်တိ ဇာပိုင်တော်လှန်ရီးမျိုးကို လုပ်ဆောင်သင့်လဲ အသေအချာဆုံးဖြတ်သင့်ပါရေ။
ယင်းတော်လှန်ရီး သီအိုရီ နံပါတ် () ကတော့ခါ
လက်နက်ကိုင်တော်လှန်ရီးနန့် အပြီးအပိုင် ပြောင်းလဲ ယူရဖို့ တော်လှန်ရီး ဖြစ်ပါရေ။ ဇာလို့ဆိုခကေ လက်ရှိ ကျနော်ရို့ ရခိုင်ပြည်မှာ လက်ခံကျင့်သုံးနိန်ရေ ဖွဲ့စည်းပုံအခြီခံ ဥပဒေဆိုစွာယေ ရခိုင်ရို့တိစိတ်ကြိုက် ရွီးဆွဲထားရေ ဥပဒေမဟုတ်သည့်အပြင် ရခိုင်ရို့တိကို ဂုတ်သွီးစုတ်ဖို့ ရွီးဆွဲထားရေ ဥပဒေ ဖြစ်ပါရေ။ ရခိုင်ရို့တိအတွက် ရပိုင်ခွင့် လုပ်ပိုင်ခွင့် ဇာတစ်ခုလည်းမဟိ။

နံပါတ် () တော်လှန်ရီးကတော့ခါ
ဒေနိ့ ဒီမိုကရေစီ နိုင်ငံတိမှာ ကျင့်သုံးနိန်ဂတ်တေ လွှတ်တော် နိုင်ငံရီး၊ ပါတီ နိုင်ငံရီးတော်လှန်ရီးနန့် မိမိရို့တိ မကြိုက် မနှစ်သက်တေ ဥပဒေ တစ်ရပ်ရပ် သို့မဟုတ် ဥပဒေတိကို လွှတ်တော်တွင်းမှာ တရားဝင် ပြုပြင်မွမ်းမံဖို့ ကြိုးစားခြင်းတော်လှန်ရီး ဖြစ်ပါရေ။ ဒေပိုင်တော်လှန်ရီး စနစ်နန့် ရခိုင်ရို့တိမှာ ဆုံးရှုံးနိန်ရေ ရခိုင်ရို့မူပိုင်၊ ရခိုင်ရို့ ကံကြမ္မာကို ရခိုင်ရို့တိလက်နန့် စီမံခွင့်ကို လုံးဝမရနိုင်။ ရခိုင်သားတိုင်း နားလည်လိုက်ဖို့ ထင်ပါယင့်။ ၂၀၁၅ ရွီးကောက်ပွဲမှာ ANP ရခိုင်အမျိုးသားပါတီက ရခိုင်တပြည်လုံးအတိုင်းအတာနန့် မဲအများဆုံး အနိုင်ရပါတီ တစ်ခု ဖြစ်ပြီးကေ မြန်မာနိုင်ငံလုံး ဆိုင်ရာမှာတောင် တတိယ မဲအများဆုံးနန့် အနိုင်ရပါတီ ဖြစ်ခပါရေ။ ယဒါလေ့သော့ ရခိုင်ပြည်လွှတ်တော်အစိုးရအဖွဲ့ကို ရခိုင်ပြည်မှာ အနိုင်ရပါတီက စိတ်ကြိုက် ဖွဲ့စည်းခွင့်မရခ။ ယင်းချင်းစွာယေ ဗမာရို့တိ ကျင့်သုံးနိန်ရေ နိုင်ငံရီးပေါ်လစီက ဇာလဲ၊ တိုင်းရင်းသား လူနည်းစုတိအတွက် ဗမာ့ ဒီမိုကရေစီ အခမ်းကဏ္ဍမှာ ဇာအဆင့်မှာထားဟိလဲဆိုစွာကို မီးမှောင်းထိုးပြခြင်းဖြစ်ပါရေ။ ယင်းပိုင်ဗျာယ် တစ်ခြား တစ်ခြားသော အခမ်းကဏ္ဍတိ ဖြစ်တေ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရီးကဏ္ဍတိမှာလည်း အမျိုးမျိုးနန့် ချိုးနှိမ်ခံရရေ။
အရိစတိုတယ် ချပြီးထားရေ နိုင်ငံရီးဆိုင်ရာ တော်လှန်ရီး နှစ်ရပ်မှာ ဇာပိုင် တော်လှန်ရီးမျိုးနန့် ကျွန်နော်ရို့ပိုင် အချုပ်အချာ အာဏာ ဆုံးယှုံးနိန်ရေ လူမျိုးတစ်မျိုးအတွက် အသင့်တော်ဆုံးလဲ ဆိုစွာကို နားလည်ကတ်လိမ့်မယ်လို့ မျှော်လင့်ပါရေ။
နိုင်ငံမဟိဘဲ ယင်းလူမျိုးကို အသိအမှတ်ပြုနိုင်ရေ အမှတ်သင်္ကေတ၊ အခွင့်အရီး၊ အသံ၊ လုံခြုံမှု၊ လူ့ဂုဏ်သိက္ခာ ဆိုစွာမဟိနိုင်ပါ။ ယင်းကြောင့် ရခိုင်သားရို့ ဇာမြို့နယ် ဇာဒေသကပင်ဖြစ်ဖြစ် ဇာလောက်ပင် ချမ်းသာနိန် ချမ်းသာနိန်၊ ပညာတတ်တတ် နိုင်ငံမဲ့ လူမျိုးက နိုင်ငံမဲ့ လူမျိုးပါ။ နိုင်ငံမဲ့ လူမျိုး တစ်မျိုးအနေနန့် လုပ်သင့်လုပ်ထိုက်စွာက စစ်မှန်ရေ တော်လှန်ရီး ဖြစ်ပါရေ။
နိဂုံးအနေနန့် ကျွန်နော်ရခိုင်တိ စုပေါင်းအားနန့် စစ်မှန်ရေ တော်လှန်ရီးကို လုပ်ကတ်ပါမေ လို့ တိုက်တွန်း ပြောကြားပါရစီ။
ကလောင်။  ။ထွန်းလင်း