Monday, May 30, 2016

အမျိုးရို့ပါးသို့ အသိပီးခြင်း


  ဒေါင်းရန်သွီး
29.May.2016
FB-COPY

@ ရက္ခိုင့်တပ်မတော် (Arakan Army) AA သည် အကြောက်တရားမဟိရီးနန့် အကြောက်တရားကိုတွန်းလှန်တိုက်ထုတ်ဖို့အရီးကိုယာ အဓိကထားပြီးကေ ကမ္ဘာကြီး၏ ဇာနိန်ရာမှာမဆို ဟောပြောလေ့၊စည်းရုံးလေ့ ဟိပါရေ။
@ ရက္ခိုင့်တပ်မတော် AA သည် ကျေးဇူးတော်ရှင် ဆရာတော် ဦးဥတ္တမ၏ မကြောက်တရားမူကို လက်ကိုင်စွဲလို့ ရခိုင်ပြည်သူရို့နန့်တတူ လွတ်လပ်ရီးအတွက် တိုက်ပွဲဝင်နိန်ခြင်း ဖြစ်တေလို့ ကျွန်နော် သိထားပါရေ။

@ဒေအသိပီးခြင်း သတင်းစကားကို ရွီးရခြင်းစွာယေ လက်ရှိ ရခိုင်ပြည်တွင်းမှာ နိုင်ငံရီးအရ မျက်နှာလို မျက်နှာရ လုပ်ရပ်တိကို ဖန်တီးနိန်ရေ လူတစ်စု၏ လုပ်ရပ်ကြောင့် ရခိုင်သား တစ်ယောက်အနိန်နန့် မခံနိုင်လို့ ရွီးလိုက်ရစွာယာဖြစ်ပါရေ။

@ကျွန်နော် သိရသလောက် ရက္ခိုင့်တပ်မတော် AA စွာယေ ဒေနိန့် ဒေအချိန်ထိ စာရွက်စာတမ်းအထောက်အထားခိုင်ခိုင်မာမာ မပြဘဲ ရခိုင်ပြည်တွင်းက ဇာနိန်ရာ၊ ဇာရွာ၊ ဇာမြို့မှာမှ အလှူကောက်ခံခြင်း၊ ဒင်္ဂါးကောက်ခံခြင်း မဟိသိမ့်လို့ သိရှိရပါရေ။

@{ဒေနိ့ဖို့အချိန်မှာ မျက်နှာလို မျက်နှာရ လုပ်လိုရေ လူတစ်စုက ရသေ့တောင်နယ်ဘက်မှာ ရက္ခိုင့်တပ်မတော် AA ကို ကူညီဆောင်ရွက်ပီးနိန်စွာယာဖြစ်တေ၊ သူရို့တိအနိန်နန့် ပြည်တွင်းမှာ ဒေဂုပိုင် လှုပ်ရှားပီးမှ သာလျင် ရက္ခိုင့်တပ်မတော် AA အနိန်နန့် အသက်ဆက်ရှင်သန်နိုင်ဖို့ဖြစ်တေ။ ရက္ခိုင့်တပ်မတော် AA နန့် ဆက်သွယ်ကေ ခြေ/ဥ အရ အရေးယူခံရဖို့ } စသည်ဖြင့် ခြိမ်းခြောက်မှုတိ ပြုလုပ်ပနာ စည်းရုံးဟောပြောနိန်စွာတိကို တွိရမြင်ရပါရေ။

@ယင်းချင်းစွာရေ မျက်နှာလို မျက်နှာရ လုပ်ရပ်ယာ ဖြစ်ပါရေ။ နိုင်ငံရီးသမားကောင်းတိ၏ လုပ်ရပ်မဟုတ်တေ အတွက် ကျွန်နော်အနိန့် ရှုတ်ချလိုပါရေ။

@အမျိုးရို့အနိန်နန့် သိထားစီချင်စွာကတော့ခါ ကျွန်နော်သိထားရေ ရက္ခိုင့်တပ်မတော် AA စွာယေ ရခိုင်ပြည်သူတိကို ယင်းပိုင်ခြိမ်းခြောက်မှုတိကို တစ်ခါလည်း လုပ်လီဖို့မဟုတ်ပါ။

@အကယ်၍ ယင်းပိုင် ခြေ/ဥ အရ AA နန့်ဆက်သွယ်လို့ရာ ဖမ်းဖို့ဆိုကေလည်း ကျွန်နော်ရို့ အမျိုး ရခိုင်တိအားလုံးစွာ လွတ်လပ်ရီးအတွက် လက်ထိပ်ခပ်ယာ ခံလားဖို့လို့ ကျွန်နော်ယုံကြည်ပါရေ။

@ဒေကိစ္စကို ကျွန်နော်ရို့ အမျိုးတိအနိန့်နန့် အလေးအနက်စိုင်းစားဝေဖန်ပြီးကေ ဇာသူမှန် ဇာသူမှားကြောင်း ကိုယ်ပိုင် အသိဉာဏ်တိနန့် ဆုံးဖြတ်ပီးဂတ်ပါ လို့လည်း ကျွန်နော့်အနိန်နန့် တောင်းဆိုချင်ပါရေ။

ရခိုင်-မြန်မာ ပဏ္ဍိတ်ဆရာကြီး ဦးဦးသာထွန်းအား မေးခွန်းကြီး (၆) ခွန်း

 Facebook မှ copy ကူးယူသည်။
၁၉၈၄ ခုနှစ်ဒီဇင်ဘာ (၂၆) ရက်နေ့တွင် ဗမာပြည် သဲကုန်း သပိတ်အိုင် တောရဆရာတော် အရှင် အရှင်ညာဏိဿရ အမှူးပြုသော ဆရာတော်ကြီး (၄)ပါးသည် မြောက်ဦးသို့ ဘုရားဖူးရောက်ရှိကြပါသည်။ ထိုစဉ် ရခိုင်ပြည် သာသနာရေးကိစ္စနှင့် ရခိုင်-မြန်မာ ပဏ္ဍိတ်ဆရာကြီး ဦးဦးသာထွန်းအား မေးခွန်းကြီး (၆) ခွန်း မေးခဲ့ပါသည်။


















ယင်းသို့ ဆရာတော် ဦးညာဏိဿရ( ယခုသာသနာ့ ဥသျှောင် ပီနန်ဆရာတော် (၀ါ) သီတဂူဆရာတော်ကြီး) အမေးနှင့် ဆရာကြီး၏ အပြည့်အစုံ ဖြေကြားချက်များကို ပြန်လည်၍ ဆရာကြီးက အသံသွင်းပေးခဲ့သည်။ ဆရာကြီးသည် ရခိုင်စကားဖြင့် အသံသွင်းခဲ့သည်ကို မြန်မာပြည်ရှိတိုင်းရင်းသားများအားလုံးဖတ်ရှုနိုင်ရန်အတွက် မြန်မာစကားပြေဖြင့် ပြန်လည်၍ ရေးသားတင်ပြလိုက်ရခြင်းဖြစ်သည်။
ဆရာတော် ဦးညာဏိဿရ၏ မေးခွန်းကြီး (၆) ခွန်း
မေးခွန်း (၁)
ရခိုင်ပြည် သာသနာသည် ထေရ၀ါဒ ဗုဒ္ဓသာသနာမှ ဆင်းသက်လာသော သာသနာမဟုတ်၊ မဟာယာန ဂိုဏ်းမှ ဆင်းသက်လာသော သာသနာဖြစ်သည်။
ဤအကြောင်းကို ဖြေရှင်းပေးပါ။
မေးခွန်း (၂)
ဗုဒ္ဓ၏ ပါဠိတော် အဋ္ဌကထာနှင့် သင်္ဂါယနာ ခြောက်တန်စသည်တို့တွင် မပါရှိပဲ ရခိုင်ပြည်သို့ မြတ်စွာဘုရား ကြွရောက်လာခဲ့သည်ဟု ရခိုင်ပြည်တွင် ရေးသားပြောဆိုနေကြသည်မှာ ဘုရားဟောတရားတော်နှင့် မကိုက်ညီပါ။
ဤအကြောင်းကို ဖြေရှင်းပေးပါ။
မေးခွန်း (၃)
ဗုဒ္ဓ၏ပါဠိတော် အဋ္ဌကထာစသည်တို့၌ မပါရှိပဲ မြတ်စွာဘုရားသည် စန္ဒသူရိယမင်းကြီးနှင့် တွေ့ဆုံပြီး မဟာမြတ်မုနိဘုရားကို သွန်းလုပ်ခဲ့သည် ဟုရေးသားပြောဆိုကြသည်။
ဤအကြောင်းကို ဖြေရှင်းပေးပါ။
မေးခွန်း (၄)
သင်္ဂါယနာ ခြောက်တန်သာ ကမ္ဘာက အတည်ပြုထားသည်။ ရခိုင်ပြည်တွင် သင်္ဂါယနာတင်ခဲ့သည်ဟု ရေးသားပြောဆိုနေကြသည်။ ဤသို့ပြောဆိုနေကြခြင်းသည်လည်း မဟာအမှားဖြစ်သည်။
ဤအကြောင်းကိုလည်း ဖြေရှင်းပေးပါ။
မေးခွန်း (၅)
ရခိုင်ပြည်ရှိ ဓါတ်တော်များကို ကျောရိုးတော်ဓါတ်၊ ဦးရာဇ်တော်ဓါတ်၊ လည်ရိုးတော်ဓါတ်စသည်ဖြင့် အမျိုးမျိုး အမည်ပေးထားကြသည်။ ဤအကြောင်းကိုလည်း ပါဠိတော် အဋ္ဌကထာစသည်တို့တွင် မတွေ့ရ၍ ဖြေရှင်းပေးပါ။
မေးခွန်း (၆)
ရခိုင်ပြည်တွင် အသုံးပြုသော ပိဋကတ် ပါဠိတော်များမှာ မြန်မာမူဖြစ်သလော၊ မည်သည့်မူ ဖြစ်သနည်း။ သင်္ဂါယနာ ခြောက်တန်တွင် ပါသောမူဖြစ်သလော ဖြေရှင်းပေးပါ။
ကတိနှစ်ခု တောင်းခံခြင်း
အရှင်ဘုရား တပည့်တော်အား မေးထားသော မေးခွန်းများကို လွယ်ကူစွာ ဖြေရှင်းနိုင်သည်။ သို့သော် အရှင်ဘုရားက တပည့်တော်အား ကတိနှစ်ခု ပေးရပါမည်။ သို့မှသာ တပည့်တော်ဖြေကြားနိုင်ပါမည်။ ကတိများကို မယူဆိုပါလျှင် တပည့်တော် တခွန်းမျှ ပြန်မဖြေပါ… ဘုရား။
ဆရာတော်က “မည်ကဲ့သို့ ကတိများပါသနည်း” ဟု မေးသောအခါ ပထမကတိမှာ “ တပည့်တော်ပြောသော စကားများကို တစ်လုံးမျှ မယုံပါဘူး ဆိုသော ကတိပါ။ အဘယ်ကြောင့် ဤကတိမျိုးကို တောင်းရပါသလဲကို ဥပမာပြုပါမည်။ မြတ်စွာဘုရားသခင်သည် “ကေသမုတ္တိ” သုတ္တန်ကို ကာလမပုဏ္ဏားရွာ၌ သံသယကင်းရှင်းရန်အတွက် ဟောကြားခဲ့ပါသည်။ ဆရာ၊ မိဘ အစရှိသောသူများ အစဉ်အဆက်မပြတ်ပြောသောစကားများကို မယုံပါနှင့်၊ ငါဘုရား ဟောသည်ဟူ၍လည်း မယုံပါနှင့်၊ စာအုပ်ကြီး၌ ပါရှိသည်ဟူ၍လည်း မယုံပါနှင့် အစရှိသည်ဖြင့် ဟောကြားခဲ့ပါသည်။ ငါဘုရား ဟောသည်ဟူ၍လည်း မယုံပါနှင့်ဆိုလျှင် အဘယ်ကို ယုံရပါမည်နည်း ဟုမေးစရာရှိလာပါသည်။
ဘုရားရှင်က ကျိုးကြောင်း စပ်မှယုံ၊ ကြောင်းကျိုးစပ်မှ ယုံ ဟုဟောကြားခဲ့ပါသည်။ ကျိုးကြောင်း၊ ကြောင်းကျိုးစပ်၍ မှန်ကန်သောစကားမှာ ဘုရားစကားသာဖြစ်ပါသည်။ ဘုရား၏စကားသည် မှားသည်ဟူ၍ မရှိပါ။ ထို့ကြောင့် တပည့်တော်ပြောသော စကားများကိုလည်း ဤဥပမာ၌ရှိသော ယုတ္တိ သုံးပါးနှင့်တကွ ဘုရားရှင်သည် နောက်ဆုံးပရိနိဗ္ဗာန်မစံမှီ သုဘန္ဒရဟန်း ကြီးအား ဟောထားသည့်အတိုင်း မဟာပဒေသတရားတော် လေးပါးနှင့် ပြည်စုံပါလျှင် ယုံပါဆိုသော ကတိကို ခံစေချင်၍ ပြောကြားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် တပည့်တော်ပြောသော စကားရပ်ဤအင်္ဂါရပ်နှင့် ပြည့်စုံမှသာ ယုံပါ။ မပြည့်စုံပါက မယုံပါနှင့် ဟုဆိုလိုခြင်းဖြစ်ပါသည်..ဘုရား။ သို့မဟုတ်ပါက တပည့်တော်မှာ အကျိုးမဖြစ်ဘဲ အပြစ်သာဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် တပည့်တော်သည် ဘုရားမဟုတ်သောကြောင့်ပါ… ဘုရား။ ဗုဒ္ဓစကားသည် တခွန်းတည်းနှင့် မှန်ကန်ပါသည်။ တပည့်တော်သည် ပုထုဇဉ်ဖြစ်သောကြောင့် အမှားရှိပါမည်။ ယင်းအမှားကို ထောက်ပြလျှင် တပည့်တော် ၀မ်းသာပါမည်။ ထို့ကြောင့် အရှင်ဘုရားသည် တပည့်တော်ပြောသော စကားများကို ယုတ္တိသုံးပါးနှင့် မကိုက်ညီလျှင် မဟာပဒေသတရားနှင့် မကိုက်ညီလျှင် အရှင်ဘုရားထပ်၍ မေးခွန်းထုတ်ပါ။ တပည့်တော် စကားကို ထပ်၍ မေးခွန်းမထုတ်လျှင် တပည့်တော်ပြောသော စကားကို အရှင်ဘုရားလက်ခံယုံကြည်ပြီး မှန်ကန်သည်ဟု မှတ်ယူရပါမည်.. ဘုရား။ ဤကတိကို အရှင်ဘုရားတို့ထံမှ ရယူပါမည်။ ထိုအခါ စစ်ကိုင်းဆရာတော်ကြီးက ဆရာတော်ဦးညာဏိဿရအား ကတိခံယူရန်ပြောပါသည်။
ဒုတိယကတိမှာ ဤနေရာ၌ မပြောအပ်သော စကားဖြစ်ပါသည်။ အရှင်ဘုရားက ပြောသာပြောပါ ကိစ္စမရှိပါဟု ဆိုလျှင် တပည့်တော် ပြောပါမည်။ ဆရာတော်ကြီးများက ပြောပါဟုဆိုသဖြင့် ဆရာကြီးကထက်၍ ပြောပါသည်။ ရခိုင်ပြည်သည် ကိုလိုနီစနစ်နှင့် အုပ်ချုပ်ပြီး ကျွန်သက်ရှည်လာခဲ့သည်မှာ နှစ်ပေါင်း (၂၀၀) ရှိပါပြီ… အရှင်ဘုရား။
နှစ်ပေါင်း (၂၀၀) အတွင်း ပြည်ထောင်စု တိုင်းရင်းသားများ မြန်မာပြည်လွတ်လပ်ရေး တောင်းဆိုကြသောအခါ ရခိုင်လူမျိုးများလည်း ပါဝင်ခဲ့သည်။ လွတ်လပ်ရေးရသည့်အချိန်တွင် ရခိုင်လူမျိုးများလည်း ပြည်နယ်တောင်းခဲ့ကြပါသည်။ သို့သော် ရခိုင်ကို ပြည်နယ်မပေးခဲ့ပါ။ ဤစကားများကို မပြောအပ်ဘဲနှင့် ပြောနေရပါသည်။ ရှမ်း၊ ကချင်၊ ကရင်တို့က ပြည်နယ်ရပြီး ရခိုင်ကပြည်နယ်မရရှိခြင်းသည် စာအားဖြင့်သော်လည်းကောင်း၊ အခြေအနေအားဖြင့်သောလည်းကောင်း ရခိုင်ပြည်သည် အလွန်သေးငယ်သောကြောင့်လော၊ အလွန်နိမ့်ကျသောကြောင့်လော ပေးလည်းမပေးအပ်ဟု အထင်မှား အမြင်မှား ဖြစ်ကြရပါသည်။ မဆလ အစိုးရတက်လာသောအခါ ရခိုင်ပြည်ကို ပြည်နယ်ပေးအပ်ခဲ့ပါသည်။ သို့သော် တိုင်းနှင့်ပြည်နယ် (၁၄)ခုတွင် မဖွံ့ဖြိုး၊ မတိုးတက်ဆုံး ဖြစ်နေပါသည်။
အရှင်ဘုရား ယခုထိုင်နေရာနေရာမှ အနောက်သို့ နောက်ပြန်ကြည့်လိုက်ပါ။ ရှစ်သောင်းဘုရားကြီးရှိပါသည်။ ကျောက်တုံးကြီးများဖြင့် လိုဏ်အထပ်ထပ်တည်ထားပါသည်။ ထိုဘုရား၏ နောက်မှာ ထုက္ကန်သိမ်ဘုရား၊ ရတာနပုံဘုရားနှင့် အံတော်သိမ်များကို မြင်တွေ့ရပါလိမ့်မည်။ ယခုအချိန်ကဲ့သို့ မဖွံ့ဖြိုးသေးဘဲ သေးငယ်နေသောအချိန်အခါတွင် တည်ထားခဲ့သော အဆောက်အအုံများ မဟုတ်ပါ။
ဤကဲ့ကြီးကျယ်သော အဆောက်အအုံမျိုးကို သာမန်ဘုရင်များ မတည်နိုင်ပါ။ နန်းတော်ကုန်းကို တည်ဆောက်ထားသော ကျောက်တုံးများကိုလည်း အရှင်ဘုရားမြင်ပြီး ဖြစ်ပါသည်။ ယင်းကြောင်း ဤအဆောက်အဦးများကို တည်ဆောက်ခဲ့သော အချိန်သည် ရခိုင်၌ ကိုယ့်မင်း ကိုယ့်ချင်း၊ ကိုယ့်ထီး ကိုယ့်နန်းနှင့် ကိုယ့်ဘာသာ သာသနာနှင့် ကြီးပွားထွန်းကားနေသော အချိန်ဖြစ်နေသည်ကို အရှင်ဘုရားစိတ်မှာ မှတ်ထားရပါလိမ့်မည်။ သို့မှသာ တပည့်တော်ပြောသောစကားများကို သဘောပေါက်နားလည်ပါလိမ့်မည်။
ထို့ကြောင့် ရခိုင်တို့သည် ရှေးအခါက ခမ်းနားကြီးကျယ်ခဲ့သည်ကို စိတ်ထဲ၌ မှတ်ထားရန် ကတိကို ခံယူပါဘုရား။ ဆရာတော်များက ဒုတိယကတိကိုလည်း ခံယူကြောင်း ပြောပါသည်။
ဆရာကြီး ဦးဦးသာထွန်း၏ ပြန်လည်ဖြေကြားချက်
ရခိုင်ပြည်သည် သူတပါးလက်အောက်ကျရောက်သည့် ရခိုင်သက္ကရာဇ် (၁၁၄၆) ခုနှစ် (ခရစ်သက္ကရာဇ်- ၁၇၈၄ ခုနှစ်) မှစ၍ သာသနာညိုးနွမ်းခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ သာသနာရေးဆိုင်ရာ စာအုပ်တစ်အုပ်မျှ မထွက်ခဲ့ပါ။ ထိုခေတ်မှစပြီး စာပေ၀ါသနာ အလွန်ပါသူများသည် ပေစာများကို တဆင့်ကူးယူပြီး စာမူတစ်ခုကို ငါးစောင်၊ ဆယ်စောင် စသည်ဖြင့် ပွားခဲ့ကြရပါသည်။ စာပုံနှိပ်ခေတ် ရောက်သောအခါ ဟောင်းနွမ်းနေသော စာပေများကို လည်း ထပ်မကူး၊ ပုံနှိပ်စာအုပ်ကလည်း မထွက်နိုင် သည့်အတွက်ကြောင့် အဟောင်း အဟောင်းဖြစ်သော စာပေများလည်း ကွယ်ပြီး အသစ်အသစ်ဖြစ်သော စာပေများလည်း မထွက်သည့်အတွက်ကြောင့် ရခိုင်စာပေကွယ်ပျောက်လုမတတ် ဖြစ်ခဲ့ပါသည် ဘုရား။
သို့သော် ရခိုင် အမျိုးသား သမိုင်းသုတေသီများက ရခိုင်တို့၏ သာသနာရေး၊ ဘာသာရေးစာပေများကို သုတေသန လုပ်နည်း (၂) မျိုးရှိပါသည် ဘုရား။ တမျိုးမှာ ၀ိဇ္ဖာနည်းဖြစ်၍ အခြားတနည်းမှာ သိပ္ပံနည်းဖြစ်ပါသည် ဘုရား။ သိပ္ပံနည်းမှာ ငွေကုန်များ၍ မတတ်နိုင်ပါ။ ၀ိဇ္ဖာနည်းဖြင့် သုတေသန လုပ်ခဲ့ရပါသည်။ တပည့်တော်တို့၏ ရခိုင်တွင် ရခိုင်စကား “မဆမခြေရာကောက်နည်း ( မုဆိုးမ ခြေရာကောက်နည်း)” ဟု ခေါ်ပါသည်။ ဤနည်းဖြင့် သုတေသနရှာဖွေရပါသည် ဘုရား။ ဤနည်းဖြင့် တပည့်နော်တို့ရှာလိုက်သောအခါ ရခိုင်သမိုင်းတွင် မြောက်ဦးမြို့သည် နောက်ဆုံးမြို့ ဖြစ်ပါသည်။ ယခုအရှင်ဘုရားတို့ မြင်နေရသော ဘုရားစေတီများမှာ မြောက်ဦးခေတ် မင်းစောမွန် လက်ထက်ကစပြီး တည်ထားခဲ့သော ဘုရားစေတီများ ဖြစ်ပါသည်။ ဤသာသနာသည် မြောက်ဦးခေတ်တွင် စတင်ခဲ့သလော ( သို့မဟုတ်) မည်သည့်ခေတ်ကပင် စခဲ့သည်ကို သိရှိရန်အတွက် နောက်ကို တလှမ်းဆုတ်ကြည့် ပါသည်။ ထိုမြောက်ဦးခေတ် မတိုင်မှီ လောင်းကြက်ရှိခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် မြောက်ဦးခေတ်သည် လောင်းကြက်ခေတ်မှ ဆင်းသက်လာကြောင်း သိရပါသည် ဘုရား။ လောင်းကြက်သာသနာကို ကြည့်လိုက်သောအခါ ထိုခေတ်တလျှော်ကလုံး ကျောက်ဆင်းတုဘုရား၊ ကျောက်စာများကို လောင်းကြက်ခေတ် အက္ခရာများ၊ သက္ကရာဇ်များဖြင့် အတိအကျ တွေ့ရပါသည် ဘုရား။
ရက္ခ၀ဏ္ဏအက္ခရာ
လေးမြို့ခေတ် သည် မည်သည့်ခေတ်မှ ဆင်းသက်လာသနည်း ဆိုသည်ကို နောက်သို့ တလှမ်းဆုတ်လိုက်သောအခါ ဝေသာလီခေတ်ကို တွေ့ရပါသည်။ ဝေသာလီခေတ်ကို ရောက်သောအခါ ရခိုင်စာပေအရးအသားမှာ အက္ခရာများ ပြောင်းလဲလာပုံကို တွေ့ရှိရပါသည်။ လေးမြို့ခေတ်အစပိုင်းမှာ ဝေသာလီခေတ်က ရွေ့လျားလာသော ရက္ခ၀ဏ္ဏအက္ခရာဟု ခေါ်သော ရခိုင်အက္ခရာနှင့် အသုံးပြု ရေးသားခဲ့သည်။ ရခိုင်တို့၏ လေသံ။ လေယူလေသိမ်းများဖြင့် ရေးထားသဖြင့် ရက္ခ၀ဏ္ဏအက္ခရာ ဟု ခေါ်ပါသည်။ ဝေသာလီခေတ်အစပိုင်းတွင် ဗြဟ္မီပွားအက္ခရာနှင့်ပင် ဝေသာလီခေတ်တွင် ဘာသာရပ်အနေဖြင့် ဘုရားတရားစာကို သက္ကတဘာသာဖြင့်ရေးပြီး အက္ခရာစာပေကို ရက္ခ၀ဏ္ဏအက္ခရာဖြင့် ရေးသားစ အချိန်လည်း ဖြစ်သည်။ ထိုအချိန်က သက္ကတဘာသာသည် ကမ္ဘာတွင် အင်္ဂလိပ်စာပေ လွှမ်းမိုးနေသကဲ့သို့ လွှမ်းမိုးနေသည့် အချိန်ဖြစ်ပါသည်။ ထို့ကြောင့် သက္ကတဘာသာဖြင့် ရခိုင်သမိုင်းကို ရေးထိုးထားခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့ ရေးထိုးထားသော ကျောက်စာ အမြောက်အမြားရှိပါသည်။
ဝေသာလီခေတ်မှ နောက်သို့ တလှမ်းဆုတ်ကြည့်လိုက်သောအခါ ဓည၀တီခေတ် ကို ရောက်ရှိပါသည်ဘုရား။ ယင်းဓည၀တီခေတ်တွင်လည်း အသုံးပြုသောစ စာပေများရှိကြောင်းကိုလည်း တွေ့ရပါသည်။ ဤကဲ့သို့ မဆမခြေရာကောက်နည်းဖြင့် လေ့လာရာ ဓည၀တီခေတ်အား သိပ္ပံနည်းအားဖြင့် သမိုင်းမှတ်တိုင်နှင့် သမိုင်းရုပ်ကြွှုင်းဖြစ်သော ကျောက်စာနှင့် ကျောက်ရုပ်ထုများကိုလည်း အထင်အရှား တွေ့ရပါသည်။ ထိုသမိုင်းရုပ်ကြွင်းများမှာ အစစ်အမှန်များ ဖြစ်နေပါသည်။ တပည့်တော်တို့ ပိဋကတ်စာပေမှာ ပုံနှပ်စာအုပ်လည်း မရှိ။ ပေစာ၊ ပုရရိုက်စာများလည်း ကွယ်ပျောက်နေသောကြောင့် ထိုသမိုင်းရုပ်ကြွင်းများမှာယ မကွယ်မပျော်က လက်တွေ့ မြင်နိုင်တွေ့နိုင် သော အရာများ ဖြစ်နေ၍ ပစ်ပယ်၍ မရကောင်းပါ ဘုရား။ ဤ အပိုင်းကို ထပ်၍ ရှင်းပြပါအုန်းမည်။
တောင်ပေါက်ကြီး ကျောက်စာ
မြောက်ဦးခေတ်ကစပြီး ဓည၀တီခေတ်တိုင်အောင် သာသနာတော် ဆင်းသက်လာပုံကို ခြေရာကောက်ယူသည့်နည်းနှင့် သုတေသနပြုလိုက်သော အခါ သာသနာသည် ဓည၀တီခေတ်တွင် ဆုံးနေပါသည်ဘုရား။ ဓည၀တီခေတ်တွင် “နမောတဿ” ဂါထာတော်ပါရှိသည့် ဗြဟ္မီအက္ခရာနှင့် ရေးထိုးထာခဲ့သော တောင်ပေါက်ကြီးကျောက်စာ ရှိခဲ့ပါသည်။ ယင်းစာကို ရေးထိုးထားသောအက္ခရာစာလုံးများကို ကြည့်လိုက်လျှင် ဘီစီ(၃၀၀) ကျော်က အသောကမင်းကြီး ရေးထိုးခဲ့သော ကျောက်စာတွင် ပါရှိသည့် အက္ခရာစာလုံးများနှင့် အတူတူဖြစ်နေသောကြောင့် တစ်ခေတ်တဘည်းတွင် ရေးထိုးထားခဲ့သော ကျောက်စာဖြစ်ကြောင်း လက်ရေးလက်သား လေ့လာသော ပညာရှင်များမှ သုတေသနပြု မှတ်ချက်ချခဲ့ကြပါသည် ဘုရား။ယင်းကြောင့် ရခိုင်ပြည် ဓည၀တီခေတ်တွင် အိန္ဒိယမြောက်ပိုင်းက အသုံးပြုသည့် ဗြဟ္မီအက္ခရာများ ၀င်ရောက်နေပြီဖြစ်ကြောင်း သိရှိရပါသည် ဘုရား။
ဓည၀တီခေတ် တောင်ပေါက်ကြီး ကျောက်စာကို ထပ်၍ ရှင်းလင်းပါဦးမည်။ ယခု နိုင်ငံတော်က ထုတ်ဝေထားးသော မြန်မာ့စွယ်စုံကျမ်းသမိုင်းတွင် အက္ခရာဆင်းလာပုံ၌ မြန်မာအက္ခရာ ဆင်းသက်လာပုံကို ဗြဟ္မီအက္ခရာမှတဆင့် ယခုခေတ်ထိဆင်းသက်ပုံကို ရေးသားထားပါသည်။ မြန်မာအက္ခရာမှာ အိန္ဒိယ တောင်ပိုင်း ပလ္လ၀၊ ကဒမ၊ အလုကျ၊ တိလင်္ကာ ဆိုသော အက္ခရာများမှတဆင့် ဆင်းသက်လာပြီးလျှင် မြန်မာစာဖြစ်လာပါသည်။ ဆရာကြီး ဦးသာမြတ် ရေးသားသောစာအုပ်တွင် ဗြဟ္မီ၊ မာဂဓ၊ ပုတ္တ၊ ကြန္ဒ၊ ပလ္လ၀၊ ကဓမ ကနေပြီး ရာမညတိုင်းသို့ ဆင်းသက်လာကြောင်း ရေးသားထားပါသည်။ တပည့်တော်တို့ ရခိုင်ဘက်မှာ ဓည၀တီခေတ်၌ ဗြဟ္မီအက္ခရာ အသုံးပြုခဲ့ကြောင်း တွေ့ရှိရပါသည်။ သို့သော် ရာစုနှစ် တစ်ခေတ်ပြီး တစ်ခေတ် လက်ရေးပြောင်းလာသည့်အတွက် အက္ခရာပြောင်းလဲပုံမှာလည်း ပြောင်းလဲမှုရှိပါသည် ဘုရား။ ယင်းကြောင့် ဝေသာလီခေတ်တွင် ဗြဟ္မီ အက္ခရာမှ ဆင့်ပွားလာသော ဗြဟ္မီအက္ခရာဖြင့် ရေးသားထားသည်ကို တွေ့ရပါသည်။ ဓည၀တီခေတ်တွင် ကျမ်းဦးဂါထာတော်အဖြစ်ဖြင့် “နမောတဿ” ဂါထာတော်ကို ဗြဟ္မီ အက္ခရာဖြင့် ပါကျပါဠိ အသံထွက်အတိုင်းဖြစ်ပါသည်ဘုရား။
ရခိုင်ပိဋကတ်ကို ဆက်ရန်
စာပေအကြောင်းကို ခဏရပ်ထားပြီး ရခိုင်ပိဋကတ်အကြောင်းကို ဆက်ပြောပါမည် ဘုရား။ ဆရာတော်တို့သည် ပိဋကတ်တော်ကို ကျွမ်းကျင်သောပုဂ္ဂိုလ်များ ဖြစ်သည့်အတွက် ပိဋကတ်ကိစ္စကို ပြောရာတွင် သည်းခံပြီး နားထောင်ပါဘုရား။ ဗုဒ္ဓဘာသာဝင်တိုင်း သိရှိကြသည့်အတုငိး သာဝတ္ထိမြို့က ဥပတိဿနှင့်ကောလိတညီနောင် နှစ်ဦးသည် နက္ခသဘင်ကို ကြည့်ရှုနေစဉ် ပွဲကြည့်ပရိသတ်များကို ကြည့်ပြီး သည်လူများသည် နောက်နှစ်ပေါင်း တစ်ရာအတွင်းမှာ အားလုံးသေပျောက်ကြလိမ့်မည်။ ငါတို့လည်းသေရလိမ့်မည်။ ယင်းကြောင့် မသေသော တရားကို ရှာဖွေရန်အတွက် ရွာမှထွက်သွားကြပါသည်။ ထိုကဲ့သို့ တရားရှာဖွေကြသောအခါ သိဉ္ဇည်းပရိဗိုဇ်ထံ အတတ်ပညာများ သင်ကြားကြသောအခါ အားလုံးတတ်သိကြလေသည်။ သိဉ္ဇည်းပရိဗိုဇ်က သင်စရာကုန်ပြီဟု ပြောသဖြင့် ဆရာရှာရန် ထွက်ကြပြန်သည်။
ထိုကဲ့သို့ ခရီးဆက်လာကြသောအခါ ရာဇဂြိုလ်မြို့သို့ ရောက်ရှိခဲ့ကြပါသည်။ ထိုစဉ်ဆွမ်းခံကြွလာသော အရှင် အဿဇိမထေရ်ကို မြင်တွေ့ခဲ့ပါသည်။ ထိုအရှင်မြတ်၏ သာမဏေအိနြေ္ဒကို ကြည်ညိုသဖြင့် ငါ့ရှင်၏ဆရာက မည်သူဖြစ်သနည်း၊ အဘယ်တရားကို ဟောကြားပါသနည်း၊ အကျွန်ုပ်တို့အား တခွန်းမျှလောက်ဟောကြားပါ လော့ဟု အစရှိသည်ဖြင့် မေးလျှောက်ခဲ့ပါသည်။ အရှင်အဿဇိမထေရ်က အကျွန်ုပ်ဆရာသည် ဘုရားသခင်ဖြစ်ပါသည်။ အကျွန်ုပ်သည် ရဟန်းဖြစ်သညမှာ မကြာသေးသဖြင့် တရားကောင်းကောင်း မပြောတတ်သေးကြောင်း၊ သို့သော်အကျွန်ုပ်ဆရာသခင် ဟောကြားသောတရားထဲမှ အကျွန်ုပ် မှတ်မိသော တရားဖြစ်သည့် ဤမည်သောဂါထာတော်ကို ဟောကြားပါမည်ဟုဆို၍ တရားဟောခဲ့ပါသည်။ ယင်းဂါထာတော်မှာ ‘ယေဓမ္မာ ဟေတုပ္ပဘ၀ါ တေသံ ဟေတု တထာဂတော အာဟ၊ တေသဉ္စယော နိရောဓေါ၊ ဧ၀ံဝါဒီ မဟာသာမဏော’ ဟု အရှင်အဿဇိမထေရ်က ထိုသူနှစ်ဦးအား ဟောကြားခဲ့ပါသည်။
အဓိပ္ပါယ်မှာ - မြတ်စွာဘုရားသည် ရှေးကပြုဖူးသော အကြောင်းကြောင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားတို့ကို ဟောတော်မူ၏။ ထိုအကြောင်းအကျိုးတရား နှစ်ပါးတို့၏ ချုပ်ငြိမ်းရာကိုလည်း ဟောတော်မူ၏ ဟု အဓိပ္ပါယ်ရပါသည် ။ အရှင်ဘုရားတို့ သိရှိတော်မူပါသည့်အတိုင်းပါ ဘုရား။
နောက်ဆုံး ထိုသူနှစ်ဦးသည် မြတ်စွာဘုရားနှင့် တွေ့ရှိပြီင်္း ရဟန္တာ များဖြစ်ကြ၍ ရှင်သာရိပုတ္တရာနှင့် ရှင်မဟာမောဂ္ဂလံ အဖြစ်ထင်ရှားခဲ့ပါသည်။
ဤတရားမှာ နှမ်းတစ်တောင်းကို ကြိတ်လိုက်သောအခါ ဆီကြည်တစ်ပုလင်း နှစ်ပုလင်း ရရှိသကဲ့သို့၊ ကျောက်စရစ် ငါးတောင်းကို ကြိတ်သော်လည်း ဆီကြည်တပေါက်မျှ မရရှိသကဲ့သို့၊ ပိဋကတ်သုံးပုံကို အဆီထုတ်လိုက်သော အခါ ‘နိဗ္ဗာ’ ဆိုသော တရားတလုံးသာ ရရှိပါသည်။ ယင်းတရား တစ်လုံးကို စိတ်ဖြာလိုက်သောအခါ ‘ ဓမ္မနှင့်ဝိနယ’ ရရှိပါသည်။ နောက်ထပ် စိတ်ဖြာလိုက်ပါလျှင် ‘သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ဗောဓိပက္ခယတရားသုံးဆယ့် ခုနှစ်ပါး’ အစရှိသည်ဖြင့် နောက်ဆုံး ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်သည် ပိဋကတ်သုံးပုံ၏ အဆီအနှစ်ဖြစ်ကြောင်းကို ဆရာတော်က တပည့်တော်ထက် သိပါသည်ဘုရား။
ဤယေဓမ္မာတရားသည် မဟာယာနဂိုဏ်းသားများ အသုံးပြုသော ဂါထာတော်ဖြစ်ပါသလား၊ အရှင်ဘုရား တွေ့ဖူးပါသလား ဟု မေးသောအခါ ဆရာတော်သည် ဖြေကြားခြင်း မရှိဘဲ တိတ်တိတ်နေခဲ့ပါသည်။ ဤယေဓမ္မာ ဂါထာကို မဟာယာနဂိုဏ်းသားများ အသုံးပြုမည် မထင်ပါ။ မဟာယာနဂိုဏ်းသားများ အသုံးပြုသည်ကို တွေ့ဖူးပါသလား ဟု ထပ်၍မေးသောအခါ ဆရာတော်မှာ တိတ်တိတ်နေမြဲ နေခဲ့ပါသည်။ နောက်တစ်ချက်မဟာ ယာနဂိုဏ်း၊ တန္တရာဂိုဏ်း၊ မန္တရာဂိုဏ်းများ ပေါ်ပေါက်လာပါသည်။ ထိုဂိုဏ်းများမှ တဆင့် တပည့်တော်တို့ ရခိုင်ပြည်သို့ မဟာယာနသာသနာ ၀င်ရောက်လာပါသလော ဟု မေးသောအခါ ဆရာတော်မှ တစုံတရာ ပြောကြားခြင်း မပြုခဲ့ပါ။
နောက်တချက် အိန္ဒိယတပြည်လုံးကို မဂိုမင်းများ တိုက်ခိုက်သိမ်းယူလိုက်သောအခါ ဗုဒ္ဓဘာသာဝင်များသည် သီရိလင်္ကာနိုင်ငံ၊ တိဘက်နိုင်ငံ၊ ရခိုင်ပြည်၊ မြန်မာပြည်များသို့ ထွက်ပြေးကြသောအခါ မဟာယာနဂိုဏ်းသည် ရခိုင်ပြည်သို့ ၀င်ရောက်ခဲ့ပါသလား အရှင်ဘုရား။ ဆရာတော်က မည်သို့မျှ မပြောကြားခဲ့ပါ။ တိတ်တိတ်နေမြဲနေခဲ့ပါသည်။ သိြု့ဖစ်လျှင် တပည့်တော်တို့ ရခိုင်ပြည် သာသနာသည် မဟာယာနဖြစ်သည်ဟု ဆရာတော် စွပ်စွဲခဲ့သည်မှ မည်သည့်အကြောင်းကြောင့်ဖြစ်ပါသလဲ ဘုရား။ ဆရာတော်လည်း မည်သည့်တစ်ခုမျှ ဖြေကြားနိုင်ခြင်း မရှိခဲ့ပေ။
သူရိယမင်းဆက်၊ စန္ဒြားမင်းဆက်
ထိုကဲ့သို့ ရခိုင်ပြည် ဓည၀တီတောင်ပေါက်ကြီးကျောက်စာနှင့် အိနဒိယပြည် အာသောကကျောက်စာနှင့် တည်နေပုံကို ထောက်ရှုသောအခါ ဘီစီ (၃) ၇ာစုမှာ ကျောက်စာများကို ရေးထိုးလျှင် ထိုမရောက်မှီ ဘီစီ (၅) ရာစု လောက်တွင် မြတ်စွာဘုရား ပွင့်တော်မူခဲ့ပါသည်။ တပည့်တော်တို့ ခြေရာကောက်နည်းဖြသ့် ထပ်ပြီး ကောက်ယူလျှင် ရခိုင်ပြည်၌ မင်းဆက်နှစ်ဆက်ရှိခဲ့ပါသည်။ ပထမမင်းဆက်မှာ သူရိယမင်းဆက်ဖြစ်ပြီး ဒုတိယမင်းဆက်မှာ စန္ဒြားမင်းဆက်ဖြစ်ပါသည်။ သူရိယမင်းဆက် (၅၅)ဆက်နောက်ပိုင်းတွင် ဒွေင်စန္ဒြားမင်းဆက် ပေါ်လာပါသည်။ စန္ဒြားမင်းဆက်၏ ပထမမင်းဆက်မှာ ရခိုင်သမိုင်းတွင် မဟာသူရိယတိုင်းစန္ဒြား မင်းကြီးဟု ခေါ်ဆိုကြပါသည်။ ရှစ်သောင်းဘုရားကျောက်စာတွင် ဒွေင်စန္ဒြားဟု သက္ကတအက္ခရာဖြင့် ရေးထိုးထားပါသည်။၏
မဟာတိုင်းစန္ဒြားမင်းထိုးထားသည့် ယင့်ကျောက်စာနောက်ဘက်တွင် စာလေးကြောင်း ပါရှိပါသေးသည်။ ယင်းစာလေးကြောင်းမှ အထက်နှစ်ကြောင်းတွင် ယေဓမ္မာ ဟေတုပ္ပဘ၀ါ ဖြင့် အစပြုရေးသားထားပါသည်။
အဓိပ္ပါယ်ဖော်နိုင်ခဲ့
ထိုစန္ဒြားမင်းဆက် ရေးထိုးခဲ့သော ကျောက်စာမှ မဟာမုနိကုန်း ဒုတိယပစ္စယံအရှေ့မြောက်ဘက်၌ပါရှိပါသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အမိုးအကာမရှိဘဲ ပက်လက်လှန်ပြီးလျှင် မိုးထဲ ရေထဲ၌ ရှိနေခဲ့သဖြင့် စာကြောင်းများမှာ ဖတ်မရနိုင်အောင် ပျက်စီးခဲ့ပါသည်။ သို့သော် ကြိုးစား၍ မင်ကူးကူးယူသောအခါ စာလုံးအနည်းသယ်ကို ဖတ်ရြှု့ပီး အဓိပ္ပါယ်ဖော်နိုင်ခဲ့ပါသည်။ ရေးထားသော အက္ခရာစာလုံးမှာ သက္ကတဖြစ်ပြီး ‘မဟာသျှူရိယော သျှန္ဒရော၊ နာမနော သျှဗဒါနေ ပကာရတေ’ ဆိုသော စာကြောင်းပါ ဘုရား။
ပါဠိဘာသာနှင့် ဆိုလျှင် ‘မဟာသူရိယော စန္ဒရော နာမနော သဗ ဒါနော ပကာရတေ’ ဟုရပါသည် ဘုရား။ အဓိပ္ပါယ်က မဟာသူရိယတိုင်း စန္ဒြားမင်းကြီးသည် ဤကုန်တော်၌ ဒါန၀တ္ထုအစုစုကို လှုဒါန်း၍ ပြီးပြည့်စုံပြီဟု ဖြစ်ပါသည်။ ယင်းကြောင့် ဤစာကို ထိုးထားသော ကျောက်စာပါ အရုပ်မှ မဟာစန္ဒြားမင်းကြီး ကုသိုလ်ပြုစိုက်ထူခဲ့သော အရုပ်ဖြစ်ကြောင်း သက်သေထူနေပါသည် ဘုရား။
ဤစာသည် အေဒီ (၄)ရာစု အစောပိုင်းက စာဖြစ်ပါသည်။ (၄)ရာစု အစပိုင်းမှ နောက်ကို ဆုတ်လိုက်သည့်အခါ သူရိယမင်းဆက်က နောက်မင်းများ၏ မင်းဆက်သက္ကရာဇ်တို့ကို ပေါင်းလိုက်သည့်အခါ ဘီစီ (၅) ရာစုတွင် ဂေါတမ ဗုဒ္ဓနှင့် စန္ဒသူရိယမင်းကြီးသက္ကရာဇ်တို့ တူညီနေသည်ကို တွေ့ရပါသည် ဘုရား။ ထို့ကြောင့် အထက်တွင် လျှောက်ထားခဲ့သည့်အတိုင်း တောင်ပေါက်ကြီး ကျောက်စာနှင့် သိရိဓမ္မသောကမင်းကြီး၏ အိန္ဒိယကျောက်စာတို့ကို တိုက်ကြည့်လိုက်လျှင်လည်း ရေးသားပုံချင်း တူကာ အဓိပ္ပါယ်အားဖြင့်လည်း တူညီနေပါသည်ဘုရား။
ဓည၀တီသို့ဘုရားရှင်ကြွခဲ့၏
ဓည၀တီအကြောင်းကို ပြန်ဆက်ပါမည်။ ဓည၀တိ၌ ဘီစီ (၃)ရာစုမှာ သူရိယစက္ကမင်း ထီးနန်းစိုးစံလျှက်ရှိပါသည်။ ထိုမင်းကနောက်သို့ ရေတွက်လျှင်ဘီစီ (၅)ရာစုသို့ ရောက်ပါသည်။ ယင်းကြောင့် စန္ဒသူရိယမင်းသည် ဓည၀တီ၌ ဘီစီ(၅) ရာစုတွင် အုပ်ချုပ်ခဲ့ကြောင်း သိရပါသည် ဘုရား။
ယခုလို ခြေရာကောက်နည်းဖြင့် လိုက်သောအခါ အတိအကျရရှိပါသည် ဘုရား။ ထိုအချိန်၌ အိန္ဒိယတွင် မြတ်စွာဘုရား ပွင့်နေချိန် ဖြစ်ပါသည်.။ ယင်းကြောင့် စန္ဒသူရိယ နန်းစံ၍ နှစ်ပေါင်း (၂၅) နှစ်အကြာတွင် ဗုဒ္ဓရှင်တော်သည် ဓည၀တီသို့ ကြွရောက်ခဲ့ပါသည်ဟု ရခိုင်သမိုင်းအစောင်စောင်တွင် တညီတညွတ်တည်း ဖော်ပြထားပါသည် ဘုရား။ ယင်းကြောင့် ဓည၀တီ၌ စန္ဒသူရိယမင်း အုပ်ချုပ်စဉ်တွင် မြတ်စွာဘုရား ကိုယ်တော်တိုင် ကြွရောက်ခဲ့ခြင်း ဖြစ်ပါသည် ဘုရား။
မြတ်စွာဘုရား ကြွရောက်လာသောအ ကြောင်းကို ဓည၀တီမြို့၏ အနောက်ဘက် တောင်တန်းကျောက်စာ၌ သူရိယစက္ကမင်းကြီးသည် ဗြဟ္မီအက္ခရာဖြင့် ရေးထိုးထားခဲ့ပါသည်။ တပည့်တော် ငယ်စဉ်က ဆရာကြီးစံရွှေဘုနှင့် အတူ ကူးယူခဲ့ပါသည်။ ထိုကျောက်ဆောင်မှာ မဟာမုနိ ကျောက်တော်လမ်းကို လုပ်သောအခါ တူးဖြိုသဖြင့် ပျက်စီးခဲ့ရပါသည်။ ထိုကျောက်ဆောင်၌ ရေးထိုးထားသည့်စာကိုယခုခေတ်၌ ပါဠိ ဘာသာဖြင့်ဆိုလျှင် ‘နမောတဿ ဘဂ၀တော၊ အဟာရတော ၊ သမ္မာသဗ္ဗုဒ္ဓဿ။ အထခေါ ဘဂ၀ါ ဘိက္ခုသံဃံ ပါသာင်္ဒ အာရုပေတွာ။ ပဉ္စပါသာဒ သတပရိဝုတော ၊ ဓည၀တီရဋ္ဌံ အာကာသမဂ္ဂေန။ စာရိကံ စရမာနော ဓည၀တီ မဟာနဂရဿ ပစ္ဆိမဒိသာ ဘာဂေ။ ကစ္ဆပနဒီယာ ပုရတ္ထိမတိေ၇ သေလာဂိရီ ပဗ္ဗတဗုဒနိ သြရောဟိတွာ ပတိဌာတိ။’ ဖြစ်ပါသည်။
အဓိပ္ပါယ်အတိုကောက်မှာ။ ။ မြတ်စွာဘုရားသည် ကောင်းကင်ခ၇ီးဖြင့် ပြသာဒ်ရှင်ပျံငါးရာနှင့် ကြွရောက်ပြီးလျှင် ဓည၀တီ မြို့၏ အနောက်ဘက်ဖြစ်သော ကစ္ဆပနဒီ ကုလားတန်မြစ်ကြီး၏ အရှေ့ဘက်ကမ်းခြေရှိသော သေလာဂိရီ မောရပဗ္ဗတ အမည်ရှိသော တောင်ထိ၌ ရပ်တန့်တော်မူ၏။ ရပ်တန့်တော်မူပြီးလျှင် မြတ်စွာဘုရားသည် ဗျာဒိတ်တော်ပေးသည်ဟူ၍ ဖြစ်ပါသည်။
ဤကျောက်စာကို ထောက်ရှုခြင်းအားဖြင့် ရခိုင်ပြည်ကို မြတ်စွာဘုရား ကြွရောက်ခဲ့သည်မှာ ထင်ရှားနေပါသည် ဘုရား။ ယင်းကြောင့် တပည့်တော်တို့မှာ ခြေရာကောက်နည်းဖြင့် နောက်သို့ တလှမ်းစီဆုတ်ပြီး လိုက်သောအခါ ဗုဒ္ဓသာသနာသည် ကွင်းဆက်မပြတ်ဘဲနှင့် ဓည၀တီခေတ်သို ရောက်ရှိပါသည် ဘုရား။
မဟာယာန စကားတစ်လုံးမျှ မတွေ့
မဟာတိုင်းကြီးစန္ဒြားမင်းကြီးသည် သူနန်းတက်စချိန်၌ ဝေသာလီဘုရားကြီးကိုတည်ပြီး ကျောက်စာရေထိုးထားခဲ့ပါသည်။ အက္ခရာစာလုံးမှာ ဗြဟ္မီပွားဖြစ်ပါသည်။ ဤအကြောင်းအရာမှာ “ယေဓမ္မာ ဟေတုပ ဘ၀ါ” ဂါထာတော် ဖြစ်ပါသည်။ သက္ကတ အသံမထွက်ပဲ ပါဠိသက်သက်ပင် ဖြစ်ပါသည်။ ထိုစာ၏ နောက်ပိုင်း၌ ရေးထိုးထားသော ကျောက်စာများမှာ သက္ကတအသံနှင့် ရေးထိုးထားသည်ကို တွေ့ရပါသည်။ ယဓမ္မာစာလုံးများ၌ ‘မ’ အထက်တွင် ‘ရေဖ’ ခေါ်သော ‘ရ ကောက်’ ကို တင်ထားပါသည်။ ယေဓမ္မာ (ယေဓမ်မာ) လို့ဖတ်ရပါသည်။ ‘ဟေတုပဘ၀ါ’ စာတမ်း၌လည်း `ပ’ စောက်အထက်တွင် ‘ရေဖ’ တင်ထားပါသည်။ ဟေတုပဘ၀ါလို့ဖတ်ရပါသည်ဘုရား။ ယင်းကဲ့သို့ အဆင့်ဆင့် သုတေသနပြုလိုက်သောအခါ မဟာယန်ဂိုဏ်းမှ စကားတစ်လုံးလည်း မတွေ့ပါဘုရား။
မဟာတိုင်းစန္ဒြားမင်းကြီး၏ ဤကျောက်စာအောက်ဘက်တွင် “ယက္ခ မဟာသေနာပတိ မဟာတော” ဟုရေးသားထားပါသည်။ ဦးစံသာအောင်၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့်စာအုပ်တွင် ဤအကြောင်းကို ရေးသားထားသည်ကို တွေ့ရပါသည်။ ဤကဲ့သို့ ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ပိဋကတ်တော်လာ ပါဠိတော်စကားကို တွေ့ရပါသဖြင့် ရခိုင်တို့တွင်မှာ ထိုအချိန်ကတည်းကပင် ပိဋကတ် အစစ်အမှန်ရှိကြောင်းကို တွေ့ရပါသည်ဘုရား။ အဘယ့်ကြောင့်ဆိုသော် အရှင် ဘုရားတို့ နှစ်စဉ်နှစ်တိုင်း ဟောကြားနေသည့် တရားများထဲတွင် ဤတရားပါပါသည် ဘုရား။
ယနေ့မြန်မာနိုင်ငံတော်၌ နယုန်လပြည့်နေ့ကို မဟာသမယနေ့၊ ၀ါဆိုလတွင် ဓမ္မစင်္ကြာနေ့၊ ၀ါကျွတ်လတွင် အဘိဓမ္မာနေ့ အဖြစ်သတ်မှတ်ပြီး နှစ်စဉ်ကျင်းပနေကြပါသည်။ ယက္ခသေနာပတိ မဟာပဏာတောဆိုသည့် ပါဠိသည် မဟာသမယသုတ္တန်တော်တွင် နတ်များကို ဖေါ်ကျူးထားသည်ဟု အတိအလင်းပါရှိပါသည် ဘုရား။ မဟာသမယနေ့၌ မြတ်စွာဘုရား ကိုယ်တော်တိုင်ဟောကြားခဲ့သော မဟာသမယသုတ္တန်ကု ရေဒီယိုမှ ကြားနာနေရပါသည်ဘုရား။ ထိုမဟာသမယသုတ္တန်ထဲ၌ နတ်များ၏အမည်ကို ဖေါ်ကျူးထားသော စကားများစွာရှိပါသည်ဘုရား။
“ပနာဒေါ - သပမညောစ၊ ဒေ၀သူတောစ မာတလိ” ဟူသော ဂါထာနှင့် တွေ့ရပါသည်ဘုရား။ ထိုနတ်များထဲ၌ ပနာဒေါနတ်မင်းကို ဖော်ကျူးထားသော ဂါထာတော်မှာ အပိုဒ်-၂၂ တွင်တွေ့ရှိနိုင်ပါသည်ဘုရား။ ဤမဟာသမယသုတ္တန် တော်မှာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့၏ ပိဋကတ်တော်လာ သုတ္တန်ဖြစ်ပါသည် ဘုရား။ မြတ်စွာဘုရားသခင် ဟောကြားတော်မူသော ထေရ၀ါဒအစစ်မှလာသည့် မဟာသမယသုတ္တန်ဖြစ်သည့်အတွက် ပါဠိတော် အဋ္ဌကထာအစရှိသော ပိဋကတ်သုံးပုံ၌ လည်း ရခိုင်၌မဟာယာနမရှိကြောင်း ထင်ရှားနေခြင်းကို ပြန်လည်ဖြေကြားပါသည် ဘုရား။
ထေရ၀ါဒကို ယုံကြည်သောမင်းများ
နောက်တချက်မှာ ဝေသာလီခေတ်တွင် အုပ်စိုးခဲ့ကြသော မင်းများဖြစ်ကြသည့် နိတိစန္ဒြား၊ ၀ီရစန္ဒြား အစရှိသောမင်းများသည် သူတို့ကုသိုလ်ပြုတည်ထားခဲ့သော စေတီများတွင် “ယေဓမ္မာ” ဂါထာတော်ကို ရေးထိုးထားသည့် ကျောက်တုံးများ၊ စတူပါများကို ဋ္ဌပနာတည်ထားခဲ့ကြပါသည်ဘုရား။ ထိုကျောက်တုံးနှင့် စတူပါများ၌ ရေးထိုးထားသောစာများကို ယခုမြောက်ဦးပြတိုက်တွင် သိမ်းဆည်းထားရှိပါသည်ဘုရား၊ တပည့်တော် အထက်ကတင်ပြခဲ့ သည့်အတိုင်း ဗုဒ္ဓတရားတော်၏ အဆီအနှစ်ဖြစ်ကြသော နိဗ္ဗာန်ကို လက်ခံယုံကြည်သည့်အတိုင်း ထေရ၀ါဒသာသနာကို လက်ခံယုံကြည်သောမင်းများဖြစ်ကြ ဤယေဓမ္မာဂါထာတော်ကို ဝေသာလီမင်းများ အသုံးပြုနေကြခြင်းပင်ဖြစ်ပါသည် အရှင်ဘုရား။ ယင်းကြောင့် မဟာသူရိယတိုင်း စန္ဒြားမင်းမှစ၍ (ဝေသာလီခေတ် အေဒီ (၄) ရာစု) စန္ဒြားမင်းအဆက်ဆက်တို့ ယုံကြည်ကိုးကွယ်ခဲ့ကြသော သာသနာမှာမဟာယနသာသနာ မဟုတ်ဘဲ စစ်မှန်သောထေရ၀ါဒ သာသနာတော်ဖြစ်ကြောင်းမှတ်ယူရပါမည်ဘုရား။
သီဟိုဠ် (သီရိလင်္ကာ)နှင့် ၀ါဒချင်းတူ
တပည့်တော် ပထမချပြခဲ့သော ဥပတဿနှင့် ကောလိတကြောင်းတွင် အရှင် အဿဇိမထေရ် ဟောကြားခဲ့သော ‘ယေဓ္မ’ ဂါထာတော်သည် ဝေသာလီသို့ ရောက်ရှိခဲ့ပါသည်။ ယင်းပြီးနောက် ဝေသာလီမင်းများသည် သီဟိုဠ် (သီရိလင်္ကာ)နှင့် သာသနာရေးကိစ္စများကို အပြန်အလှန်သွားရောက် ဆောင်ရွက်ကြောင်းနှင့် အာနန္ဒစန္ဒြားမင်းကြီးသည် သီဟိုဠ် (သီရိလင်္ကာ) သို့အလှူပစ္စည်းများ ပို့သည်ဟု ကျောက်စာတွင် တွေ့ရှိရပါသည်။ သီဟိုဠ်သာသနာမှာ ထေရ၀ါဒဖြစ်၍ တပည့်တော်တို့ ဝေသာလီတွင်လည်း ထေရ၀ါဒသာသနာထွန်းကားကြောင်း သိနိုင်ပါသည် ဘုရား။ ထို့ကြောင့် တပည့်တော်တို့ ရခိုင်ပြည်သာသနာသည် မဟာယန်ဂိုဏ်းမှဆင်သက်လာသော မဟာယန်ဂိုဏ်း မဟုတ်ပဲ ဓည၀တီခေတ် ဘုရားကိုယ်တော်တိုင် ကြွရောက်ခဲ့စဉ်ကစပြီး ဖြစ်ပေါ်ဆင်းသက်လာသော ထေရ၀ါဒဗုဒ္ဓဘာသာဖြစ်ကြောင်း တပည့်တော် လျှောက်ထားအပ်ပါသည် ဘုရား။
သမိုင်းရုပ်ကြွင်းက သက်သေခံ
ယင်းကဲ့သို့ ကျောက်စာ၊ ကျောက်ရုပ်၊ ပေစာများ အတိအလင်းရှိသော်လည်း ယခုခေတ်ရိုက်နှိပ်သော ပုံနှိပ်စာအုပ်တွင် မပါ၍ မယုံ၊ မှားယွင်းသည် ဆိုလျှင်လည်း မတတ်နိုင်ပါဘုရား။ တပည့်တော်တို့မှာ သမိုင်းရုပ်ကြွင်းဖြစ်သော ကျောက်စာ၊ ကြေးပြား၊ ရွှေပြားစာ၊ ငွေပြားစာတို့ကသာ သက်သေခံနေပါသဖြင့် ယင်းစာများကမှားပြီး ယခုပုံနှိပ်တိုက်မှ ရိုက်နှိပ်သော စက္ကူတွင် ရေးသားထားသည့်စာကသာ မှန်သည်ဟုဆိုလျှင်လည်း တပည့်တော်တို့ ပြောစရာမလိုတော့ပါဘုရား။ ထို့ကြောင့် တပည့်တော်တို့မှာ ပါဠိတော်အဋ္ဌကထာမှာ ပါရန်လိုအပ်မည် မထင်ပါဘုရား။ သက်သေခံသမိုင်းရုပ်ကြွင်း အထောက်အထားက ခိုင်မာနေပါပြီဘုရား။
ဟုတ်မဟုတ်ကိုလည်း တပည့်တော်အား ပြန်မေးမြန်းပါဘုရား။ မမေးလျှင် တပည့်တော်က မှန်သည် လက်ခံသည်ဟု ယူဆရပါမည်ဘုရား။ မဟာယန်ဂိုဏ်းဟု စွပ်စွဲချက်ကို ယေဒမ္မာတပုဒ်တည်း ဆင်းသက်ပုံခြေရာကောက်နည်း သုတေသနပြုလုပ်ပုံဖြင့် ရခိုင်ပြည်သာသနာသည် မဟာယန်ဂိုဏ်းမှ ဆင်းသက်လာသော မဟာယာနသာသနာမဟုတ်ပဲ ထေရ၀ါဒဗုဒ္ဓသာသနာမှ ဆင်းသက်လာသော သာသနာဖြစ်ကြောင်းနှင့် မေးခွန်း (၁)ကို ဖြေကြားအပ်ပါသည်ဘုရား။
မေးခွန်းနံပါတ်(၂)
ဗုဒ္ဓ၏ ပါဋ္ဌိတော် အဋ္ဌကထာ စသည်တို့တွင် မပါရှိဘဲ မြတ်စွာဘုရား သညှ်ဓည၀တိပြည်သို့ ကြွရောက်ခဲ့ပြီး ကျောက်တော်တောင်၌ တန့်ရပ်သည်ဟု ရေးသားပြောဆိုကြသည်။ ဤအကြောင်းကိုလည်း ရှင်းလင်းပေးပါ။
မေးခွန်းနံပါတ်(၃)
ဗုဒ္ဓ၏ ပါဋ္ဌိတော် အဋ္ဌကထာ စသည်တို့တွင်မပါရှိဘဲ မြတ်စွာဘုရားသည် စန္ဒသူရိယမင်းကြီးနှင့် တွေ့ဆုံပြီး မဟာမုနိဘုရား

Saturday, May 28, 2016

ခိုင်မိုးလင်း၏ တော်လှန်ရေး အဘိဓမ္မာ



ခိုင်မိုးလင်း၏ တော်လှန်ရေး အဘိဓမ္မာ
(ဦးသိန်းလှိုင်-လမု) ဖေ့စ်ဘွက်မှ ကူးယူသည်။
23.May.2016




(တစ်)
“တော်လှန်ရေးဆိုစွာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး နယ်ချဲ့လက်အောက်က လွတ်မြောက်ဖို့ အတွက် လက်နက်ကိုင် တိုက်ပွဲဝင်စွာ ဖြစ်တေ။ တနည်းအားဖြင့် ကယ်တင်ဖို့ ဖြစ်တေ။ မတရား စိုးမိုးဗိုလ်ကျ၊ အနိုင်ကျင့် ညှင်းပန်း၊ သိမ်းယူ အမြတ်ထုတ်၊ အကျင့် ယုတ်ကို ဖယ်ထုတ်စွာ ဖြစ်တေ”

(နှစ်)
“အစားဆင်းရဲ၊ အ၀တ်လျှို့တဲ့၊ နီရာထိုင်ခင်းပုံမှန်မဟိစွာ တော်လှန်ရေးသမားတယောက်အတွက် မပြောပလောက်တေ ဒုက္ခအဖြစ် ခံယူနိုင်ရဖို့။ တမျိုးသားလုံး လွတ်မြောက်ချင်ကေ ကိုယ့်တိုင်းပြည်ကို ကယ်တင်ချင်ကေ ဇွဲမာန်သတ္တိဟိရဖို့။ ကိုယ်ကျိုးစွန့်ရဖို့။ ယေမှရာ တော်လှန်ရေးသမားကောင်း ပီသဖို့”

(သုံး)
“ရခိုင်ပြည်ကို မြန်မာတိအုပ်ချုပ်နီရေ။ မကောင်းဆိုးရွားတည်းဟူသော အမှောင်ထုဖုံးလွှမ်းထားရေ။ အမှောင်ထုကွယ်ပျောက်ဖို့ နီထွက်ဖို့လို့ရေ။ မိုးလင်းလို့နီထွက်ကေ အမှောင်ပျောက်တေ။။ အေနိ အေရက်ကစပြီးကေ နီရောင်လို့ မင်းရို့ကိုမင်းရို့မှတ်ထား”

(လေး)
“ငါရို့ ရခိုင်ပြည်ကို အရောက်ချီမေ။ ရန်သူဘားမှာ လုံးဝဒူးမထောက်၊ လက်မမြှောက်ကဲ့။ အမျိုး သိက္ခာကျရေ။ သီကေအေပိုင် ရခိုင်ဘတ်တံဆိပ် ကိုပြလို့သီ။ ငါလုံးဝဒူးမထောက် လက်မမြှောက်။ စိတ်ရာချ။ လက်နက်ဖက်လို့သီချင်သီပတ်စီ။ ငါ့အတွက် မလွဲမယှောင်သာကေ ကျည်သုံး တောင့် နှင့် ကိုယ့်စွာကိုယ်အဆုံးစီရင်လားဖို့”

(ငါး)
ဗိုလ်ချုပ် ခိုင်မိုးလင်း၏ တော်လှန်ရေး သန္နိဋ္ဌာန် (၅)ချက် --
(၁) ရခိုင်ပြည်လွတ်လပ်ရေးအတွက် ရခိုင့်တပ်မတော်ကို တည်ဆောက်ကတ်။
(၂) ရခိုင်ပြည်လွတ်လပ်ရေးအတွက် ဘ၀တူအဖိနှိပ်ခံ တော်လှန်ရေးအင်အားစုရို့နန့် လက်တွဲကတ်။
(၃) ရခိုင်ပြည်လွတ်လပ်ရေးအတွက်လက်နက်ကိုင် တိုက်ပွဲမှ တပါးအခြားသော နည်းလမ်း မဟိ။
(၄) ရခိုင်ပြည်လွတ်လပ်ရေးသည်ရခိုင့်အမျိုးသား စည်းလုံးညီညွတ်ရေး၏လက်ဝယ်မာဟိရေ။
(၅) ရန်သူပါးမာ ဒူးထောက်လက်မြောက်ခြင်းသည် အဖိနှိပ်ခံ ပြည်သူများ အတွက် ခွင့်မလွှတ်နှိုင်သော ရာဇ၀တ်မှုကို ကျူးလွန်ရာရောက်တေ။

သီတာထွေး


"ဒေမြီ ဒေရီ၏ သခင်သည် ရခိုင်ဟေ့ ရခိုင်"
ကုလရက္ခိတ
28.May.2016

ညီမချေ သီတာ
နင်ငိုနိန်လီဖို့ထင်ယင့်

နင့်သွီး နင့်သား နင့်ဝိဉာဏ်တိနန့်
သက်သီထူပနာ မျိုးခြားယုတ်ရို့၏
သရုပ်မှန်ကိုပြခကေလည်း

ဒုတ်ကျမှ ဓားပြသိ
မျိုးခြားကို ဆရာခေါ်
နောက်မြီးဆွဲတိကား
ခုချိန်ထိ သတိမရကတ်ပါသိမ့် ညီမချေ သီတာ။


လေးနှစ်ဆိုရေ ကာလတစ်ခုမှာ
နင့်အသွီးတိခြောက် နင့်အသားတိဆွီးလို့
နင့်အရိုးဖြူတိ စကားပြောနိုင်သိမ့်ကေ
တစ်ခေါက် တောက်ခေါက်လို့ ပြောပီးပါဗလင်

"ဒေမြီ ဒေရီ၏ သခင်သည် ရခိုင်ဟေ့ ရခိုင်"
လေးနှစ်ပြည့်အမှတ်တရ (28.5.2016)

Thursday, May 26, 2016

ဝေသာလီ ရွှီနန်းက သဇင်ပန်းတစ်ပွင့်၏ရှိုက်သံ


သုဝဏ္ဏဒေဝီ ၏ တမ်းခြင်း
(သို့မဟုတ်>
ဝေသာလီ ရွှီနန်းက သဇင်ပန်းတစ်ပွင့်၏ရှိုက်သံ

 
ရွှေလာ ဆရာမ



















မတတ်သာလို့ ဆိုရပါဖို့လား ကံကြမ္မာကိုလည်း ရိုးမယ်မဖွဲ့ချင်ပါဗျာလ် မောင်တော်
ယင်းနိန့်က စစ်ဝတ်တန်ဆာနန့် ရောက်ဟိလာရေ မောင်တော့်မျက်ဝန်းက သံယောဇိုင်နှုတ်ဆက်ခန်းတိစွာ နှမတော်အတွက်လွမ်းစရာဖြစ်ကျန်လိုက်ရပါဗျာလ်…
တက်နိန်တုန်း နိုင်ငံတော်နန့် နှမတော်ရို့လူမျိုးတစ်ခုလုံးအတွက် ခံစားချက်ကိုဘေးမှာထားဗျာလ် အန္တရာယ်ကိုကြိုတင်ကာကွယ်ဖို့ ဆုံးဖြတ်လိုက်တေ မောင်တော်၏တာဝန်ယူမှုကို နှမတော် ဝမ်းသာဂုဏ်ပြုလျက်ပါ……

**နှလုံးသားနန့် တာဝန်ကိုတကန့်စီထားလို့ ဆိုးဝါးရေ လီလှိုင်းတိကြားမှာ ယူဇနာပေါင်းများစွာကို ဖြတ်ကျော်ချီတက်လားရေ ဒေခရီးစိုင်စွာ အပျော်မဟုတ်မှန်းလည်း နှမတော်နားလည်ပါရေ……

**ယေကေလည်းမောင်တော် နှမတော်ရို့ခွဲခွာချိန် ဒေလောက်ကြာမြင့်ခလိမေလို့ နှမတော်မထင်မိခစွာအမှန်ပါ……

**အုံ့ဆိုင်းနိန်ရေ မိုးရာသီမှာ မိုးရိပ်သျှေတိအံ့မှိုင်းလာတိုင်း မျက်ရည်စိုရရေပိုင် လျှပ်ပြက်မိုးကြိုးသံကြားတိုင်းလည်း နှမတော်၏လက်ဖျားချေတိကိုဆုပ်ကိုင်အားပီးတတ်တေ
 မောင်တော့်ကိုတမ်းတလို့………

**ခဝဲပွင့်ရေကာလမှာ မြောက်လီအီးနန့် အတူ နှင်းမြူချေတိကြားက တည်ကြည်ပြတ်သားရေ မောင်တော့်မျက်နှာကိုမြင်ယောင်မိယင့်………

** တောင်လီဂယက်ကြောင့် ရွင့်ထွက်လားရေ ရွက်ဝါသျှေတိကြားမှာ အကြင်နာနှလုံးနန့် မောင်တော့် အပြုံး မဆုံးတမ်း လွမ်းနိန်ရတုန်းပါမောင်တော်………

**ထို အပင်ထိပ်ဖျားမာတစာစာအသံပီးလို့ အစာခွံ့ကျွေးပြီးကေ နသီးသျှေထိုးကစပ် အားရကြေနပ်နိန်ကတ်တေ ငှက်မောင်နှံသျှေရို့ကို မြင်တိုင်းလည်း ရင်မာထိရှ အကြင်နာပီးခရေ မောင်တော်၏ ယုယမှုတိကို ပဇောင်ပိုင် မိန့်နိုင်ပါဖို့လဲ ………

**စံဂပန်းတိ သုံးကြိမ်ပွင့်လို့ သုံးနှစ်တောင် ကြာလားပါဗျာယ်ကား နှမတော်ပါးကို စာသျှေတစ်ရွက်တောင် ရွီးပို့ဖို့ အချိန်မရနိုင်ပါလားလို့ အားငယ်ဝမ်းနည်းမိပါရေ မောင်တော်……

**ရခိုင့်နိုင်ငံတော်အတွက် ခိုင်ခံ့ရေအင်ပါယာတစ်ခုဖြစ်လာဖို့ ကြိုးစားဆောင်ရွက်နိန်ရေအချိန်မာ အမျိုးသီလကို စောင့်သိရေ အစိုင်အလာရို့ကြောင့် ဘာသာမတူ အယူခြားနားရေ အနောက်သူရတန်သူရို့၏မာယာညွတ်ကွင်းမာ မောင်တော်သက်ဆင်းနိန်စွာ မဟုတ်မှန်လည်း နှမတော်ယုံကြည်ပြီးသားပါယာ………

**ယေဒါလည်း မ မချေတစ်ယောက်၏နှလုံးသားကလာရေချစ်သံယောဇဉ်တိကို မောင်တော် တစ်ဖေ့ချေလောက် နားလည်ပီးသင့်ပါရေ……

**မပြောင်းလဲရေ မိတ္တာ၊မြတ်နိုးစွာသိမ်းထားရေသစ္စာတရားတိနန့် အထီးကျန်စွာပစ်ထားခံရရေ နှမတော်ဘဝကိုသတိရတမ်းတ တစ်ချက်ချေလောက်ပင် မောင်တော် မြင်ယောင်မိပါယင့်လား …………

**ရာသီစက်ဝန်းတိ မနားတမ်းလည်ပတ်နိန်ရေပိုင် အဆုံးမသတ်နိုင်ရေ အလွမ်းဓာတ်ခံတိကြားက ခံစားချက်ကို ဖွင့်မပြောပါဗျာယ်လို့ ဟန်ဆောင်မာန်တင်းထားကေလည်း အသည်းမမာနိုင်သိမ်းရေ နှမတော်၏နှလုံးသားက အခိုးအငွိ့တိစွာ မျက်ဝန်းမာလျှံကျ ထာဝရမိုးရာသီ ဖြစ်နိန်ရပါဗျာယ် မောင်တော်……

**အလွမ်းတိရာ ပန်းဖြစ်ခဖို့ဆိုကေ ဝီဆာနိန်ရေ ဝေသာလီပြည်က ပန်းတိစွာ နှမတော်၏ မျက်ရည်တိ ဖြစ်လီပါဖို့ သူရို့၏ရနံ့က နှမတော်၏ ရှိုက်သံတိပါ မောင်တော် ………

**ချစ်သူတိုင်းအတွက် သောကဝေဒနာ အချိန်ကြာမခံစားရစီကြောင်း ကိုယ်ချင်းစာ ဆုတောင်းပီးပါရေ………

**သဇင်ပွင့်ချိန်နန့်အတူ သံဃာယနာတင်ပွဲလည်း ဗြီးဖို့ နီးလာပါဗျာယ် အကြင်နာလက်ကမ်း ရွှီတောင်ကုန်းထက်မာ ပန္နက်အတူ ဆုတောင်းယူဖို့ ကြည်ဖြူစွာ ရောက်လာနိုင်ပါစီလို့ ဝေသာလီဆုတောင်းပြည့်ဘုရားမာ နိန့်စိုင် ကောင်းမှုပြုလျက်ပါ မောင်တော်……

**မတတ်သာလို့ဆိုရပါဖို့လား ကံကြမ္မာကိုလည်း ရိုးမယ်မဖွဲ့ချင်ပါဗျာယ် နှမတော်နှလုံးသားနန့်ရင်းလို့ရေးလိုက်ရရေ "သိန်၊တန်၊မိန်တွင်" ကဗျာသုံးပုဒ်ကို မောင်တော် ဖတ်နိန်ရေအချိန်မာ ဝေသာလီရွှီနန်းထက်က ချစ်နှမ၏ လွမ်းရက်တိကို ငဲ့ကွက် မြင်ယောင်ပနာ မကြာခင်ပြန်လာလိမယ်လို့ မျက်ရည်စက်တိနန့် တမ်းတမျှော်လင့်နိန်ပါယင့် မောင်တော်………
**အထီးကျန်သန်းခေါင်ယံက နှမတော်၏ရှိုက်သံနန့်အတူ
မောင်တော့်နှလုံးသားပန်းများပွင့်ပါစီ‬…………
အလွမ်းများစွာဖြင့်~~
ချစ်နှမ"စောပြည့်ညို"
ဝေသာလီကျောက်ဂလှမြို့
ရခိုင့်နိုင်ငံတော်
(သက္ကရာဇ် . ၅၅၉ . အေဒီ . ၆၃၉ ခု)
ကိုလင်းလက်၏ post မှတစ်ဆင့် ကူးယူဖော်ပြပါသည်။်

Death of Democracy


 Kularakkhita Ann
25.May.2016

ဒေါ်ခင်စောဝေ အဆိုတင်သွင်းတယ်။ ပယ်ချလိုက်တယ်
ဒေါ်နန်းမိုး အဆိုတင်သွင်းတယ်။ ပယ်ချလိုက်တယ်။

Daw Khin Saw Wai ANP


















Daw Nan Moe SND




















သူတို့တွေအဆိုတင်သွင်းတာ
@ ဒေါ်ခင်စောဝေ တင်သွင်းသောအဆိုဟာ ရခိုင်တမျိုးသားလုံးကို ကိုယ်စားပြုတယ်။
@ဒေါ်နန်းမိုး တင်သွင်းသောအဆိုဟာ ရှမ်းတမျိုးသားလုံးကို ကိုယ်စားပြုတယ်။

ဆိုတော့
လွတ်တော်က NLD အစိုးရ ပယ်ချလိုက်တဲ့အဆိုဟာ ဒေါ်ခင်စောဝေ နဲ့ ဒေါ်နန်းမိုး အဆိုတင်သွင်းတာကိုလောက်သာ ပယ်ချလိုက်တာမဟုတ်ဘူး။ ရခိုင့်အသံ၊ ရှမ်းအသံ ကို ပယ်ချလိုက်တာပဲ။
ဒါဟာ ဒီမိုကရေစီ အနိုင်ကျင့်ခံရတာပဲ။ ပြည်သူ့အသံကို လျစ်လျှူ ရှုခြင်းခံလိုက်ရပြီဆိုရင် အဲဒီဒီမိုကရေစီ သေပြီလို့ ပြောလို့ရတယ်။
သူတို့တွေ တောင်းဆို တင်သွင်းတာ ငြိမ်းချမ်းရေးအတွက်၊ ပြည်သူတွေအတွက်၊ ပြည်သူ့အသံကို ပြန်လည် တင်ပြခြင်းသာဖြစ်တယ်။
Death of Democracy without having lisening to the people's voice.
မှတ်ချက်။ ။ ဒေါ်ခင်စောဝေ သည် ၉ သို့မဟုတ် ၈ ရက်နေ့ မေလ ၂၀၁၆ က ရခိုင်ပြည်တွင်းဖြစ်ပျက်နေသော ပြည်တွင်းစစ်ဒဏ်ကြောင့် နေအိမ်စွန့်ခွာပြေးနေရသော စစ်ဘေးရှောင် ပြည်သူများအား နိုင်ငံတော်အနေဖြင့် ကူညီပေးရေးအဆိုကိုတင်သွင်းခဲ့သည်။
ဒေါ်နန်းမိုး သည် ၂၅ ရက် မေ လ ၂၀၁၆ က ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသော နေအိမ်စွန့်ခွာ ပြည်တွင်းစစ် ဒဏ်သင့်၊ ပြည်တွင်းစစ်ဒဏ်ခံစားနေကြရသော ပြည်သူများအား ကျောင်းနေအရွယ်က ကလေးများ ကျောင်းနေရရေး အဆိုကိုတင်သွင်းခဲ့ခြင်းဖြစ်ဖြစ်သည်။
(မေးသူများကြောင့် ပေါင်းထည့်လိုက်ခြင်း)

Monday, May 16, 2016

ဂုဏ်ပုဒ်တပ်လိုက်စမ်းပါ


unknown writer
17.May.2016 
ဘယ်မှာလဲသောင်းကျန်းသူ
ဘယ်မှာလဲသူပုန်
သောင်းကျန်းသူဆိုတာ အိမ်မှာလား
သူပုန်ဆိုတာ လမ်းမှာလား
သောင်းကျန်းသူဆိုတာ လူလား
သူပုန်ဆိုတာ ဘုန်းကြီးလား
သောင်းကျန်းသူဆိုတာ ယောက်ျားလား
သူပုန်ဆိုတာ မိန်းကလေးလား
သောင်းကျန်းသူဆိုတာ လူကြီးလား
သူပုန်ဆိုတာ ကလေးလား

ပြောလိုက်လေ
ဂုဏ်ပုဒ်တပ်လိုက်စမ်းပါ
ရခိုင့်တပ်မတော်ကို အားပေးထောက်ခံလို့
သောင်းကျန်းသူ၊သူပုန်လို့သာ ပုဒ်မတပ်မယ်ဆိုရင် ရခိုင်ပြည်တွင်း ကလေး၊လူကြီး၊ယောက်ျား၊မိန်းမ၊ဘုန်ကြီးပါမကျန် အကုန်သောင်းကျန်းသူတွေဖြစ်ကုန်လိမ့်မယ်
ရခိုင့်တပ်မတော်ဆိုတာ ရခိုင်လူမျိုးတွေရဲ့ နှလုံးသားမှာရှိတယ်
ရခိုင့်တပ်မတော်ကို ရခိုင်တစ်မျိုးသားလုံးချစ်တယ်
ရခိုင့်တပ်မတော်ကို ရခိုင်တစ်မျိုးသားလုံး အားပေးကြိုဆိုတယ်
ခင်များတို့စစ်ခွေးတွေ ပြောနေတဲ့ AA သူပုန်ဆိုတာကြီးကို ရခိုင်တွေရင်ထဲက ဘယ်လောက်မြတ်နှိုးကြသလဲ ကြည့်လိုက်ပါ
We Love AA
We are Arakan တဲ့
ပြည်သူထဲကလာတဲ့ စကားသံ
စစ်ခွေးတွေသာမျက်နှာပူတတ်ခဲ့မယ်ဆိုရင် ရခိုင့်မြေပေါ်မှာ ခြေတောင်ချရဲမှာမဟုတ်ဘူး
မျက်နှာပြောင်တိုက်တဲ့ စစ်ခွေးတွေ သိသင့်နေပြီ
ခင်များတို့ကို ကျုပ်တို့မလိုအပ်ဘူး
ကျုပ်တို့မှာ ရခိုင့်တပ်မတော် AA ရှိတယ်
BIA စစ်ခွေးများ ရခိုင့်မြေပေါ်က ထွက်ပေးပါ





အမ်း ဆန္ဒပြပွဲအတွက် လှုံးဆော်စာ

14.May.2016
အရှင်ကုလရက္ခိတ
( ဝဏ္ဏိတာရာမ ပရိယတ္တိ စာသင်တိုက်၊ အမှတ် (၃) ဈေးရပ်ကွက်၊ အမ်းမြို့သစ်။ )

ဦးဇင်းတို့ အမ်းက ဆွေတော် မျိုးတော်တွေ ငြိမ်းချမ်းရေးအတွက် ဆုတောင်း ဆန္ဒထုတ်ဖော်ပွဲ တရပ်ကို အောက်ပါ အစီအစဉ်အတိုင်း
ဆောင်ရွက်ခွင့်ကို ရကြတော့မှာပါ။
အစီအစဉ်ကိုမပြောခင် ဆန္ဒပြပွဲကို ဦးဆောင်သူ ဖြစ်တဲ့ မြတန်ဆောင်း ဆရာတော် အကြောင်း အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်။ ဦးဇင်းသိထားသလောက် မြတန်ဆောင်းဆရာတော်အကြောင်း မိတ်ဆက်ရရင် ဆရာတော်ဟာ အသက်အရွယ်အားဖြင့် ၃၄ နှစ်သာရှိပြီး သိက္ခာ ဝါတော်မှာတော့ ၁၄ ဝါရထားပြီးဖြစ်ပါတယ်။ ဆရာတော်ရဲ့ ကျောင်းနာမည် မြတန်ဆောင်းဆိုတာဟာလည်း ဆရာတော်ရဲ့ အတန်းကျောင့်းပညာတွေကို သင်ကြားပို့ချပေးနေတဲ့ ပရဟိတ ကျောင်းနာမည်ဖြစ်ပြီး ဆရာတော်ရဲ့ ဘွဲ့နာမည်အရင်းကတော့ ဦးနန္ဒသာရ ဖြစ်ပါတယ်။ မြတန်ဆာင်း ပရဟိတ ကျောင်းဟာဆိုရင် မြောက်ဦးမြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။
ဆရာတော်ဟာ ပရဟိတစိတ်၊ ဆရာစိတ် ရှိသူပီပီ အနစ်နာခံမှု ၊သည်းခံမှု စာနာနားလည်တတ်မှုတွေနဲ့ ပြည်စုံသူ တစ်ပါးဖြစ်တာကြောင့် ၂၀၁၅ ရာသီနောက်ပိုင်းကနေစပြီး ယနေ့အချိန်ထိ ဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်မတော် (Arakan Army) နဲ့ မြန်မာ့တပ်မတော် (BIA) တို့အကြားဖြစ်နေတိုက်ပွဲတွေကို မလိုလားသူ၊ တိုက်ပွဲ နောက်ဆက်တွဲ အနိဌာရုံများကို မကြားလိုသူ၊ မမြင်လိုသူ ဖြစ်သောကြောင့် စစ်ပွဲတွေ ရပ်ဆိုင်းပြီး နိုင်ငံရေးပြဿနာကို အခြေခံတဲ့ ပြဿနာကို နိုင်ငံရေး စကားဝိုင်း နိုင်ငံရေး အရ ဆွေးနွေးဝိုင်းဖြင့် ဖြေရှင်းပေးဖို့အတွက် ရခိုင်တပြည်နယ်လုံးအပါအဝင်
ရန်ကုန်မကျန် တောင်းဆို ဆန္ဒပြပွဲတွေ ပြုလုပ်ကြဖို့ လိုက်လံပြီးတော့
ဆော်သြနေသူ ဦးဆောင်သူ တစ်ပါးဖြစ်ပါတယ်။

ဒီနေရာမှာ ဦးဇင်းတို့ အမ်းက ဆွေတော်မျိုးတော်တွေအနေနဲ့ သိထားရမှာကတော့ ယနေ့ခေတ်သည် ဒီမိုကရေစီခေတ် စနစ်ဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးယန္တယားကြီးကို မောင်းနှင်နေတာဖြစ်တာကြောင့်
အာဏာနဲ့ ပါဝါသည် ပြည်သူတွင်သာတည်သည်။ ပြည်သူ့အများ၏ သဘောထား ဆန္ဒကို ပြည်သူ့ကိုယ်စားရွေးကောက်တင်မြောက်ထားတဲ့ လွတ်တော်ကိုယ်စားလှယ်တွေက အကောင်အထည်ဖော်ပေးကြရမှာဖြစ်ပါတယ်။ ဒါကြောင့် ဘာဖြစ်ချင်တယ် ဘာလိုချင်တယ်လို့
ဆန္ဒထုတ်ဖော်ပြောကြားရမှာက ပြည်သူတွေရဲ့တာဝန်သာဖြစ်ပါတယ်။ ဒီအတွက်လည်း ဘာမှ စိုးရိမ်ကြောင့်ကြစရာမလို။ ဘာသံမှ မထွက်ဘဲ တိတ်တိတ်နေခြင်းသည် ဒီမိုကရေစီပျက်စီးကြောင်းကို ဖြစ်စေတာကြောင့် နိုင်ငံတော်ကို ပျက်စီးအောင် ဖျက်ဆီးရာရောက်မည်ဖြစ်သည်။
ငါ ဆန္ဒပြလျင် ငါအဖမ်းခံရမည် ရာထူးပြုတ်သွားမည်လော့ဟူသော အတွေးအခေါ်အယူအဆများသည် ဒီမိုကရေစီကို အာဏာရှင်ခေတ်သို့ ပြန်လည်တွန်းပို့သော အယူအဆမျိုး အတွေးအခေါ်မျိုးဖြစ်သည်။
ဦးဇင်းတို့ ဆန္ဒဖော်ထုတ်လိုက်သောအားဖြင့် စစ်ဘေးဒဏ်ကြောင့် အစာရေစာ ငတ်ပြတ်နေတဲ့ ခလေးတွေ ကိုယ့်အိမ်ကိုယ်ပြန်ပြီး ထမင်းကောင်းကောင်းစားနိုင်မယ်။ ကျောင်းအပ်ချိန် ရောက်ပြီ၊ သူတို့လေးတွေ ကျောင်းသွားနိုင်ကြမယ် ဆိုတဲ့အတွေးအခေါ်အယူအဆမျိုးတွေက ဦးဇင်းတို့ရဲ့ နိုင်ငံကို တိုးတက်အောင် လှပအောင် ကူညီတဲ့ အကြံအစည်အတွေးအခေါ်မျိုး လုပ်ဆောင်ချက်မျိုးဖြစ်ပါတယ်။
ဒါကြောင့် ဦးဇင်းတို့ ဆွေတော် မျိုးတော်တွေကို ဦးဇင်းကတော့ ယုံကြည်ပါတယ်။ ၁၆ ရက်နေ့မှာ ပြုလုပ်ကြမည် ငြိမ်ချမ်းရေး ဆုတောင်း ဆန္ဒပြပွဲကို တညီတညွတ်တည်း မြို့လုံးကျွတ်ပါဝင် ဆင်နွကြလိမ့်မယ်လို့။
နောက်ပြီး ဦးဇင်းတို့ရဲ့ ဆရာသမားတွေ ညီတော် နောင်တော် ရဟန်းသံဃာတွေအနေနဲ့လည်း ငြိမ်ချမ်းရေးဆန္ဒပြ ဆုတောင်းပွဲကို ပူးပေါင်းပါဝင်ပေးကြဖို့ တပည့်တော် လျောက်ထားလိုပါတယ်ဘုရား။ ဆန္ဒပြတောင်းဆိုပွဲဆိုတာဟာ တကယ်တော့ ဆန်းကြယ်တဲ့အရာ တစ်ခုမဟုတ်ပါဘူးဘရား။ ဒီမိုကရေစီနဲ့ ဆန္ဒပြမှုဆိုတာ ဒွန်တွဲနေရတဲ့သဘောပါ။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံမှာ ဆန္ဒပြတောင်ဆိုမှုတွေ မရှိဘူးဆိုရင် အဲဒီ နိုင်ငံဟာ ဒီမိုကရေစီ ဆိုက်သုန်းပျက်စီးသွားတဲ့နိုင်ငံပဲဘုရား။ ကမ္ဘာ တဝှမ်းမှာ နေ့တိုင်း အချိန်တိုင်း လူတွေဟာ တစ်ခုခုကြောင့် အမြဲတမ်း ဆန္ဒပြတောင်းဆိုနေကြရတာပါ။
အောက်ပါ စာရွက်ပါအစီစဉ်အတိုင်း ငြိမ်းချမ်းရေးအတွက် ဆန္ဒပြတောင်းဆိုပွဲကိုပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။
ဆန္ဒပြရန် နေ့ရက်- 16.May.206
အချိန်- မနက် ၈ နာရီ ၃၀ မှ ၉ နာရီထိ ( နာရီဝက်သာ)
လူစုရန်နေရာ- မြေစာရင်းရုံးရှေ့
နောက်ဆုံး ဟောပြောရန်နေရာ- ဓာတ်ပေါင်းစု စေတီ
Data information = မြတန်ဆောင်း ဆရာတော်

ငါယုံကြည်ရာ

မဟာမြတ်မုနိ

မြောက်ဦး၊ ထုက္ကန်သိမ်တော်

မြောက်ဦး

ငါယုံကြည်ရာ

ကျောက်တော် မဟာမြတ်မုနိ ကိုငါယုံရေ။
မြောက်ဦးထုက္ကန်သိမ်၊ သျှစ်သောင်းပုထိုးရို့ကို ငါယုံရေ။
မြောက်ဦးနန်းတော်ရာကို ငါယုံရေ။
ထီးပိုင်၊ နန်းပိုင်၊ အာဏာပိုင်ဖြစ်ခရေဆိုစွာ
မဟာမြတ်မုနိက သက်သီထူရေ။
မြောက်ဦးနန်းတော်ရာက သက်သီထူရေ။
ငရို့တိကား ကျွန်မျိုးမဟုတ်။ သခင်မျိုး၊ ဘုရင်မျိုး၊
မင်းဘာဘုရင် မင်းဆက်၊ စန္ဒသူရိယဘုရင် မင်းဆက်။
ရခိုင် ဆိုစွာ အမျိုးဂုဏ်၊ ဇာတ်၊စသည်ကို မပျောက်ပျက်အောင်
ထိမ်းသိမ်းစောင့်ရှောက်ခြင်းကိုဆိုလိုရေ။
ယင်းကြောင့် မျိုးဂုဏ်မပျက်ယောင်၊ ဇာတ်မပျက်ယောင်
စောင့်ရှောက်ရဖို့စွာက ငါရို့တာဝန်ဗျာယ်။
ဝံလက်ငှက်မျိုးမှန်ကေ ပျံနိုင်စွမ်းရေ။
ခြသေ့င်္မျိုးမှန်ကေ မြက်စားရိုးထုံးစံမရှိ။
ငရို့တိ ရခိုင်လို့ အမည်ခံချင်ရေဆိုကေ
မျိုစောင့်ကတ်ရဖို့။
 ကုလရက္ခိတ
၁၅.မေ.၂၀၁၆

အမ်းမြို့တွင် ငြိမ်းချမ်းရေးအတွက် ဆန္ဒပြတောင်းဆို


16.May.2016
ကုလရက္ခိတ

ရခိုင်ပြည်နယ် အမ်းမြို့တွင် ၁၆ ရက် တနင်္လာနေ့၊ မေလ၊ ၂၀၁၆ တွင် ရခိုင်ပြည်တွင်း ဗမာ့စစ်တပ်နဲ့ ရခိုင့် (ရက္ခိုင့်) တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်နေမှုများ ရပ်တန့်ပြီး ငြိမ်းချမ်းစွာ နိုင်ငံရေးစကားဝိုင်းဖြင့် အဖြေရှာကြဖို့ တောင်းဆို ဆန္ဒပြခဲ့ကြသည်။

ရခိုင်ပြည်တွင်း မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊မောင်တော ဒေသများတလျောက်တွင် ၂၀၁၅ ရာသီနောက်ပိုင်းမှစလို့ ဒီကနေ့ ၁၇.မေ.၂၀၁၆ ထိ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားလျက်ရှိရာ ထိုတိုက်ပွဲများအား ဒဏ်ကြောင့် စစ်ဘေးဒဏ်ရှောင် ဒုက္ခသည်ပေါင်း ထောင်ဂဏန်းကျော်ရှိလာခဲ့ပြီဖြစ်သည်။

ထိုသို့ စစ်ဘေးဒုက္ခသည်များ ရာခိုင်နှုန်းတိုးတက်လာခြင်း နှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသတဝိုက် အပြစ်မဲ့ ပြည်သူများအား ပေါ်တာဆွဲခေါ်ခြင်း၊ ပြည်သူများ အကြောက်တရား မြင့်မားလာခြင်းတို့ကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း (၁၇) ခုရှိရာ (၁၀)ခခုသော မြို့တို့တွင် စစ်ပွဲများရပ်တန့်ရေးနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးစကားဝိုင်းတွင် ဖြေရှင်းကြရန် တောင်းဆိုဆန္ဒပြပြီးဖြစ်သည်။
ရခိုင်ပြည်သူများသည် ရက္ခိုင့်တပ်မတော် (Arakan Army) အား ရခိုင်ပြည်တွင် အခြေချပြီး ရခိုင်ပြည်သူတို့၏ အသက်အိုးအိမ် လုံခြုံမှုကို တာဝန်ယူစေလိုကြသည်။ နောက်ပြီး လွန်ခဲ့သော ၂၃၁ နှစ်ကျော်လောက်ထိ ဘုရင့် ထီးနန်းစိုက်ရာ မြောက်ဦး မြို့ဟောင်း၌ (15.May.2016) တွင် လမ်းများ နေအိမ်များ ဘုရားပုထိုးများ၌ " We love AA, We are Arakan Army"စသည့် ရက္ခိုင့်တပ်မတော်အား ထောက်ခံကြိုဆိုသော စာတမ်းများကို တွေ့ရှိရသည်။

မြတန်ဆောင်း ဆရာတော် ဦးဆောင်သော အမ်းမြို့ ဆန္ဒပြပွဲ၌ လူထုအင်အား (၃၀၀)ကျော် ပါဝင်သည်ဟုသိရသည်။





Monday, May 9, 2016

"ငါ့အိမ်ငါ့နီရာ ငါပြန်လားချင်ရေ"


 Dr.ညိုထွန်းအောင်
မေလ (၉) ရက် ၊တနလာင်္နိ၊ ၂၀၁၆ ခုနှစ်။
နိခင်းသား ၁၂ နာရီ ၀၇ မိနစ်။
 
အငိုနန့်စလို့ အငိုနန့်ဆုံးရေဘဝမှာ
အရယ်အပြုံးအပျော်ရသတိထက်
အငိုကို ပြိုဆင်းစီဖို့
တစ်နိတစ်မျိုး မရိုးလားအောင်
လက်နက်ကြီးနန့်ထပ်ထုနီတုန်း
အနိစ္စသဘောမရောက်ရအောင်
ငါ့ကိုယ်ငါတရားမှတ်နီရေ။

ငါရို့ တိမျက်ရည်မပေါ
ရိုးသားရေတောင်သူတိရာ
မဆလာပေါက်ပေါက်နန့်ဟင်းတစ်ခွက်အစား
ဆာလဖာကိုသောကနန့်ဖြူးစားနီရလို့
ရွာဦးကျောင်းရီကန်ထဲကရီတိပယှောင်
ငါ့မျက်ကွင်းဟောက်ပက်မျက်လုံးထဲ
ပူဆွီးမျက်ရည်တိခန်းခြောက်လာရေ။

ငါရို့ တစ်နိပြီးတစ်နိ
အာဃာတကိုချက်စားကြယင်း
မမြင်ချင် မကြားချင် မတွိချင်
စစ်အနိဌာရုံဇာတ်လမ်းတိက
ဒါရိုက်တာမလို မင်းသားမလို
မင်းသမီးမလို ဇာတ်ပို့မလို ဇာတ်ရံမလို
တစ်ယောက်လေ့မလိုဘဲ
တစ်ကားပြီးတစ်ကားထွက်လာရေ။

ငြိမ်းချမ်းရီးက မျက်စပစ်ပြနီကေလေ့
မျက်စိစပါးမွှီးစူး ယင်းကလေတိရဲ့
ယင်းပိုင်အပြောက
ကိုယ်ချင်းစာတရားနတ္ထိဆိုစွ
ငါ့မြေးချေ မေးကေတောင်သိနိုင်ရေ။

၂၀၁၆ ဗားရှင်းအသစ်နန့်
ပုံစံပြောင်းထားကေရေဆိုကေလေ
မျှော်လင့်ချက်က Upgrade မဖြစ်သိမ့်ရေခါ
ငြိမ်းချမ်းရီးက V1 ဆိုကေ
အမျိုးသားရင်ကြားစိရီးက V2 လို့ပြောရဖို့။

တိုက်ပွဲတိကြောင့်
ငါ့အသွီးအသားတိနိုးထစီရေ
ရခိုင်တိစည်းလုံးလားစီရေဆိုကေလေ့
ဓာတ်ကူပစ္စည်းတိမှားနီရေအခါ
လိုချင်ရေ ရလာဒ်ကမထွက်နိုင်သိမ့်လို့
ငါ့သား--ဆက်ရာတိုက်။

ဆန္ဒဇာပိုင်ထုတ်ဖော်ထုတ်ဖော်
အာပေါက်အောင်ဇာလောက်ပြောပြေ
ယင်းသူရို့  မသိကွန်ဆောင်ထားရေ
ကိုယ်ချင်းစာတရားပြည့်စီဖို
ထန်းတောကို ယမ်းမြီသြဇာကျွေးပြီးခါမှ
ငါ့အိမ်ငါပြန်ရောက်ဖို့ ငါယုံရေ။



မူရင်းဓာတ်ပုံပိုင်ရှင်အား ခရက်ဒစ်ပီးပါရေ။

Sunday, May 8, 2016

ပြည်သူလူထု ငြိမ်းချမ်းရေး လှုပ်ရှားမှု (ရခိုင်ပြည်သူများ/ကမ္ဘာတဝှမ်း)

ပြည်သူလူထု ငြိမ်းချမ်းရေး လှုပ်ရှားမှု (ရခိုင်ပြည်သူများ/ကမ္ဘာတဝှမ်း) 


Stop the Rakhine Civil War in Myanmar
မိမိတို့ ရခိုင်လူမျိုးများနှင့် ပြည်တွင်းစစ်မလိုလားသော တိုင်းရင်းသားညီအစ်ကိုတချို့ စစ်ရပ်စဲရေးအတွက် (၁-၅-၂၀၁၆) နေ့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒထုတ်ဖေါ်ပွဲများကို အမေရိကန်၊ ဂျပန်၊ ရန်ကုန်မြို့နှင့် ရခိုင်ပြည်ရှိ မြို့များတွင် ပြည်တွင်းစစ်ရပ်စဲ ရေးအတွက် တောင်းဆိုဆန္ဒပြခဲ့သော်လည်း မြန်မာစစ်တပ်သည် ပြည်သူများ၏လိုလားချက်ကို မျက်ကွယ်ပြုကာ ရခိုင်ပြည်နှင့် တိုင်းရင်းသားဒေသအားလုံးနီးပါးတွင် ရန်လိုအငြိုးကြီးစွာဖြင့် မတရားထိုးစစ်ဆင် အနိုင်ကျင့်နေမြဲဖြစ်သောကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အစိုးရအား ဆက်လက်ဖိအားပေးလှုပ်ရှားရန် အရေးတကြီးလိုအပ်နေပါသည်။
သို့ဖြစ်ပါ၍ “အကြမ်းမဖက်နိုင်ငံရေးလှုပ်ရှားမှု” မြန်မာအစိုးရစစ်တပ် လက်ရှိကျူးလွန်နေသော လုပ်ရပ်များအား ချုံ့ချကန့်ကွက်သောအနေဖြင့် (Black and White) (အဖြူ အမဲ) လှုပ်ရှားမှု တစ်ရပ်ကို (၁၅-၅-၂၀၁၆) တနင်္ဂနွေနေ့တွင်တစ်ကြိမ်၊ (၂၂-၅-၂၀၁၆) တနင်္ဂနွေနေ့တွင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ပြုလုပ်သွားမည်ဖြစ်ပါသောကြောင့် ရခိုင်ပြည်သူလူထုနှင့် စစ်မလိုလားသော တိုင်းရင်းသားညီအစ်ကိုများ ပူးပေါင်းပါဝင်ကြပါရန် စစ်မက်ဖြစ်ပွားရာဒေသအတွင်း မြန်မာအစိုးရစစ်တပ်၏ လူအခွင့်အရေးချိုးဖေါက်မှုဒါဏ်ခံစားနေရသော ပြည်သူများကိုယ်စား တောင်းဆိုလိုက်ရပါသည်။
လှုပ်ရှားရမည့်ပုံစံ------
မနက် (၉) နာရီမှ စတင်ကာ အဖြူရောင်ဖြစ်သော မည်သည့်အင်္ကျီအမျိုးအစားကိုမဆို ဝတ်ဆင်ထားပြီး မိမိရို့၏ နေ့တတူ ဝ အလုပ်များကို ပုံမှန်လုပ်ဆောင်ကြရန်။ ဥပမာ- (အောက်တွင်ပါသော Video ကိုကြည့်ပါ)
နေ့လည် (၃) နာရီအချိန်တွင် အမဲရောင်ထီးငယ်နှင့် Peace စာတန်းပါ အဖြူရောင်အလံငယ်ကို စိုက်ထားသော ရေချမ်းအိုးကို ယူဆောင်ကာ မိမိရို့မြို့ရွာများ၏ အထင်က ဘုရား၊ ပုထိုးများ ရှိရာနေရာများသို့ သွားရောက်ကာ ကပ်လှူပူဇော် ဆုတောင်းပေးကြပါရန်။
(မှတ်ချက်) ။ ။ ၂၂-၅-၂၀၁၆ နေ့တွင် ရေချမ်းအိုးတွင်ပါသော အမဲရောင်ထီးငယ်အစား မိမိတို့ပုံမှန်အသုံးပြုသော အမဲရောင်ထီးအကြီးများဆောင်းကာ အဖြူရောင် အင်္ကျီများကိုဝတ်ဆင်လျက် လှုပ်ရှားရန်

လှုပ်ရှားမှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

အဖြူရောင်အဝတ်အစားနှင့် အဖြူရောင်အလံငယ် = သန့်စင်ခြင်း
အမဲရောင်ထီးငယ် = လက်ရှိရင်ဆိုင်နေရသော လူ့အခွင့်အရေးချိုးဖေါက်မှုဒါဏ်
ရေချမ်းအိုး = ငြိမ်းချမ်းခြင်း

ရခိုင်ပြည်နယ်အတွင်း မြန်မာ့စစ်တပ်မှ ဖမ်းဆိံးထားသူများစာရင်း


ရခိုင်ပြည်နယ်အတွင်း မြန်မာ့စစ်တပ်မှ ဖမ်းဆိံးထားသူများစာရင်း
   ကောင်းမြတ်နိုင်(မောင်တော)
   ရန်ကုန်မြို့
ဒုက္ခသည်များ

ဗမာစစ်တပ်မှ ရခိုင်ပြည်သူများအားပိုတာဆွဲခေါ်ဆောင်နေမှု



၁။ထွန်းအောင်ဖြူ၊(ဘ)မသိ
မြောင်းဘွေ ၊မြောက်ဦ။
၂။ကျော်ဝင်း ၊(ဘ)ဦးမောင်ခိုင်စိုး
ကြက်ရီကျွန်း မြေပုံ။
၃။ဇင်မျိုးအောင် ၊(ဘ)ဦးငလုံးချေ
ဇင်ချောင်း ၊ကျောက်ဖြူ။
၎။ထွန်းဝင်း ၊(ဘ)ဦးဦးထွန်းနိင်
သာယာကုန်း ၊ မင်းပြား
၅။ရွှေလုံး ၊မသိ
ငါးစရိုင်းချောင်း၊မင်းပြား။
၆။ညိံညိံလှိုင် ၊ဦးဦးသာဒိုး
ရှမ်းရွာ ၊ ကျောက်တော် ။
၇။ထွန်းစောနိုင် ၊ဦးထွန်းန်ီဖြူ
ညိုရောင်ချောင်း၊စစ်တွေမြို့။
၈။မောင်သန်းဝေ ၊ဦးသာထွန်းဦး
အရှေ့ပိုင်းရပ်ကွက်၊ကျောက်ဖြူ။
၉။ဦးမောင်ဘ ၊(ဘ)ဦးမောင်သန်း
သိမ်တောင် ၊ရသေ့တောင် ။
၁၀။စိုးနိုင် ၊(ဘ)ဦးဦးသာစိန်
မြိတ်ဝ ၊ပလက်ဝ ။
၁၁။ စံအေးမောင်၊ဦးမောင်အေးသိန်း
မြို့သစ် ၊ကျောက်တော်။
၁၂။မောင်မောင်ဆန်း၊ဦးအောင်လှထွန်း၊ပြည်တော်သာ၊ကျောက်တော်။
၁၃။မောင်ကျော်လှိုင်၊ဦးမောင်ပိန်၊
နာဂရာ ၊ကျောက်တော်။
၁၄။ထွန်းလှခိုင် ၊ဦးဦးသာမောင်၊
နာဂရာ ၊ကျောက်တော်။
၁၅။ဦးကျော်ထွန်း၊ဦးပန်းအောင်ကျော်
သာဒါဆိပ် ကျောက်တော်။
၁၆။ဦးလှရွှေ ၊ဦးထွန်းအောင်ခိုင်၊
လင်းဇင်ရွာသစ်၊ကျောက်တော်။
၁၇။မောင်သန်းမြင့်၊ဦးမောင်စောသိန်း
လင်းဇင်ရွာသစ် ၊ကျောက်တော်
၁၈။စိန်ကျော်သန်း၊(ဘ)ဦးဦးဘသန်း
ပင်ကျိ ၊ကျောက်တော်။၁၉။မောင်ကျော်သိန်း၊ဦးမောင်ထွန်းစိန်၊
ကြောင်ရှည်ချောင်း၊မင်းပြား။
၂၀။မောင်စိန်မြိုင် ၊ဦးမောင်ထွန်းခိုင်၊
ပြောင်းဆိပ် ၊ကျောက်တော်။
မှတ်ချက်
######
အမည်၊အဖအမည်၊နေရက်လိပ်စား၊
စသည့်မှားယွင်းနေပါက အမှန်ကိုသိ
သူများ Common ရေးထားခဲ့ပါရန်။
ရခိုင်ပြည်၊ရခိုင်လူမျိုးများနှင့်သက်ဆိုင်
သည့် တိကျမှန်ကန်သော သတင်းရင်း
မြစ်များကို အသိပေး နိင်ပါသည်။

(၈.၅.၂၀၁၅)
(ဖုန်း-09260074885)

Saturday, May 7, 2016

ကရင်လူမျိုး ဖြစ်စဉ်အကျဉ်းနှင့်လူမျိုးစုသမိုင်း

ကရင်လူမျိုး ဖြစ်စဉ်အကျဉ်းနှင့်လူမျိုးစုသမိုင်း
••••••••••••••••••••••••••••••••••••••••
ကရင်လူမျိုးများသည် အလွန်ပင်သတ္တိ ဗျတ္တိနှင့်
ပြည့်စုံသောလူမျိုးဖြစ်သည်။
ကရင်လူမျိုးများသည် ကျမတို့ရခိုင်လူမျိုးလို
အလွန်ပင်မျိုးချစ်စိတ်အပြင်းပြအပြင်းထန်ဆုံးလူမျိုး
ဖြစ်သည်။ဒါကြောင့်လည်းကျမတို့ရခိုင်လူမျိုး
လိုအဆင်းရဲဆုံးဘွဲထူးကိုရထားခြင်းဖြစ်သည်။
မည်သူတို့မည်မျှလောက်ပင်ခွဲခြဆက်ဆံပါစေ
ကျမတို့သည်မိမိလူမျိုးကိုချစ်ပြီးအမျိုးသား
ရေးစိတ်အပြည့်ရှိလျှင်ဖျက်ဆီး၍မရပေ။
ကရင်လူမျိုးသည်မျိုးချစ်ပြင်းပြပါလျှက်
အဘယ့်ကြောင်စည်းလုံးမှုပြိုကွဲနေကြပါသနည်း။
ကျမ နည်းနည်းဖြေကြည့်ချင်ပါတယ်။
ကရင်လူမျိုးအဓိကစည်းလုံးမှုပြိုကွဲရခြင်း
အကြောင်းတရားသည် ဘာသာတရားကိုးကွယ်
မှုကြောင့်ဟုဖြေရပါလိမ့်မည်။ကရင်လူမျိုးသည်
ဗုဒ္ဓဘာသာနှင့်ခရစ်ယံဘာသာကိုအများဆုံး
ကိုးကွယ်ကြသည်။ဤသည်ပင်လျှင်ကရင်လူမျိုး
ကိုစည်းလုံးရေးပြိုကွဲစေပါသည်။
အယူအဆကွာဟသွားလျှင်မည်မျှပင်မျိုးချစ်စေ
ကာမှုဘယ်တော့မှစည်းလုံးနိုင်မည်မဟုတ်ပေ။
ဤသည်ကိုကရင်လူမျိုးသည်ညှိနှိုင်းယူပြီးပြုပြင်
ရပါမည်။ဒါဆိုလျှင်ကရင်လူမျိုးတို့ရဲ့ပန်းတိုင်
သည်မအောင်နိုင်စရာအကြောင်းမရှိပေ။
စည်းလုံးရေးပြိုကွဲလျှင်ဘာဖြစ်တတ်သည်ဆိုတာ
ကိုယခုအနီးဆုံးသက်သေအဖြစ်2015ရွေးကောက်
ပွဲသက်သေပင်ဖြစ်သည်။ဒါကြောင့်ကျမတို့
တိုင်းရင်းသားကရင်လူမျိုးသည်စည်းလုံးရေး
ကိုပိုပြီးခိုင်မာစေဖို့ဘာသာတရားအတ္တတွေကို
နည်းနည်းလျှော့ပြီးကရင်လူမျိုးဟုအမျိုးသား
ရေးအသိနဲ့လုပ်ဆောင်ရပေမည်။ဒါဆိုလျှင်
ကရင်လူမျိုးသည်မအောင်မြင်နိုင်စရာအကြောင်း
မရှိတော့ပေ။မုချအောင်မြင်မှာအသေအချာပင်ဖြစ်
သည်။
ယခု"ကျမ နှင်းနှင်းနွယ်(ရခိုင်သူ)"သည်သမိုင်း
ဆရာများရေးထားခဲ့သောသမိုင်းများကိုမျှဝေ
တင်ပြပေးပါရစေ။
ကရင်လူမျိုးစုများ
••••••••••••••••••••
ကရင်လူမျိုးတွင် စကောကရင် နှင့် ပိုးကရင်
ဟူ၍ အဓိကလူမျိုးစုကြီး ၂ စုရှိသည်။
ထိုလူမျိုးစုကြီး ၂စုမှာ ဓလေ့စရိုက် နှင့် အသုံးပြုသော ဘာသာစကားတွင် ကွဲပြားခြား
နားမှုများရှိသည်။ စကောကရင်လူမျိုးများသည် ယောက်ျားလေးများ၏ အမည်ရှေ့တွင်
စောတပ်၍ ခေါ်ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် နော် တပ်၍ ခေါ်ဝေါ်လေ့
ရှိကြသည်။
ပိုးကရင်လူမျိုးများမှာမူ ယောက်ျားလေးများ၏ အမည်ရှေ့တွင် မန်း
တပ်၍ ခေါ်ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် နန့် တပ်၍ ခေါ်ဝေါ်လေ့
ရှိကြသည်။
ကရင်လူမျိုးများနှင့် ရှေးဦးသမိုင်းအကျဉ်း
•••••••••••••••••••••••••••••••••••••••••••••
ထီ့ဆေ့မေ့ယွား ခေါ် ထီးဆဲ့မဲ့ယွာလူမျိုးတိုင်းသည် မိမိတို့၏သမိုင်းကို သားစဉ်မြေးဆက်လက်
ဆင့်ကမ်းသယ်ပိုးခဲ့ကြ၏။ သို့ဖြစ်၍ သမိုင်းဟူသည် ဖောာက်ဖျက်၍ ရနိုင်ကောင်းသော အရာ
မဟုတ်ပေ။ပုဂံရာဇ၀င်ကို တုတ်ထမ်းပြောရတယ်ဟု အဆိုရှိလျှင် ပုဂံရာဇ၀င်ထက် ရှေးကျသည့်
ကျွန်ုပ်တို့ ကရင်တိုင်းရင်းသာတို့၏ ရှေးဦးသမိုင်းကို ပြန်ပြောင်းပြောရာတွင် သုတေသီတို့ အငြင်း
ပွားဖွယ်ရာရှိပါက အံ့သြစရာမဟုတ်ပေ။ကျွန်ုပ်တို့ ကရင်တိုင်းရင်းသားတို့သည် ရှေးကပင်
လူကြီးမိဘများ၏ ဆုံးမစကားကို တရိုတသေမှတ်သားလိုက်နာတတ်ပြီး နောင်လာနောင်သား
များအား ပြန်လည်သွန်သင်ဆုံးမခြင်းဖြင့် သမိုင်းအထောက်အထားများကို ခိုင်ခိုင်လုံလုံ ထိန်း
သိမ်းလာ နိုင်ခဲ့သည်။ ယင်းသမိုင်းအထောက်အထားများအနက် ထီ့ဆေံမေ့ယွားခေါ် ထီးဆဲ့မဲ့ယွား
ဒေသသည် ကရင်လူမျိုးတို့ တစ်ချိန်ကအခြေချနေထိုင်ခဲ့သော နေရာဒေသဖြစ်ကြောင်းကို
အများကကြားဖူးပြီးဖြစ်သော်လည်း ယင်း ထီ့ဆဲ့မဲ့ယွား ဒေသသည် မည်သည့်တိုင်းပြည်ဒေသ
တွင် ရှိသည်ကို မှန်းဆမရနိုင်သူ များလှသည်။ထီ့ဆဲ့မဲ့ယွား ဟူသည် ရေစီးရာတွင် သဲတို့
မျောပါနေသော ဖြစ်ချောင်းဒေသ ဟု အဓိပ္ပါယ်ရသည်။
ယင်းဒေသကို မနုဿပထ၀ီဗေဒနှင့် သမိုင်းပညာရပ်များစသည်တို့ဖြင့် သိပ္ပံနည်းကျ လေ့လာ
ရှာဖွေပါက တရုတ်ပြည်တောင်ပိုင်း တစ်နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း (၃၅၀၀)လောက်က
တည်ရှိခဲ့သော အိုအေစစ် ယဉ်ကျေးမှု ပုံသဏ္ဍာန်ဖြစ်ပြီး၊ မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုး
မွေးဖြူရေး အသင့်အတင့်လုပ်ကိုင်၍ အခြေချနေထိုင်ပြီး မိသားစု အိမ်ထောင်စုတို့ စုပေါင်းနေ
ထိုင်ကြသည့် ဒေသဖြစ်သည်။ထိုဒေသတွင် ကရင်ရှေးဦးလူတို့သည် ရာစုနှစ်တစ်ဝက်ကျော်
နေထိုင်ခဲ့ဟန်ရှိပြီး နောက်ပိုင်းတွင် မြစ်ချောင်းများတိမ်ကောမှုနှင့် မိုးရေလျှံမှုတို့ကြောင့် စိုက်ပျိုး
ခင်းများ လူနေအိမ်များပျက်ဆီးခဲ့ရပြီး တိုးပွားလာသော လူဦးရေအတွက်ထောက်ပံ့နိုင်သည့်
အခြေအနေမရှိတော့သဖြင့် နေရာအသစ်ရှာဖွေရန် အုပ်စုခွဲပြီး တောင်ဘက်အရပ်များသို့ ရွှေ့
ပြောင်းလာကြရာ ယနေ့အရှေ့တောင်အာရှဒေသအနှံ့ ပြန့်ကျဲနေထိုင်ကြသော ကရင်လူမျိုးစု
များကို တွေ့ရခြင်းဖြစ်သည်။မို့ထိတ် ဖထိတ် ခေါ် မိုးထိ ပါးထိကရင်ရှေးဦးလူမျိုးတို့သည်
အရှေ့တောင်အာရှဒေသအနှံ့ အစုစုပျံ့နှံ့ နေထိုင်ကြသော်လည်း ထီဆေ့မေ့ယွားဒေသမှ ထွက်
လာစဉ်က အားလုံးတစ်ချိန်တည်း ထွက်လာကြသည်မဟုတ်ပဲ အနည်းဆုံး အုပ်စုကြီး နှစ်စု
ထွက်လာကြသည်မှာ ထင်ရှားပါသည်။
ယင်းအုပ်စုနှစ်စုအနက် ရှေးဦးစွာ ထွက်လာကြသူများမှာ ဖခင်များ သို့မဟုတ် အကြားအမြင်
ဗဟုသုတရှိပြီး အသက်ကြီးသော ယောက်ျားများဦးဆောင်ပြုသော အုပ်စုဖြစ်ပြီး ကောင်းမွန်
သောဒေသအသစ်တွေ့ရှိပါက ကျန်ခဲ့သော မိသားစုများကို ပြန်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ထွက်
လာကြပြီး ယင်းအုပ်စုတွင် လိုက်ပါသွားသူများကို နောင်ကာလတွင် ဖထိတ် သို့မဟုတ် ပါထိ
ခေါ် ဖခင်အနွယ်ကရင်မျိုးနွယ်စုများဟု ခေါ်တွင်လာခဲ့သည်။ ကျန်ခဲ့သော မိသားစုများတွင်
အတွေ့ကြုံပြည့်စုံသော မိခင်များ သို့မဟုတ် အမျိုးသမီးကြီးများက စီမံကွပ်ကဲ၍ ထိုဒေသမှ
ထွက်ခွာသောကြသော မိသားစုများ သည် တစ်နေ့တွင် ပြန်လာခေါ်မည်ဟု မျှော်လင့်ချက်ဖြင့် ထီ့ဆေ့မေ့ယွား ဒေသတွင် နေထိုင်လာခဲ့ရာနှစ်ပေါင်းကြာမြင့်လာသောအခါသဘာဝဘေးရန်များနှင့်
နောက်ထပ်ရွှေ့ပြောင်းလာကြသော အခြားလူမျိုးစုများရန်ကြောင့် ရှေးကထွက်ခွာသွားသော
အုပ်စုနောက်သို့ ရှာဖွေလိုက်လာခဲ့ပြီး ယင်းတို့ကို ထီ့ဆေ့မေ့ယွားမှ မို့ထိတ် သို့မဟုတ် မိုးထိ
ခေါ်မိခင်အနွယ်ဝင် ကရင်လူမျိုးများ ဖြစ်လာကြသည်ဟု သမိုင်းပညာရှင် အများစုက လက်ခံ
ယုံကြည်ထားကြသည်။ဖထိတ်ခေါ် စကောကရင်အုပ်စုသည် မဲခေါင်မြစ်ကြောင်း သံလွင်မြစ်
ကြောင်းများကို အဓိကအသုံးပြုပြီး တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာ ယနေ့တိုင်
ယိုးဒယားပြည်၊ မြန်မာပြည်၊ကမ္ဘောဒီးယားနှင့်ဗီယနမ်တောင်ပိုင်း၊မလေးရှားမြောက်ပိုင်းဒေသများ
သို့တိုင်အောင် တောင်ပေါ်မြေပြန့်အနှံ့ နေထိုင်ကြသည်ကို တွေ့နိုင်ပါသည်။မို့ထိတ် ခေါ်
ပိုးကရင်အုပ်စုသည် ဧရာဝတီမြစ်ကြောင်းတို့ကို အထူးသဖြင့် အသုံးပြုပြီးဆင်းသက်လာခဲ့ကြရာ
မြန်မာပြည်ဖြစ်ဝကျွန်းပေါ်ဒေသနှင့် ကရင်ပြည်နယ်ဒေသများတွင်လည်းကောင်း၊ ယိုးဒယားပြည်
အနောက်ဘက်ခြမ်းဒေသများတွင် လည်းကောင်းပျံ့နှံ့နေထိုင်သည်ကို တွေ့ရပေမည်။ကရင်
သက္ကရာဇ်ရေတွက်ခြင်းဒုတိယအသုတ်ဖြစ်သော မို့ထိတ်ခေါ် ပိုးကရင်အနွယ်ဝင်တို့သည် ခမ(၇၃၉) နှစ်လောက်တွင် ပြည်ထောင်စုထဲသို့ စတင်ဝင်ရောက်လာပြီး ထိုကာလမှစ၍
ကျွန်ုပ်တို့ကရင်အမျိုးသာ သက္ကရာဇ်ကို သုတေသီတို့ရေတွက်၍ ယခုနှစ်ဆိုလျှင် ၂၇၄၈-ခုနှစ်
သို့ ရောက်လာခဲ့ပါပြီ။သို့ဖြစ်၍ ယနေ့ ကျွန်ုပ်တို့ပြည်ထောင်စုအတွင်း ပြန်လည်ဆုံစည်းကြသော
ဖခင်အနွယ်ဝင် စကောကရင် အုပ်စုနှင့် မိခင်အနွယ်ဝင် ပိုးကရင် အုပ်စုတို့မှာ တစ်ချိန်က
ထီ့ဆေံမေ့ယွားတွင် တစ်ရွာတည်း သို့မဟုတ် တစ်အိမ်ထောင်စုတည်းနေထိုင်ခဲ့ကြသော
မိဘများမှ တစ်မျိုးတည်း တစ်ခုတည်းသော သွေးရင်းသားရင်းညီအစ်ကိုများဖြစ်ကြောင်းကို
ကရင်လူကြီးများက ဆုံးမပြောကြားခဲ့သော ပုံပြင်များ၊ ဆုံးမစကားများ၊ စကားပုံများအရ မှန်ကန်ကြောင်း ငြင်းဆိုစရာမရှိသည့်အပြင် ယင်းသမိုင်းစဉ်ကို ပိုမိုခိုင်လုံစေသည့် သမိုင်း
အထောက်အထား များက ယနေ့အရှေ့တောင်အာရှဒေသရှိလူမျိုးစုများ၏သမိုင်းကို လေ့
လာခြင်းအားဖြင့် ယင်းတို့အနက် ကျွန်ုပ်တို့ကရင်လူမျိုးစုများ၏အတိတ်သမိုင်းကြောင်းကိုလည်း
မှန်ကန်စွာ လေ့လာတွေ့ရှိနိုင်ပါသည်။
ကရင်ဟု ခေါ်တွင်ခြင်းကရင်လူမျိုးစုများကို ပညာရှင်များက ထိုင်းတရုတ်အနွယ်ဝင်များဟု
မှတ်တမ်းတင်ကြသည်။ ပညာရှင်တို့၏ တင်ပြချက်အရ လူတို့၏ ဦးခေါင်းခွံအနေအထားနှင့်
နှာခေါင်းအနေအထားအရလည်းကောင်း၊ စကားဝေါဟာရ ဘာသာဗေဒအရလည်းကောင်း
သတ်မှန်ခေါ်တွင်ခြင်းဖြစ်သော်လည်း ကရင်လူမျိုးစုများမှာ ထိုင်း တရုတ် အုပ်စုများကဲ့သို့ပင် မွန်ဂိုအနွယ်ဝင်များဖြစ်ကြသည်။အရှေ့တောင်အာရှရှိ လူမျိုးအတော်များများက ယန် ဟု
ခေါ်ကြပြီး၊ မြန်မာလူမျိုးများက ကရင်ဟုခေါ်ကြသည်။ ကရင်ဟူသော အခေါ်ကို မည်သည့်
အချိန်ကစပြီး ခေါ်ကြသည်ကို အတိအကျတင်ပြရန် ခက်ခဲသော်လည်း ယင်းအခေါ်သည်
အင်းဝခေတ်မတိုင်မီ စတင်ခေါ်ထွင် ခဲ့ဟန်ရှိသည်။ မြန်မာလူမျိုးတို့၏ အယူအဆအရ
ကရင်လူမျိုးများကို ရှမ်းလူမျိုး(၃၀)တွင် ထည့်သွင်း၍ မှတ်တမ်းတင်ခဲ့ရာ ကွေ့ရှမ်းလူမျိုး
များကိုလည်းကောင်း ဂျွမ်းလူများကိုလည်း ကောင်း၊ ကရင်လူမျိုးများဟု ဒေသတစ်လျှောက်
ခေါ်တွင်ကြခဲ့သည်ဟု သမိုင်းပညာရှင်အချို့ က ယူဆကြသည်။အချို့ပညာရှင်များက
တစ်ချိန်က ဧရာဝတီမြစ်ကမ်းတွင် နေထိုင်ခဲ့ဖူးသော ကမ်းယံလူမျိုးမှားမှ ကရင်လူမျိုးများဖြစ်
လာသည်ဟူ၍လည်းကောင်း၊ ပျူလူမျိုးများအား ယနေ့ ပိုးကရင်ဖြစ်လာသည်ဟူ၍လည်း
ကောင်း ယူဆကြသည်။ယနေ့ရခိုင်ပြည်နယ်ဒေသတစ်ချို့တွင် ကမ်းယံ လူမျိုးအနည်းငယ်ကို
တွေ့နိုင်ရာ ယင်းတို့မှာ ကရင်လူမျိုးမှားနှင့်မတူကြောင်းကိုလည်းကောင်း၊ ပျူလူမျိုးများသည်
ပျောက်ကွယ်သွားပြီဟု သမိုင်းပညာရှင်အချို့က ယူဆကြသော်လည်း အမှန်မှာ ယနေ့တိုင်
အောင် ပျူလူမျိုးတို့၏ အဆက်အနွယ်ကို ပဲခူးတိုင်းအနောက်ဖက်ခြမ်းနှင့် ပြည်မြို့တစ်ဖက်
တွင် အနှံ့အပြားတွေ့ရှိနိုင် ပါသည်။
သို့ရာတွင် ထိုသူတို့အားလုံးမှာ သူတို့ကိုယ်တိုင် မြန်မာလူမျိုးများဟု ယုံကြည်ကြပြီး မြန်မာ
လူမျိုးများအသွင်သို့ လုံးဝပြောင်းလဲသွားခြင်းသာဖြစ်သည်။ သို့သော် မြန်မာစစ်စစ်များ နှင့်
အရောင်အသွေးမတူခြင်း၊ စကားပြောရာတွင် အသံဝဲပုံ တစ်မျိုးတစ်ဖုံထူးခြားခြင်းတို့ ကြောင့်
ပျူလူမျိုးများကို ပိုးကရင်ဖြစ်လာသည်ဆိုသော ယူဆချက်မှာ မမှန်နိုင်ပါ။ သို့ရာတွင် ရှေးပျူ
ယဉ်ကျေးမှုထွန်းကားချိန်တွင် ပျူလူမျိုးများနှင့် ပိုးကရင်အနွယ်အ၀င်များတို့ ရောနှော ခဲ့ကြ
သည့် လက္ခဏာအထောက်အထားကား ထည့်သွင်းစဉ်းစားရပေမည်။အဘယ့်ကြောင့်ဆိုသော်
ယနေ့ကရင်လူမျိုးတို့၏ ရိုးရာဓလေ့အချို့သည် ထိုခေတ် ပျူယဉ်ကျေးမှု အချို့တို့နှင့် နီးစပ်
သည်ကို တွေ့ရှိနိုင်ခြင်း၊ မည်လည်သမိုင်းတွင် ပျူမင်း များ ဟူသော အရေးအသားနှင့်ပတ်
သက်၍ ပျူမှာ လူမျိုးများကို ဖော်ပြရာဖြစ်သကဲ့သို့ ပြုံး ဟူသော အခေါ်မှာ မြန်မာစကားသံ
အရ ယရစ်သံပျက်ဖြစ်၍ ပရုံး ဟူသောအသံထွက်ပြီး သံမှန်အနေအထားသို့လေ့လာပါက ပရုံး
ဖလုံး ဖလုံ ဟူသော အသံများရဲ့ မူလဇစ်မြစ်ဖြစ်နိုင် ပြီး ယင်းအခေါ်သည် ယနေ့ ပိုးကရင်
တို့ မိမိကိုယ်ကိုခေါ်သော ဖလုံ ဟူသော အခေါ်နှင့် အသံထွက်တူသည်ကို တွေ့ရသည်။ထို့အပြင်
နိုင်ငံခြားသားများ၏ မှတ်တမ်းဝင်အခေါ်အရ ပြည်မြို့ကို ပရုံး ဟုခေါ်ခြင်းသည် ယင်းဒေသတွင်
တစ်ချိန်က ယနေ့ ဖလုံ ခေါ်သော ပိုးကရင်လူမျိုးစုတို့ နေထိုင်ရာ ဒေသအဖြစ်ဖြင့် ထင်ရှားခဲ့ကြောင်းကို ရှေးကရင်လူကြီးများအဆိုနှင့် ယှဉ်ပြီးသိနိုင်ပါသည်။မြန်မာသမိုင်းတွင်
ပါရှိသည့် မွန် မြန်မာတို့ နှစ်ပေါင်း(၄၀)စစ်ပွဲကာလတွင် မြန်မာမင်းများ၏ အရှေ့ဘက်စစ်
ကြောင်းဖြစ်သော စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်တွင် အများစုနေထိုင်သော စကောကရင်
လူမျိုးစုများကို မြန်မာမင်းတို့၏ စစ်တပ်များတွင် ပါဝင်စေခြင်းဖြင့်လည်းကောင်း၊ မွန်မင်း
များကြီးစိုးရာ ဒေသဖြစ်သော မြစ်ဝကွန်းပေါ်နှင့် အောက်ပိုင်းရှိပိုးကရင်လူမျိုးစုများကို မွန်မင်းများ၏
စစ်တပ်တွင် ပါဝင်စေခြင့်ဖြင့်လည်းကောင်း၊ ကရင်လူမျိုးနှစ်စုအား မွန် မြန်မာတို့က ခွဲခြားခေါ်
ဝေါ်ခြင်းဖြင့် စကောကရင်အုပ်စုကို မြန်မာကရင်များ၊ ပိုးကရင်အုပ်စုကို မွန်ကရင် သို့မဟုတ်
တလိုင်းကရင်များဟူ၍လည်းကောင်း ယနေ့တိုင်အောင်တစ်ချို့ခေါ်ဝေါ် နေကြသေးသည်။သုတေ သီတစ်ချို့က တောင်ငူမင်းဆက်ကို ကရင်လူမျိုးတို့ စတင်တည်ထောင်ကြောင်း အဆိုရှိကြသည်။
ယင်းအဆိုမှာ များစွာ လျှော်ကန်လှပေသည်။ အကြောင်းမှာ မွန်-မြန်မာစစ်ပွဲ ကာလတွင် စကော
ကရင်လူမျိုးစုတို့သည် စစ်ရေး အုပ်ချုပ်ရေးအတွေ့အကြုံနှင့် နယ်မြေဒေသ စုစည်းနေထိုင်မှုများ
ကြောင့် တောင်ငူမင်းဆက်ကို စတင်တည်ထောင်ရန် အင်အားအထူးကောင်းမွန်လျက်ရှိမည်မှာမ
လွဲပေ၊ မည်သို့ပင်ဆိုစေကာမူ သမိုင်းတွင် ကရင်လူမျိုးတို့ မှတ်တမ်းမ၀င်သည်မှာ ကရင်လူ မျိုးတို့၏ အေးဆေးစွာ နေထိုင်လိုသောစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှု အားနည်းသော သဘာ
ဝတို့ကြောင့် အခြားလူမျိုးများ၏လက်အောက်တွင် ကာလကြာမြင့်စွာ နေထိုင်ကြရကာ မိမိတို့ဓလေ့
ထုံးစံတစ်ချို့ နှမျောဖွယ်ရာ ဆုံးရှူံးရခြင်းနှင့်တစ်ဒေသနှင့်တစ်ဒေသဆက်သွယ်ရန် ဝေးလံခက်ခဲ
သော နေရာဒေသများတွင် နေထိုင်ကြရလေသည်။
ကရင်နှစ်သစ်ကူးနေ့နှင့် ကရင်သက္ကရာဇ်
••••••••••••••••••••••••••••••••••••••••••••
ကရင်နှစ်သစ်ကူးနေ့ သလေး၊ ထိုင်ခေါက်ဖိုး၊ ပြာသိုလဆန်း (၁)ရက်သည် ၁၉၃၈ ခုနှစ်တွင် ပေါ်ပေါက်လာ၏။ ဂေဇက်ဝင် နိုင်ငံတော်ရက်အားနေ့ဖြစ်၍ နိုင်ငံတ၀ှမ်းလုံးရှိ ကျောင်းများ၊ ရုံးများ၊ အလုပ်ရုံများ၊ ဘဏ်တိုက်ကြီးများ ပိတ်ကြရ၏။ပြည်သူလူထုအားလုံး ၀မ်းသာအားရဖြစ်၍ မဆုံးနိုင်ပေ။ နောင်လည်း ကရင်နှစ်သစ်ကူး ပွဲတော်နေ့သည် နှစ်စဉ်လာဦးမည် ဖြစ်သောကြောင့် မင်္ဂလာကျက်သရေရှိသော နိုင်ငံတော်ရက်အား တရက်ပိုလာမည်ဖြစ်ရကား လုပ်သားပြည်သူလူထု ကျောင်းသား ကျောင်းသူတို့ ၀မ်းမြောက်၍ မဆုံးနိုင်ပေ။ အချို့သော ကရင်အမျိုးသားတို့ကား မိမိတို့ အမွေအနှစ်ဖြစ်သည့် ပျောက်ကွယ် တိမ်မြုပ်နေသော နေ့ထူးနေ့မြတ်ကို ပြန်လည်ရရှိကြသဖြင့် မည်မျှပီတိဖြစ်သည်ကို စာအားဖြင့် ရေးသားဖော်ပြခြင်းငှာ မစွမ်းနိုင်ပေ။ကရင်နှစ် သစ်ကူးနေ့နှင့်အတူတကွ ကရင်သက္ကရာဇ် ပါလာ၏။ ၎င်း သက္ကရာဇ်မှာ အံ့သြဘွယ်ရာ ဖြစ်နေပေသည်။ ကမ္ဘာသုံးသက္ကရာဇ် ၁၉၈၀ ထက် အသက် ၇၃၉ နှစ်ကြီးနေရကား ကရင်လူမျိုးတို့သည် ကမ္ဘာအံ့ဖွယ်တခုကို တီထွင်လိုက်ခြင်း ဖြစ်နေသည်ဟု ဆိုကြသည်။ အံ့သြကြသည်။ ဟာသပြုကြသည်။ သို့သော် ဟာသပြုထိုက်၊ ဆိုထိုက်၊ အံ့သြထိုက်ပေသည်။ တွေးလေ၊ တွေးလေ၊ ပို၍ပင် အံ့သြဆန်းကြယ်လေပင် မဟုတ်ပါလော။
ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ
••••••••••••••••••••••••••••••••••••••
၁၉၄၈ခုနှစ်ဖေဖော်ဝါရီလ (၃) ရက်နေ့ တွင် KNU ကရင်အမျိုးသားအစည်းအရုံးက ဖဆပလ အစိုးရထံ ပရင်ပြည်ပေးရန် စာရေးတောင်းဆိုခဲ့သည်။ စာကို တလအတွင်း (၁၉၄၈) ခုနှစ်၊ မတ်လ (၃) ရက်နေ့ နောက်ဆုံးထားပြီး ဖစပလ အစိုရမှ KNU ထံ အကြောင်းပြန်ရန်၊ ပြန်စာမရရှိပါက (သို့ မဟုတတ်) ကရင်ပြည်ပြန်ပေးဖို့ ရန် ငြင်းဆိုပါက ကရင်အမျိုးသားများ ခြေတလှမ်း တက်လှမ်းမည်ဟု ပါရှိပါသည်။ ကရင်ပြည်တောင်းဆိုစာ ပိုမိုလေးနက်စေရန် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ ၌ မြန်မာတပြည်လုံးရှိ ကရင်အမျိုးသားများအားလုံး ကရင်ပြည်လိုလားကြောင်း မြို့ ပေါ်တက်၍ ကရင်လူဆန္ဒပြပွဲ ကျင်ပရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်ဆုံးဖြတ်ချက်အတိုင်း (၁၉၄၈) ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ တွင် မြန်မာပြည်တပြည်လုံးရှိ ကရင်အမျိုးသားများမြို့ ပေါ်တက်၍ ကရင်ပြည်လိုလားကြောင်း ကရင်လူထူဆန္ဒပြပွဲ ကျင့်ပလေသည်။ အောက်မြန်မာပြည် ကရင်အများစု ရှိရာဒေသများတွင်သာမက မြောက်ဖက်မြစ်ကြီးနားမှ တောင်ဖက်မြိတ်မြို့ အထိ၊ ရှမ်းပြည်နယ်တွင် နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ မြန်မာပြည်အလယ်ပိုင်းတွင် မိတ္ထီလာ၊ ချောက်၊ ရေနံချောင်း စသည်ဖြင့် တပြည်လုံးတွင် ဆန္ဒပြကြသည်။ ရန်သူ ဖဆကလ မှလည်း ခြိမ်းခြောက်နှောက်ယှက်တားမြစ်ခြင်းကို အမျိုးမျိုးပြုလုပ်ခဲ့သည်။ သို့ သော် နှောက်ယှက်တားမြစ်ခြင်း အမျိုးမျိုးကြားမှ ကရင်တမျိုးသားလုံး (၂) ရက်၊ (၃) ရက်ခရီးများချီတက်၍ ဆန္ဒပြရာ ကရင်အမျိုးသား၊ အမျိုးသမီးပေါင်း (၄)သိန်းကျော် အသံတိတ် ဆန္ဒပြ၍ ထိုနေ့ ရက်အထိ မြန်မာပြည်သမိုင်းတွင် အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်ခဲ့သည်။ ကရင်အမျိုးသားမျးသည် ကြွေးကြော်သံ (၄) ချက်ဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။
(ကရင်ပြည်ချက်ခြင်းပြန်ပေး၊
ကရင်တကျပ်၊ ဗမာတကျပ်၊
လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊
ပြည်တွင်းစစ်အလိုမရှိ )
စသည့်ကြွေးကြော်သံများပါသော ပိုစတာများ ကိုင်စွဲပြီး မြို့ များအတွင်းလှည့်လည်၍ ငြိမ်းချမ်းစွာအသံတိတ် ဆန္ဒပြကြရာ မြန်မာပြည်သမိုင်းတွင် စည်ကမ်းအရှိဆုံး ဆန္ဒြုပပွဲအဖြစ် သမိုင်းတွင်ရစ်ခဲ့သည်။ ဤနိုင်ငံရေး ကြွေးကြွော်သံများသည် ကရင်လူမျိုးများအနေနှင့် အခြားလူများနည်းတူ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လိုလားကြောင်း ပြည်တွင်းစစ်ကိုမလိုလားကြောင်း၊ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနှင့်သာ တရားမျှတစွာ ဖြေရှင်းလိုကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြခြင်းဖြစ်သည်။ ကရင်ကံကြမ္မာ ပရင်ဖန်တီးခွင့်ရရှိရေးနှင့် ပတ်သက်သည့် ကရင်အမြိုးသားရေး လှုပ်ရှားမှုသမိုင်းကြီးသည် နိုင်ငံရေးသမိုင်းတစု၊ သာမန်လူတစု၏ လှုပ်ရှားမှုမဟုတ်ဘဲ တမျိုးသားလုံးလက္ခဏာ ဆောင်သည် ပရင်အမျိုးသားရေး လှုပ်ရှားမှုကြီး ဖြစ်ကြောင်းကို ကရင်လူထူဆန္ဒပြပွဲကြီးက ဖေါ်ထုပ်ပြသလိုက်ခြင်း ဖြစ်သည်။ တဆက်တည်းမှာပင် ကရင်အမျိုးသားလှုပ်ရှားမှုနှင့် ကရင်တော်လှန်ရေးသည် ပြည်ပသွေးထိုးမှုကြောင့်ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။ ကရင်အမျိုးသားထု ဆန္ဒပြပွဲ၏ နိုင်ငံရေးအဓိပ္ပါယ် ကရင်တမျိုးသားလုံး၏ နိုင်ငံရေးအသိ မျိုးချစ်ပြည်ချစ် စိတ်ဓါတ်ကို မွေးထုပ်ပြသည့်နေ၊ ပရင်တမျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို ဖော်ထုပ်ပြသည့်နေ့ ၊ ကရင်အမျိုးသားများ၏ ဇာတိသွေး၊ ဇာတိမာန်ကို ရဲရဲတောက် ဖော်ထုပ်ပြသည့်နေ့ ၊ နိုင်ငံရေး လက်ဦးမှုကို ကရင်များရယူသည့်နေ့ ၊ ကရင်ကို ကမ္ဘာက ပိုမိုသိစေသည့်နေ့ ပင်ဖြစ်သည်။ အဆိုပါအကြောင်းများကြောင့် (၁၉၅၃) ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်မှ (၂၅) ရက်နေ့ အထိ ဖာပွန်မြို့ တွင်ကျင့်ပသော ကော်သူလေးပြည်လုံးဆိုင်ရာ ကွန်ကရက်မှ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ ကို ကရင်အမျိုးသားနေ့ ဟု သတ်မှတ်ကျင့်ပရန် မြစ်ဝကျွန်းပေါ်အမှတ် (၁) ခရိုင်ဥက္ကဌ ဦးကျော်အေးက အဆိုပြုပြီး မြစ်ဝကျွန်းပေါ် အမှတ် (၁) တပ်မမှုး ဗိုလ်ချုပ်ပေါ်ထူးက ထောက်ခံ၍ ကွန်ကရက်ကိုယ်စားလှယ်များက ကန့် ကွက်သူလုံးဝမရှိဘဲ တညီတညွတ်တည်း အတည်ပြုလိုက်ရာ ကရင်လူထူ ဆန္ဒပြပွဲဖြစ်သည့် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ သည် ကရင်အမျိုးသားနေ့  ဖြစ်လာလေသည်။ ကရင်အမျိုးသားများ နှစ်သစ်ကူးနေ့ အသိအမှတ်ပြုခြင်း ဥပဒေကြမ်းကို ထုတ်ပြန်ရန် လိုအပ်လျှက်ရှိသည်။ ထိုသို့သော အကြောင်းကြောင့် အောက်ပါအတိုင်း ပြဋ္ဌာန်းလိုက်သည်။
ခေါင်းစဉ်ငယ် ၁။
(၁) ဤဥပဒေကို ကရင်အမျိုးသားများ နှစ်သစ်ကူးနေ့ အသိအမှတ်ပြုခြင်း ဥပဒေ ၁၉၃၇ ဟု ခေါ်တွင်စေရမည်။ (၂) ဤဥပဒေသည် ဘုရင်ခံက ကြေညာချက် ထုတ်ပြန်သည့်နေ့မှ အစပြု၍ အထူးသဖြင့် ယခုကြေငြာသော အချိန်မှစ၍ ချက်ခြင်း အာဏာတည်စေရမည်။ (၃) ဤဥပဒေသည် ဗြိတိသျှမြန်မာနိုင်ငံ တ၀ှမ်းလုံးကို အာဏာသက်ရောက်စေရမည်။
ရှင်းလင်းချက် ၁။
(၁) ကရင်အမျိုးသားများဆိုသည်မှာ ၎င်းတို့၏ အမျိုး၊ ဇာတိ၊ ဘာသာအယူဝါဒ၊ ယုံကြည်ကိုးကွယ်မှုတို့နှင့် မသက်ဆိုင်ဘဲ အားလုံးသော ကရင့်မျိုးနွယ်များ၊ မျိုးနွယ်စုများ၊ မိသားစုဝင် အနွယ်တူ လူမျိုးများ အားလုံးကိုဆိုလိုသည်။
(၂) ကရင်အမျိုးသားများ နှစ်သစ်ကူးနေ့သည် အခြားသော တိုင်းရင်းသားများ၊ ပြည်သူများ၊ အမျိုးသားများ၏ နှစ်သစ်ကူးနေ့ အတိုင်းပင် အတိအကျ အဓိပ္ပါယ်ရပေသည်။ ကောင်းမြတ်သောနှစ်၏ ပထမနေ့ဖြစ်သည်။ ကရင်အမျိုးသားများ နှစ်သစ်ကူးနေ့သည် မြန်မာပြက္ခဒိန် ပြာသိုလဆန်း (၁)ရက်နေ့နှင့် ဆီလျှော်သည့်အတိုင်း ကရင်ပြက္ခဒိန်နှစ်အရ သလေး၊ ထိုက်ခေါက်ဖိုး လဆန်ုး (၁)ရက် သို့မဟုတ် (၂) ရက်တွင် ကျရောက်ပေသည်။
နှစ်သစ် အလို့ငှာ ဤနေ့ရက်သို့ ကျရောက်သောအခါ ကရင်အမျိုးသားများသည် ၀ါးအိမ်သစ်များကို တည်ဆောက်ခြင်း၊ ပစ္စည်းဟောင်းများကို ပြုပြင်ခြင်း၊ တောင်ကုန်းထူထပ်သော နေရာသစ်တို့၌ တောင်ယာသစ်များကို သတ်မှတ်ခြင်းတို့ကို ပြုလုပ်ကြသည်။ ဤကိစ္စများကို အားလုံးသောကရင်များက နေရာတိုင်းမှာ အသိအမှတ်ပြုကြသည်။ ရုပ်တုကိုးကွယ်သူ ကရင်များက နတ်များကို ကိုးကွယ်ပသခြင်းဖြင့် လည်းကောင်း၊ ဗုဒ္ဓဘာသာ ကရင်များက ဘုရားရှိခိုးခြင်း၊ ကျောင်း ဇရပ်သွားခြင်း၊ သံဃာတော်များထံမှ တရားနာယူခြင်းတို့ဖြင့် လည်းကောင်း၊ ခရစ်ယာန်ဘာသာဝင်များက ဆုတောင်း ဘုရားရှိခိုးခြင်း စသည်တို့အပြင်သက်ဆိုင်ရာ ယုံကြည် ကိုးကွယ်မှုအလိုက် ကရင်မျိုးနွယ် အားလုံးသည် ကြီးစွာသော စည်းဝေးခြင်းများ ပြုကြလျှက် စုရုံးကြသော သက်ဆိုင်ရာ ဘာသာရေး ပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများကို ကရင်များ နေထိုင်ရာ ဒေသတိုင်းတွင် ပြုလုပ်ကြပေသည်။ သို့ဖြစ်၍ ကရင်အမျိုးသားတို့၏ သမိုင်းတွင် ဤနေ့ရက်များသည် အကြီးကျယ်ဆုံးသော ပျော်ပွဲရွှင်ပွဲနေ့များ ဖြစ်ကြပေသည်။
ကြေငြာချက်၏ အကြောင်းအကျိုးများ
••••••••••••••••••••••••••••••••••••••••••
တိုင်းရင်းသား လူမျိုးစုများကိုယ်တိုင် ၎င်းတို့၏ ရှေးရိုးစဉ်လာ ထုံးတမ်းဓလေ့များကို စောင့်ထိန်းခြင်း၊ မြင့်မြတ်သော ဘာသာရေးတရားနှင့် စပ်ဆိုင်သောနေ့များကို အသိအမှတ်ပြုခြင်း တို့သည် ဗြိတိသျှအစိုးရ၏ ထာဝရ နိုင်ငံရေး မူဝါဒဖြစ်ပေသည်။ သို့ဖြစ်၍ မြန်မာပြည်လူမျိုးစုတို့၏ ဘာသာရေးနှင့် စပ်ဆိုင်သော နေ့များ၊ မြင့်မြတ်သောနေ့များကို ဗြိတိသျှ အစိုးရက အသိအမှတ် ပြုသည်ကို ကျွန်ုပ်တို့ မြင်တွေ့ကြရသည်။ တိုင်းရင်းလူမျိုးများ မဟုတ်ကြသော တရုတ်၊ ဥရောပသားတို့သည် သူတို့နှင့်အတူ သူတို့၏ ဘာသာရေးနှင့်ဆိုင်သော မြင့်မြတ်သောနေ့များကို ကျွန်ုပ်တို့၏ မြေပေါ်သို့ ဆောင်ယူခဲ့ကြသည်။ ၎င်းကို ဗြိတိသျှ အစိုးရအနေဖြင့် အစိုးရ ရုံးပိတ်ရက်၊ အားလပ်ရက်အဖြစ် အသိအမှတ်ပြုခဲ့ပေသည်။
မြန်မာနိုင်ငံ၏ ဒုတိယအရေးအပါဆုံး တိုင်းရင်းသား လူမျိုးဖြစ်သည့် ကရင်အမျိုးသားများမှာမူ မည်သည့်မြင့်မြတ်သော နေ့နှင့် ဘာသာရေးနှင့်ဆိုင်သောနေ့မျှ အသိအမှတ်ပြုခြင်း မခံရသေးပေ။
အမှန်တကယ် လိုအပ်နေသည်ဖြစ်၍ ကြီးစွာသော သံဝေဂကြီးရလျှက် ကရင်ခေါင်းဆောင်များနှင့် သက်ကြီးသူများ တို့သည် အသိအမှတ်ပြုပေးရန် အားထုတ်ကြိုးပမ်း ခဲ့ကြပေသည်။ ဤကိစ္စကို အစိုးရထံ မေးမြန်းကြ၏။ ထင်ရှားပေါ်လွင်အောင် ဆောင်ရွက်ခဲ့ကြသည်။ သို့မဟုတ် အစိုးရက အသိအမှတ်ပြုရန် အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြသည်။
ငြိမ်းချမ်း၍ ဥပဒေကိုစောင့်သိသော၊ သစ္စာရှိသော၊ တခါက ဗြိတိသျှအစိုးရ၏ ချီးမြှင့် မြောက်စားခြင်းကို ခံခဲ့ရသော ကရင်အမျိုးသားများသည် ယခုကဲ့သို့ သိသာစွာ ငြိမ်တိတ်နေသည်မှာ ၀မ်းနည်းဖွယ် ဖြစ်ပါသည်။ သည်ကနေ့ အခြေအနေတွင် အမျိုးသားလှုပ်ရှားမှုဖြင့် ကရင်အမျိုးသားတို့သည် နေရာတကာမှာ လူမသိ၊ သူမသိဖြစ်နေကြရသည်ကို မိမိတို့ဘာသာ မိမိတို့ မြင်တွေ့လာကြရသည်။
သူတို့၏ ပြင်းပြသောဆန္ဒများ၊ အစဉ်မပြတ် အချိန်တိုင်း၌ ရယူလိုမှုနှင့် တရားဥပဒေအရ ညီညွတ်လျှက် ထိုက်သင့်သော တောင်းဆိုမှုများကြောင့် မသိကျိုးကျွံ လျစ်လျူပြုမှုများကို ပျက်ပြယ် စေခဲ့သည်။ ယနေ့ ကရင်အနွယ်ဝင်များနှင့် ကရင့်ရိုးရာရှေးဟောင်း ဓလေ့ထုံးစံများကို ထိန်းသိမ်း စောင့်ရှောက်ရန် မြန်မာပြည်သစ်၏ ဖွဲ့စည်းပုံ ဥပဒေအသစ်အရ အခြားသော တိုင်းရင်းသားလူမျိုးများ နှင့် ရင်းမြစ်တူညီစွာ အရေးပါသော လူမျိုးတမျိုးဖြစ်သည့် အတိုင်း မိမိတို့၏ ရခွင့်ရလမ်းများကို အသိအမှတ်ပြုစေရန် အစိုးရထံမှောက် တင်ပြခဲ့ပေသည်။
ထို့ကြောင့် ကရင်အမျိုးသားတို့သည် မြန်မာနိုင်ငံ၌ ဒုတိယ အရေးပါသော တိုင်းရင်းသားများ ဖြစ်ကြ၍လည်းကောင်း၊ အတိတ် ပစ္စုပ္ပန် ၂-ဋ္ဌာန၌ အစိုးရအပေါ် သစ္စာရှိသော တိုင်းရင်းသားလူမျိုးများ ဖြစ်ကြ၍ လည်းကောင်း၊ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို မြန်မာလ ပြာသိုလဆန်း (၁) ရက်နေ့ သို့မဟုတ် (၂)ရက်နေ့ကို သတ်မှတ် ပြဋ္ဌာန်းပေးလိုက်သည်။ အမျိုးသားများ၏ ပွဲတော်များ၊ ရိုးရာဓလေ့များကို စောင့်ထိန်းခြင်းသည် မလိုအပ်ဘဲလျှက် အခြားသော တိုင်းရင်းသားများနှင့် တသီးတခြားကွဲလွဲအောင် ဆောင်ရွက်ကြရန် မဟုတ်ပေ။ အမျိုးသားရေးနှင့် စပ်ဆိုင်သော ကွဲလွဲမှုများ၊ သီးခြားရှိမှုများသည် ပြဿနာမဟုတ်ပါ၊ ဂုဏ်သိက္ခာတက်စရာများသာ ဖြစ်သည်။
နှင်းနှင်းနွယ်(ရခိုင်သူ)
သမိုင်းဆရာများအားCreditပေးပါသည်။

ချင်းလူမျိုးနှင့်နေထိုင်ရာဒေသဖြစ်ပေါ်လာပုံ အဆင့်ဆင့်

ချင်းလူမျိုးနှင့်နေထိုင်ရာဒေသဖြစ်ပေါ်လာပုံ
အဆင့်ဆင့်
•••••••••••••••••••••••••••••••••••••
မြန်မာနိုင်ငံ၌ လူမျိုး ပေါင်းစုံ နေထိုင်ကြသည်။
ယင်း လူမျိုးများအနက် ယခု "ချင်း"လူမျိုး
အကြောင်းကိုလေ့လာတွေ့ရှိသလောက်ဖော်ပြ
ပေးလိုက်ပါသည်။အမှားတစ်စုံတရာ ပါခဲ့သော်
ကျမ "နှင်းနှင်းနွယ်(ရခိုင်သူ) " ၏လေ့လာမှု
အားနည်းချက်သာဖြစ်ကြောင်း ရိုးသားစွာ
ဝန်ခံအပ်ပါသည်။

 နေထိုင်ရာဒေသ
•••••••••••••••••
အကြမ်းအားဖြင့် ဖော်ပြရသော် မြန်မာနိုင်ငံအနောက်မြောက်ဘက်စုံမရ တောင်တန်းဒေသ၊ နာဂတောင်နှင့် မဏိပူရ ပြည်နယ်တို့မှ တောင် ဖက်မော်တင် စွန်းရောက်လုနီး ဒေသစပ်ကြားနှင့် အရှေ့ဖက် ချင်းတွင်းမြစ်၏ လက် တက်ဖြစ် သော မြစ်သာမြစ်နှင့် အနောက်ဖက် ဘင်္ဂလားအော်ရောက်လု နီး ဒေသစပ်ကြား တောင်မြင့်ကုန်းတန်း လျှိုမြောင်တို့ မှာ ချင်းလူမျိုးတို့နေ ထိုင်ရာ အချက်အခြာဒေသဖြစ်ပေသည်။
ချင်းလူမျိုးတို့နေထိုင် ရာ မြောက်ဖက်အစွန်ဆုံးဒေသ၌ကား ပေ ၁၂၅၀၀ မြင့်သော စာရာမေ တိတောင်ရှိရာ စုံမရ တောင်တန်းဒေသဖြစ်၏ ။ ယင်း၏ အနောက်တောင် ဖက် မဏိပူရမြေပြန့်မှာ ကသည်းခေါ် မေထေးချင်းလူမျိုး တမျိုး ၏ ဒေသဖြစ်၏ ။ ထိုဒေသ၏ တောင်ဖက်၌သော် ချင်းတောင်စစ်စစ်ဟုဆိုရ မည့် တီးတိန်၊ ဖလမ်းနှင့် ဟားခါးနယ်များ ရှိပေသည်။ ယင်း၏ တောင်ဖက် ၌သော် ပေ ၁၀၄၀၀ မြင့်သော ဝိတိုရိယတောင်တဝိုက် ဖြစ်သည့် ပခုက္ကူ တောင်တန်းဒေသ (ကန်ပက်လက်) ရှိသည်။
အနောက်ဖက်၌သော် ကား မြောက်ပိုင်းရခိုင်နိုင်ငံတောင်တန်းဒေသ (ပလက်ဝ) နှင့် ကုလားတန်မြစ် ဝှမ်း၏ မြောက်ဖက်ဒေသတို့ ရှိကြသည်။ ထိုဒေသများ၌ ချင်းလူမျိုးတို့ ကို တွေ့ရပေ သေးသည်။
ထိုမျှမကသေး၊ ချင်းလူမျိုးများကို ရခိုင်ရိုးမတောင် ၏ တောင်ဖက်ပိုင်းတစ်လျှောက်နှင့် အရှေ့ဖက် မင်းဘူး၊ သရက်မြို့၊ ပြည် ခရိုင်များတွင် တွေ့ရသေး၏ ။ ထိုဒေသတို့နှင့် တဆက်ထည်းဖြစ်သော ပဲခူး ရိုးမ တောင်စွယ်တို့၌ပင် ချင်းရွာအချို့ရှိနေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ ၏အပ အရှေ့ပါကစ္စတန်ပြည်နယ်နှင့် အာသံပြည်နယ်တို့၌လည်း ချင်းလူမျိုး များရှိပေသေးသည်။
တိဗက်မြန်မာအစုဝင် ဘာသာစကားကို ပြောဆိုသူလူမျိုး အချို့ တို့ မြန်မာနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက် ကြရာတွင် ချင်းလူမျိုးတို့မှာ အရှေ့မြောက်ဖက်ဆီမှ ခပ်စောစောကပင် ဝင်ရောက်လာကြ ၍ နောက်ဝင် လာသူတို့ကို နေရာဖယ်ပေးခြင်းအားဖြင့် အနောက်ရိုးမတလျှောက်တွင် အခြေစိုက်လာခဲ့ကြဟန်တူပေသည်။ ထိုမှတဆင့် အနောက်ဖက်အာသံပြည် နယ် မဏိပူရပြည်နယ်နှင့် အနောက်ပါကစ္စတန်ဖက်သို့ တဖြည်းဖြည်းရွေ့ပြောင်းနေထိုင် ခဲ့ကြ၏ ။ လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်းခန့်တွင် ချင်းလူမျိုးအများပင် အရှေ့ဖက် ဧရာဝတီမြစ် ဝှမ်းမြေပြန့် ဒေသသို့၎င်း၊ ရခိုင်နိုင်ငံဒေသများသို့၎င်း ပျံ့နှံ့နေထိုင်လာကြ သည်ကို တွေ့ရသည်။
ဘာသာစကားအလိုက် ချင်းလူမျိုးကွဲပြားခြင်း ချင်းလူမျိုးတို့ပြောဆိုသော ဘာသာစကားများကိုလိုက်၍ ကသည်းခေါ်မေထေးအမျိုးနှင့် ချင်းရိုးရိုးဟု အမျိုးခွဲခြား သတ်မှတ်ထား၏ ။
ချင်းအမျိုးကို တဖန် ရှေးကုကီ၊
မြောက်ပိုင်း ချင်း၊ အလယ်ပိုင်းချင်း၊
တောင်ပိုင်းချင်းဟု ခွဲခြားပြန် သည်။
ပြောဆိုသော ဘာသာစကားတို့မှာ
ဘာသာတူအသံကွဲ
စကားမျိုးသာပါဝင်သည်သာမက
အခြေခံ၌သာတူ၍ သီးခြားဘာသာစကားများ
ကွဲပြားနေသည်လည်းရှိသည်။ ထို့ကြောင့်
နိုင်ငံအတွင်း၌ပင် ချင်းဘာသာစကား
၄၄မျိုးမျှ ကွဲပြားနေပေ သည်။
၁၉၄၁ ခုမြန်မာနိုင်ငံ သန်ကောင်စာရင်းအရ
ချင်းလူမျိုးဦးရေမှာ ၃၅၀,၀၀၀ ခန့်ရှိ၏။
ယင်းသို့ အမျိုးထွေပြားလှသော ချင်းလူမျိုးတို့
အကြောင်းကို သိသာထင်ရှားအောင် ရေးသားရန်မှာ ဘာသာစကား လိုက် ခွဲခြားသတ်မှတ်၍ ဖေါ်ပြမှသာလျှင် လေ့လာသူတို့အတွက် ပိုမိုလွယ်ကူပေလိမ့်မည်။
"ကသည်း"ချင်းများ
•••••••••••••••••••••
ချင်းလူမျိုးကို ၂ စားခွဲခြားထားရာတွင် ပထမအမျိုးဖြစ်သော ကသည်း ချင်းခေါ် မေထေးချင်းတို့၏ အကြောင်းကို ကသည်းလူမျိုးတွင် စုံလင် စွာ ဖေါ်ပြထားသည်။
ချင်းရိုးရိုးများ
•••••••••••••••
ချင်းရိုးရိုးများတွင် ရှေးကုကီချင်း၊ မြောက်ပိုင်းချင်း၊အလယ်ပိုင်းချင်း၊ တောင်ပိုင်းချင်းတို့ ပါဝင်သည်။
ရှေးကုကီချင်းများရှေးကုကီချင်းတို့သည် လွန်ခဲ့သော ၁၂၅ နှစ်လောက် ကတည်းကပင် အာသံနယ် လူရှေတောင်တန်းဒေသ၌ အခြေစိုက်လာခဲ့ဟန် တူသော်လည်း သာဒိုးချင်းများ ဝင်ရောက်နေထိုင်မှုကြောင့် မြောက်ဖက်သို့ ရွေ့ပြောင်းပေးကြရာ လူရှေတောင်တန်းဒေသမြောက်ဖျားနှင့် မဏိပူရနယ် တို့တွင် ယခုတွေ့ရသည်။
ရှေးကုကီတို့၏ ဘာသာစကားမှာ အလယ်ပိုင်းချင်း တို့၏ ဘာသာစကားနှင့် နီးစပ်သည်ဟုဆို၏။ ဤချင်းမျိုးတွင် ပါဝင်သူတို့မှာ ကချာနယ်မြောက်ပိုင်း တိပါရတောင်၊ စီလဟက်တွင် အများဆုံးတွေ့ရသည်။ ထို့အပြင် ရန်ခေါနှင့် ဟာလမ်များ၊ မဏိပူရပြည်နယ်ရှိ အနာလများ၊ ရခိုင်တောင်တန်းနယ်၊ ကုလားတန်မြစ်တဝိုက်ရှိ ကျော သို့မဟုတ် ချောများ လည်းပါဝင်သည်။
(ယင်းချောလူမျိုးများကား လွန်ခဲ့သော နှစ် ၃၀၀ ကျော် အထက်က ရခိုင်နိုင်ငံဘုရင်
ဖုရားစောမဲကြီ သည် ဘုရားလုပ်သားအဖြစ်
လှူဒါန်းခဲ့၍ ထိုအရပ်ဒေသသို့၍ ရောက်လာသည်ဟု သက်ကြီးစကားသက်ငယ် ကြား ရှေးသူဟောင်းတို့၏စကားတွင် ဖေါ်ပြထားသော လူမျိုးများဖြစ်သည်။)
(ပြောစကားများသာဖြစ်သည်။
အတိအကျမသိရ သေးပေ။)
မြောက်ပိုင်းချင်းများ
•••••••••••••••••••••
မြောက်ပိုင်းချင်းလူမျိုးတို့တွင်လည်း နီးစပ်ရာ ဘာသာစကားအလိုက် (က) သာဒိုးချင်းများနှင့် (ခ) စုတ်တေးကမ်ဟောင်နှင့် စိယင်ချင်းများဟု ၂ စုခွဲထားသည်။သာဒိုး(၆၀၀၀) နှင့် ယိုး(၁၄၀၀)တို့မှာ ယခင်က မြန်မာပြည်မ တွင် နေခဲ့ကြဟန်တူ၏ ။ နှစ်ပေါင်း ၃၀၀၊ ၄၀၀ လောက်က နာဂတို့ဒေသဖြစ်သော စုံမရတောင်တန်းဒေသသို့ ဝင်ရောက်နေထိုင်လာကြ သည်။ ယခုအခါတွင် တီးတိန်နယ်၏ မြောက်ဖက် အစွန်ဒေသနှင့် မဏိပူရပြည်နယ်တို့တွင် တွေ့ရသည်။
၁၉၃၁ ခုသန်ကောင်စာရင်းအရ စုတ်တေးချင်းဦးရေမှာ ၁၇,၀၀၀ ကျော်၊ ကမ်ဟောင်ချင်း ၂၀,၀၀၀ကျော်နှင့် စိယင်ချင်း ၃၅၀၀ ကျော် ရှိကြောင်း သိရ၏ ။ယင်းတို့မှာ အကြမ်းအားဖြင့် တီးတိန်နယ်တွင်နေကြ၍ တီးတိန်ချင်း ဟုလည်း ခေါ်ကြသည်။ စုတ်တေးချင်းတို့သည် တီးတိန်နယ်မြောက်ပိုင်း မဏိပူရမြစ်ကမ်းများပေါ်တွင် နေကြသည်။ အထက်မြန်မာပြည်ကို သိမ်းပိုက်စဉ်က ဗြိတိသျှတို့ အကျိတ်အနယ် တိုက်ယူရသော ချင်းတို့မှာ စိယင်ချင်းများဖြစ်၏ ။ အမည်ရင်းမှာ ရှီယန်တေးဖြစ်၏။ မြန်မာတို့က သူတို့ကို စိယင်ဟုခေါ်ကြသည်။
(အမှန်ခေါ်သင့်ပေသည်။)
ရှီယန်ချင်းတို့မှာ လူဦးရေနည်း၍ ရွာကြီးတစ်ရွာလောက်သာနေလင့်ကစား
စစ်မှုထမ်းခြင်းတွင် လက်ဦးဖြစ်ခြင်း၊ အသိဥာဏ်ကောင်းခြင်း၊ တိုးတက် လိုခြင်းတို့ကြောင့် အရေးပါလှသူများဖြစ်၏။ ဒေသအနှံ့အပြားသို့ ရောင်း ဝယ်ဖောက်ကားလေ့ ရှိကြသဖြင့် နေရာအနှံ့အပြားသို့ ရောက်သည့်အတိုင်း သူတို့၏ စကားကို တီးတိန်နယ်တွင် အများပြောဆိုနိုင်၍ ထိုနယ်၏ရုံးသုံး စကားပင် ဖြစ်ခဲ့ပေသည်။ ရှီယန်ချင်းတို့သည် တီးတိန်၊ စုတ်တေးတို့၏ အရှေ့ဖက်ဒေသတွင် နေထိုင်ကြသည်။ပင်ပန်းခံကာ ကြိုးစားလုပ်ကိုင်၍ တတ်သိလိုစိတ်ရှိကြသည်။ ယောက်ျားတို့သည် အမဲလိုက်ခြင်းနှင့် စစ် တိုက်ခြင်း၌ ဝါသနာပါသည်။ အလုပ်ကြမ်းမှာမူ မိန်းမနှင့် ကျွန်တို့၏ အလုပ်ဖြစ်သည်ဟု ရှီယန်ချင်းတို့ ဆိုရိုးစကားရှိသည်။
တီးတိန်နယ်ချင်းတို့သည် ဖလမ်းချင်း(ဝှန်လငိုတို့မှတပါး) တို့နှင့်မတူဘဲ ဆံနောက်တွဲထုံးကြသည်။ မဏိပူရပြည်နယ်သို့ သွားရာလမ်းမှာ ထိုချင်းတို့၏ဒေသကို ဖြတ်သန်းသွား သဖြင့် ယဉ်ကျေးမှုတွင် များစွာတိုးတက်လျက်ရှိကြသည်။
အလယ်ပိုင်းချင်းများ
•••••••••••••••••••••
ဖလမ်းနှင့် ဟားခါးနယ်များတွင် နေကြသောချင်းများသည် အလယ်ပိုင်း ချင်းဖြစ်၏ ။ ဖလမ်းနယ်ရှိ ချင်းတို့တွင်ရှုန်က္လ သို့မဟုတ် တရှုံချင်းများ (၃၀၀၀)၊ ဇယောင် သို့မဟုတ် ယဟောင်ချင်းများ (၉၅၀၀)၊ လိုင်ဇို သို့မဟုတ် လွန်စီအိုချင်းများ (၆၅၀၀)၊ ကွန်လီချင်းများ (၃၅၀၀)၊ ငွန် သို့မဟုတ် တပေါင်ချင်းများ (၆၀၀၀)၊ လူရှေ့ သို့မဟုတ် ငင်တေချင်းများ (၄၀၀၀)၊ ဝှန်လငိုချင်းများ (၃၅၀၀) နှင့် ဇင်ဂျက်ချင်းများ(၆၀၀၀) တို့ပါဝင်သည်။ ဤဒေသတွင် လိုင်ဇိုစကားကို အသုံးများသည်။
လူရှေ နှင့်လခါ အမည်ရှိချင်းများ
•••••••••••••••••••••••••••••••••••
အလယ်ပိုင်းချင်းတို့တွင် လူရှေနှင့် လခါချင်းတို့ကိုပါ ထည့်သွင်းပေးရပေ မည်။ မြန်မာနိုင်ငံမှအာသံပြည်နယ်ဖက်သို့ ရွှေ့ပြောင်းခဲ့ကြသဖြင့် မြန်မာနိုင်ငံအတွင်းမှာ ထိုလူများကို အနည်းငယ်သာတွေ့နိုင်ပေသည်။ လူများစုမှာ မူ နိုင်ငံပ၌ နေထိုင်ကြ၏ ။ ရခိုင်နိုင်ငံတောင်တန်းနယ် မြောက်ပိုင်းတွင် လခါများ ရှိသေးရာ ထိုဒေသ၌ ယင်းတို့ကို ရခိုင်တို့က ရှမ်းတုဟု ခေါ်ကြသည်။
တောင်ပိုင်းချင်းများ
••••••••••••••••••••
တောင်ပိုင်းချင်းများတွင် ပါဝင်သူတို့မှာ ပခုက္ကူတောင်တန်းဒေသ၊ ချင်းတောင်နှင့်ရခိုင်တောင်တန်းဒေသတို့ဆုံရာ ခေါင်လှသည့် ဒေသတွင်နေထိုင်ကြသည်။ ဝေလောင်ချင်းများ၊ တမန်း(ဂ) များ (၈၀၀၀)၊ မိရမ်များ (၅၀၀၀)၊ ဇိုလမ်နီများ (၂၅၀၀) နှင့် မဂန်ခေါ် ကြိမ်ပတ်ချင်းများ(၃၀၀၀) တို့ အပြင် ပခုက္ကူတောင်တန်းဒေသနေ ချင်းများ၊ မင်းဘူး၊ သရက်မြို့၊ ပြည် ခရိုင်များနှင့် ရခိုင်တိုင်းနေချင်းများပါဝင်ကြသည်။
ပခုက္ကူတောင်တန်းဒေသရှိချင်းများ
••••••••••••••••••••••••••••••••••••••••
(ချင်းပုတ်၊ ချင်းပုန်းနှင့် ယင်ဒူးများ)
ပခုက္ကူတောင်တန်းဒေသတွင် ချောင်း ၁၀ ချောင်းရှိရာ ထိုချောင်းတို့ အနက် မြောက်ဖက်ပိုင်း ၇ ချောင်းတွင် ချင်းပုတ်ခေါ် ကန်ပက်လက်ချင်းတို့ (၂၀၀၀၀) နေထိုင်၍ တောင်ဖက်ကန်ပက်လက်အထက် စလင်းနှင့် အခြားအချောင်းတွင် ယင်ဒူးတို့ (၄၅၀၀) နေထိုင်ကြ၏ ။ မုန်းချောင်းနှင့် ထိုချောင်း၏ မြောက်ဖက်နှင့် ဆောမြို့၏တောင်ဖက်တွင် ချင်းပုန်း(၈၀၀၀) တို့ကို တွေ့ရ၏။ထိုမှသည် တောင်ဖက်မင်းဘူးခရိုင်သို့ ပျံ့နှံ့ နေထိုင်ကြသည်။
တောင်ပိုင်းချင်းအချို့သည် များသောအားဖြင့် မျက်နှာတွင် ပယဲထိုးကြ သည်။ ထိုးသည့်ပုံစံမှာ လူမျိုးစုကိုလိုက်၍ ကွဲပြား၏။ အသက် ၇နှစ် ၈နှစ်လောက်မှစ၍ နှစ်စဉ်နှစ်တိုင်း မျက်နှာပြည့်သည့်တိုင်အောင် ထိုးကြ သည်။ ပယဲထိုးရသည့် အကြောင်းမှာ အခြားလူမျိုးက ဖမ်းဆီးသွားသော် လွယ်ကူစွာရှာဖွေနိုင်ရန်အတွက် ဖြစ်သည်ဟုဆို ၏ ။ ချင်းပုန်းတို့မှာ ဗုဒ္ဓ အယူဝါဒကို အများအပြား သက်ဝင်ယုံကြည်ကြသည်။
ခမီချင်း(သို့)ရခိုင်တိုင်းခမွီအကြောင်း
••••••••••••••••••••••••••••••••••••••••
သည်အကြောင်းကိုလေ့လာမှုအနည်းနေသေး
ပေသည်။ချင်းလူမျိုးထဲတွင်ခမီလူမျိုးရှိသလို
ရခိုင်လူမျိုးထဲတွင်လည်းခမီ(ခမွီ)ဟုရှိသည်။
ယင်းလူမျိုးတို့သည်အတူတူပင်လော့။
သေချာမသိသေးသဖြင့်အလျင်းသင့်သောအခါ
လေ့လာတင်ပြပေးပါမည်။
ရခိုင်လူမျိုးထဲတွင်ခမီ(ခမွီ)သည်လူနည်းစုဖြစ်
သော်လည်းချစ်စရာဓလေ့တွေနဲ့ရိုးရာဓလေ့ကို
တန်ဖိုးထားကြသောလူမျိုးဖြစ်သည်။ခမီ နှင့် ခမွီ
အကြောင်းကိုလေ့လာပြီးလျှင်တင်ပြပေးပါမည်။
မှတ်ချက်။မြန်မာ့စွယ်စုံကျမ်းဦးဘရှင်နှင့်
သမိုင်းဆရာများအား Creditပေးပါသည်။